Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကမ္ဘာ့သတင်းဒိုင်ယာရီ – နိုဝင်ဘာ/ဒီဇင်ဘာ ၂၀၂၃

kaiDecember 21, 20231min4800

Dec 21 ။ ဇန်နဝါရီ ၇ ရက်မှာကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲကို အတိုက်အခံဘက်က ကန့်ကွက်ဆန့်ကျင်မှုတွေကြားမှာပဲ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ သူ့ရဲ့အာဏာရ အဝါမီလိဂ် ပါတီ မဲဆွယ်စည်းရုံပွဲတွေကို တရားဝင် စတင်လိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူ ၂၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဟားမက်စ်အဖွဲ့ပိုင် အစိုးရမီဒီယာရုံးက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။
ဆူဒန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြီးဖြစ်လာနေတာကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို တချို့နေရာတွေမှာ ယာယီရပ်ဆိုင်းလိုက်ရပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာနေတာကြောင့် ကလေးတွေ သန်းနဲ့ချီပြီး အန္တရာယ်တွေနဲ့ရင်ဆိုင်နေရတဲ့အပေါ် စိုးရိမ်ကြောင့် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ပြောပါတယ်။
Dec 20 ။ စီးပွားကျဆင်းမှုတွေနဲ့ မနှစ်က ရင်ဆိုင်ခဲ့ရပြီး ဒေဝါလီခံထားရတဲ့ သီရိလင်္ကာနိုင်ငံအတွက် ဒေါ်လာ သန်း ၂၅၀ ထောက်ပံ့ပေးလိုက်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Dec 19 ။ နိုင်ငံရေးကွဲပြားမှုများကြောင့် ၁၀ နှစ်ကြာ ဆိုင်းငံ့ထားရသည့် အီရတ်နိုင်ငံ၏ ပြည်နယ်ရွေးကောက်ပွဲများကို ပြည်နယ် ၁၈ ခုအနက် ၁၅ ခု၌ ဒီဇင်ဘာ ၁၈ ရက်က ကျင်းပပါတယ်။
Dec 18 ။ အာရှတိုက်အတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အထွက်နည်းနဲ့ စွမ်းအင်တွေအသုံးချပြီး ကာဘွန်ဓာတ်ငွေ့ ကင်းစင်တဲ့ဒေသဖြစ်လာအောင် ဂျပန်နိုင်ငံက ဦးဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Fumio Kishida က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး မတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ ကူညီဖို့ အသင့်ရှိသင့်တယ်လို့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos, Jr. က ပြောပါတယ်။
Dec 17 ။ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂ နှစ် နီးပါးကြာကာလအတွင်း ရုရှားဘက်က တပ်ဖွဲ့ဝင် ၃ သိန်းခွဲလောက် သေဆုံးခဲ့တယ်လို့ The Kyiv Independent သတင်းစာက ဒီနေ့မှာ ပြောလိုက်ပါတယ်။
ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ ဂျပန်နဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေ ဒီနေ့မှာ သဘောတူလိုက်ကြပါတယ်။
ဂျပန်နဲ့ မလေးရှားနှစ်နိုင်ငံအကြားပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာအကူအညီပေးရေး သဘောတူညီချက်ကို စနေနေ့ကလက်မှတ်ရေးထိုးခဲ့ပြီး၊ ဂျပန်ကနေကနဦးအကူအညီအဖြစ် ယန်း သန်း ၄၀၀၊ အမေရိကဒေါ်လာ ၂.၈ သန်း တန်ဖိုးရှိတဲ့အထောက်အကူပြုပစ္စည်းတွေပေးအပ်ဖို့လည်းပါဝင်ပါတယ်။
Dec 16 ။ နိုင်ငံခြားကြွေးမြှီတွေပိပြီး အကြွေးပြန်မဆပ်နိုင်တဲ့ အခြေအနေ မနှစ်က ရင်ဆိုင်ခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံမှာ ဒီနှစ် တတိယလေးလပတ်မှာ ပထမဆုံးအကြိမ် စီးပွားရေး တိုးတက်ခဲ့တယ်လို့ သီရိလင်္ကာ ဗဟိုဘဏ်က ဒီကနေ့ ပြောပါတယ်။
မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ နီးစပ်သူလို့ သတင်းထွက်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမင်းလတ် အပေါ် ထိုင်းအာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ အမှုတွေနဲ့ ဆက်စပ်ပြီး ထိုင်းဆီးနိတ် လွှတ်တော်အမတ်တဦးကိုလည်း စွဲချက်တင်လိုက်ကြောင်း ထိုင်းရှေ့နေချုပ်ရုံးက သောကြာနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဂါဇာမှာ အစ္စရေးတပ်ဖွဲ့က မှားယွင်းပစ်ခတ်လို့ ဓားစာခံ (၃) ဦးသေဆုံးသွားကြောင်း အစ္စရေး ပြောဆိုခွင့်ရှိသူက အတည်ပြုပြီး ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
Dec 15 ။ ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ ထောက်လှမ်းရေးသတင်း အချက်အလက် အပြည့်အစုံနဲ့ ဟာမတ်စ်ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ပွဲအသွင်သစ်ကို ပြောင်းလဲသွားလိမ့်မယ်လို့ အစ္စရေးနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိက အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ် ကိုးကန့်ဒေသ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၁၁ ယောက်ကို ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်မှာ မြန်မာအာဏာပိုင်တွေက တာချီလိတ် မဲဆိုင် နယ်စပ်တံတားကနေ ထိုင်းနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပါတယ်။
Dec 14 ။ ယူကရိန်းမှာ နာဇီဝါဒ၊ စစ်ဝါဒ ကင်းရှင်းပြီး ကြားနေရပ်တည်တဲ့နိုင်ငံဖြစ်ရမယ်ဆိုတဲ့ ရုရှားတို့ရဲ့ ရည်မှန်းချက် ပြည့်မှ ငြိမ်းချမ်းရေးရမှာဖြစ်တယ်လို့ ရုရှားသမ္မတပူတင် ပြောကြားပါတယ်။
ကမ္ဘာတဝန်းမှာ ၂၀၂၃ ခုနှစ်အတွင်း သတင်း အလုပ်လုပ်ရင်း အသတ်ခံရတဲ့ သတင်းထောက်အရေအတွက်ဟာ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၄၅ ယောက် ရှိတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ RSF ကပြောကြားလိုက်ပါတယ်။
လေးနှစ်တကြိမ်ကျင်းပလေ့ရှိတဲ့ ကမ္ဘာ့ဒုက္ခသည်များဖိုရမ်ကို ဒီဇင်ဘာ ၁၃ ရက်နေ ၁၅ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာ ကျင်းပနေပါတယ်။
ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေစဉ်မှာပဲ ၂၀၂၃ ခုနှစ်မှာ နေတိုးစစ်မဟာမိတ်အဖွဲ့က ဖင်လန်နိုင်ငံကို ၃၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် လက်ခံကြိုဆိုခဲ့ပါတယ်။ ဆွီဒင်နိုင်ငံကတော့လျှောက်ထားဆဲဖြစ်ပြီး ယူကရိန်းအဖွဲ့ဝင်ဖြစ်ဖို့ကတော့ အခက်အခဲတွေဆက်လက်ရင်ဆိုင်နေရဦးမှာဖြစ်ပါတယ်။
Dec 13 ။ ရုရှားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၁၀ စင်းလုံးကို နိုင်ငံရဲ့ လေကြောင်းရန် ကာကွယ်ရေးအဖွဲ့က ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။ ပစ်ချခံရတဲ့ ဒုံးကျည်တွေရဲ့ အပျက်အစီးတွေ ပြုတ်ကျခဲ့တဲ့အတွက် ကလေးဆေးရုံနဲ့ မြို့ရဲ့ ရေပေးဝေရေးစနစ် ပျက်စီးခဲ့တယ်လို့ Kyiv မြို့တော်ဝန် က ပြောပါတယ်။
BSE India (ဘုံဘေစတော့အိတ်ချိန်အိန္ဒိယ) ၏ စုစုပေါင်းဈေးကွက် မတည်ငွေသည် အမေရိကဒေါ်လာ ၄ ထရီလီယံ ကျော်သွားပြီး ဂျီဒီပီကလည်း ဒေါ်လာ ၄ ထရီလီယံ နှုန်းထား ပတ်လည်တွင် ရှိနေပါတယ်။
မြန်မာနှင့် နယ်စပ်အနီးတွင် မက်သာဖီတမင်းဆေးပြား သန်း ၅၀ ကို ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များက ပြောရာ ယင်းသည် ထိုင်းနိုင်ငံအတွက် မက်သာဖီတမင်းဆေးပြား အမြောက်အမြား စံချိန်တင် ဖမ်းဆီးရမိခြင်း ဖြစ်ပြီး အာရှ၌ ဒုတိယအများဆုံး ဖမ်းဆီးရမိမှု ဖြစ်ပါတယ်။
Dec 12 ။ အမေရိကရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ကြိုးပမ်းမှု တခုအဖြစ် ချိုင်းနားသမ္မတရှီကျင့်ပင်ဟာ ၆ နှစ်အတွင်း ၂ ရက်ကြာ ဗီယက်နမ် ခရီးစဉ်ကိုစတင်ပါတယ်။
Dec 11 ။ အစ္စရေးတပ်ဖွဲ့တွေနဲ့ဟာမတ်စ်တွေကြား ဂါဇာကမ်းမြှောင်တောင်ပိုင်းက Khan Younis မြို့တွင်းနဲ့ အနီးတဝိုက်မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသလို၊ မြောက်ပိုင်း Gaza City မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
Dec 10 ။ ဂါဇာဒေသမှာ အစ္စရေးရဲ့ အပြင်းအထန် တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးအများစု အပါအဝင် သေဆုံးသူ ၁၈,၀၀၀ နီးပါး ရှိနေပြီလို့ ဟာမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်မှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ ပြဿနာတွေကို မဖြေရှင်းနိုင်ပဲ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။
ရုရှားက လာမယ့် သမ္မတရွေးကောက်ပွဲမှာ ယူကရိန်းထံက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုပါ ထည့်သွင်းပြုလုပ်မယ့်အစီ စဉ်ကို ယူကရိန်းအစိုးရက စနေနေ့မှာ အပြင်းအထန် ကန့်ကွက်ရှုံချလိုက်ပါတယ်။ ဒီရွေးကောက်ပွဲကို ကြီးကြပ်ဖို့ နိုင်ငံတကာ လေ့လာသူတွေ စေလွှတ်မယ်ဆိုရင်လည်း ရာဇဝတ်မှုမြောက်လိမ့်မယ်လို့ ယူကရိန်းက ပြောပါတယ်။
Dec 9 ။ အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့တို့ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့အဆိုပြုတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကို အမြဲတမ်းအဖွဲ့ဝင် အမေရိကပြည်ထောင်စုက ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။
အရှေ့တောင်အာရှ၌ လျှပ်စစ်ကား ထုတ်လုပ်သည့် အချက်အချာအဖြစ် ထိုင်းနိုင်ငံက ထွက်ပေါ်လာနိုင်ခြေရှိသော ဖြစ်စဉ်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်က လျှပ်စစ်ကား ထုတ်လုပ်ရေး Tesla ကုမ္ပဏီ၏ အမှုဆောင်များ၏ ဖြစ်နိုင်ခြေရှိသော စက်ရုံနေရာ ရှာဖွေရေး၌ ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ကိုယ်တိုင်ကိုယ်ကျ လိုက်ပါခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) က ရှေ့လမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး “အတုအယောင် မဲပေး ပွဲ” မှာ မပါဝင်နိုင်ဘူးလို့ ကြေညာခဲ့တဲ့အတွက် ရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှု အတွက် စိုးရိမ်မှု ရှိကြောင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ လေ့လာသုံးသပ်သူတွေက ထုတ်ဖော်ပြောဆိုကြပါတယ်။
Dec 8 ။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လူတွေကို လိမ်ညာကုန်ကူးနေတဲ့ ပြဿနာဟာ အရှေ့တောင်အာရှမှာတင် မဟုတ်တော့ဘဲ တကမ္ဘာလုံးမှာ ပျံ့နှံ့နေပြီလို့ ရာဇဝတ်မှုတိုက်ဖျက်ရေး နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL က ပြောကြားလိုက်ပါတယ်။
ဒုတိယအကြိမ်မြောက် လာအို-ချိုင်းနား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်ကို ဒီဇင်ဘာ ၇ ရက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့ပြီး ချိုင်းနား-လာအို စီးပွားရေးစင်္ကြံရှိ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူစာချုပ်များစွာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
ချိုင်းနားနိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့ကတွေ့ဆုံရာမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံထဲ စိန်ခေါ်မှုတွေရင်ဆိုင်နေရချိန် ချိုင်းနားနိုင်ငံရဲ့ အကူအညီဆက်ရပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
Dec 7 ။ EU ဥရောပသမဂ္ဂနဲ့ ချိုင်းနားနိုင်ငံကြား ကုန်သွယ်ရေး မမျှတမှုဖြစ်နေတဲ့ကိစ္စကနေ၊ ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသ ပြဿနာတွေကို ၂ ဘက် ခေါင်းဆောင်တွေ ဘေဂျင်းမြို့တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
“ပြန်ပို့တဲ့ လူ ၃၁,၀၀၀ ထဲမှာ အွန်လိုင်းငွေလိမ်ဂိုဏ်တွေရဲ့ ခေါင်းဆောင်တွေ မပါ ပါဘူး၊ စစ်ဆင်ရေးမစခင်မှာ မြန်မာစစ်တပ် ရဟတ်ယာဉ်က ဒီလူတွေကို ကယ်ထုတ်သွားခဲ့တယ်” လို့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝေက အေပီကို သတင်းကို ပြောပါတယ်။
Dec 6 ။ ၂၀၂၃ ခုနှစ်အတွက် “2023 Person of the Year ” အဖြစ် ကမ္ဘာ့ဂီတစင်မြင့်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ အမေရိက ပေါ့ပ်အဆိုတော် တေလာဆွိဖ် Taylor Swift ကို Time တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။
ထိုင်းနိုင်ငံ ဆမွတ်ပရာကန်ခရိုင် ဘဏ္ဍာအခွန်ဌာနမှ အစိုးရအရာရှိလေးဦး၏ ဘဏ်အကောင့်များတွင် ဘတ် နှစ်ဘီလီယံကျော် (ဒေါ်လာ ၅၇ သန်း) ရှိနေသည်ကို အာဏာပိုင်များက စစ်ဆေးတွေ့ရှိပြီးနောက် အဆိုပါ အရာရှိလေးဦးကို အလုပ်မှ ထုတ်ပယ်လိုက်ပါတယ်။
Dec 5 ။ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီဇင်ဘာလ ၃ ရက်က ဗီယက်နမ် နိုင်ငံသား၂၀ ကျော်ကို တိုက်ခန်းတွေမှာ မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲက ရွှေကုက္ကိုလောင်းကစားမြို့တော်ကနေ လာကြသူတွေလို့ယူဆနေပြီး ထိုင်းအာဏာပိုင်တွေက စစ်ဆေးနေပါတယ်။
Dec 4 ။ တာချီလိတ်မြို့အဝင်နားမှက ‘ဝ’ ပြင်ပဆက်ဆံရေးရုံးစိုက်ရာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဒီရက်ပိုင်းထဲမှာ ဆက်တိုက်ဖမ်းဆီးနေပြီး ဒီလိုဖမ်းဆီးတာမှာ ချိုင်းနားရဲတွေကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးနေကြောင်း ဒေသခံ အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ တာချီလိတ်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။
Dec 3 ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အင်အား ၇.၆ ရှိတဲ့ ငလျင်လှုပ်ခဲ့ရာက အနည်းဆုံး ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမှာ မိုးကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Dec 2 ။ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုတိုက်ဖျက်ရေး ရန်ပုံငွေထဲကို အမေရိကပြည်ထောင်စုက ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်သွားမယ်လို့ အမေရိက ဒုသမ္မတ Kamala Harris က UAE အာရပ်စော်ဘွားများပြည်ထောင်စု Dubai မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာညီလာခံ COP28 မှာ ကတိပြုလိုက်ပါတယ်။
SpaceX အာကာသကုမ္ပဏီရဲ့ Rocket ဒုံးနဲ့ တောင်ကိုရီးယားနိုင်ငံလုပ် ပထမဆုံး စစ်ထောက်လှမ်းရေး ဂြိုလ်တုကို အမေရိက California ပြည်နယ်မှာရှိတဲ့ Vandenberg အာကာသစခန်းကနေ လွှတ်တင်ခဲ့ပါတယ်။
အမေရိကကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ သောကြာနေ့မှာ တွေ့ဆုံပြီး ချိုင်းနားနိုင်ငံရဲ့ ကြီးထွားလာနေတဲ့စစ်ရေးအင်အားကို တန်ပြန်ဖို့ ရည်ရွယ်တဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေနဲ့ အခြားအဆင့်မြင့်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြပါတယ်။
Dec 1 ။ ဥတုရာသီပြောင်းလဲ ဖောက်ပြန်တဲ့ ဆိုးကျိုးဂယက်တွေကို ကမ္ဘာတဝန်း သူကိုယ်တိုင် မြင်တွေ့နေရတယ်လို့ UAE အာရပ်စော်ဘွားများပြည်ထောင်စု Dubai မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာညီလာခံ COP28 မှာ Charles ဘုရင်က ပြောကြားခဲ့ပါတယ်။
OPEC အဖွဲ့ဝင် နိုင်ငံများနှင့် OPEC အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့် ရေနံထုတ်လုပ်နေသည့် နိုင်ငံများက ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရေနံထုတ်လုပ်မှုကို မိမိ ဆန္ဒ အလျောက် ဆက်လက်လျှော့ချသွားမည်ဖြစ်ပြီး နေ့စဉ် ရေနံထုတ်လုပ်မှု စည်ပေါင်း ၂.၂ သန်း အထိ လျှော့ချသွားမည်ဖြစ်ကြောင်း သိရပါတယ်။
Nov 30 ။ နိုဝင်ဘာ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ချိုင်းနားနိုင်ငံက အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် အချက် (၄) ချက်ကို တင်ပြခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံတွင် သုံးရက်ကြာကျင်းပသော ရေသဘင်ပွဲတော်က မြို့တော် ဖနွမ်းပင်သို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၄.၉ သန်းခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရပါတယ်။
Nov 29 ။ မြန်မာနိုင်ငံဘက်ခြမ်းရှိ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၃၀ ကို အိန္ဒိယအာဏာပိုင်တို့က မီဇိုရမ်မှ မဏိပူရ်၏ မိုရေးမြို့သို့ လေကြောင်းဖြင့် ပို့ဆောင်ပြီး မြန်မာဘက် ပြန်လွှဲလိုက်ကြောင်း သိရပါတယ်။
Nov 28 ။ ချိုင်းနား-မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်း နိုင်ငံတွေအကြား ဆက်ဆံရေး မပြေလည်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ ချိုင်းနား ရေတပ်သင်္ဘောသုံးစင်းဟာ မြန်မာ-ချိုင်းနား ရေကြောင်းလုံခြုံရေးပူးတွဲလေ့ကျင့်ရေးအတွက် နိုဝင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းကို ရောက်လာတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ကမ္ဘာကျော် ကိုရီးယားကေပေါ့အဖွဲ့ BTS က သူတို့အဖွဲ့အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းဇာတ်လမ်းတွဲ အမြည်းဗွီဒီယို ထုတ်လိုက်ပါပြီ။ “BTS Monuments: Beyond the Star” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်အမြည်းကို အွန်လိုင်းမှာ ရှာကြည့်နိုင်ပါတယ်။
Nov 27 ။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ၂၀၂၄ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်အတိုက်အခံ ပါတီတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့သလို တက်ကြွလှုပ်ရှားသူ ၁၀,၀၀၀ နီးပါးကိုဖမ်းဆီးခဲ့တယ်လို HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ က ပြောပါတယ်။
တောင်ကိုရီးယား၊ ဂျပန်နဲ့ ချိုင်းနားနိုင်ငံ သုံးနိုင်ငံကြား ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးမှုတွေကို ပြန်စပြီး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေပြန်လုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေကြား သဘောတူညီချက်ရခဲ့ပါတယ်။
Nov 26 ။ အစ္စရေးဓားစားခံ ၁၃ ဦးနဲ့ နိုင်ငံခြားသား ၁၄ ဦးကို ဂါဇာမှာရှိတဲ့ နိုင်ငံတကာကြက်ခြေနီအသင်း ICRC ကနေတဆင့် ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့အကြောင်း ဟားမတ်စ်အဖွဲ့က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံခြားသားတွေအပါအဝင် အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ တိုးလာတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ အာဆီယံက တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယအစိုးရက သတင်းအချက်အလက်နည်းပညာ ဆက်စပ်ပစ္စည်းများ (IT hardware) ကဏ္ဍတွင် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်  အစီအစဉ်အရ အိန္ဒိယရူပီး ၃၀ ဘီလီယံ (ဒေါ်လာ ၃၆၀ ဒသမ ၄ သန်း) တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို အတည်ပြုလိုက်ပါတယ်။ ခွင့်ပြုချက်ရရှိထားသူများတွင် Dell၊ Hewlett Packard၊ Foxconn ယူနစ် Rising Star နှင့် Flextronics ကုမ္ပဏီ တို့ ပါဝင်ကြောင်း အစိုးရ မှ ထုတ်ပြန်ထားပါတယ်။
Nov 25 ။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna က ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးမှာ ချိုင်းနားရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။
Nov 24 ။ အိန္ဒိယနှင့် သီရိလင်္ကာတို့၏ ၉ကြိမ်မြောက် “Mitra Shakti 2023” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရှက်ထရာ ပြည်နယ် ပူနေးမြို့ အန်းဧရိယာ၌ နိုဝင်ဘာ ၁၆ရက်က စတင်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်အထိပြုလုပ်မည်ဖြစ်ပါတယ်။
Nov 23 ။ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ အရှိန်မြင့် ဖြစ်ပေါ်နေချိန်မှာဘဲ မြန်မာနိုင်ငံထဲ တရားမဝင် နေထိုင်နေတဲ့ ချိုင်းနားနိုင်ငံသားတွေ ပြန်လာကြဖို့ ချိုင်းနားအစိုးရက သတိပေးထားပြီး၊ မြန်မာ စစ်ကောင်စီဘက်ကလည်း ပြန်လည်လွှဲပြောင်းရေး ကိစ္စတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာပါတယ်။
ချိုင်းနားနိုင်ငံက ကလေးငယ်တွေကြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတွေ တိုးဖြစ်နေတာနဲ့ အဆုတ်ရောင် နမိုးနီးယားရောဂါ အစုလိုက်ဖြစ်နေကြတယ်ဆိုတဲ့ သတင်းတွေနဲ့ပါတ်သက်လို့ အသေးစိတ်ကို ရှင်းပြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတရားဝင် တောင်းဆိုထားပါတယ်။