နည်းလမ်းများ …
ပိုးပဝါ လျှော်ဖွတ်နည်း
ပိုးလက်ကိုင်ပဝါတွေကို လျှော်ဖွတ်လိုပါက ရေနွေးထဲတွင် လက်ကြားထဲထည့်ပြီးဖွတ်ပါ ။ မခြောက်ခင် မီးပူတိုက်ပါ ။
အဝတ်အထည်များ ဖားဥဆွဲလျှင်
စင်ကြယ်သော အဝတ်ကြမ်းနှင့်တိုက်ပါ ။ ဆားဖြူးပြီး သံပုရာသီးနှင့် ဖွတ်ပါ ။
ပိုးဟပ်မနေအောင်ပြုလုပ်နည်း
ပိုးဟပ်လာတတ်ရာ လမ်းတွင် လေညှင်းပွင့် ၊ လေညှင်းစေ့ကိုထားပါ ။
မီးပူလောင်လျှင်
ကြက်ဥ ၊ ဘဲဥ အစိမ်းရဲ့ အကာကို ယူပြီးသုတ်ပါ ။
ဗောက်ထလျှင်
သရော်ကင်ပွန်းရည် တွင် ဒနသုခရွက် လက် တစ်စုပ်ခန့်ခူး ခြေပြီး ခေါင်းလျှော်ရည်ထဲထည့်လျှော်ပါ ။
ဆံပင်ကျွတ်လျှင်
ပိတောက်ရွက်ကို ထုထောင်းပြီး ခေါင်းလျှော်ရည်နှင့်ခေါင်းလျှော်ပေးပါ ။
ခြေဖဝါးကွဲနာ
မန်ကျည်းသီး အနှစ် 5 ဆ ၊ အုန်းဆီ 1 ဆ သမအောင် နာနာရောမွှေပြီး လိမ်းပေးပါ ။
2 comments
ဆူး
October 14, 2010 at 12:10 pm
တော်တော် ကြိုးစားပမ်းစား နည်းလမ်းရှာလာတယ်.. ချီးကျူးပါတယ်။ ငယ်ငယ်ကတော့ မဂ္ဂဇင်းတွေမှာ ပါတဲ့ ဆေးမှီးတိုတွေကို လိုက်ကူးတာ စာအုပ်တအုပ်ရတယ်။ အခုတော့ ဘာမှ မှတ်မထားတော့ဘူး.. အင်တာနက်ကြီး ရှိမှတော့.. လိုချင်တာ ဂူဂဲက ရှာလိုက်တာဘဲ..
bigcat
October 15, 2010 at 3:57 am
အခုလို အသုံးတဲ့မဲဟာလေးတွေ တင်ပေးလို့ ကျေးဇူးတင်ပါတယ် ဂေါင်ဇူးလေးရေ။ ဖြစ်နိုင်ရင် ဒီပို့စ်ရဲ့တက်ဂ်မှာ society and lifestyle category အောက်က home and garden ဆိုတဲတက်ဂ်လေး ဖြည့်ပေးပါလား။ နောက်လိုလို့ လိုက်ရှာချင်ရင် အလွယ်တကူရှာနိုင်တာပေါ့.