Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၂၀၁ဝ နိုဝင်ဘာ အလှပန်း – စင်္ကာပူနိုင်ငံရောက် သက်နှင်းလှိုင်နှင့် စကားပြောခြင်း

kaiFebruary 23, 20111min4556

နာမည်၊အဖေအမေ၊မွေးချင်း၊ မွေးရာဇာတိ၊ အရပ်အမောင်း၊ကိုယ်အလေးချိန်၊အသက် နဲ့ ယုံကြည်ကိုးကွယ်တဲ့ဘာသာကို စပြီးပြောပြပါ။
နာမည်ကသက်နှင်းလှိုင်၊ မိဘကဦးထွန်းလှိုင်- ဒေါ်ခင်နှင်းလှိုင်။ ညီအစ်မသုံးယောက်မှာ အလတ်ပါ။  ဇာတိကရန်ကုန်၊ အရပ်၅ပေ၄၊ ပေါင် ၁၀၀၊အသက်က၂၃နှစ်၊ဗုဒ္ဓဘာသာပါ။
သက်နှင်းလှိုင် စကာင်္ပူရောက်တာ ဘယ်လောက်ကြာပြီလဲ။
၃နှစ်ကျော်ရှိပါပြီ။ ၂၀၀ရခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ကစင်္ကာပူကိုစရောက်ပါတယ်။
ကျောင်းပြီးပြီလား။ ဘယ်တက္ကသိုလ်မှာဘယ်ဘာသာအဓိကနဲ့တက်နေသလဲ။
ရန်ကုန် စမ်းချောင်းအထက(၂)ကနေပြီး ၂၀၀၃ ခုနှစ်မှာ ရူပဗေဒဂုဏ်ထူး နဲ့ ၁ဝတန်းအောင်ပါတယ်။ ၁ဝတန်းအောင်ပြီးတာနဲ့ ၂၀၀၅ကနေ၂၀၀ရခုနှစ်အထိမလေးရှားနိုင်ငံကွာလမ်ပူမြို့
Sunway University College  တက်ခဲ့ပါတယ်။
အခုစင်္ကာပူUniversity of Newcastle မှာတက်နေပါတယ်။၂၀၀၈ကနေစတက်ပြီး၂၀၁၁ခုနှစ်မှာBachelor in Marketing and Management ဘွဲ့ရပါမယ်။

ဝါသနာပါလို့ခုဘာသာကိုယူဖြစ်တာလား။
ကိုယ်တိုင်လဲစိတ်ဝင်စားပြီးမိဘကဖြစ်စေချင်တာလဲပါပါတယ်။
ကျောင်းတဖက်နဲ့အလုပ်လုပ်သလား။
မလေးရှားမှာတက်တုန်းကတည်းကအလုပ် မလုပ်ဖြစ်ပါဘူး။ ကျောင်းပဲတောက်လျှောက်တက်လာခဲ့တာခုထိပါ။

ငယ်ငယ်တုန်းကရည်မှန်းချက်နဲ့လက်ရှိဘဝတထပ်ထဲကျလား။
ငယ်ငယ်တုန်းက သီချင်းဆိုတာအရမ်းဝါသနာ ပါပါတယ်။ အောင်မြင်တဲ့အဆိုတော်ဖြစ်ချင်ခဲ့ တယ်။ အခုချိန်မှာ စီးပွားရေးလုပ်ငန်းတခုခုမှာအောင်မြင်တဲ့လူဖြစ်ချင်တယ်။

ဘယ်လိုအနုပညာဝါသနာပါသလဲ၊ရုပ်ရှင်မင်းသမီး၊အဆိုတော်ဖြစ်ချင်တာလား။
အဆိုကိုအရမ်းဝါသနာပါခဲ့ပါတယ်။အဆိုက တော့ခုထိဝါသနာပါတုန်းပါပဲ ၊ကြုံရင်ကြုံသလိုဆိုဖြစ်ပါတယ်၊ ရုပ်ရှင်တော့သိပ်စိတ်မဝင်စားခဲ့ဘူး။ဓါတ်ပုံရိုက်တာတော့ဝါသနာပါတယ်။

အကြိုက်ဆုံး စာအုပ်၊ စာရေးဆရာ၊ အဆိုတော်နဲ့တီဗီလိုင်းကဘာတွေလဲ။ကိုရီးယား ကားကြိုက်သလား။
စာဖတ်တာကြိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှာကမြန်မာစာအုပ်ဖတ်ဖို့မရှိလို့မဖတ်ဖြစ်ဘူး။ စာရေးဆရာ Dan Brown ရဲ့ ဝတ္ထုနဲ့ Harry Potter စာအုပ်တွေကိုဖတ်ပါတယ်။ကိုရီးယားရုပ်ရှင်ကိုတော့ လုံးဝမကြိုက်ပါဘူး။ အက်ရှင်နဲ့Comedyရုပ်ရှင်တွေကြိုက်ပါ
တယ်။ံHBO, Star Movie  MTV  တီဗီကိုကြည့်ပါတယ်။ဂီတမှာ လေးဖြူ၊ အငဲ၊မျိုးကြီး၊ Gun N’ Roses, Paramore, Evanescence ကိုကြိုက်ပါတယ်။

စင်္ကာပူမှာ နေရတာ ဘယ်လိုနေသလဲ။ရာသီဥတု၊လွတ်လပ်မှု၊နေရတဲ့အခြေအနေတွေကိုပြောပြပါ။ဘယ်မှာနေသလဲ။
နေရတာပျော်ပါတယ်။အခုဆိုညီမလေးလဲ ရောက်လာလို့ပိုပျော်ပါတယ်။ မြန်မာပြည်မှာကဆောင်းတွင်းဆိုတာကရှိသေးတယ်။ စင်္ကာပူ မှာကရာသီဥတု၂ခုပဲရှိတယ်၊မိုးရွာရင်ရွာ၊မရွာ ရင်နေပူ။သမီးကလွတ်လပ်တာကိုကြိုက်တဲ့အတွက်ဒီမှာနေရတာပိုကြိုက်ပါတယ်။ လွတ်လပ်တယ်ဆိုတာသမီးကတယောက်တည်းနေရတာကိုကြိုက်တာ။ မြန်မာပြည်မှာကျတော့ ကိုယ့်အိမ်နဲ့ကိုယ်ဆိုတော့ပိုကောင်းပါတယ်။အခုTiong Baru မှာနေပါတယ်။

စင်္ကာပူနဲ့မလေးရှားရောက်ခါစမှာဘာတွေ အခက်အခဲရှိခဲ့သလဲ။
သမီးအနေနဲ့ဘာမှကြီးမားတဲ့အခက်အခဲတွေ မရှိခဲ့ပါဘူး။ အသေးအမွှားတွေပါပဲ။ အိမ်ရှင်းတာတို့၊အဝတ်လျှော်တာတွေလောက်ပါပဲ။ဘာသာစကားအနေနဲ့သမီးကမြန်မာပြည်မှာ ILBC (International Language and Business Center) မှာ၅တန်းလောက်ကတည်းက တောက်လျှောက်တက်လာတာဆိုတော့ အင်္ဂလိပ်စကားပြောတာဆိုတာ အခက်အခဲမရှိခဲ့ပါဘူး။

မလေးရှားမှာ ကျောင်းတက်ခဲ့တဲ့ အတွေ့အကြုံကိုပြောပါဦး။
မလေးရှားမှာကျောင်းစတက်တုန်းက၁၆နှစ်ပဲရှိသေးတယ်။အဆောင်မှာတယောက်တည်းနေပြီးကျောင်းတက်လာတာပါ။ ဒါပေမယ့်နေရတဲ့အဆောင်ကနေဆင်းလိုက်တာနဲ့ကျောင်းရောက်တာဆိုတော့ အရမ်းအဆင်ပြေခဲ့ပါတယ်။ ကျောင်းမှာလူမျိုးပေါင်းစုံနဲ့တွေ့ရပါတယ်။ မြန်မာသူငယ်ချင်းတွေနဲ့ပဲပေါင်းဖြစ်တယ်။ သမီး က သူငယ်ချင်း သိပ်များများတော့ မရှိဘူး။ အဓိကဘာသာစကားကအင်္ဂလိပ်စကားပါ။ မလေးတရုတ်တွေများတော့ တရုတ်လိုလဲပြောကြပေမယ့်သမီးက တရုတ်လိုတော့မတတ်ခဲ့ဘူး။

မြန်မာပြည်ကနေနိုင်ငံခြားထွက်ဖို့ပြင်ဆင် နေကြတဲ့လူငယ်တွေကိုရောကိုယ်ရဲ့အတွေ့အကြုံအရဘာတွေအကြံပေးချင်လဲ။
များများတော့မပြောတတ်ဘူး။ဘဝအတွေ့အကြုံအသစ်တွေရတာမို့ ကောင်းပါတယ်။ ဘာသာစကားအနေနဲ့ အင်္ဂလိပ်စာကိုတော့ ကြိုတင်ပြင်ဆင်လာရမယ်။

ဘာအစားအစာကိုအကြိုက်ဆုံးလဲ။
ကြိုက်တာကတော့မြန်မာအစားအစာအကုန် ကြိုက်ပါတယ်။ မုန့်ဟင်းခါးလဲကြိုက်တယ်။ တခြားရွေးစရာဆိုရင်တော့ယိုးဒယားစာနဲ့ဂျပန်စာလဲကြိုက်ပါတယ်။

သက်နှင်းလှိုင် အတွက် အမှတ်တရအဖြစ် ဆုံးအဖြစ်အပျက်တခုပြောပြပါဦး။
မှတ်မှတ်ရရတွေထဲက အမှတ်အရဆုံး တခု က မလေးရှားမှာ၂နှစ် ကျောင်းတက်ပြီးမိဘတွေကစင်္ကာပူမှာကျောင်းဆက်တက်စေချင်တာ မတက်ချင်တော့ပဲရန်ကုန်ကိုအတင်းမရမကပြန်သွားတယ်။ အဲဒီမှာအချိန်၁နှစ်လောက်
ပုပ်သွားတယ်။ နောက်ဆုံးတော့လဲစင်္ကာပူမှာပဲကျောင်းပြန်လာတက်ရတာပါပဲ။

ဖက်ရှင်၊အဝတ်အစား၊မိတ်ကပ်ဘယ်နိမ်းဘရင်န်းတွေသုံးသလဲ။
အဝတ်အစားကို River Island(UK), Top Shop(UK) Forever 21(US) ကဖက် ရှင်ဒီဇိုင်းတွေကြိုက်ပါတယ်။ မိတ်ကပ်ဆိုရင် MAC, Bobbi Brown, Sephora ကို သုံးပါတယ်။

ဘယ်အားကစားကိုကြိုက်သလဲ။ လုပ်ဖြစ် သလား။
တခါတလေရေကူးဖြစ်ပါတယ်။

သုံးတဲ့ဆဲလ်ဖုန်းနဲ့ကွန်ပျူတာအမျိုးအစား
သုံးနေတဲ့ဆဲလ်ဖုန်းက Acer Liquid E  ပျောက်သွားလို့အခု iPhone 4 သုံးနေတယ်။ကွန်ပျူတာကMac Book သုံးပါတယ်။

ကွန်ပျူတာနဲ့အင်တာနက်ကိုဘယ်လိုသုံးသလဲ။
အင်တာနက်ကို တနေ့ ၂နာရီကနေ၃နာရီ လောက်သုံးပါတယ်။်ခေနဘသသု ကိုဝင်ပါတယ်။့သကွှကဘန လဲကြည့်တယ်။ ကွန်ပျူတာကကျောင်းစာ ဗျငါညာနညအ နဲ့ ဏမနျနညအအေငသည အတွက်သုံးပါတယ်။

ခရီးသွားဝါသနာပါသလား။ ဘယ်နိုင်ငံ တွေကိုရောက်ဖူးချင်သလဲ။
ခရီးသွားရတာတော့အရမ်းကြိုက်ပါတယ်။မြန်မာပြည်မှာ ပုဂံ၊ တောင်ကြီး၊ မေမြို့၊ ချောင်းသာကိုရောက်ဘူးတယ်။စင်္ကာပူ၊ထိုင်း၊ ဟောင်ကောင် နဲ့ မလေးရှားကို ရောက်ဘူးတယ်။ ဥရောပဘက်ကိုသွားလည်ချင်တယ်။ အသွား လည်ချင်ဆုံးနေရာကတော့ပဲရစ်မြို့ပါ၊ ဘာလို့ လဲဆိုတော့ပဲရစ်မြို့ကကမ္ဘာကျော်ဖက်ရှင်စီးတီးဖြစ်နေလို့။

သက်နှင်းလှိုင်ရဲ့အနာဂတ်ရည်မှန်းချက်..
ြေျအနမ ဆက်တက်ဖို့ရှိပါတယ်၊အောင်မြင် တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်။ မိဘလုပ်ငန်းကိုသိပ်စိတ်မဝင်စားဘူး၊ကိုယ်ပိုင်ဆိုင်ဖွင့်ပြီးအောင်မြင်အောင်လုပ်ချင်ပါတယ်။ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အလှ ပြင်ဆိုင်၊ှဏဗ တခုခုလုပ်ချင်တယ်။

ဘဝမှာအတုယူတဲ့စံပြထားတဲ့ပုဂ္ဂိုလ်…
မရှိပါဘူး။ရုပ်ရှင်မင်းသမီးမှာ Megan Fox, Kristen Stewart နဲ့ မင်းသားမှာ Johnny Deppကိုကြိုက်ပါတယ်။

အမေရိကမှာထုတ်ဝေတဲ့မန္တလေးဂေဇက်သတင်းစာရောဖတ်ဘူးသလား။
မဖတ်ဖူးဘူး။ဒါပေမယ့်ကြားဖူးတယ်။အွန် လိုင်းကနေတော့ ဝင်ကြည့်ပြီး နဲနဲဖတ်ကြည့်ဖြစ်တယ်။

ဆက်သွယ်နိုင်မဲ့အီးမေးလ်လိပ်စာ…
thethninhlaing87(at)gmail.com

သတင်းဖတ်ပရိသတ်ကို ထပ်ဖြည့်ပြီး ဘာပြောချင်သလဲ။
သမီးရဲ့အင်တာဗျူးကိုဖတ်ကြတဲ့ပရိသတ်ကိုအထူးကျေးဇူးတင်ပါတယ်လို့…။

ကျောင်းစာများဖြင့်မအားလပ်သည့်ကြားက ဖြေပေးတဲ့သက်နှင်းလှိုင်နဲ့ဓါတ်ပုံများအသုံးပြုခွင့်ပြုတဲ့ ကိုအာသာအောင်ကိုအထူးကျေးဇူးတင်ပါသည်။

မှတ်ချက်။  ။ မန္တလေးဂေဇက် ဒီဇင်ဘာထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီး ဖြစ်ပါသည်။

6 comments

  • kai

    February 23, 2011 at 11:15 pm

    ဒီကဏ္ဍ (အလှပန်း၊ ခေတ်စမ်းလုလင်)က သတင်းစာမှာ ပုံမှန်ပါနေခဲ့တာပါ..။ အဲဒီအတွက် သတင်းစာ စာမျက်နှာ တမျက်နှာ နေရာပေးထားပါတယ်..။
    အဲဒါ.. မြန်မာပြည် ပြင်ပနေ မြန်မာများထဲက ဒီကဏ္ဍမှာ ပုံနှိပ်ဖေါ်ပြခံရဖို့ စိတ်ဝင်စားသူတွေ .. ဒီကဏ္ဍမှာပါနိုင်ပါတယ်..။

    ပြီးခဲ့တဲ့လကလည်း .. ယူအက်စ်ရောက်နေတဲ့ … ဥက္ကာမင်းမောင် နဲ့တွေ့စကားပြောထားပါတယ်.။
    မကြာခင်တင်ပေးပါမယ်..။

  • MaMa

    February 24, 2011 at 1:02 am

    အင်တာဗျူးပြီး ပုံနှိပ်ဖော်ပြပေးမယ်ဆိုတာ ဘယ်လို လူမျိုးတွေကိုလဲ။ Myanmar celebrities တွေအတွက်လား။ သက်နှင်းလှိုင်ဆိုတာ မကြားဖူးဘူး။ ဓါတ်ပုံပါရင် ပိုကောင်းမယ်။

    • kai

      February 24, 2011 at 9:20 pm

      ဘယ်လိုလူမျိုးဆိုတာသိရအောင်..အင်တာဗျူးရော..အဲဒီမှာ ဓါတ်ပုံရော.. ထင်ပေးထားတယ်လေ..။
      ဒုက္ခိပဲ..။ ( ဒုက္ခနဲ့ ဝမ်ကွဲမောင်နှမ)

  • OQ23

    February 24, 2011 at 3:29 pm

    sister ပြောထားတာတွေကိုသဘောကျမိတယ်။အားလဲကျပါတယ်။
    ရောက်ခဲ့ရင်အကျိုးရှိတာတွေပဲအသုံးချဖို့ပဲစဉ်းစားမယ်။အပျော်အပါးတွေ
    ကိုအခုခေတ်လူငယ်တွေလျှော့သင့်တယ်လို့ထင်မိတယ်။ကိုယ်တိုင်ကလူငယ်တယောက်ဖြစ်ပေမဲ့လဲ၊ကြိုးစားသင့်တယ်လို့ထင်ပါတယ်။
    မမြင်ဖူး၊မတွေ့ဖူးပေမဲ့၊လေးစားမိပါတယ်။
    ဂုဏ်ယူပါတယ်။

  • etone

    August 19, 2011 at 2:29 pm

    သက်နှင်းလှိုင်ကိုး … သိပါ့သိပါ့… ကိုယ်တွေထက် နှစ်နည်းနည်းငယ်တယ် .. ကျောင်းတုန်းက မှီလိုက်သေးတယ် … လူကောင်လေးက ခပ်သေးသေး .. အသံက ကျယ်ကျယ် … ဆံပင်သားက ပွယောင်းယောင်း … သိပ်မဖြောင့် ပေမဲ့ ကောက်တဲ့ အမျိုးစားထဲလည်း မပါဘူး … ဒါပေမဲ့…သူ့နေရာနဲ့သူတော့ အဖုထစ်တွေ နေရာကျသားပဲ … ။

    မှတ်မှတ်ရရ အဖြစ်ပျက်ကတော့ …ကျောင်းတုန်းက ပန်းပွားအဖွဲ့ထဲ သူလည်းပါတယ်… အဲ့ဒီတုန်းက သုဝဏ္ဏမှာ ဖဲကြိုး တံလေးတွေ နဲ့ .. စလက်ရှင်ရွေးထားတဲ့ အဖွဲ့ သွားဖျော်ဖြေရတယ်… အားလုံးက လူကောင်တွေ သူ့ထက်ထွားတယ် … သူက ကိုယ်တွေထက်ငယ်တော့.. နည်းနည်းညှပ်နေတာပေါ ့.. ဒီတော့သူ့ကို ရှေ ့ဆုံးကတန်းမှာ တင်လိုက်တယ် … အဖွဲ့လိုက် ဖဲကြိုးလေးတွေ ဖြန့်ဖြန့်ပြီး သင်ထားရတဲ့ အတိုင်း ကကြတာပေါ့… အကျီက စပို့ရှပ် လိမ္မောရောင်လေးတွေနဲ့ .. မီနီစကတ်လေးတွေနဲ့ … ။အားလုံး စုစည်း ကရမယ့်အကွက်လည်းရောက်ရော… သူများတွေ အရပ်ထက်ပိုပုတဲ့သူက လူမြင်သာမှာစိုးလို့… ဖဲကြိုးကို အားရပါးရ လက်က ကိုင်မြှောက်လိုက်တာ .. ဖဲကြိုးရော လက်ကိုင်တုတ်ရော … လေထဲ လွင့်ထွက်သွားပါရော … ။ သူလည်း ရှက်ပြီး ကဗျာကယာပြန်ကောက်ပြီး ပြန်ကတယ် … ကိုယ်တွေလည်း သူ့ကိုကြည့်ပြီး ရယ်လိုက်ရတာ အူကိုလှိမ့်နေတာပဲ … ။
    သူ့ခမျာ နာမည်ကြီးချင်တော ့.. ညရှစ်နာရီ သတင်းလာတဲ့အခါ … ဘယ်သူတွေကို ဘယ်လို ဖျော်ဖြေတယ်ဘယ်အခန်းနားမှာ ဘယ်သူ တက်ရောက်တယ် စသည်ဖြင့် သတင်းတွေပါတဲ့အခါ ပုံတွေပါ ပြတယ် … တိုက်တိုက်ဆိုင်ဆိုင်ပဲ….ကင်မရာမန်းက သူ့ဖဲကြိုး လွတ်ကျတဲ့ပုံကို အမိရရိုက်ပြသွားတာပါတယ် .. ပြန်ကောက်တာ အဆုံး ထိ … 😀 ကျွန်မပြောမပြထားပဲ တီဗီကြည့်နေတဲ့ အမေက ရယ်လိုက်တာ … မျက်ရည်တောင်ကျရတဲ့ အဖြစ် မှတ်မှတ်ရရပါပဲ ။ ။

  • manawphyulay

    August 19, 2011 at 3:27 pm

    ဒီလိုနေရာမှာ ကျောင်းပညာရေးဦးစားပေးတဲ့သူတွေ အောင်မြင်နေတဲ့သူတွေကို ဗျူးပြီးတင်ရင် ပိုကောင်းမှာပေါ့နော်။ ဖတ်တဲ့သူလည်းပိုစိတ်ဝင်စားမှုရှိတာပေါ့။ ဘာမှမတတ်သေးပဲ ခုမှ ၁ဝ တန်းတို့ဘာတို့ကြတို့ အလှဓာတ်ပုံသတ်သတ်ပဲဖြစ်သွားမှာပေါ့။ ဒါကို မျက်နှာဖုံးရှင်ကဏ္ဍလို့တော့ သုံးနှုန်းကြတာပေါ့။ နိုင်ငံခြား မြန်မာတွေကို တင်ပေးရင် ပိုကောင်းတယ်။ အတွေ့အကြုံတွေ ကြိုးစားမှုတွေ ဖြတ်သန်းနေတဲ့ဘဝတွေကို လေ့လာလို့ရတာပေါ့နော်။

Leave a Reply