Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရင်သွေးငယ်များ အတွက် COVID-19 ကာကွယ်ဆေး သတင်းမှားများနဲ့ ဆေးပညာကျွမ်းကျင်သူများရဲ့သတင်းစကားမှန် – SweSwe Aye

kaiNovember 15, 20223min5750

COVID-19 ဗိုင်းရပ်စ်သည် ၂၀၂၀နှစ်ဦးပိုင်းနှင့် ၂၀၂၀ခုနှစ်ဒီဇင်ဘာ၊ ပထမဆုံးကာကွယ်ဆေးကို ထိုးဖို့အတည်ပြုပေးသောကာလအထိ မြန်မာကွန်မြူနတီတွင် အခြား Immigrant ကွန်မြူနတီများနည်းတူ ရိုက်ခတ်မှုပြင်းထန်ခဲ့သည်။ မတူကွဲပြားတဲ့အသားအရောင်များထဲတွင်မှ အမှန်တကယ် US တွင်နေထိုင်လျက်ရှိကြေသာ လူဦးရေပမာဏထက် US Census မှာ စာရင်းဝင်မှုဦးရေပမာဏနည်းတဲ့ မြန်မာကွန်မြူနတီဟာ COVID-19 ကာကွယ်ဆေးပထမဆုံးအတည်ပြုပြီး လူတွေကာကွယ်ဆေးထိုးခွင့်စရတဲ့အချိန်တွင်ပင် အခက်အခဲအတားအဆီးတွေနဲ့ပိုမိုရင်ဆိုင်ခဲ့ရပြီး ၂၀၁၉၊ ၂၀၂၀နှင့်၂၀၂၁ပထမသုံး၊ လေးလ ကာလများထိ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ကြရသည်။ Pwe Research Center စစ်တမ်းအရ Burmese population in the U.S., 2000-2019 သည် ၂၀၀K(၂၀၀, ၀၀၀) ဟုလည်းကောင်း၊ 2010 Census မှာ ၁သိန်း၂ရာရှိသည်ဟု လည်းကောင်း ဖော်ပြထားပြီးမြန်မာလူမျိုးများအများဆုံးနေထိုင်သောပြည်နယ်များမှာ California, New York, Indiana, Minnesoto, Florida, Texas ပြည်နယ်တို့ဖြစ်သည်။
ယင်းတို့ထဲတွင်မှ California, Indiana နှင့် New York သည် မြန်မာလူမျိုးများအခြေချနေထိုင်ရာအများဆုံးဖြစ်သည်။ https://www.pewresearch.org/social-trends/fact-sheet/asian-americans-burmese-in-the-u-s/

ကွန်မြူနတီတွင် COVID-19 ရောဂါ US သို့ စတင်ပျံ့နှံချိန်မှစပြီး ၂၀၂၀ခုနှစ် ကာကွယ်ဆေးမပေါ်ခင်အထိ California Department of Publich Health မှ ချမှတ်တထားသော စည်းမျဉ်းစည်းကမ်းများနှင့် COVID-19 သတင်းများကို မြန်မာအများစုက မြန်မာသတင်းစာနှင့် မြန်မာဆေးခန်းများတွင် စဉ်ဆက်မပြတ်စောင့်ပြီးနားစွင့်ကာ တတ်နိုင်သလောက်စည်းမျဉ်းစည်းကမ်းများနှင့်နေထိုင်ခဲ့ကြသည်။ မြန်မာအများစုသည် မြန်မာပြည်သည် စစ်အာဏာရှင်စနစ်လက်အောက်တွင် ၁၉၆၂ခုနှစ်မှ ၂၀၁၀ခုနှစ်ထ်ိနေထိုင်ခဲ့ရခြင်းနှင့် မြန်မာဓလေ့ထုံးစံအရ US သို့ပြောင်းရွှေ့အခြေချလာသော်လည်း မြန်မာအများစုသည်အပြင်းအထန်ခေါင်းမာခဲသည်။ အများစုသဘောတူလျှင် အများနောက်ကို လိုက်လုပ်လေ့ရှိကြပြီး တော်ရုံငြင်းဆန်ခဲသောဓလေ့စရိုက်သည် COVID-19 ကာကွယ်ဆေးထိုးရာတွင် အပေါင်းလက္ခဏာဘက်သို့ သက်ရောက်မှုအကျိုးကို ရှိစေခဲ့သည်။ COVID-19 ရောဂါ US တွင်
ပျံ့နှံ့ကာစ ၂၀၂၀ ခုနှစ်တွင် ငရုတ်ကောင်း၇ပွင့်ကိုက်စားခြင်း၊ ကြက်သွန်ဖြူနှင့်ကြက်သွန်နီအစိမ်းလိုက်စားခြင်းတို့ဖြင့် COVID-19 ကို ပျောက်နိုင်သည်ဟူသော COVID-19 ရောဂါပိုးနှင့်ပတ်သက်သော သတင်းအမှားများသည် Facebook တွင် Virus သဖွယ် ပျံ့နှံ့ခဲ့သည်။ အချို့က ဆားရည်ငုံခြင်းဖြင့် ဗိုင်းရပ်စ်ကိုသတ်နိုင်သည်ဟူသောသတင်းမှားများကို Social media မှာ မျှ ဝေကြသည်။ မူရင်းရေးသားသော Account များမှာ မည်သူမည်ဝါဆိုတာကို မသိရသော Account တုများဖြစ်ကြပြီး အချို့သောသတင်းမှားများမှာ တရုတ်သတင်းများမှ ဘာသာပြန်ထားသည်ဟု မူရင်းတရုတ်စာမျုားနှင့်တွဲပြီး ဖော်ပြထားခဲ့သည်။
အချို့့ကမူရေမန်းနှင့် ဘုရားစာရွတ်ခြင်းဖြင့် COVID-19 ရောဂါမဝင်နိုင်ဟု မျှဝေကြသောသတင်းများလည်း မျှဝေကြသည်။

COVID-19 ကာကွယ်ဆေး ပထမဆုံးစပြီးဈေးကွက်တွင်အတည်ပြုခံရသောအခါ အဆိုပါ သတင်းမှားများကြောင့် ဆေးမထိုးသောသူများရှိခဲ့သည်။ COVID-19 ကာကွယ်ဆေးမပေါ်ခင်ကာလက အသက်တိမ်းပါးသူများရှိခဲ့ကြသလို ကာကွယ်ဆေးပေါ်ပြီးသော်လည်း ပထမတစ်ကြိမ်ထိုးပြီး နောက်တစ်ကြိမ်မထိုးရသေးမီ ရောဂါရကာသေဆုံးသွားသူများရှိသည်။ အချို့သောသူများ၏နာရေးကို သိရခြင်းဖြင့် COVID-19 သည် လူ့အသက်ကို အမှန်တကယ်အန္တရာယ်ရှိသည်ဆိုသောအချက်ကို တော်တော်များများက လက်ခံလာကြသည်။ သို့သော် လူကြီးများအတွက် ကာကွယ်ဆေးပေါ်သောအခါ ကာကွယ်ဆေးသည်နှလုံးကိုထိခိုက်စေသည်။ နှလုံးခုန်မြန်စေသည်ဆိုသောသတင်းများနှင့် ကာကွယ်ဆေးဟာ လက်ရှိသမ္မတ Joe Biden ၏နိုင်ငံရေးအတွက်အသုံးချမှုဟုဆိုကာ တဘက်ပါတီ GOP အစွဲကြီးစွာထောက်ခံသူများက ငြင်းပယ်ခဲ့သည်။ အချို့မှာ ဘာသာရေးအစွဲကြောင့် ဘုရားသခင်သည်လူသားတိုင်းအတွက် ကာကွယ်ပေးထားသဖြင့် ကာကွယ်ဆေးထိုးရန်မလိုဟူသော အချက်ကို ကိုင်စွဲကာကာကွယ်ဆေးကို ငြင်းပယ်ခဲ့ကြသူများလည်းရှိခဲ့သည်။၂၀၂၀ နှစ်ဝက်အတွင်း လူသိများသူများထဲမှ COVID-19 ရောဂါရကာ ပထမတကြိမ်သာ ကာကွယ်ဆေးထိုးပြီးသူများနှင့်
ကာကွယ်ဆေးကို ငြင်းဆန်သူများ အမှန်တကယ်ပင် အသက်ဆုံးပါးခဲ့ရသူများမှာ မျက်ဝါးထင်ထင်ရှိခဲ့ပြီး လူချစ်လူခင်များသူများတိမ်းပါးသွားခြင်းအတွက် ကွန်မြူနတီသည်နှမျောဝမ်းနည်းကြရသည်။ အချို့သော ဝေဒနာရှင်များမှာ COVID-19 ၏ နောက်ဆက်တွဲရေရှည်ရောဂါဆိုးများကို ခံစားနေရပြီးရေရှည်ဆက်လက်ကုသနေရသည်မှာ နှစ်ပေါက်နေပြီဖြစ်သည်။ ထို့ကြောင့် ၂၀၂၁ခုနှစ်အတွင်း ဒုတိယအကြိမ်နှင့်၊ အားဖြည့်အကြိမ်ထိုးသူများပိုမိုများပြားလာခဲ့သလို ကာကွယ်ဆေးမထိုးဘဲ
ငြင်းပယ်သူများလဲ ထိုးလာကြသည်။ COVID-19 ရောဂါသည် ကလေးများတွင် ဒုက္ခပေးလောက်သည့်အတိုင်းအတာအထ်ိမဖြစ်ဘဲ Carrier အဆင့်ဖြင့်သာရှိရာ အိမ်ရှိသက်ကြီးရွယ်အိုများကိုသာကူးစက်တတ်စေသဖြင့် သက်ကြီးရွယ်အိုများ ကာကွယ်ဆေးထိုးပြီးလျှင် သူတို့ကိုမကူးစက်နိုင်တော့သဖြင့်တော်လောက်ပြီဟူသောယူဆသည့် သူများလည်းရှိရာ ၂၀၂၁ခုနှစ်၊ ၂၉ အောက်တိုဘာတွင် the U.S. Food and Drug Administration ကအသက်၅နှစ်မှ၁၁နှစ်ထိကလေးများအတွက် Emergency use of the Pfizer-BioNTech COVID-19 Vaccine for the prevention of COVID-19 ကာကွယ်ဆေး
ကို အတည်ပြုလိုက်သော်လည်း သတင်းမှားများအချို့ကြောင့် မိမိတို့ရင်သွေးငယ်များအတွက်စိုးရိမ်ပူပန်ပြီးဆေးမထိုးခဲ့သည့်ကလေးများလည်းရှိခဲ့သည်။

အသက်၁၁နှစ်အရွယ်ရှိ တုတူး သည် Los Angeles ခရိုင်၊ Monterey Park တွင်နေထိုင်ပြီး အင်မတန်သွက်လက်ချက်ချာသော ကျောင်းသားလေးဖြစ်သည်။
ကျောင်းစာတော်ပြီး ဘောလုံးကန်ဝါသနာပါသောကလေးဖြစ်သည်။ တစ်ဦးတည်းသောသားကလေးဖြစ်သဖြင့်သူငယ်ချင်းများကို အလွန်ခင်တွယ်သည်။ ၅နှစ်မှ၁၁နှစ်ထိ ကလေးများကာကွယ်ဆေးထိုးရန်FDA က အတည်ပြုလိုက်သော်လည်း
မိဘများမှာ ကာကွယ်ဆေးမှာ အလွန်မြန်ဆန်သောကာလမှာ ထွက်လာသဖြင့် ကာကွယ်ဆေးမှာ ဟိုမုန်းများပါသလား။ ကာကွယ်ဆေးကြောင့်အရွယ်မတိုင်မီ ကြီးကောင်ဝင်ခြင်းများဖြစ်နိုင်သလား။ နောက်ကျမှ ကြီးကောင်ဝင်ခြင်းများဖြစ်မလား။ ကလေးများ၏ ကြီးထွားမှုများရပ်နိုင်သလားဟု စိုးရိမ်မှုများကြောင့် အောက်တိုဘာနှင့် နိုဝင်ဘာလများအထိ ကာကွယ်ဆေး ပေးမထိုးခဲ့ပေ။
မိဘများမှာ ပညာတတ်များဖြစ်သဖြင့် တဘက်တွင်လည်း COVID-19 virus ပိုးကိုကြောက်ရာ ကလေးကို ၂၀၂၂ခုနှစ်၊ အခြေခံပညာကျောင်းများမှာ လူကိုယ်တိုင်သင်ယူရန်ဖွင့်သော်လည်း ရောဂါကူးမှာစိုးသဖြင့် ကျောင်းသို့မပို့ဘဲ Virtual learning ဖြင့်သာ သင်ယူစေသည်။
” တုတူလေးက စာအရမ်းတော်တာ။ Pandemic ကာလ Virtual learing မှာ ကျနော်တို့သတိထားမိတာ ကလေးက Grade တွေကျတယ်။ နောက်ပြီးကွန်ပြူတာမှာစာသင်နေရင်း တခြား Screen တွေကိုပါ သူစိတ်ဝင်စားတယ်။ စာသင်နေတဲ့ Screen တခုထဲမှာအာရုံမထားဘဲ ဖုန်းမှာ သူငယ်ချင်းနဲ့စကားပြောတာ။ Youtube ကြည့်တာတွေလုပ်တာကို သတိထားမိတယ်။
အဆိုးဆုံးက သူငယ်ချင်းတွေနဲ့ လူချင်းမတွေ့ရတော့ ကလေးက စိတ်အင်အားမတက်ကြွတော့ဘူး။ တချိန်လုံး Social media နဲ့ Internet ကိုချည်း အားပြုသွားမှာ၊ လက်တွေ့ကမ္ဘာနဲ့ဝေးသွားမှာ ကျနော်တို့က စိုးရိမ်လာတယ်” ဖခင်ဖြစ်သူ ကိုဖြိုးက ဆိုသည်။
“ကျနော်တို့မှာ ကာကွယ်ဆေးရဲ့ Side effect ကိုကြောက်ရတာနဲ့ ကလေးရဲ့ပညာရေး၊ စိတ်ပိုင်းဆိုင်ရာကြားမှာ ပဋိပက္ခတ်အကြီးအကျယ်ဖြစ်ခဲ့ရတယ်။ တုတူးလေးကတော့ကျောင်းပြန်တက်ပြီး သူငယ်ချင်းတွေနဲ့ ကစားချင်တယ်လို့ပြောတယ်။ နိုဝင်ဘာလမှာ Omicron ကြောင့် လူတွေ တော်တော်မနာမကျန်းဖြစ်ကြတာကို ကျနော်တို့မျက်ဝါးထင်ထင်ကြုံခဲ့တယ်။
ကလေးတွေမှာလည်း COVID-19 ဖြစ်ရင် ကလီဆာတွေ ယောင်တယ်” လို့သတင်းတွေမှာဖတ်ရတယ်။ ဒါနဲ့ နောက်ဆုံး
ကျနော်တို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကလေးပညာရေးထိခိုက်တာနဲ့၊ ကိုဗစ်ကြောင့်ကျန်းမာရေးထိခိုက်တာကတဘက်၊ ကာကွယ်ဆေး Side effect တွေကို ကြောက်တာကတဘက်။တစ်ပတ်လောက်ကို စဉ်းစားပြီး နောက်ဆုံး ၂၀၂၂မတ်လမှာ ကာကွယ်ဆေးထိုးလိုက်တယ်။”ဟု ဆိုသည်။ တုတူမှာ ယခုအခါ ကျောင်းသို့ကိုယ်တိုင်ပြန်တက်ပြီး သူငယ်ချင်းများနှင့်၊ ဆရာမများနှင့် ပျော်ရွှင်စွာ စာသင်နိုင်ပြီဖြစ်သည်။

COVID-19 ကာကွယ်ဆေးကို မိဘများက ယုံကြည်စိတ်ချစွာထိုးပြီးသော်လည်း မိမိတို့၏ကလေးများအတွက်မူ COVID-19 virus ကြောင့်ဖြစ်စေသော Myocarditis နှလုံးကြွက်သားယောင်ယမ်းခြင်းကို COVID-19 ကာကွယ်ဆေး၏ဘေးထွက်ဆိုးကျိုးဟု ပြောင်းပြန်အမှတ်မှားသောသတင်းများကြောင့်လည်းကလေးများကာကွယ်ဆေးထိုးမှုကို ကြန့်ကြာစေသောအချကတခုဖြစ်သည်။ San Francisco Bay Area နေ အသက်၆နှစ်အရွယ်မောင်လင်းလက်နှင့် အသက်၃နှစ်အရွယ်မောင်ရှင်းထက်တို့၏ မိခင်ဖြစ်သူ မသဲဦးက ၂၀၂၂ခုနှစ်၊ ဇူလိုင်လတွင် သားနှစ်ဦးလုံးအား ကာကွယ်ဆေးထိုးပြီးပြန်လာသည့်အကြောင်းကိုပြောပြသည်။
” ကာကွယ်ဆေးက နှလုံးကြွက်သားယောင်ယမ်းစေတယ်လို့ တချို့က ပြောကြတယ်။ အင်တာနက်ကသတင်းမဟုတ်ပါဘူး။ လူချင်းတွေ့ဆုံကြတဲ့အခါ ပြောကြတာပါ။ လူမျိုးခြားတွေထဲမှာလည်း ပြောကြတယ်။ ကျမတို့လည်း ကာကွယ်ဆေးထိုးပြီး ကိုယ့်ကလေးတွေ တခုခုဖြစ်သွားမှာကြောက်တာပေါ့။ ဒါ့ကြောင့် သူများကလေးတွေ ဆေးထိုးပြီး ဘာဖြစ်သလဲဆိုတာစောင့်ကြည့်တယ်။ ကလေးကိုလည်း Virtual learningချည်း မထားချင်ဘူး။ ကျောင်းတက်ဖို့က ကာကွယ်ဆေးထိုးမှဖြစ်မှာ။ မောင်လင်းလက်ကလည်း Pre-K သွားရတော့မှာမို့ သတင်းတွေဖတ်တယ်။ ဆေးထိုးပြီးတဲ့ကလေးမိဘတွေကိုမေးတယ်။ အကုန်လုံးက ဘာနှလုံးယောင်တာမှမဖြစ်ဖူးဆိုတာသေချာတော့ ဒီနေ့ပဲ ညီအစ်ကိုနှစ်ယောက်လုံးကို ထိုးပေးခဲ့ပါတယ်”
ဟု ပြောခဲ့သည်။

San Diego မြို့တွင် မြန်မာကရင်မျိုးနွယ်မိသားစုများနေထိုင်ကြပြီး ကာကွယ်ဆေးထိုးရေးအတွက် ကွန်မြူနတီက ဝိုင်းဝန်းကူညီကြသည်။ အသက်၆နှစ်အရွယ်သားလေး အယ်ထူးနှင့် အသက်၂နှစ်အရွယ်သမီးလေးမီမိုးတို့၏မိခင် အသက်၂၄နှစ်မိခင် နန်းမိုက ” ကျမက ကာကွယ်ဆေးကိုကလေးတွေအတွက်ထိုးပေးဖို့ စိတ်ထဲ သိပ်မယုံဘူး။ သူတို့အဖေကိုယ်တိုင်လည်း ကာကွယ်ဆေးမထိုးဘူး။ သားကြီးကိုကျတော့ ကာကွယ်ဆေးထိုးပါမှ ကျောင်းကိုလူကိုယ်တိုင်တက်နိုင်မှာ။ သူအိမ်မှာ Virtual learning သင်ရင် အိမ်မှာက ကလေးအငယ်နဲ့အသံဆူပြီး သူ့အတွက်နေရာသီးသန့်မရှိဘူး။ ကလေးတွေဆိုတာက
ငယ်သေးတယ်။ ကာကွယ်ဆေးထိုးလိုက်လို့ကလေးက ကြီးထွားမှုရပ်ပြီး အရပ်မထွက်မှာကို သိပ်စိတ်ပူတယ်။ ကျမတို့ မြန်မာပြည်မှာနေခဲ့တုန်းက ကာကွယ်ဆေးထိုးပြီး ရှော့ရပြီးသတိမေ့သွားသူတွေ တွေ့ဖူးတော့ အရမ်းကြောက်တယ်။ COVID ကပ်က ပြီးပြီမဟုတ်လား။
ကျောင်းတွေပြန်ဖွင့်၊ ဘားတွေ၊ ကလပ်တွေ၊ ရုပ်ရှင်ရုံတွေမှာလူတွေစည်နေတာပဲ။ ဒါပေမယ့် သားကြီးကျောင်းကိုယ်တိုင်တက်ရဖို့အတွက်ကျမတို့ ဒီ Risk ကိုယူပြီးထိုးတာ” ဟု ပြောကြားခဲ့သည်။ “သမီးငယ်ကိုတော့ သူ့အဖေက ပေးမထိုးဘူး။ ကလေးကအရမ်းငယ်သေးတယ်။
ကာကွယ်ဆေးက ပိုးအရှင်တွေပါမှာလည်း ကြောက်ရတယ်။ အရပ်မထွက်မှာလဲ ကြောက်ရတယ်” ဟုဆိုသည်။

California ပြည်နယ် Riverside ရှိ ကလေးအထူးကုဆရာဝန် Dr. Tin Moe San, MD(Pediatrician) က ” COVID-19 ကာကွာ်ဆေးဟာ မိဘတွေရရှိထားတဲ့ မပြည့်စုံတဲ့၊ မှားယွင်းတဲ့သတင်းတချို့ကြောင့် မှန်းထားတာထက်ထိုးတဲ့ကလေးဦးရေက နည်းနေပါသေးတယ်။ ကာကွယ်ဆေးဟာCOVID-19 ရောဂါကြောင့်နာမကျန်းဖြစ်မှုနဲ့သေဆုံးမှုတွေကို လျော့ပါးစေပါတယ်။ သူက mRNA ကာကွယ်ဆေးဖြစ်ပြီး စိတ်ချရပါတယ်။ ကျမတို့ရည်မှန်းချက်က ဗိုင်းရပ်စ်ပေးတဲ့အန္တရာယ်တွေကို ကာကွယ်ဖို့ရာမှာ ကူညီပေးဖို့ပဲ။ အသက်၅နှစ်နဲ့၁၁နှစ်ကြားကလေးတွေအတွင်းPfizer ကာကွယ်ဆေးထိုးဖို့ မိဘတွေရဲ့ခွင့်ပြုချက်လိုပါတယ်။ မိဘတွေဟာ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့သတင်းမှန်ရဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။

” ကျမ ကလေးက နောက်နှစ် သူငယ်တန်းတက်မှာ။ ကျမကိုယ်တိုင်လဲ မထိုးဘူး။ အလုပ်ထဲကလူတွေက ပြောတာ ကာကွယ်ဆေးထိုးပြီးရင်ထိုးတဲ့နေရာကနာပြီး ဖျားတယ်တဲ့။ ကျမတို့က မဖျားချင်လို့ ကာကွယ်ဆေးထိုးမှာလေ။ ကာကွယ်ဆေးထိုးပြီးဖျားမှတော့ ဘာထူးလို့တုန်း။ နောက်ပြီး ကာကွယ်ဆေးထိုးပြီးတဲ့သူတွေလည်း ကိုဗစ်ပြန်ဖြစ်ကြတာပဲ။ ကျမတို့အလုပ်ထဲမှာ ကာကွယ်ဆေးအပြည့်အစုံထိုးပြီး ကိုဗစ်ပြန်ဖြစ်တဲ့သူတွေရှိတယ်။နောက်ပြီး အလုပ်ထဲက လူတွေပြောကြတာ ကာကွယ်ဆေးထဲမှာ လူတစ်ယောက်ရဲ့အချက်အလက်ကို ခြေရာခံနိုင်တဲ့ Chips တွေထည့်ထားတယ်လို့လဲ ပြောကြတယ်” ဟုအသက်၄နှစ်အရွယ်ကလေး၏ မိခင်ဖြစ်သူ အသက်၂၆နှစ်အရွယ် မစံပယ်က ပြောကြားခဲ့သည်။

မြန်မာကွန်မြူနတီထဲတွင်သာမက အလုပ်ထဲနှင့်အိမ်နီးချင်း အခြားကွန်မြူနတီများမှ COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်သောသတင်းများသည်လည်း မြန်မာကွန်မြူနတီထဲရှိအချို့သောသူများထံ ကူးစက်ခဲ့သည်။ ဂျပန်နိုင်ငံတွင်နေထိုင်သော မြန်မာတချို့သည် COVID-19 ကာကွယ်ဆေးမထိုးကြပဲ Social media တွင် COVID-19 နှင့်ပတ်သက်သောသတင်းမှားအချို့များ ပျံ့နှံ့လျက်ရှိသည်။ ကာကွယ်ဆေးသည်ကလေးများကြီးထွားမှုကို အနှောက်အယှက်ဖြစ်စေသောဟိုမုန်းများပါဝင်ခြင်း၊ လူ၏ကိုယ်ရေးကိုယ်တာအချက်များကိုသိစေသည့် Chips များထည့်ခြင်း၊ ကပ်ရောဂါပြီးဆုံးသဖြင့် ကာကွယ်ဆေးထိုးရန်မလိုအပ်ဟုထင်နေခြင်း စသောသတင်းမှားများအပြင် ဘာသာရေးနှင့် ပတ်သက်ပြီးအစွဲကြီးသောတရားဟောဆရာများကြောင့် ကလေးများကို ကာကွယ်ဆေးထိုးမှုကြန့်ကြာခြင်းများရှိနေခဲ့သည်။

“COVID vaccine ကို ကာကွယ်ဆေးဆိုတာထက် တကယ့်ရောဂါပိုး ကူးစက်ခံခဲ့ရရင် ကိုယ့်ကလေးရဲ့ကိုယ်ခံအားက ပိုးရဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် ကြိုတင်လေ့ကျင့်ပေးတဲ့ သဘောအနေနဲ့ မြင်ကြည့်ပေးလို့ ရပါတယ်။
စာမေးပွဲကြီးမဖြေခင် အစမ်းစာမေးပွဲ ဖြေကြည့်သလိုပေါ့။ တကယ်ဖြေတဲ့အခါကျရင် စိတ်ရောလူရော ပြင်ဆင်ပြီးသားဖြစ်တာမို့ ကျော်ဖြတ်ရတာ ပိုလွယ်ကူစေတတ်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ ကိုယ်ခံအားနဲ့ ရောဂါပိုးမွှားတွေအပေါ် တုံ့ပြန်နိုင်မှုတွေဟာ မတူညီကြပါဘူး။
ကလေးငယ်တွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးမထိုးဆိုတာ အုပ်ထိန်းသူမိဘရဲ့ဆုံးဖြတ်ချက်သာ အဓိကဖြစ်ပါတယ်။ ကိုယ့်ရင်သွေးရတနာလေးတွေအတွက် အကောင်းဆုံး အသင့်တော်ဆုံး ဆုံးဖြတ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။” ဟု San Francisco တွင်နေထိုင်သူ Ei Yupar Win (MSN, RN, PHN) က မိဘများအတွက် သတင်းစကားပါးခဲ့သလို Dr. Yee Yee Aye, MD(Pediatrician), Whittier Medical Offices – Kaiser Permanente ကလည်း ” COVID-19 ဟာ ဘယ်အသက်အရွယ်ကလေးကိုမဆိုနေထိုင်မကောင်းဖြစ်စေပါတယ်။ အဲ့ဒီလို့နေမကောင်းဖြစ်ကြတဲ့အခါမှာ တချို့တွေမှာ ဆေးရုံတက်ပြီးကုဖို့လိုသလို အသက်တောင်ဆုံးပါးနိုင်ပါတယ်။ ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတာဟာ ကျမတို့ရဲ့အဖိုးတန်ရတနာကလေးတွေနဲ့ ကျမတို့ကွန်မြူနတီကို ကာကွယ်ဖို့အကောင်းဆုံးဆုံးဖြတ်ချက်တွေပါပဲ” ဟု ကလေးငယ်များအတွက် COVID-19 ကာကွယ်ဆေးထိုးခြင်းအတွက် သတင်းလက်ဆောင်ပေးခဲ့ပါသည်။

November, 2022
(ယခုဆောင်းပါးသည် California Department of Public Health COVID 19 Myth Buster initiative II အတွက် EMS Media Fellowship ဆောင်းပါးဖြစ်သည်။)