Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သရဲ ကြောက်ခဲ့ရတဲ့ည….

hmeeMarch 21, 20111min30113

တောအရပ်မှာ တောင်သူမိဘ နှစ်ပါးမှ မွေးဖွားလာခဲ့ပေမဲ့ မြို.မှာကျောင်းတက်ပြီး   ဘွဲ.လေးတခုရတော့ ထိုက်သင့်တဲ့အလုပ်လေး ဝင်လုပ်ပြီး မြို.မှာပျော်ကာ မြို.မှာပဲ အနေများလာပါတယ်။ တနှစ်တခါတောင် မိဘထံကို ပြန်မရောက်ဖြစ်တော့ပါဘူး။ မရောက်တာလည်း အတော်ကြာပြီမို. နောက်လာမည့် သီတင်းကျွတ်တော့ မိဘတွေကိုလည်း ကန်တော့ချင် မတွေ.ရတာ ကြာပြီဖြစ်တဲ့ အမျိုးတွေနဲ.လည်း တွေ.ချင်လို. ပြန်ဖြစ်အောင်ပြန်ပြီး ရက်အတော်ကြာကြာ နေဖြစ်အောင်ကို နေလိုက်မယ်လို. အားခဲထားခဲ့ပါတယ်။

ကျွန်မတို. မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ    မြန်မာလူမျိုးတိုင်း သီတင်းကျွတ်မှာ အသက်အရွယ်ကြီးသူ မိဘဆွေမျိုး၊ လေးစားရတဲ့သူတွေကို ကန်တော့ကြပါတယ်။ ကျွန်မတို.ရွာမှာလည်း အဲဒီလိုလည်း ကန်တော့တဲ့အပြင် ရွာမှာရှိတဲ့ အသက်အရွယ် တော်တော်ကြီးတဲ့ အဖိုး၊အဖွားတွေကို မိမိနဲ.ဆွေမျိုး မတော်သော်လည်း သီတင်းကျွတ်လပြည့်ညမှာ တအိမ်တက် တအိမ်ဆင်း လိုက်လံကန်တော့ကြတယ်။ တောရွာထုံးစံအတိုင်း မနက်၊ နေ.လည်မှာ  တခုမဟုတ်တခု အစဉ်အမြဲ အလုပ်ရှုပ်တဲ့အတွက် ညပိုင်း လူခြေတိတ်မှ ကန်.တော့ကြတာ များပါတယ်။ ်ကန်တော့ပြီးတဲ့ အခါမှာ လယ်ယာအလုပ်အကြောင်း စကားစမြည် ပြောကြဆိုကြမို. နည်းနည်းလေး ညဉ့်နက်မှ မိမိအိမ်ကို ပြန်ကြတာပေါ့။ ဒီအချိန်ဟာ ဆွေမျိုးအစုံ တွေ.ရတဲ. မမေ.ရက် မမေ.နိုင်စရာ ရက်မြတ်ပါ။ ဒါကြောင့်မို. သီတင်းကျွတ်လပြည့်နေ.မှာ ရွာကို အလည်အပတ်ပြန်ဖို. ကျွန်မရွေးရတာလေ။

ကန်တော့ဖို.အတွက် ဝယ်လာတဲ့ပစ္ဓည်းတွေ ထည့်ထားတဲ့ အိတ်တွေကို မနိုင်မနင်းဆွဲပြီး ရွာကိုသွားမည့်  ကားများနားရာ ကားဂိတ်ကို တကိုယ်တည်း ချီတက်လာပါတယ်။ အိမ်မှာကျန်ရစ်မည့် သူ.ကိုလည်း ပြန်ရသခိုက် ရက်ကြာကြာနေမယ်လို. ပြောထားခဲ့ပါသေးတယ်။  ကျွန်မတို.ငယ်ငယ် ကျောင်းနေစဉ်အခါက အခုလို ဘတ်စ်ကား မရှိတဲ့အတွက်  မြို.ကိုသွားတဲ့အခါ မြင်းလှည်းတခုကိုသာ အားကိုးရပါတယ်။ အခုတော့ ခောတ်နဲ.အမှီ ဘတ်စ်ကားဆွဲလာလို. အရင်ထက်တော့ အဆင်ပြေလာတာပေါ့။မနက်အစော ရွာမှထွက်လာကာ လိုအပ်တာဝယ်ပြီးလို. ရွာပြန်မည့်အချိန်က မွန်းလွဲ ၂နာရီလောက် စထွက်မှ ရွာကို ညနေ ၅နာရီကျော် ၆နာရီ ထိုးခါနီးလောက်မှ ရောက်တာပါ။ မြို.မှာ ညအိပ် နေမည့်သူများက ကျန်ရစ်ခဲ့ပြီး  ပြန်လိုက်မည့်သူများက  ၂နာရီမထိုးခင် မြင်းလှည်းရပ်နားရာ စုရပ်ကို မဖြစ်မနေပြန်လာရတယ်။ ကြိုရောက်လို. လှည်းထွက်ဖို. အချိန်လိုသေးလို. စောင့်နေသူများမှာ ဟိုနားတစု ဒီနားတစု ကိုယ်.အဖွဲ.နဲ.ကိုယ်  စုထိုင်နေရင်း စပ်မိစပ်ရာ ပြောသူပြော လယ်ယာအကြောင်း ဆွေးနွေးသူူဆွေးနွေး  လတ်တလော ရွာမှာဖြစ်နေတဲ့ သတင်းထူးတွေ အတင်းတုတ်သူတုတ်ပေါ့။ အခုလည်း အရင်လို မြင်းလှည်းစီးရတဲ့ ဘဝမှ   ဘတ်စ်ကားစီးတဲ့ဘဝ ပြောင်းနေပေမဲ့ မပြောင်းလဲတာက အရင်လို ဟိုနားတဖွဲ. ဒီနားတဖွဲ. စကားစုပြောတာလေ။ ကျွန်မလည်း ရွာမရောက်ခင် သတင်းဦးလေးလည်း နားထောင်ရအောင် ကားဂိတ်ကို ကားထွက်ချိန်မတိုင်မှီ ခပ်စောစောလေးထွက်ခဲ့ပါတယ်။

ကားဂိတ်ရောက်တော့ စုထိုင်နေတ ဲ့သူတွေထဲမှ  မိမိနဲ.ခင်မင်ရင်းနှီးတဲ့အဖွဲ.ကို ရှာပြီး သူတို.နဲ.ရောထိုင်ရင်း သူတို.ပြောနေတာတွေ နားထောင်ပါတယ်။ ဒီတခါတော. အဖွဲ.အားလုံး ပြောနေတဲ့ အကြောင်းအရာက တူနေတယ်။ သူတို.အချင်းချင်းပြောလိုက် တခြားအဖွဲ.ကို လှမ်းမေး လှမ်းဖြေ နေကြတာက အဖြစ်အပျက် တခုတည်းကိုသာ ဦးတည်ပြီးပြောနေတာမို. ကျွန်မလည်း စိတ်ဝင်စားသွားပြီး ဘေးက တယောက်ကို အကြောင်းစုံ မေးကြည့်ရတယ်။ သူပြောပြမှ သတိ္တခဲကျွန်မ လန့်သွားပြီး ရွာကိုမသွားချင်တော့ဘူးလေ။ ကျွန်မလာမည့် အကြောင်း မိဘတွေကို အကြောင်းကြားထားတာမို. အမေမျှော်နေမှာလည်း သိနေလို.ရယ် မရောက်တာလည်း ကြာနေပြီဖြစ်တာရယ်ကြောင့်  ကိုယ့်ကိုကိုယ် အားပေးပြီ ပြန်ဖြစ်အောင် ပြန်ခဲ့လို. ဒီလို အဖြစ်ကို ကြုံခဲ့ရတာ အခုထိ မမေ့နိုင်ပါဘူး။

ကျွန်မအသိ ပြောပြတာကတော့ လွန်ခဲ့တဲ့ ၃ရက်လောက်က ရွာမှာရန်ဖြစ်ကြရင်း တယောက်နဲ.တဖွဲ. ဓါးခုတ်ပွဲ ဖြစ်ရာက အားနည်းတဲ့ တယောက်တည်းသမားခမျာ  နေရာတင် ပွဲချင်းပြီး သေသွားတယ်တဲ့လေ။ ဒေါသနဲ. လက်လှုပ်လက်ခုတ် ခြေလှုပ်ခြေခုတ်နဲ. ခုတ်ပြစ်တာ သွေးချင်းချင်းနီ နေတယ်လို.ပြောပြပါတယ်။ လတ်တလော သေတာမို. အစိမ်းသေလို.လည်း ခေါ်တာမို.  သရဲလည်း အတော်ခြောက်ပါတယ်တဲ့ ။ ကျွန်မအတွက် ပိုပြီး  သွေးပျက်စေတာကတော့  သေသွားတဲ့သူက  ကျွန်မအဖေလို ဘောလုံးပွဲ ဝါသနာကြီးပြီး ကမ္ဘာဖလားပွဲအချိန်တိုင်း အဖေနဲ့အတူ ကျွန်မတို.အိမ်မှာ ညစဉ်လိုလို ဘောလုံးပွဲ လာကြည့်သူမို.ပါ။ ကျွန်မကိုများ ခြောက်ခဲ့ရင် ဆိုတဲ့အတွေးနဲ. တလမ်းလုံး စိတ်ဒုက္ဓတွေ ဖြစ်နေပြီး မိဘနဲ.တွေ.ဖို.အရေးတောင် မကြည်နူးနိုင်ပါဘူး။ အရင်ကတည်းက အသည်းငယ်ပြီး သရဲဆို သူများပြောတာတောင် နားမထောင်ရဲအောင် အလွန်အမင်း ကြောက်လန်.တတ်သူပါ။

ရွာရောက်တော့လည်း  အားလုံးဟာ ဘာအကြောင်းပဲ ပြောပြော နောက်ဆုံးတော. ဒီအကြောင်းကိုသာ ရောက်သွားတာပါပဲ။ ကျွန်မတယောက်သာ ကြောက်သလားဆိုတော့ မဟုတ်ပါဘူး အားလုံးလည်း အနည်းနဲ.အများတော. လန်.နေပုံရပါတယ်။ ဟိုး.. အရင်ကဒီလို သီတင်းကျွတ်လပြည့်ညမှာ  အလုပ်အားတဲ့ ညမိုးချုပ်မှ လူကြီးမိဘအိမ်တွေကို တအိမ်တက် တအိမ်ဆင်း ကန်.တော့ကာ စကားစမြည်ပြောပြီးမှ ပြန်လေ့ရှိလို.မိမိအိမ်ကို ညဉ့်နက်မှ ပြန်ရောက်လေ.ရှိတယ်။ ဒီနှစ်တော. ညနေခင်း ကတည်းက  လိုက်ကန်တော့နေသူတွေကို တွေ.ရပါတယ်။ ညမိုးချုပ်မှာ စိုးရိမ်လို. မမှောင်ခင် ကန်တော့နေကျတဲ့ပုံပါ။ ကျွန်မရဲ. မိဘတွေကို လာပြီးကန်တော.သူတွေကလည်း ကန်တော.ယုံပဲ မဟုတ်ကြပါဘူး သတင်းပါပေးလို. ကျွန်မပိုကြောက်ခဲ့တာပါ။ သူတို.ရဲ. အခမဲ့ သတင်းဖြန်.ဝေခြင်းက ကျွန်မအတွက်တော့ ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်နေသလို ခံစားရပါတယ်။

ကျွန်မတို.ရွာက ရွာကြီးမို. အိမ်ခြေ ၇၀ဝလောက်ရှိပါတယ်။ စစ်တောင်းမြစ်တလျှောက်ကို  အမှီပြုပြီး တည်ထားတဲ့ရွာမို. ရွာတန်းရှည်ကြီးပါ။ မြစ်အနောက်ဘက်ကမ်းမှာတော့ လယ်စိုက်ပြီး မြစ်အရှေ.ဘက်ကမ်း အရှေ.ရိုးမတောင်ခြေမှာတော. ယာစိုက်လေ့ရှိတယ်။ တချိုု.သူတွေရဲ. ယာတွေမှာ ရွာနဲ.အလှမ်းဝေးလို. ယာထဲမှာ ယာခင်းစောင့်တဲ ဆောက်ပြီး ယာထဲမှာ နေလေ.ရှိကြပါတယ်။ သေသွားတဲ့သူကလည်း အဲဒီလို ယာခင်းစောင့်တဲမှာ သားအဖနှစ်ယောက် နေတာပါ။ အသတ်ခံရမည့် နေ.ကမှ ရွာကိုခဏ ပြန်လာချင်တဲ့အတွက် သားဖြစ်သူကို တခြားအဖော်နဲ.ထားခဲ့ပြီး ပြန်လာသခိုက်မှာ ရန်ဖြစ်ရင်း ရုတ်တရက်သေရတာပါ။  ရွာမှာရုတ်တရက် သေသွားတာကို သူ.ဘာသာ မသိလို. အဲဒီနေ. ညမှာ  သေသွားတဲ့သူက  သူ.သားရှိရာ တဲကိုလာတယ်တဲ့လေ။ တကိုယ်လုံးသွေးတွေ ချွဲနေတဲ့ ပုံနဲ.လာတာကို သူတို.တဲနားမှာ နေတဲ့တခြားတယောက် တွေ.ပြီး ငယ်သံပါအောင် အော်ပြီး လမ်းအတိုင်းမပြေးပဲ ယာခင်းတွေထဲ ဖြတ်ပြေးလို. သူ.အိမ်ကလူတွေ လိုက်ဖမ်းရတယ်လို. အိမ်မှာ အမေတို.ကို ပြောပြတယ်လေ။ အိမ်ကိုလည်း လာနေကြမို. လာနေဦးမယ် တော်ကြာ အစ်ကိုရေ ဘောလုံးပွဲလေးကြည့်ချင်လို.ပါလို. လာခေါ်နေမယ်လို.ပါ ထပ်ပြောနေတာကို ကြားပြီး ကျွန်မမှာ ကြောက်စိတ်ပိုပြီး ဘယ်နေရာထိုင်ထိုင် ကြောမလုံသလို ခံစားရပါတယ်။ ကန်တော့တဲ့သူတွေ ပြန်သွားပြီးတော.  အမေ့နားက မခွာပဲ အမေဘယ်သွားသွား အမြဲကပ်နေမိတယ်။ အညာထုံးစံအတိုင်း အိမ်သာကလည်း အိမ်နဲ့ခပ်လှမ်းလှမ်းမှာမို. အပေါ့အပါးတောင် အမေမပါပဲ မသွားရဲအောင် အပြင်မှာထိုင်စောင့်နေတဲ့ အမေ့ကို မြင်ရအောင် အိပ်သာတံခါးပါ ဖွင့်ထားရတဲ့အထိ အကြောက်ပိုနေမိတာပေါ့။

လမ်းမှာလည်း သရဲခြောက်တယ်လို. တဆင့်စကား တဆင့်နားနဲ. ကြားပြီး တကယ်ဟုတ်မဟုတ်မသိပဲ ကြောက်နေကြတာမို. လူသွားလူလာ ပြတ်လို. ပိုပြီးတိတ်ဆိတ်နေတာကလည်း ကျွန်မကို ပိုကြောက်အောင် ခြောက်နေသလို ခံစားရပြီး အသွေးထဲ အသားထဲကကို ကြောက်တာပါ။ ဒီနေ.ညမှ တိုက်တိုက်ဆိုင်ဆိုင် ဘောလုံးပွဲက ရှိနေတာကလည်း ကျွန်မအတွက် ပိုဆိုးစေတယ်လေ။ ရရက်ကလည်း မပြည့်သေးလို. သူသေတာကို သူ.ဘာသာမသိပဲ  ဘောလုံးပွဲကြည့်ချင်လို. ခါတိုင်းလိုပဲ အစ်ကိုေ၇.. ဘောလုံးပွဲလေးကြည်.ချင်လို. ဆိုပြီးရောက်လာရင် ဒုက္ဓလို. တွေးတွေးပြီး ကျွန်မရတက်မအေးနိုင်ပါဘူး။  အိမ်မှာလည်း ရွာလယ် အိမ်တအိမ်မှ တရွာလုံးကို အခပေးမီးချောင်းပေးတဲ့ အိမ်မှအခပေးယူထားတဲ့ မီးအလင်းရောင်ပဲရှိပြီး  အဲဒီမီးကလည်း ည၁ဝနာရီဆို မီးဖြတ်တာကို သိတာမို.  မြို.မှ လျှပ်စစ်ဓါတ်အားသွင်း ဓါတ်မီးနှစ်လက်တောင် လိုလိုမယ်မယ် သယ်လာတာပါ။ ည ၁ဝ နာရီမီးဖြတ်ပြီးမှ အိမ်ရှေ့လမ်းမှာ သွားလာနေသူ တယောက်မှကို မရှိလို. ဘာသံမှကို မကြားရတာက ကျွန်မကို ပိုခြောက်နေသလိုပါပဲ။ အရင်ကဆို ဒီလိုလပြည့်ည ဆိုရင် အခန်းထဲမှာ  ပြတင်းပေါက်ဖွင်.ပြီး လရောင်နဲ.မြင်နေရတဲ့ ဟိုး… ခပ်လှမ်းလှမ်း ရိုးမတောင်ကို လှမ်းကြည့်ရင်း လရောင်အောက်မှာ တယောက်တည်း အိပ်တယ်လေ။ အခုတော. ပြတင်းပေါက်ဖွင့်ဖို. မပြောနဲ. တယောက်တည်းမအိပ်ရဲလို. အမေ့အခန်းသွားပြီး အမေ့လက်ကိုကိုင်ပြီး အမေ့နားကပ်ပြီး အိပ်တာတောင် ဘယ်လိုမှ အိပ်လို.မရပါဘူး။ ကြောက်လွန်းလို. ဓါတ်မီးကိုလည်း ဖွင့်ထားပါသေးတယ်။ အိပ်ပျော်သွားရင် အားလုံးမေ့နိုင်မှာမို. အိပ်ပျော်အောင် အမျိုးမျိုးကြိုးစားပေမဲ့ ဘယ်လိုလုပ်လုပ် အိပ်မပျော်ပါဘူး။ တချက်တချက် ခွေးအူသံကြားတဲ့အခါ ဘုရား ဘုရား.. လာပြီနဲ.ထင်တယ်လို. တွေးမိပြီး စိတ်တွေ ချောက်ချားတာများ ဖျားချင်သလိုကို ဖြစ်နေတာပါ။ ကျွန်မ အရမ်းကြောက်နေမှန်း သိလို. အဖေလည်း ကျွန်မတို. အခန်းထဲ ပြောင်းလာပြီး အိပ်ပေမဲ့ ကြောက်စိတ်က ပျောက်မသွားပဲ ပိုဆိုးလာပါတယ်။ အမေကတော. ငါ့သမီးကလည်း သူ.ဘာသာတောင် ဘယ်ဘဝ ရောက်မှန်းမသိဘူး ကိုယ့်ထက်ရုပ်နိမ့်တဲ့ဟာ မကြောက်ပါနဲ. အိပ်မပျော်ရင် အိပ်ပျော်အောင် မေတ္တာသုတ် ရွတ်မှပေါ့လို. အားပေးရှာပါတယ်။ တညလုံး  ဘယ်နှခေါက်မှန်းတောင် မမှတ်မိလောက်အောင် ရွတ်ပေမဲ့ တညလုံး ကြောက်စိတ်ကြောင့် တရေးမှ မအိပ်ရပဲ မိုးစင်စင်လင်းခဲ့တာပါ်။  မိုးမြန်မြန်လင်းပါစေ ဆုတောင်းကာမှ အဲဒီညက မိုးကလင်းခဲလိုက်တာ မိုးလင်းအောင် တော်တော်ကို စိတ်ဆင်းရဲပြီးမှ လင်းလာသလိုတောင် ထင်မိပါသေးတယ်။ မနက်လည်းလင်းရော တခါတည်း မြို.ပြန်ဖို. အထုပ်ပြင်တာပါပဲ။ အဖေနဲ.အမေ တားနေတဲ. ကြားက ရွာကထွက်တဲ့ တစ်စီ်းတည်းသောကား မမှီရင် မပြန်ရပဲ တညထပ်အိပ်ရရင် ညကကြောက်ကြောက်နဲ. တညလုံးထွန်းထားလို. ဓါတ်မီးနှစ်လက်လုံး အားမရှိတော့လို. ဒီနေ.ည အမှောင်ထဲမှာ နေရရင် ပိုဆိုးမှာ ကိုယ်.ဘာသာသိလို. ဇွတ်အတင်းပြန်ခဲ့ပါတယ်။

ကျွန်မမြို.က အိမ်ကိုပြန်ရောက်တော့ ရွာမှာရက်အတော်ကြာကြာ နေမယ်လို. ပြောခဲ့ပြီး အခုချက်ချင်းပြန်လာလို. ကျွန်မအမျိုုးသားက အံ့ဩနေပါတယ်။ အကြောင်းစုံ သူ.ကိုပြောပြတော့ ချက်ချင်းပြန်ပြေးလာရလောက်အောင် အကြောက်ပိုတဲ့ ကျွန်မကို မင်းကွာ ဒီလောက်ပဲ ကြောက်ရသလားဆိုပြီး သနားလည်းသနားပြီး ရီနေပါတယ်။ တညလုံးလည်း တရေးမှ မအိပ်ရသေးတဲ. ကျွန်မကို နောက်နောင် ရွာသွားမယ်ဆိုရင် အရင်စုံစမ်းပြီးမှ သွားတော့လို. အမိန်.ထပ်ချလိုက်ပါတော.တယ်။ဘယ်တော့မှ မမေ့နိုင်တဲ့ သရဲကြောက်ခဲ့ရတဲ့ ညတညပါပဲ။

13 comments

  • ဆူး

    March 21, 2011 at 1:53 pm

    အမ ရဲ့ ဇတ်လမ်းက သရဲခြောက်ခံရတာ မဟုတ်ဘဲ စိတ်ကခြောက်တာ ဖြစ်နေတယ်။ ဟီးဟီး..
    အဲလောက် မကြောက်ပါနဲ့.. သတ္တိနည်းနည်း ပိုမွေးလိုက်ရင် ပိုအဆင်ပြေမယ်။

  • တညင်သား

    March 21, 2011 at 4:27 pm

    ဒီ ည အိပ်ပျော်ပါတော့မလားမသိဘူး ဖတ်လိုက်ရတာနဲ့…ဟုတ်ပါ့မလား အစ်မရယ် အိမ်ကြီးရှင်ကို သတိရ လို့ မဟုတ်လား..ဟဲ..ဟဲ

  • Gong Zhu

    March 21, 2011 at 4:50 pm

    သမီးလည်းပြောပြဦးမယ် … ဟိုနေ့ည ၂ နာရီလောက် ရုပ်ရှင်ကြည့်နေတာ ၂၄ ာရီ ၁ ရက်တဲ့ … အစ်ကို နဲ့တူတူကြည့်နေတာ … ဇာတ်လမ်းပြီးခါနီး အစ်ကိုက သွားအိပ်ရော ဒါနဲ့ ဇာတ်လမ်းကို ကျော်ကြည့်လိုက်တာ … မင်းစောင့်နေတဲ့ ကောင်မလေးက လွန်ခဲ့တဲ့ သုံးနှစ်က အင်းယားကန်ထဲကို ခုန်ချပြီး သေသွားတဲ့ ကောင်မလေး ဆိုတာကိုမှ တည့်တည့်သွားကျတာနဲ့ ချက်ချင်းပိတ်ပြီး အိပ်တာ … အိပ်တာတောင် ကြောက်နေတာ … ငါ့စောင်လာဆွဲရင် ဒုတ်ခလို့ … တစ်ခါတစ်လေ ဘာဖြစ်မှန်းမသိဘူး .. ကြောက်တယ် … တစ်ယောက်တည်းဆိုရင် … တစ်ခါတစ်လေ အိမ်တွင်းနတ်ရှိတာပဲ ဆိုပြီး မကြောက်ဘူး …

    • etone

      March 23, 2011 at 5:18 am

      အဲ့ဒီ အိမ်တွင်းနတ်ကလည်း အစိမ်းပဲဟ မင်းသမီးလေးရ ။

      • kai

        March 23, 2011 at 9:10 am

        အိမ်တွင်းမင်းမဟာဂီရိ ဆိုရင်တော့ .. အစိမ်းကောင်ပါပဲ..။
        သူ့မီးရှို ့သတ်တော့ …ညီမတောင် အဆစ်ပါသေးဆိုပဲ..။

        တကယ်တော့ အနော်ရထာက.. ရပ်ရွာဒေသတခုမှာလူလေးစားတဲ့သူ ဖြစ်တဲ့.. ပန်းပဲမောင်တင့်တယ်ကို အာဏာလုမှာစိုးလို့ သတ်ပစ်ရာမှာ.. နယ်ခံလူတွေပုံကန်ထကြွမှာစိုးလို့…
        နတ်ဖြစ်တယ်ဆိုပြီး နိုင်ငံရေးကစားသွားတာဖြစ်ဖို့များတယ်..။
        လူထုစိတ်ကျေနပ်အောင် … နတ်ကြီးဖြစ်သွားသဟ ဆိုပြီး ..နတ်နန်းနေရာပေး.. အာရုံလှည့်သွားတာပဲ..။

        အဲဒီလိုနဲ့.. မြန်မာ့ရာဇဝင်မှာ… နတ်တွေတင်းကြမ်းပေါ်လာတော့တာပေါ့..။

  • ဆူး

    March 21, 2011 at 5:00 pm

    မင်းသမီးလေးက ပေါင်ချိန် ရဲ့ ရွှေနန်းဝင် ဓါးကိုင် လက်မှတ်ရ ကိုယ်ရံတော် ကျန်ကျောင်းနဲ့ အမျိုးတော်တယ် ထင်တယ်။ ကျန်ကြောက်.. (ကြံဖန်ပြီး ကြောက်နေတာ)

  • kai

    March 21, 2011 at 8:43 pm

    နောက်ရွာသွားရင် လက်ကိုင်ဖုံးယူသွားနော်..။
    သရဲတွေ့ရင် ဓါတ်ပုံ ၅ပုံရိုက်ပေး..။ ထင်ရှားမြင်သာရင်ဒေါ်လာ၁ထောင်နဲ့ဝယ်မယ်..။
    အင်တာဗျူးပေး..။
    အသံရောရုပ်ရော ပေါ်ရင် ၅မိနစ်စာကို ဒေါ်လာ ၁သောင်းနဲ့ဝယ်မယ်..။
    ကိုယ်တိုင်မလုပ်ရဲရင်.. ရွာသားတယောက်ယောက် လုပ်ခိုင်းပေါ့..။

    ကိုယ်တိုင် လုပ်ရင်တော့ ပိုကောင်းပါတယ်..။ ဒါမှ သရဲနဲ့အင်တာဗျူးဖူးတဲ့သူဆိုပြီး .. စီအန်အန်၊ ဘီဘီစီတွေက ထပ်ဗျူးမှာမို ့.. ငွေတွေထပ်ရဥိးမယ်လေ..။
    အဲဒီရငွေတွေနဲ့.. ရွာမီးတိုင်တွေစိုက်..အဲဒီမှာ ညလုံးပေါက် မီးထွန်းနိုင်အောင် ဂျင်နရေတာ ဝယ်လှူပေးလိုက်ပေါ့..။
    အမျှတော့ မဝေလိုက်နဲ့.. တော်ကြာ ရွေဥဥပေးတဲ့..ရွှေငန်း…သတ်မိသလိုဖြစ်သွားမှာ…။ 🙂

    • ဆူး

      March 22, 2011 at 1:54 pm

      သရဲ ဓါတ်ပုံ ရိုက်ပြီး သူများ ဆီက ဝယ်တာထက် ကိုယ်တိုင် ရိုက်မလား စီစဉ်ပေးမယ်။

      • kai

        March 22, 2011 at 6:03 pm

        http://www.syfy.com/ghosthunters/
        အဲဒီအပေါ်က ချာနယ်ကလူတွေ.. သရဲရမယ်ဆို ..ဒေါ်လာသောင်းချီအကုန်ခံ လာပြီး ရီဆပ်ချ်လုပ်တယ်..။
        ဘေးလူလိုက်ချင်ရင်..တယောက် ၄၀ဝ ပေးရတယ် ကြားဖူးတယ်..။
        လိုက်ချင်လို့… လျှောက်တဲ့ အမေရိကန်တွေများ… များလွန်းလို့…

        ဆူးမမ သေချာရင် … ချိပ်ပေးလိုက်မယ်လေ…။
        မသေချာရင်တော့ ..လျှော်ရမှာနော..။
        ဒါမှမဟုတ်..သရဲကို ယူအက်စ်ပို ့လိုက်ပေါ့..။ တနေရာရာမှာ အင်တာဗျူးဖို့မိတင်လုပ်ခိုင်းလိုက်လဲရပါတယ်..။ သူတို့က..လေယဉ်အချောင်စီးလို့ ရနိုင်တာပဲဟာ..။ 🙂

  • bigcat

    March 22, 2011 at 2:29 am

    သရဲဆိုတာ တကယ်ရှိတယ်ဗျို့။ လပြည့်၊လကွယ်ညသန်းကောင်မှာ အမဲသားအစိမ်းတထုပ်ကို ကိုင်ပြီးသဂြိုင်္င်းကုန်းမှာ တညသွားနေကြည့်ပါလား။ မျက်စိနီနီကြီးကလဂွင်းလောက်၊ လျှာကတတောင်လောက်၊ မျက်နှာကြီးကစကောလောက်၊ အစွယ်ကငှက်ပြောဖူးလောက်ရှိတဲ့ သရဲကြီးဂုတ်ခွစီးလိမ့်မယ်။
    အောင်မလေးဗျ…
    ကျနော်မပါဘူး… မယုံတဲ့သူတွေကိုပြောတာ….

  • dream

    March 22, 2011 at 2:42 am

    မီးမီးကြောက်ကြောက်

  • nozomi

    March 22, 2011 at 4:00 am

    သရဲ ကို ဒီနေ့ အချိန်ထိ တွေ့ဖူး ကြုံဖူးခြင်းမရှိ ပါ အများစုလည်း ဒီအတိုင်းပဲ ဖြစ်မှာပါ ကိုယ့်ရဲ့ စိတ်က ကိုယ့်ကိုပြန်ခြောက်နေခြင်းသာ ဖြစ်ပါသည်
    အဲဒီလို ကြောက်တတ်အောင် လုပ်ခဲ့တဲ့ မိဘ နှင့် ပတ်ဝန်းကျင် မှာ အဓိက
    တာဝန်ရှိပါသည် ကိုယ့်အလှည့် မှာ ကြောက်ခဲ့ပြီး နောက်မျိုးဆက်ကို ဆက်လက် လက်ဆင့်မကမ်းသင့်ပါ သရဲ ရှိသည်လို့ ယူဆရင်တောင် သရဲတွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ တခြားလူမျိုးဆို မခြောက်ရ မြန်မာလူမျိုးပဲ ခြောက်ရန်လို ရေးထားမှာ မဟုတ်ပါ အဲဒါဆို ဘာဖြစ်လို့ မြန်မာတွေပဲ ဘာဖြစ်လို့ သရဲကြောက်နေရတာလဲ

  • Gong Zhu

    March 23, 2011 at 7:41 am

    မမဆူးကတော့နော် … ပြောပြဦးမယ် ကြားဖူးတာနော် သေသေချာချာမသိဘူး သိချင်ရင် စမ်းကြည့် လပြည့်ည သန်းခေါင်မှာ ကိုယ်လုံးပေါ်မှန်ကို လမ်းမှာချ ပြီးရင် တစ်ကိုယ်လုံးချွတ်ပြီး မှန်ကိုကြည့်နေ သရဲတွေအများကြီးတွေ့ရလိမ့်မယ်တဲ့ … စမ်းပြီးရင် ပြောပြကြဦးနော်

Leave a Reply