“ဂမ္ဘီရ M”

kaiSeptember 21, 20242min1300

သင့်ရဲ့လက်ဖဝါး.. ဘယ်ညာပေါ်မှာ.. ဂမ္ဘီရ M လို့ခေါ်တဲ့.. အင်္ဂလိပ်အက္ခရာ M စာလုံး.. ရှိပါသလား..။

လူရဲ့အဓိကလိုင်း၄ခုဖြစ်တဲ့.. အသက်၊ .. ၊ ဦးခေါင်း(ပညာရေး)၊ နှလုံးသားနဲ့.. အောင်မြင်ခြင်း(ငွေကြေး) ပေါင်းဆုံ..ဖြတ်သန်းပြီးဖြစ်တဲ့..M သဏ္ဌာန်လမ်းကြောင်းပါ..။

အဲလိုရှိနေရင်.. ဒါတွေဖြစ်ပါမယ်…. ဖြစ်နိုင်ပါတယ်.. တဲ့..။

“ဘယ်ဖက်မှာရှိရင်…”

ကံကောင်းသူ..၊ တာဝန်ယူ/တာဝန်ခံတတ်တဲ့.. ခေါင်းဆောင်မှုအရည်အချင်းရှိသူ…၊ ဆုံးဖြတ်ချက်ချ.. ခိုင်မာသူ..၊ M ..Money . မန်းနီး.. ငွေကြေးအဆင်ပြေသူ..၊ စကားပြောကောင်းသူ..။

“ညာမှာရှိရင်..”

လက်တွေ့ဆန်သူ..၊ ပြဿနာတွေဖြေရှင်းနိုင်သူ၊ ရည်မှန်းချက်အောင်မြင်အောင်.. ပြင်းပြင်းထန်ထန်ကြိုးစားတတ်သူ..၊ M ..Marriage အိမ်ထောင်ရေးကံကောင်းချစ်သူတိုင်းနဲ့ရသူ..။ ငွေကြေးစီမံခန့်ခွဲမှုကျွမ်းကျင်သူ… ။

“ဘယ်/ညာ ၂ဖက်လုံးရှိရင်..”

အင်မတန်စွမ်းသူပါ..။

ခေါင်းဆောင်.. အုပ်ချုပ်သူဖြစ်တယ်တဲ့..။ အောင်မြင်တဲ့ဘဝရှင်ဖြစ်ပါတယ်..။

ဘုရားသခင်က.. ရွေးချယ်ထားသူ.. THE CHOSEN လို့တောင်.. ပြောစမှတ်ရှိ..။

ဤသူ..

လက္ခဏာကိုယုံပါသလားမေးရင်.. အတိုင်းအတာတခုထိ… ယုံပါတယ်..။

လက္ခဏာဆိုတာ.. လူကလုပ်လို့ဖြစ်တာပါ..။ အရေပြားကို.. အကြိမ်ရေသန်းချီ.. ခေါက်လိုက်.. ဖြန့်လိုက်လုပ်ရင်.. သဘာဝတရားအရ .. (လက်ဖဝါး/ခြေဖဝါး) မှာ. . လက္ခဏာ… ခေါ်တဲ့.. အစင်းကြောင်းဖြစ်သွားပါတယ်..။

သဘောက.. လက်ချောင်းကလေးများလှုပ်ပုံရှားပုံကို.. တုံ့ပြန်ပြီး.. အစင်းကြောင်းဖြစ်လာတာပါ..။ ခေတ်ဆေးသိပ္ပံအရ… လက်ချောင်းလေးများ.. တချောင်းစီလှုပ်ရှားပုံက.. သင့်ရဲ့.. ကိုယ်တွင်းကစီဇာ.. မျက်လုံး.. ဦး‌‌နှောက်.. နှာခေါင်း .. နား.. စတာတွေနဲ့.. တိုက်ရိုက်အချိုးကျပါတယ်.. တဲ့..။

ဆို‌တော့.. သင့်အမူအကျင့်ကို.. လက္ခဏာက.. ပြနေတဲ့..သဘော..။

ဒါကို.. နမူနာယူ.. လူအယောက်ပေါင်း ..သိန်းသန်း…မှာ .. နှစ်ထောင်ချီ.. မှတ်တမ်းတင်ထားပြီး.. ရလဒ်ကနေ.. ပြောင်းပြန်တွက်လိုက်ရင်.. လက်ရှိလူတယောက်ရဲ့.. ရှေ့ရေးကို… ခန့်မှန်းလို့ရတယ်.. ဆိုပါတော့…။

ကျမ်းကြီးကျမ်းငယ်.. ထိုသို့ဆိုသည်.. ဆင်ကြီးဂဠုန်ချီ .. ကဲ.. … မယုံချင်နေ… 😛