ပင့်ကူ ၊ စင်္ကြာ ၊ လိပ် ကို ဆောင်ရင် …
ပင့်ကူ
ပင့်ကူဟာ အလွန်ကံကောင်းတဲ့ နိမိတ်ပုံဖြစ်တယ် … ကံကောင်းလိုသောချစ်သူများမှ စီးပွါးရေးအထိ လူတော်တော်များများ အဆောင်အဖြစ်ဆောင်ကြသည် ။ လာဘ်လာဘ တိုးပွါးစေခြင်း ၊ လုပ်ငန်းအောင်မြင်မှုရရှိလာခြင်း ၊ ကို အကျိုးပေးပါသည် ။ ကပ်ရောဂါမှလည်း လွတ်ကင်းစေနိုင်ပါသည် ။
စင်္ကြာ
ဘာသာရေး ၊ စစ်ရေး ၊ နိုင်ငံရေးနဲ့ ပက်သက်တဲ့ အမှတ်တံဆိပ်ပါ ။ ချစ်သူတို့ဆောင်ရင် ချစ်ခရီးခိုင်မြဲကာ သုခချမ်းသာပြည့်ဝစေသည် ။
လိပ်
လိပ်သည် အလွန်သက်တမ်းရှည်သည် ။ချစ်သူတွေက သက်တမ်းရှည်ရန် လိပ် ကိုဆောင်ကြသည် ။
2004 ။ 2005 လောက်က နကတရောင်ခြည်လား ၊ သူရဇ လား ၊ ဂမီရလား မသိဘူး အဲ့ဒီထဲက တစ်ခုခုက ရတာပါ ။ ပါဠိမရေးတတ်လို့ပါ … 😛
11 comments
william hoe
October 14, 2010 at 11:37 am
သုံးခုစလုံးကို ဆောင်ထားလိုက်ဦးမယ်… ဟီးဟီး 🙂 🙂 🙂
Gong Zhu
October 14, 2010 at 11:48 am
လောဘကလည်းကြီးပါ့နော် … 😛
ဆူး
October 14, 2010 at 12:02 pm
ဆောင်ထားတာ တွေ များလွန်းလို့ အိမ်နဲ့တောင် မဆံ့တော့ဘူး.. ဒါနဲ့ နောက်တအိမ်ပြောင်းနေပြီး အရင် အိမ်မှာ အဆောင်တွေ လိုရမယ်ရ ထားခဲ့တယ်.. အခုခု ဆို သူတို့က ထပြီး ကာကွယ်ပေးမလားလို့..
Gong Zhu
October 14, 2010 at 5:00 pm
ဟီးဟီး ။။။ ပြီးတော့ အမေ့ရဲ့သွားကို ရွှေကွတ်ပြီး ဝတ်ရင် အနရာယ်ကင်းတယ်တဲ့ …
kai
October 14, 2010 at 10:15 pm
ဒိအတို်င်းသာ..လိုက်လုပ်ရင်.. အာဖဂန်မှာတိုက်နေတဲ့ စစ်သားအမေတွေ သွားကျိုးကိန်းမြင်တယ်..။ မြင်တယ်..။
tunaung
October 15, 2010 at 4:07 am
စိတ်သာအဓိကပါ ဒါတွေဆောင်ပြီးအပျော်အပါးလိုက်နေယင်အိမ်ထောင်ရေးသာယါပါ့မလါး..ဒါတွေဆောင်ပြီးအလုပ်မလုပ်ဘဲနေယင်ကြီပွားနိုင်ပါမလါး..
char too lan
October 15, 2010 at 4:33 am
သမီးလေးရဲ ့အဆောင်တွေကလဲ ချစ်သူထဲကကို
မထွက်တော့ဘူး ………..မရိုးတားဘူးနော် 😉
kopauk mandalay
October 15, 2010 at 3:00 pm
ကောက်ရိုးကိုဆောင်ရင် ကိုးယောက်ရတယ့်လို့ကြားဘူးတာပဲ။
ကိုပေါက်ကိုရှောင်ရင်လဲ အိုတောင်မဆင်းရဲဘူးလို့လဲ သူငယ်ချင်းတွေကပြောကြပါတယ်။
Gong Zhu
October 15, 2010 at 7:36 pm
ကိုချာတူးလန် … ဟဲဟဲဟဲ … ကောက်ရိုးဆောင်ရင် ကိုးယောက်ရတယ်တဲ့ … ဆောင်ထားလိုက်ပါလား … ကိုးယောက်တောင် ဝိုင်းဝိုင်းလည်နေမှာနော် … ( အကြွေးရှင်တွေလေ ) 😛
thargyi
October 16, 2010 at 3:21 am
ဟေ ဟေ …သုံးခုလုံးလဲဆောင်မယ် …ကောက်ရိုးလဲဆောင်မယ်…ကိုပေါက်ကိုတော့ရှောင်တာပေါ့…:)
etone
October 16, 2010 at 4:50 am
အယုံအကြည်မရှိဘူးလို့လည်း မပြောလိုပါဘူး ..။ ဒါပေမဲ့ တစ်ခါတစ်လေ အဆောင်လေးလုပ်ထားရင် စိတ်သက်သာရာရတာပေါ့ …။