ရန်ကုန်မြို့

ဆူးOctober 5, 20101min1382

ရန်ကုန်မြို့မှာ ကားတွေ လိုင်စင်ပေးပြီး သွင်းလိုက်တဲ့ အတွက် ကားအသစ်ကလေးများ တော်တော် များများ မြင်တွေ့နေရပြီ။
ကားတွေ အရေအတွက်က တခြား ဖွံဖြိုးပြီး နိုင်ငံများလောက် မများသော်ငြား.. ကားလမ်းပိတ်တဲ့ ပြသနာတော့ တော်တော် ဖြစ်နေသည်။ မီးပွိုင့်များလည်း တခါတရံပျက်နေတတ်သည်။ မြို့လည်ခေါင် ပန်းဆိုးတန်းလောက်များများ ကားတန်းစီနေရရင် တော်ယုံနဲ့ ကားမရွေ့နိုင်ဘူး။ ကားတွေက စည်းကမ်း မရှိ (လိုင်းကား တက္ကစီ/ အငှားကား) အိမ်စီးကားတွေကတော့ စည်းကမ်းအတိုင်း စောင့်ဆိုလည်း စောင့်နိုင်ကြသည်။ တချို့လည်း အရှေ့က ကား လုပ်မှတော့ လုပ်မယ် ဆိုပြီး လုပ်ကြသည်များ ရှိသည်။ ကားမောင်းတတ်လို့ ကားမောင်းပြီဆိုရင် အဓိက ပွိုင့်ပျက်နေတဲ့ လမ်းမှာ တိုးရဲမှ ကားမောင်းလို့ ဖြစ်ပါသည်။ ဒါနဲ့ သတ္တိတွေ ကောင်းလာကြ တာဘဲ။ ဆောက်လုပ်ရေး လုပ်ငန်းတွေက အိမ်တွေသာ ဆောက်နေတာ ကားရပ်ဖို့အတွက် နေရာဆိုတာ မစဉ်းစားကြဘူး။ တိုက်တလုံးက ၆ထပ် ၈ထပ် ဆောက်ပါသည်။ ကားက အိမ်အောက်မှာ ရပ်ရင်တော့ ၁စီး ၂စီးထက် ပိုရပ်မရဘူး။ ၆ထပ်ရှိရင် ၆ခန်းသော်လည်းကောင်း ၁၂ခန်းသော်လည်းကောင်း ဖြစ်နိုင်သည်။ အိမ်အောက်မှာ ကား ၂စီးထက်ပိုရပ်မရတော့ အိမ်တွေမှာနေတဲ့ လူတွေကား မရှိရင်တော့ ကိစ္စမရှိဘူး အိမ်တိုင်းမှာ ကားတွေ ရှိလာခဲ့ရင် ဒီပြသနာ တော်တော် ခေါင်းစားရတော့မယ်။ အောက်ဆုံထပ်က နေတဲ့သူကလည်း သူအရှေ့က သူ့အပိုင် ဆိုပြီး တန်းချရတာနဲ့ အတုံတွေ အပင်တွေ ဟိုချ ဒီချ ဒီလိုနဲ့ ဖြစ်ချင်သလိုတောင် ဖြစ်နေပြီ။ ကားရှိတဲ့ လူကလည်း ကားကို အနီး အနားမှာ မှ မရပ်ရရင် ဘယ်နားသွားရပ်မလဲ.. ကားတွေကတော့ အသစ်တွေ များလာပြီ.. ကားတွေအတွက် နေရာ မပေးနိုင် ဖြစ်နေတယ်။ မြို့ထဲတွေမှာ ဆိုလည်း ဈေးဝယ်ကား အတွက် ပိတ်ရပ်ကတာနဲ့.. လမ်းသွားလမ်းလာ သမားကလည်း ကားတွေ ရပ်ထားတာနဲ့ လမ်းပေါ်ဆင်းလျောက်.. ကားနဲ့ လူနဲ့ လိုင်းကားနဲ့ လူနဲ့.. ဝိုင်းသာ စဉ်းစားကြပေတော့။

2 comments

  • kai

    October 5, 2010 at 10:10 pm

    နိုင်ငံတွေတော်တော်များများရဲ့ မြီု ့ကြီးတွေမှာ ဖြစ်ခဲ့ဖူးတာတွေပါ။ ဖြစ်နေဆဲပါ။
    မြန်မာပြည်ကို အင်္ဂလိပ်က မြို ့ကွက်ချသွားတာမို ့ဒီလိုကိစ်စ ဖြေရှင်းဖို့ အဖြေပါလုပ်ပေးသွားတယ် ဆိုပါတော့။
    အဲဒီတော့ သိပ်မခက်ပါဘူး။ မြို ့တော်ဝန်က စေတနာရှိရင်ပေ့ါ။
    ၁။ မြို ့ပတ်ရထားလမ်းကို လျှပ်စစ်ရထားသွားလမ်းအဖြစ်ပြောင်းပါ။
    ၂။ အဲဒီရထားလမ်း အောက်တည့်တည့်မှာပဲ မြေအောက်ရထားလမ်းအတွက်ပါ လမ်းကြောင်းဆွဲပါ။(ဒါက နောက်အနှစ်၅ဝ အတွက်)

    မြန်မာပြည်လုပ်အားခဈေးပေါပုံနဲ့ တရုပ်ပစ်စည်း ရလွယ်တာနဲ့မို ့ ကုန်လှ ၁ဘီလီယံဒေါ်လာပါပဲ။
    ပုဂ်ဂလိကလက်ထဲအပ်လုပ်ခိုင်းရင်တောင်ရပါတယ်။
    မြန်မာတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးထွက်လာမှာနဲ့အတူတူ လူနေမှုအဆင့်လည် းတိုးတက်လာမှာဖြစ်ပါကြောင်း..။

    Ref:
    http://www.urbanrail.net/am/lsan/los-angeles.htm

  • ဆူး

    October 6, 2010 at 3:10 am

    မြို့ပတ်ရထား အခု ဘယ်စီးစီး ဘူတာကြီး မကျော်ရင် ၁ဝဘဲကျတယ်နော် ဆရာရေ.. လျှပ်စစ်ရထားဆိုရင်.. ဘယ်ဈေးမှာ ဖြစ်လဲ.. အင်တာနေရှင်နယ် ဈေးဆိုရင်တော့.. ဆင်းရဲတဲ့ ပြည်သူတွေ အလုပ်သွား အလုပ်ပြန် အားကိုးနေရတာ ဆိုတော့.. ဈေးတက်ရင် ထမင်းငတ်ရ ချည်ရဲ့.. အခု လတ်တလော ပြောပါတယ်။
    ဒီကိစ္စလေး ထည့်စဉ်းစားပေးအုန်းနော်..
    အလုပ်ကြမ်းသမားနဲ့ အထည်ချုပ်တွေ မှာ လုပ်တဲ့ ဝန်ထမ်းတွေ ဆိုရင်.. တနယ်တကြေးက လာကြတယ်.. အိမ်လခ ၃၀၀ဝ လောက်ပဲ ပေးရတဲ့ နေရာ အစွန်အဖျား.. လှိုင်သာယာကဲ့သို့ နေရာက ရပ်ကွက်တွေမှ တူတူ တူတူစုပြီး အိမ်ငှားနေကြတယ် ဝေးလွန်းလှတော့.. ကားစရိတ်က.. အသွားအပြန် ၁၀၀ဝ လောက် ကျနိုင်တယ်။ ဒီတော့ အသွားအပြန် ၅ဝလောက်ဘဲ ကုန်အောင် ရထားကို အားကိုးရပါသည်။ သူတို့ တနေ့ ရှာနိုင်အား ၁၀၀ဝ ဝန်းကျင်ဘဲ ရှိတာကိုး.. အရောင်းစာရေးမလေးတွေဆို ၂၅၀၀ဝ ကနေ ၄၀၀၀၀.. သိပ်တော်လွန်းရင်မှ ၅၀၀၀ဝ ကနေ ၇၀၀၀ဝ ရကြတာ.. ၇၀၀၀ဝ လောက်ရရင်တောင် သူတို့တော်တော် ပျော်ပြီး ကျေနပ်နေကြတာ။ တချို့နေရာက ဝန်ထမ်းတွေဆိုရင် တလကို ၁၅၀၀ဝ လောက်နဲ့ လုပ်နေကြတာ.. အိမ်မှာနေရင် ဘာမှ မထူးလို့… အပိုငွေလေးနဲနဲရအောင် လုပ်နေကြတဲ့ လူငယ်တွေ အများကြီး…

Leave a Reply