ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၂) by May Aye Oo

padonmarMarch 10, 20112min1240
group game
comment section by participants

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၂)
by May Aye Oo on Thursday, March 3, 2011 at 8:44am

YOUTH CAMP 26/2011

၂၆-၂၇၊ ဖေဖော်ဝါရီလ၊ ၂၀၁၁

ကျောက်ကွင်းကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။

ဒီတစ်ခါတော့ ကျောင်းမနေတော့တဲ့ လူငယ်ပိုင်းအတွက် CAMP လေးပါ..။ ရပ်ရွာအတွက် တတ်နိုင်သလောက် ကူညီ နေကြတဲ့ ကလေးတွေကို အားပေးချင်တာရော..၊ ကျန်တဲ့ လူငယ်လေးတွေကိုလဲ educate လုပ်ပေးချင်တာ ကြောင့် ရော ပေါ့လေ.. ။ ပြီးတော့ စာကြည့်တိုက်လေး လုပ်ပေးနေတာမို့ အခြေအနေလေးလဲ ကြည့်ချင်တာလဲ ပါတာပေါ့လေ..။ သင်တန်းကို ရွာက လူငယ်များ မည်သူမဆို တက်ရောက်နိုင်တာကြောင့်၊ အသက် ၁၆ နှစ်ကနေ.. ၃၅ နှစ်အထိ လူငယ် ပိုင်း တွေ လာတက်ကြပြီး၊ အိမ်ထောင်သည်တွေလဲ ပါ ပါတယ်..။ ဘုန်းကြီးကျောင်းမှာလုပ်တာပေမဲ့ ခရစ်ယာန် ဘာသာ ဝင် လူငယ်များလဲ လာတက်ကြပါတယ်..။ သင်တန်းသားရဲ့ ထက်ဝက်ဟာ.. ခရစ်ယာန် ဘာသာဝင် လူငယ် တွေပါ..။ ကျမတို့ကလဲ.. အခုလို လူငယ်များ စည်းစည်းလုံးလုံး လာတက်ကြတာကို ဝမ်းသာ မိပါတယ်..။

YOUTH CAMP မှာပါတဲ့ သင်ခဏ်းစာ တွေကတော့

Purpose to be a human being လူဖြစ်ရတဲ့ ရည်ရွယ်ချက်

Drugs and alcohol မူးယစ်ဆေးဝါးအကြောင်း (ဆေးလိပ် နဲ့ ကွမ်းယာ လဲ ပါ ပါတယ်..။)

Braveness သတ္တိနဲ့ဗျတ္တိ

Healthy life style ကျန်းမာပျော်ရွှင်သောလူမှုဘဝ

ဆိုပြီး စိတ်ဓါတ်ရေးရာ ပိုင်းဆိုင်ရာရော၊ ကျန်းမာရေးပိုင်းဆိုင်ရာရော.. ပါ ပါတယ်။

သင်တန်းရဲ့ ပထမနေ့ စနေနေ့မှာ မနက် ၈ နာရီ ကနေ ညနေ ၄ နာရီ ထိ သင်တန်းချိန်ပြီးတော့ အိမ်ပြန်ပြီး ရေချိုး၊ ထမင်းစားကြပြီး ညဘက်မှာ.. မီးပုံပွဲလေး ပြန်လုပ်ပါတယ်..။ ကလေးတွေလဲ ပျော်ရအောင်ပါ…။ ဆရာ၊ ဆရာမတွေ ရော.. ၊ သင်တန်းသားတွေရော.. ကချင်က၊ ကရင်က၊ နဲ့ ရှမ်းက တွေကို ကကြပါတယ်။ ရွာခံ လူငယ်တွေကတော့ သူတို့ရဲ့ ရိုးရာ ချင်း ဝါးညှပ်အက ကို ကပြီးပြန်ဖျော်ဖြေကြပါတယ်..။ အားလုံး တက်ညီလက်ညီမို့ တော်တော် ပျော်စရာ ကောင်းပါတယ်..။

အဖွဲ့လိုက် ကစားနည်းတွေလဲ ပါလို့ ကလေးတွေ အနိုင်မခံ၊ အရှုံးမပေး ကစားကြတာ.. တအုံးအုံး ရီကြရပါတယ်..။ ပြီးတော့ တစ်ဦးချင်း ထွက်ပြီး သင်ထားတဲ့ သင်ခန်း စာတွေ အပေါ် ဆွေးနွေးကြပါတယ်..။ ည ၉ နာရီကျော် မီးပုံပွဲ အပြီးမှာ.. Good morning cream roll နဲ့ ကော်ဖီ နဲ့ ဧည့်ခံပါတယ်..။ သင်တန်းသားမဟုတ်တဲ့၊ ကလေးငယ်တွေ နဲ့ မိဘတွေ၊ ရွာသူ ရွာသား တွေလဲ.. ဝင်အားပေးကြတာမို့ တပျော် တပါး ကြီးပေါ့ရှင်..။

(အစကတော့ ကျမက မီးပုံပွဲမှာ.. ရှမ်းခေါပုတ်ကလေးတွေ အများကြီးဝယ်သွားပြီး ညအေးအေးမှာ မီးဖုတ်စားကြ မလို့ပါ..၊ သူတို့က Good morning cream roll ဘဲစားချင်ပါတယ်.. ဆိုလို့ Good morning cream roll နဲ့ ကော်ဖီနဲ့ ဝယ်သွားရတာပေါ့ရှင်..။)

နောက်တနေ့ မနက် ၈နာရီမှာ.. သင်တန်းပြန်စ၊ ပါတယ်။ အဲဒီနေ့မှာ သင်တန်းသားတွေက သူတို့ကို လက်ဆောင်ပေး ထားတဲ့ T-Shirt တွေကို ဆင်တူဝတ်လာကြပါတယ်.. ။ သင်တန်း မဆင်းမှီ မှာ .. သင်တန်းသားထဲက တစ်ချို့က .. ဒီသင်တန်းနဲ့ ပါတ်သက်ပြီး .. ဝေဖန်ဆွေးနွေး ရာမှာ.. သင်တန်းသူတစ်ဦးက…

“ ကျမ က ခရစ်ယာန်ဘာသာဝင် တစ်ဦးပါ..။ ကျမ တို့ ခရစ်ယာန်တွေဘက်မှာသာ.. သင်တန်းတွေ ဖွင့်တာရှိပါတယ်.. ဒါပေမဲ့ ဗုဒ္ဓဘာသာတွေ ဘက်က အခုလို သင်တန်းမျိုး ဖွင့်တာတော့..ဒီနှစ်ထဲမှာမှ ကြားဘူး၊ ကြုံဘူးတာပါ..။ ကျမတို့က သင်တန်းဆိုရင်.. ဘာသင်တန်းဘဲဖြစ်ဖြစ် အကျိုးရှိမှာဘဲ ဆိုပြီး လာတက်တာပါ..။ အခုလိုလာတက်တော့လဲ တစ်ကယ် ဘဲ အကျိုးရှိပါတယ်..။ ကျမတို့ရွာမှာ.. အသက် ၁၅၊ ၁၆၊ ၁ရ ဆိုရင် အိမ်ထောင်ကျ ကြပါတယ်..။ အိမ်ထောင်သည်ဘဝ ဆိုတာကို.. ဘာမှန်းညာမှန်းမသိဘဲ.. နားမလည်ဘဲ..၊ အိမ်ထောင်ပြုကြတာပါ..။ ကောင်းမှန်း၊ ဆိုးမှန်း ဘာမှ မသိကြ ပါဘူး။ အခုတော့.. ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝ ကိုနေထိုင်နိုင်ဖို့ ဘာတွေလိုအပ်သလဲ..၊ ဘာတွေ လုပ် ရမလဲ..၊ ဘာတွေ သိထားသင့်သလဲ.. ဆိုတာတွေ သိရပါပြီ..။ လူတစ်ယောက်ရဲ့ ဘဝမှာ ရှိသင့်တဲ့ ရည်ရွယ်ချက် တွေ၊ သတ္တိ အစစ်အမှန်ဆိုတာ.. ဘာလဲ.. ဆိုတာတွေ.. သိရပါပြီ..။ ဆရာတော်ကို အကြောင်းပြုပြီး၊ အခုလို သင်တန်း တွေ တက်ခွင့်ရပါတယ်..။ စာကြည့်တိုက်ကလေးလဲ ဖွင့်နိုင်အောင် စီစဉ်နေကြပါပြီ..။ ဆရာတော်.. ဒီရွာကို ရောက်လာ ပြီး.. ကျမတို့ရွာကလေးက အများကြီးတိုးတက်လာပါတယ်..။ ဆရာတော် ဒီရွာကိုရောက်လာတာ သိပ်ကောင်းပါတယ်..။ ဆရာတော်ရောက်လာပြီးမှ လမ်းတွေလဲ ပြုပြင်ပြီး၊ မြောက် နဝင်းဆည် ရေဆင်းတူးမြောင်း တံတားလေး လဲ ဆောက်လိုက် တာမို့ ရွာကို လာရတာ.. ပိုအဆင်ပြေလာပါတယ်..။ ရန်ကုန် ကနေ.. တကူးတက အချိန်ပေးပြီး လာသင်ပေးတဲ့ ဆရာမ တို့ကိုလဲ ကျေးဇူးတင်ပါတယ်..။ ဆရာမတို့က ပညာပေးရုံ တင်မကဘူး..၊ ကျမတို့ ကို ဆုတွေပေး၊ လက်ဆောင်တွေပေး နဲ့ ကျေးဇူးတင်ပါတယ်.. ရှင်..၊ ”

အဲဒီကလေးမလေးက.. အသက် ၂၄ နှစ် ရှိပါပြီ။ ကလေးက ၃နှစ်ပါ။ သူ့ကို counseling လုပ်ပေးပါ.. ဆို လို့ သူနဲ့ ဆွေးနွေး အကြံပေးခဲ့ပါသေးတယ်။

နေ့တစ်ဝက် သင်တန်းဆင်းပြီးတော့ မုန့်ဆီကြော် ကြော်ကြပါတယ်..။ ကျမတို့ကို ကျွေးချင်လို့ပါတဲ့..။ ဒေသထွက် ဖရဲသီးကလဲ သဘာဝ အတိုင်းကို ချိုနေတာပါဘဲ..။ ဒေသစာလေးတွေနဲ့ဧည့်ခံကြတာ.. ကျမတို့ကလည်း.. တကယ်ဘဲ.. ကြည်နူးစွာ ကျေးဇူးတင်မိပါတယ်..။ တစ်ဦး မေတ္တာ တစ်ဦးမှာ.. ဆိုသလိုပေါ့ရှင်..။

ပြီးတော့ စာကြည့်တိုက်ကလေးအတွက် volunteer လုပ်ပြီး ကူပေးမဲ့ ကလေးတွေ.. ခရစ်ယာန်တွေရော၊ ဗုဒ္ဓဘာသာ တွေ ရော.. လာကြပါတယ်..။ စာကြည့်တိုက်အတွက်.. စာအုပ်စင် ၂ ခုနဲ့ စာအုပ်ဘီဒို ၂ ခု လဲ ပြီးနေပါပြီ..။ လာမယ့် မတ်လ ၂၆-၂ရ ကလေး နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းအပြီး.. မတ်လ ၂ရ မှာ စာကြည့်တိုက် ဖွင့်ပွဲ ကလေးကို တခြားရွာက ကလေး၊ လူကြီးများပါ တက်ရောက်ကြမှာပါ..။

စာကြည့်တိုက် ဖွင့်ပွဲ ပြီးရင်တော့ ဓါတ်ပုံတွေ ရိုက်ပြီး.. အလှူရှင်များ ကြည်ကြည်နူးနူး ကြည့်ရအောင် ပို့ပေးပါအုံးမယ်..။

အခုတော့ စာကြည့်တိုက် အပါအဝင်.. ဆွမ်းစားဆောင်၊ ကလေးများတည်းခိုဆောင် နဲ့ ယောဂီများ အိပ်ဆောင်.. အဖြစ် သုံးဖို့ အဆောက်အဦးက လက်စ မသတ်နိုင်သေးပါဘူး.. ။

ကျေးလက်နေ.. လူငယ်များ..၊ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံတဲ့ ဒေသတွေက ကျမတို့ရဲ့ သွေးရင်း သားရင်း ညီအကို မောင်နှမတွေ၊ သားတွေ သမီးတွေရဲ့ ဘဝလေးတွေ.. ဖွံ့ဖြိုးတိုးတက်စေဘို့.. ဝိုင်းဝန်းကြ ပါစို့လို့.. ..

ပွင့်သော ပန်းကလေးများတိုင်း လန်းဆန်း နိုင်ကြပါစေ ….။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

P.S – ကျမရဲ့ notes များကို.. copy ယူပြီး forward လုပ်နေကြတဲ့ ကလေးများ နဲ့၊ မောင်နှမ များကိုလဲ.. တစ်ခုလောက်၊ မေတ္တာရပ်ခံပါရစေရှင်..။ notes များကို.. copy ယူရင် ကျမရဲ့ emai address ကိုပါ ကူးထည့်ပေးပါ… လို့..။

ဒါမှလဲ.. ဖတ်မိတဲ့သူများက သဒ္ဒါပွားပြီး လှူချင်ကြရင်.. ကျမ ဆီကို ဆက်သွယ်ပြီး သတင်းအချက်အလက်များ စုံစမ်းလို့ ရအောင်ပါ..။ ကျေးဇူးတင်ပါတယ်.. ရှင်..။

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF ံNOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.