Risk of Smoking
သက်လတ်ပိုင်းအရွယ်တွင် ဆေးလိပ် အလွန်အမင်း သောက်သုံးခြင်းဖြင့် နှစ်ပေါင်း ၂ဝ ခန့် ကြာမြင့်လာလျှင် အယ်လ်ဇိုင်းမားရောဂါနှင့် သူငယ်ပြန်ခြင်းတို့ ဖြစ်ပွားရန် နှစ်ဆခန့် ပိုမိုနီးစပ်ကြောင်း သုတေသီတို့က ပြောကြားလိုက်သည်။
ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာနှင့် နှလုံးရောဂါတို့ ဖြစ်ပွားပြီး နှစ်စဉ် သေဆုံးသူ သန်းနှင့်ချီ၍ ရှိခဲ့သည်။
အယ်လ်ဇိုင်းမားရောဂါသည် သူငယ်ပြန်ခြင်း ကဲ့သို့ပင်ဖြစ်ပြီး လူတို့အနေဖြင့် မှတ်ဉာဏ်နှင့် စွမ်းဆောင်ရည် ပျောက်ဆုံးပြီး မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း ကင်းမဲ့သည့် ဦးနှောက် ရောဂါတစ်မျိုး ဖြစ်သည်။ ကမ္ဘာတဝန်းတွင် ထိုရောဂါ ခံစားနေရသူပေါင်း ၂၆ သန်းခန့် ရှိသည်။
ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် သက်ဆိုင်သော နှလုံးထိခိုက်မှုများကြောင့် နှစ်စဉ် လူပေါင်း ၅ သန်းခန့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားခဲ့သည်။ ကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ ရှုရှိုက်ရမှုကြောင့် အရွယ်ရောက်ပြီးသူ ၄၃၀၀၀ဝ ခန့် နှစ်စဉ် သေဆုံးခဲ့သည်။
Ref; Reuters
Smoking doubles dementia risk in late life – study
By Julie Steenhuysen
2 comments
PaukPhaw
October 26, 2010 at 3:44 pm
အင်း..
ဆေးလိပ်မကောင်းကြောင်းတွေ ဖိတ်မိ၊ကြားမိတဲ့နေ ့ဆိုရင်တော့
ကိုယ်လဲ ကြောက်လန် ့ပြီး ဖျက်မယ်ဖျက်မယ် ဆိုပြီး ကြိုးစားကြည့်တာပါပဲ..
ရှိသမျှဆေးလိပ်တွေ သူများကို အကုန်တိုက်ပစ်…၊ဒါကုန်ရင်တော့ သောက်တော့ဘူး ဆိုပြီးရှိတာလေးကုန်အောင်သောက်ပြီးအိမ်ပြန်.
ဒီနေ ့တော စဖျက် ပြီပေါ့….ကိုယ့်အစီအစဉ်နဲ ့ကိုယ် ဟုတ်လို ့..
အိမ်လဲရောက် ရေမိုးချိုး၊စားသောက်ပြီးတော့ အချိန်လဲတန်ကော…မနေနိုင်တော့ဘူးဗျာ
အပြင်ပြန်ထွက်..
လမ်းထဲက ရှိတဲ့ ဆိုင်တွေလျှောက်နှိုးပြီး စီးကရက်လေးတွေ ပြန်ဝယ်ရတာပါပဲ…
စိတ်ပဲ မပြတ်သားလို ့လား..
ကိုယ်တိုင်ပဲ ဒုက္ခ မရောက်သေးလို ့လား မသိ
ခုထိ တော့ မဖျက်နိုင်သေးဘူးဖြစ်နေတယ်
ဘယ်လိုလုပ်ရမတုန်းနော်…….. 🙁
kai
October 26, 2010 at 10:51 pm
မြန်မာပြည်အခြေအနေနဲ့ဆိုရင်. .. ဥပဒေပြုသူတွေမှာ တာဝန်ရှိတယ်ဗျ..။
ဆေးလိပ်ထုတ်သူ၊ ဝယ်သူ၊ ရောင်းသူ၊ သုံးစွဲသူတွေကိုအခွန်လေးလေးပင်ပင်ကောက်ရမှာ..။
ဆေးပြင်းလိပ်၊ဆေးပေါ့လိပ်ဆိုတာကြီးတွေ မြန်မာ့ရိုးရာလိုလိုဘာလိုလိုနဲ့..မြန်မာပြည်မှာ ဈေးကွက်ဗရမ်းဗတာရှိနေတာကလည်းဆိုးတယ်.။
အဲဒါတွေ..ဥပဒေတွေလုပ်ပြီးရှင်းပြီးမှ ..
ဟိုမှာမသောက်ရ..ဒီနားမသောက်ရ.၊ ဈေးထဲမသောက်ရ။ ရုံးထဲမသောက်ရ။ လူစုလူဝေးနားမသောက်၇… ကန့်သတ်တာတွေလုပ်ရမှာ..
အဲဒီလိုနဲ့.. သောက်တဲ့သူတော်တော်များများ ..အလိုလိုကို … ဆေးလိပ်ပြတ်ရော..။