Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရှက်ကို အသက်နဲ့ လဲသူ

Zaw WonnaSeptember 30, 20101min2936

တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သော Tyler Clementi (အသက် ၁၈ နှစ်) သည် အခြား ယောက်ျားတစ်ဦးနှင့် သူ၏ အခန်းထဲတွင် လိင်ဆက်ဆံမှု ပြုနေပုံကို သူငယ်ချင်းများက ဗွီဒီယိုကင်မရာဖြင့် ခိုးရိုက်ကာ အင်တာနက်တွင် ဖြန့်ဝေခဲ့သည့် အတွက် ဂျော့ဝါရှင်တန် တံတားပေါ်မှ ခုန်ချကာ ကိုယ့်ကိုကိုယ် သတ်သေသွားသည်။
Tyler Clementi သည် အမေရိကန်နိုင်ငံ၊ New Jersey ပြည်နယ်ရှိ Rutgers တက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦး ဖြစ်၏။ စက်တင်ဘာ ၂၂ ရက်က တံတားပေါ်မှ ခုန်ချသည်ကို တွေ့မြင်လိုက်သူ နှစ်ဦးရှိပြီး သူ၏ ယာဉ်မောင်းလိုင်စင်၊ ကျောင်းသားကဒ်တို့ ပါဝင်သော ပိုက်ဆံအိတ်ကို တံတားပေါ်တွင်  ထားခဲ့သည်။ Facebook တွင် သူ၏ နောက်ဆုံးအမှာစာ အနေဖြင့် “Jumping off the gw bridge sorry.” ဟု ရေးသွားခဲ့သည်။ သူ၏ အခန်းဖော် ကျောင်းသား Dharun Ravi နှင့် Molly Wei အမည်ရှိ ကျောင်းသူတို့မှာ ကိုယ်ရေးကိုယ်တာ ထိပါးမှုဖြင့် တရားစွဲခံရပြီး အကယ်၍ ပြစ်မှု ထင်ရှားပါက ထောင်ဒါဏ် ၅ နှစ်အထိ ကျခံရဖွယ်ရှိကြောင်း သိရသည်။ သူတို့ နှစ်ဦးသည် အခန်းထဲတွင် ကင်မရာ တပ်ဆင်ထားကာ အင်တာနက်သို့ တိုက်ရိုက် ထုတ်လွှင့်မှု ပြုခဲ့ကြောင်း စွပ်စွဲခံထားရသည်။ စက်တင်ဘာ ၁၉ ရက်နေ့က Twitter တွင် Ravi က “Roommate asked for the room till midnight. I went into molly’s room and turned on my webcam. I saw him making out with a dude. Yay.” ဟု ရေးသားခဲ့သည်။

6 comments

  • michaelaungpu

    October 1, 2010 at 2:49 am

    ခိုးချောင်းတာကတော့ ခိုးချောင်းတာပေါ့
    အဲ့သည်လိုနက်ထဲတင်တာကတော့ဘယ်တရားမလဲနော်
    သူများဖြစ်သွားတာကို ဝမ်းတော့မသာပါဘူး
    တရားဥပဒေအတိုင်း အရေးယူခံရမှ နောင်ဆင်ခြင်ကြမှာဆိုတော့
    သူတင်ထားတဲ့လင့်ကလေးကိုသိရင်
    လင်းကြပါဦး ဟီးးးးးးးးးးးးးးးးး

  • kai

    October 1, 2010 at 6:02 am

    အင်တာနက်မှာ အခုတင် ဂိုဂယ်သတင်းကြည့်တော့ .. ဒီသတင်းက Top Stories ဖြစ်နေတယ်။
    ဒီလိုအဖြစ်မျိုးတွေတားမြစ်နိုင်ဖို့အတွက် အင်တာနက်နဲ့ပါတ်သက်တဲ့ ဥပဒေကောင်းကောင်းတခုတော့ လိုနေပြီ။
    အဲဒီလိုဗီဒီယိုကို အင်တာနက်ထဲခိုးတင်တဲ့သူတွေ ထောင်၅နှစ်တော့ ချပစ်သင့်တယ်ထင်မိပါတယ်..။

    မြန်မာပြည်မှာ .. ဝတ်ထုတွေထဲဖတ်ဖတ်ဖူးနေတဲ့.. အရှက်ကိုအသက်နဲ့လဲပလိုက်မယ်ဆိုတာမျိုးတွေ ဒီခေတ်မှာရှိသေးသလား.. သိချင်သား..။

  • kopauk mandalay

    October 1, 2010 at 6:44 am

    အခုလို သူများလွတ်လပ်ခွင့်ကို ချိုးဖောက်တာတော့ ဘယ်ကောင်းမလဲ။
    တကယ်လို့များ သတ်သေတဲ့ကောင်လေးက သူချစ်သူကောင်မလေးနဲ့အိပ်နေတာသာဆိုရင်လဲ အခုလိုသတ်သေတဲ့အထိဘယ်ဖြစ်မလဲ။
    သူကလဲ သဘာဝနဲ့ဆန့်ကျင်တာကို လုပ်တာလူမိတော့ပိုရှက်မှာပေါ့နော်။
    နှစ်ယောက်လုံးကိုက မကောင်းတာပါဗျာ။

  • etone

    October 1, 2010 at 7:43 am

    လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်ရှိသင့်တယ်လေ ။
    သူ့အခန်းထဲသူနေပြီး သူလုပ်ချင်တာလုပ်တာ … ဝါသနာအရဖြစ်ဖြစ်၊ အချိန်အားလို့ဖြစ်ဖြစ် ၊ ဘယ်လိုရည်ရွယ်ချက်ဖြစ်ဖြစ် ဒါသူ့လွတ်လပ်ခွင့်ပါ ။ လက်အငြိမ်မနေ ခြေအငြိမ်မနေတွေက ဒီလိုလုပ်တော့ သူလည်း အခုလိုဇာတ်သိမ်းမျိုးနဲ့ ကြုံရတာပေါ့ ။ …
    ဒီနိုင်ငံမှာလည်း လက်သရမ်းတဲ့လူတွေရှိနေပါသေးတယ် ။ ပုဂိ္ဂုလ်ရေးအရ မထိခိုက်ဘူးဆိုရင်တမျိုးပေါ့… ။ တချို့ ခိုးရိုက်ခံရတဲ့ကောင်မလေးတွေဆိုရင် တော်တော်လေးနစ်နာပါတယ် ။ သူတို့ ပုံသူတို့ပြန်တွေ့ရင် တံတားပေါ်ကပဲ ခုန်ချပြီး အရှက်ကိုအသက်နဲ့လဲမလားဆိုတာ … ။

  • ဆူး

    October 1, 2010 at 9:17 am

    သနားပါတယ်။ ဒီခေတ်ကလည်း ဟိုမရောက် ဒီမရောက် ခေတ်များ ရောက်နေလား ထင်ရတယ်။ ဒါမျိုးတွေ တော်တော် ကို ကြားနေရတယ်။ အင်တာနက်ပေါ်တော့ မတင်သင့်ပါဘူး။ တီးတိုး အတင်းလောက်ဆို တော်သေးတယ်။ ကင်မရာကလည်း အခွင့်အရေး ထိခိုက်တာဘဲ.. လုံခြုံရေး ကင်မရာကို ဒီလို မလုပ်သင့်ဘူး

Leave a Reply