Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Bubble Tea ချစ်သူများဆီသို့ ပေးသောစာ

Mon LaySeptember 25, 20198min44132

ခုတလောမိုးမရွာတော့ ပြန်ပူလာတယ်နော်။ ပူလာတော့ မွန်လေးအမြဲလိုလိုသောက်မိနေတဲ့ အအေးကတော့ bubble tea လို့ခေါ်တဲ့ ပုလဲနို့ရည်ပါပဲ။ မြန်မာလိုပုလဲနို့ရည်လို့မခေါ်ကြတော့ Bubble tea လို့ပဲ မွန်လေးညွှန်းလိုက်တော့မယ်။ အဓိကက tea (လက်ဘက်ရည်)ကိုကြိုက်လိို့သောက်တာ မဟုတ်ပေမဲ့ အထဲမှာပါတဲ့ bubble (ပုလဲသီး)ကို စားရတာကြိုက်လို့သောက်တာပါ။

#သမိုင်းကြောင်း

Bubble Tea ဆိုတာ ထိုင်ဝမ်မှာ လူကြိုက်များခဲ့တဲ့ ဖျော်ရည်တစ်မျိုးပါ။ လွန်ခဲ့တဲ့ ၁၉၈ဝ နှစ်လောက်တုန်းက ထို်င်ဝမ်နို်င်ငံမှာစပေါ်ခဲ့တာဖြစ်ပြီး ထိုင်ဝမ်က ဟောင်ကောင်၊ တရုတ်၊ အရှေ့တောင်အာရှ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု စတဲ့ဒေသတွေအထိပါ ပျံ့နှံ့ပြီး လူကြိုက်များလာခဲ့တာပေါ့။

#စသောက်ဖြစ်ပုံ

မွန်လေးစသောက်တုန်းက Bubble Tea မဟုတ်ဘူး။ အဲ့တုန်းက ဖျော်ရည်ထဲမှာပဲ ပုလဲသီးထည့်ပြီးသောက်တာပါ။ အဲ့ပုလဲသီးကို ချစ်သူသီးလို့လည်း ခေါ်တဲ့အပြင် အဲ့ဖျော်ရည်ကိုလည်း ချစ်သူသီးဖျော်ရည်လို့လည်းခေါ်ကြသေးတယ်။ ညီမဝမ်းကွဲအိမ်မှာ စသောက်ဖူးတာ။ သူကကြိုက်လို့ဆိုပြီး ဝယ်ဝယ်ထားရင်း သူ့အိမ်သွားရင်းစသောက်ဖြစ်တာ။ ဆိုင်ကစမ်းချောင်းမှာပါ။ အဲတော့ စမ်းချောင်းသွားတိုင်းဝယ်ဝယ်သောက်ခဲ့တာ။ နောက်ပိုင်းအဲ့ဆို်ငလေးမရှိတော့ အသဲတွေကွဲတာပေါ့။ ခုလိုဆိုင်တွေလည်း မပေါသေးဘူးလေ။ နောက်ပိုင်းတဖြည်းဖြည်းမှ ဆိုင်တွေပေါလာတော့ လက်ဘက်ရည်ထဲမှာ ထည့်တဲ့ Bubble Tea ဆိုပြီးရောင်းနေကြတာ မွန်လေးသိလာခဲ့တယ်။ မွန်လေးကတော့ Tea နဲ့သိပ်သောက်လေ့မရှိဘူး။ အစကတည်းက bubble ကိုဖျော်ရည်ထဲစသောက်မိတာဆိုတော့ ခုထိ တခြား သရက်တို့၊ သံပုရာတို့ထဲပဲထည့်သောက်ပါတယ်။

#ရောင်းချပုံ

ခုဆိုဆိုင်တွေက ဖျော်ရည်သက်သက်၊ topping ဆိုပြီး bubble တို့၊ တခြားဂျယ်လီတိူု့ကိုသက်သက်ရောင်းကြတယ်။ တချို့ဆိုင်တွေလည်း တူတူထည့်ပြိးရောင်းတာတွေလည်းရှိပါတယ်။

ဒီတော့ ခုဆို ရန်ကုန်မြို ့ကြီးမှာ Bubble Tea ဆိုင်တွေ များလာတာကို မွန်လေးကဖော်ပြပေးချင်ပါတယ်။ လက်လှမ်းမှီသလောက်ပေါ့နော်။ food blogger မဟုတ်ပေမဲ့ Travel lifestyle လိုင်းပေါ်ကမို့ အစားအသောက်လေးလည်း critique လုပ်ပါရစေေ နော် .. ကျန်ခဲ့ရင်လည်း comment မှာ ပြောပေးသွားပါနော်။

#MQ_Myanmar

သူရဲ ့ လိပ်စာလေး ကတော့ – ၂၉လမ်းနဲ့ အနော်ရထာလမ်းထောင့်မှာပါ။ ဆိုင်လေးက တော်တော်လေးချစ်စရာကောင်းတယ်

#The_Moment_Tea_Room

သူရဲ ့ လိပ်စာလေး ကတော့ – ကန်တော်ကြီးထဲမှာပါ။ မကစ်တို့ MTVရိုက်ထားပါသေးတယ်။

#Ocha_Bubble_Tea

သူရဲ ့ လိပ်စာလေး ကတော့ – မန္တလေးမှာလည်းရှိသလိုရန်ကုန်မှာလည်းရှိပါတယ်။ ရန်ကုန်လိပ်စာဆိုရင်တော့ ရန်ကင်းကြားမှတ်တိုင်နားကဆိုင်ပဲညွှန်းချင်ပါတယ်။

#Gong_Cha

သူရဲ ့ လိပ်စာလေး ကတော့ – 1 @ Level 3, ဒဂုံစင်တာ၊ 2 @ ဲJunction Square, Secret Garden မြေညီထပ်၊ 3 @ မြေညီထပ်၊ ရန်ကုန်လေဆိပ်၊ 4 @ Level 3, Myanmar Plaza၊ 5 @ မြေညီထပ်၊ လှည်းတန်းစင်တာ၊ 6 @ Level 1, Junction mawtin.

#Tea_Black

သူရဲ ့ လိပ်စာလေး ကတော့ – စဉ့်အိုးတန်းလမ်းပါ။

#Cheese_O_Tea

သူရဲ ့ လိပ်စာလေး ကတော့ – နဝဒေးလမ်း၊ ဒဂုံမြို့နယ်မှာပါ။

#Koi_Thé

သူရဲ ့ လိပ်စာလေး ကတော့ – 1 @ Junction City၊ 2 @ Myanmar Plaza ပထမထပ်။

#Cha_Thai

သူရဲ ့ လိပ်စာလေး ကတော့ – 1 @ Level 3,Myanmar plaza. 2 @ ပြည်လမ်း စိန်ဂေဟာ 3 @ ပုလဲကွန်ဒို, 4 @ လှည်းတန်း ဦးထွန်းလင်းခြံလမ်း, 5 @ Junction City

#Itea

သူရဲ ့ လိပ်စာလေး ကတော့ – စဉ့်အိုးတန်းအောက်လမ်း။

#Magic_Bubble_Tea

သူကတော့ အရောင်းကားတွေနဲ့ MIU ကျောင်းနား၊ UFL ကျောင်းနုား၊ YIS (သုဝဏ္ဏ)

ကျောင်းနား၊ ISM ကျောင်းနား၊ ဂမုန်​းပွင်​့ (စံရိပ်​ငြိမ်​) ရှောပင်မောလ်နားနဲ့ ဗိုလ်​တ​ထောင်​ကမ်းနားတို့မှာရှိတတ်ပါတယ။်

#i-Cha

သူရဲ ့ လိပ်စာလေး ကတော့ – People’s Park ထဲမှာပါ။

#Cha-Ya

သူရဲ ့ လိပ်စာလေး ကတော့ – Maw Tin Shopping mall နဲ့ Alfa Hotel နား ပါ။

# Cool_Bubble_Milk_Tea

သူရဲ ့ လိပ်စာလေး ကတော့ – ဓမ္မာရုံလမ်း၊ လှိုင်မြို့နယ်မှာပါ။

#August_Drinks & Fried Chicken

သူရဲ ့ လိပ်စာလေး ကတော့ – ဒဂုံစင်တာ (2)၊ J’donut ဘေးဆိုင်၊ မြေနီကုန်း ခုံးတံတားနားပါ။

ဒီလောက်ဆိုရင်တော့ မွန်လေးလို Bubble ကြိုက်တဲ့သူတွေအတွက်လည်း ဆိုင်ရှာနေစရာမလိုပဲ..ဒီပို့စ်လေးကို share ထားရင်သွားသောက်ချင်တဲ့အခါအဆင်ပြေသွားပြီနော်။

အထူးသတိပြုချက်။ ။တန်ဆေးလွန်ဘေးဆိုတာနေရာတိုင်းမှာရှိတတ်လိ်ု့ အလွန်အကြွံမသောက်ကြဖို့တော့ မှာချင်ပါတယ်။

Bubble Ice Tea လေးလိုအေးချမ်းကြပါစေ။


2 comments

  • kai

    September 27, 2019 at 4:40 am

    အမရေိကားမှာကြ.. ဘိုဘတီးလို့ခေါျတယျ..။
    အယျလျအမှော အမြားးးကွီးပဲ..

    Top 10 Best Boba Tea in Los Angeles, CA – Last Updated …

    https://www.yelp.com › search › find_desc=boba+tea
    Reviews on Boba Tea in Los Angeles, CA – MILK CRATE, MILK+T, Wushiland Boba, Pearl’s Finest Teas, Twinkle Brown Sugar, DingTea Hollywood, Hey Hey, …

Leave a Reply