Japan earthquake

Zaw WonnaMarch 15, 20111min770
noypistuff.blogspot.com

အမေရိကန်နိုင်ငံ US Geological Survey (USGS) အဖွဲ့မှ ကျွမ်းကျင်သူများ အဆိုအရ မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် လှုပ်ခဲ့သော ငလျင်မှာ ပြင်းအား ၉.ဝ မဂ္ဂနီကျု အထိ ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝ အတွင်း ဂျပန်နိုင်ငံ၏ အပြင်းထန်ဆုံး ငလျင်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် လှုပ်ခတ်ခဲ့သော ငလျင်မှတ်တမ်းများ အရ

၁၉၅၂ခုနှစ်၊ နိုဝင်ဘာ ၄ ရက်။   ။ ရုရှနိုင်ငံ အရှေ့ဘက် Kamchatka ကျွန်းဆွယ်တွင် ပြင်းအား ၉.ဝ မဂ္ဂနီကျုရှိ ငလျင်ကြောင့် ပစိဖိတ်သမုဒ္ဒရာ တစ်ဝိုက် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။

၁၉၆ဝ ခုနှစ်၊ မေလ ၅ ရက်နေ့။   ။  ပြင်းအား ၉.၅ မဂ္ဂနီကျု ရှိသည့် ချီလီငလျင် သည် အပြင်းထန်ဆုံး ဖြစ်ပြီး လူပေါင်း ၁၆၀ဝ ဦးခန့် သေဆုံးခဲ့ကာ နှစ်သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

၁၉၆၄ ခုနှစ်၊ မတ်လ ၂ရ ရက်။   ။အမေရိကန်နိုင်ငံ၊ အလက်စကား ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် Anchorage တွင် လှုပ်ခဲ့သော ငလျင်နှင့် ဆူနာမီကြောင့် လူပေါင်း ၁၂၈ ဦး သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များစွာ ရှိခဲ့သည်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်။   ။ အိန္ဒိယသမုဒ္ဒရာအတွင်း လှုပ်ခတ်ခဲ့သည့် ရေအောက်ငလျင်မှတဆင့် ဖြစ်ပေါ်လာသည့် ဆူနာမီ ရေလှိုင်းများကြောင့် ကမ်းခြေနိုင်ငံများတွင် လူပေါင်း ၂၂၀၀၀ဝ ခန့် သေဆုံးခဲ့ရသည်။

ယခု ဂျပန်နိုင်ငံတွင် လှုပ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၁၀၀၀ဝ ကျော်ခန့် သေဆုံးနိုင်ပြီး ၅၀၀၀၀ဝ ခန့်မှာ ယာယီ စခန်းများတွင် ခိုလှုံနေကြရသည်။ ထို့အပြင် နျူးကလီးယား ဓါတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

Ref: AFP/de