အလုပ်ခေါ်စာ နှင့် ဆက်စပ်ပြီး တွေးမိတွေးရာ

etoneMarch 25, 20111min1226

လှည်းတန်းဘက်က ဖြတ်မိပြန်တော့ ဓါတ်တိုင်တွေ သစ်ပင်တွေမှာ ကြောငြာပေါင်းစုံကပ်ထားတာ သတိထားမိတယ်… လှည်းတန်းဘက်တင်မဟုတ်ပါဘူး တခြား နေရာတွေမှာလည်း ဒီလိုပါပဲ ကြောငြာလေးတွေကို သစ်ပင်၊ အုတ်နံရံနဲ့ ဓါတ်တိုင်တွေမှာ ကပ်ပြိး ကြောငြာကြတယ်… ။ အများစုက ကျူရှင်ကြော်ငြာနဲ့ အလုပ်ခေါ်တဲ့ ကြော်ငြာလေးတွေပါပဲ… ။ စပ်စုတတ်တဲ့ လူမို့ ကျမကတော့ မျက်စိတစုံး လက်လှမ်းမီသလောက် လမ်းလျှောက်ရင်း ကြော်ငြာတွေ ဖတ်ဖြစ်ပါတယ်… ။ အလုပ်ခေါ်စာ တွေမှာ တွေ့ရတယ်…. ရာထူးနဲ့ လိုအပ်တဲ့ ဦးရေပေါ့ … နောက်တစ်ခု တွေ့ရတာက လုပ်ငန်းအတွေ့ကြုံတဲ့… ။ အိမ်ထောင်မရှိသူ ဖြစ်ရမည် ။ နယ်ခရီးသွားနိုင်ရမည် ။ အချိန်ပို ဆင်းနိုင်ရမည် ။ ကားမောင်းတတ်ရမည် စသည်ဖြင့် စုံစိနေအောင် အလုပ်ရှင်က လိုအပ်ချက်ကို ကြောငြာထားပါတယ်…. ။ လိုအပ်ချက်တွေကလည်း များလွန်းလှပါတယ် … ။ လစာကျတော့ ညှိနှိုင်းလစာတဲ့… ။ ကြော်ငြာထားတဲ့ အလုပ်ခေါ်စာတွေကနေ လာလျှောက်ရင် လခညှိနှိုင်းတဲ့အခါ မျှော်လင့်တာထက် နည်းပါတယ်လို့ ကိုယ်တိုင် အလုပ်ခေါ်စာတွေကနေ သွားလျှောက်ခဲ့တဲ့ ကျမသူငယ်ချင်းတယောက်က ပြောပါတယ် ။ အလုပ်အများစုက ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေနဲ့ မျက်နှာသိတွေထဲက ခေါ် ခန့်တာ များပါတယ် … ။ ကျမကိုယ်တိုင်ကလည်း ယခု အလုပ်ကို ဦးလေး က မိတ်ဆက်ပေး၍သာ ဘာလုပ်ငန်းအတွေ့ကြုံ၊ လုပ်ငန်းသဘောတရား ဘာမှ နားမလည်ပဲ ရောက်ခဲ့ရတာပါ ။ အလုပ်ထဲက လူ အတော်များများလည်း ဒီလိုပါပဲ … လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ ဆွေမျိုး ၊ နီးစပ်ရာထဲက ခေါ်ပြီးခန့်တာက များပါတယ်… ။ နောက်မှ သင်ရင်းတတ်ကြတာပါ ။သဘောကတော့ စိတ်ချယုံကြည်ရတဲ့ လူမျိုးတွေပဲ လုပ်ကိုင်စေချင်ပုံရပါတယ်… ။ အနည်းကျဉ်းလောက်သာ လာလျှောက်တဲ့ အထဲက ရွေးခြယ်ခဲ့တာပါ ….. ။ အသိမရှိပဲ အလုပ်တစ်ခု ဝင် ဂျွိုင့်မယ်ဆို အခွင့်လမ်းနည်းပါးတယ်လို့လည်း ကျမသုံးသပ်မိပါတယ်… ။ အရည်ချင်းရှိတဲ့ လူ ဖြစ်ပါလျှက်နဲ့ အလုပ်ရှင်က အလုပ်မခန့်ခင်အထိ မိမိအရည်သွေးကို ထုတ်ဖော် ပြခွင့် မရတဲ့ လူမျိုးမှာတော့ …. အလုပ်ရွေးတာတွေ ဖြစ်လာပါတယ်… ။ ငါဘယ်လောက်လုပ်နိုင်တာကို ဒီအလုပ်က ဒီလောက်ပဲ ပေးမယ်ပြောတယ်… နောက်နေ့ နောက်အလုပ်အင်တာဗျူးဖြေမယ်ဆိုတဲ့ စိတ်ကူးမျိုးဖြစ်လာပါတယ်… ။ ဒါနဲ့ပဲ သတ်သတ်မတ်မတ် အလုပ်မတွေ့ပဲ အလုပ်ရှာတဲ့ အချိန်တွေနဲ့ ကုန်ခဲ့တာ မိမိရဲ့ တတ်မြောက်ပြီးသား အရည်ချင်းတွေ အသုံးချမဲ့အချိန်တွေ အလုပ်တကာလိုက်လျှောက်ရင်း ကုန်မှန်းမသိ ကုန်ခဲ့ပြီပေါ့ … ။ တချို့ကျတော့လည်း အလုပ်ရှင်ဖျားလောက်အောင်ပဲ certificate တွေ ၊ Diploma တွေ တပွေ့တပိုက်ကြီးနဲ့ အင်တာဗျူး လာခဲ့ပြန်တာပေါ့ … ။ မိဘက ချမ်းသာလို့ပဲဖြစ်ဖြစ် ၊ ငွေကြေးတတ်နိုင်လိ့ ုပဲဖြစ်ဖြစ် အလုပ်ခွင်မဝင်ခင် စပ်ကြား သင်တန်းတွေ တခုပြီး တခု တက်လာရင်း ရလာတဲ့ လက်မှတ်တွေက တကယ့်အရည်ချင်းကို ပြဌာန်းရာ ရောက်ရဲ့လားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်….။ တစ်ချို့ဆို အလုပ်ခွင်အတွက် သင်တန်းပေါင်းစုံတက်ရာက တကယ် အလုပ်ဝင်တဲ့အခါ တတ်ထားတဲ့ သင်တန်းတွေနဲ့ ဘာမှ မဆိုင်တဲ့ အလုပ်မျိုးလည်း ဖြစ်နေတတ်ပါတယ် … ။ သင်တန်းလက်မှတ်တွေကိုကြည့့်ပြီး အလုပ်ခန့်တဲ့ အလုပ်ရှင်ကတော့ အလုပ်လျှောက်သူ တောင်းတဲ့ပမာဏကို ညှိနှိုင်းပြီး ပေ းတတ်တာကိုလည်း တွေ့မြင်ရပါတယ်….။ အရည်ချင်းဆိုတာ သင်တန်းဆင်း လက်မှတ်တွေ တစ်ပုံကြီး ကိုင်ထားတာကို ဆိုလိုတာမဟုတ်ဘူးလို့ ကျမလက်ခံတယ်…။ လူတယောက်ရဲ့ အရည်ချင်းဆိုတာကလည်း သူ့ရဲ့ လုပ်ငန်းပိုင်းပေါ် အသုံးဝင်မှူ၊ စူးစိုက် လုပ်ကိုင်လိုမှူ ၊ တာဝန်သိမှူ ၊ လုပ်ငန်းအပေါ် အကျိုးပြုမှူတွေအပေါ် မူတည်ပြီး မှ ဆုံးဖြတ်စဉ်းစားတာ ဖြစ်သင့်တယ်… ။ ဒီတော့ အလုပ်မဝင်ခင် လစာညှိနှိုင်းတာကလည်း မိမိကိုယ်ကို ဘောင်ခတ်လိုက်သလိုပါပဲလို့ ထင်မိတယ် …… အ နည်းဆုံးလစာ ဒီလောက်ကနေ ဘယ်နှစ်လအတွင်း ကိုယ့်အရည်ချင်း ကိုကြည့်ပြီး ဒီလောက်တော့ တိုးပေးသင့်တယ်ဆိုတာမျိုး အလုပ်မဝင်ခင်ကတည်းက အလုပ်ရှင်နဲ့ အလုပ်လျှောက်သူကြား နားလည်မှူယူပြီး ညှိနှိုင်းထားသင့်တယ် ။ အလုပ်မခန့်ခင်အချိန်ထိ level တူ စကားပြောတာ ၊ညှိနှိုင်းတာတွေကို အလုပ်ရှင်ဘက်က အပြစ်ပြောလို့မရပါဘူး ၊စောဒကတတ်တယ်လို့လည်း ပြောလို့မရတဲ့ အခြေနေကတည်းက ကြိုတင်ပြီး ညှိထားသင့်ပါတယ်… ။ အလုပ်ဝင်ပြီးပါမှ ….. လစာကလည်း ခြောက်လနေမှ တိုးမှာလား … ခြောက်လကျော်လည်း မတိုးသေးဘူးလာ… အော် တနှစ်ထင်ပါတယ်….. တနှစ်လည်း မတိုးသေးဘူလား… ။ ဘယ်လောက်တိုးမှာလဲ….. အဲ့ဒီလိုတွေ အတွေမများချင်လျှင်တောာ့ အလုပ်ရှင်နဲ့ မျက်နှာချင်းဆိုင်အနေထားမှာကတည်းက ကြိုညှိသင့်တာပေါ့ ….။ ကိုယ်တောင့်တနေတဲ့ လစာကတော့ တိုးပါတယ် မဖြစ်စလောက် ကလေး မုန့်ဖိုး သာသာလေးဆိုလည်း …. အလုပ်လုပ်ရတာ feel ငုတ်ပါတယ် ။ တခြားအလုပ်ပြောင်းရအောင် အသက်ရွယ်ကလည်း ရလာတော့ ပေစောင်းစောင်းနဲ့ပဲ ရသလောက်လေး ကြိတ်ယူရတာပေါ့ …..။ စိတ်ညစ်ညစ်နဲ့ လုပ်နေရတော့ စေတနာက မပါတော့ဘူး ။ ကြုံရင်ကြုံသလို အတိုအလျှိုလေးတွေကလည်း မတိုးပေးတဲ့ အလုပ်ရှင်ဆီက လျှော်ကြေးအနေနဲ့ သဘောထားပြီး သိအောင်တမျိုး မသိအောင်တမျိုး ယူကြပြန်တယ်။ ဒါကြောင့် အလုပ်မလျှောက်ခင် ကြိုတင် ညှိနှိုင်းတာက အတော်လေး အရေးပါတာကို တွေ့ရပါတယ်… ။ နောက် အလုပ်ခွင်မှာ …. လစာပေးတဲ့ စနစ် ကလည်း တစ်ခါတစ်လေ နားမလည်နိုင်အောင်ပါပဲ … ။ စည်းမျဉ်းစည်းကမ်းနဲ့ တည့်တည့်မတ်မတ် မလုပ်ပဲ ပါဆယ်နယ် အတွေများ ရောနောနေတာကလည်း လုပ်ငန်းကိုသွယ်ဝိုက်သောနည်းဖြင့် ထိခိုက်စေပါတယ်… ။ တည့်တည့်မတ်မတ် လစာ မပေးပဲ ကြည်တဲ့လူကို ပိုပေး၊ မကြည်တဲ့လူကို ရှာကြံနှုတ်ခြင်းအားဖြင့် အရည်ချင်းရှိသော ဝန်ထမ်းများကို ဆုံးရှုံးစေနိုင်ပါတယ် … ။ ထိုအခါ လုပ်ငန်းပိုင်းမှာ များစွာ နစ်နာရပါတယ်…..။ ဒီအချက်ကို အလုပ်ရှင်များ သိသိနှင့် မျက်ကွယ်ပြုပြီး လုပ်ဆောင်နေကြဆဲပါ … ။ အလုပ်ရှင်များစိတ်ထဲ ဘယ်လိုများတွေးတယ်တော့ မသိပေမဲ့ ငကန်သွားရင် ၊ ငဆွေတော့ လာမှာပဲ ဆိုတာမျိုး ၊ ပိုက်ဆံပေးခေါ်ရင် အလုပ်သများ အစားပြန်ရတယ်ဆိုတာမျိုး စိတ်ထဲ ၊ အရိုးထဲ စွဲနေပုံရပါတယ်…။ လစ်လပ်သွားတဲ့ ဝန်ထမ်းကသာ တကယ့်အရည်ချင်းရှိတဲ့ လူမျိုးဆို သူ့ရဲ့ လုပ်နိုင်တဲ့ ပမာဏကို အသစ်ခန့်တဲ့ ဝန်ထမ်းက အချိန်တိုတွင်း ထပ်တူ လိုက်လုပ်နိုင်မှာ မဟုတ်ပါဘူး ။ အဲ့ဒီလို အခါမျိုးမှာ အလုပ်ရှင်က ဈေးကြီးကြီး ပေးပြီး ခန့်ထားရတဲ့ဝန်ထမ်းသစ်ကို မကြည်တော့ပဲ ဆူပူကြိမ်မောင်းတာတွေ ဖြစ်လာတော့မှာပါ ။ ဝန်ထမ်းသစ်ခမျာလည်း စိတ်ပျက်လက်ပျက်နဲ့ တခြား အလုပ်ကို ခုန်တော့မှာပါ …. ။ တချို့ အလုပ်ရှင်တွေ လက်စွဲ ကိုင်ထားတဲ့ လစာတိုးနည်းကတော့ လုပ်သက်ပေါ်မှာ မူတည်ပါတယ်တဲ့… လုပ်သက်အရလစာ တိုးမှူ ရာခိုင်းနှုန်းကွာတာကိုလည်း တွေ့ရပါတယ် … ဒါဟာလည်း လွဲမှားနေတယ်လို့ ကျမထောက်ပြချင်ပါတယ် ….။ ဝန်ထမ်းတစ်ဦးဟာ လုပ်သက်အရသာ ဒီအလုပ်မှာ ကြာချင်ကြာနေမယ် တာဝန်ယူမှူအပိုင်းမှာ ကြီးကြီးမားမားမရှိဘူးဆိုလျှင် လုပ်သက်အရ တိုးပေးတဲ့ လစာ %က သူ့အတွက်တော့ ကြိုးစားအားထုတ်မှူ အနည်းငယ်သာထုတ်ရပြီး ထိုက်ထိုက်တန်တန်ထက်များစွာ ပိုရခြင်းပေါ့ … နောက်ဝန်ထမ်းတယောက် အလုပ်ဝင်တာ တနှစ်လောက်ပဲရှိဦးမယ်…. အများကြီး လုပ်နိုင်ကိုင်နိုင် အသုံးဝင်တယ် ဒါပေမဲ့ လစာ % ကျတော့ နှစ်ရှည်လုပ်တဲ့ လူကို မမှီတော့ ….. စိုက်ထုတ်လိုက်ရတဲ့ မိမိရဲ့ အရည်ချင်းအတွက် ရသင့်တဲ့ ပမာဏက ခုဏက နှစ်ရှည် သမားနဲ့ နှိုင်းယှဉ်ရင် ကွာခြားနေတာ သူ့အတွက် ဆုံးရှုံးခြင်းပါ…။ မိမိကို လုပ်ငန်းမှ တန်ဖိုးမထားဘူးလို့လည်း ထင်မိတဲ့အခါ နောက်အလုပ်သစ်ကိုပြောင်းဖို့ ဆိုတဲ့ အတွေးမျိုး ပေါ်လာပါတယ်…။ ဒီလိုအခြေနေမှာလည်း အလုပ်ရှင်ဘက်က စဉ်းစားဉာဏ်နည်းမှူကြောင့် အရည်ချင်းရှိဝန်ထမ်းတွေ ဆုံးရှုံးရပါတယ် ….။ လည်ပတ်နေတဲ့ လုပ်ငန်းအတွက်လည်း များစွာ နစ်နာရပြန်တာပေါ့ … ။ တစ်ချို့ အလုပ်လျှောက်သူတွေကလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ အလုပ်ခုန်ကြပါတယ် ။ ဆိုလိုတာက တနေရာထဲ စွဲစွဲမြဲမြဲ မလုပ်ချင်ဘူးပေါ့… သာတဲ့ဘက်ကို ကူးတဲ့ သာကူးတွေပါ….. ။ သာလို့ ကူးတယ်ဆိုတာ မိမိအကျိုးမြတ်အတွက်လို့ လက်ခံလို့ရပေမဲ့ အလုပ်ခုန်နေခြင်းကြောင့် တစ်နေရာမှာ လူကြီးအနေနဲ့ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး ။ နေရာတစ်ခုထဲမှာ စွဲစွဲမြဲမြဲလုပ်ပြီး အရည်ချင်း အပြည့်ဝ အသုံးချနိုင်မှသာ ကိုယ့်အတွက် နေရာ တနေရာ ရမှာပါ … ။ လုပ်ငန်း ကျွမ်းကျင်မှူဆိုတာမျိုးလည်း ဖြစ်လာမှာပါ …..။ ကိုယ်ပိုင် လုပ်ငန်းမလုပ်နိုင်သေးသရွေ့တော့ သူများ အလုပ်သမား ၊ ဝန်ထမ်းဘဝနဲ့ နေရမှာ ဖြစ်တဲ့အတွက် မိမိလုပ်ရမဲ့ အလုပ်ခွင်တာဝန်ရှိသူတွေနဲ့ အင်တာဗျူးလုပ်တဲ့အခါ ပြောသင့်ပြောထိုက်တာ ပြောနိုင်တဲ့ သတိ္တမျိုး ရအောင် လေ့ကျင့်ပါလို့ပဲ မှာလိုက်ချင်ပါတော့တယ် … ။ မိမိကိုယ်ပိုင်အလုပ် လုပ်တော့မယ်ဆိုရင်တော့ ဝန်ထမ်းခန့်တဲ့အခါ အရည်ချင်းပြည့်ဝတဲ့ လူတွေကို အလုပ်ထဲ စွဲမြဲအောင် အသုံးချတတ်အောင် ကြံစည်ဆောင်ရွက်သင့်ပါတယ် ….. ။ ဘာမှ မသိသေးတဲ့ ဝန်ထမ်းဆိုပေမဲ့ နားလည်လွယ်တဲ့ လူမျိုး ၊ တာဝန်သိစိတ်ရှိမယ်ထင်တဲ့ လူမျိုးသာဆို မြေတောင်မြှောက်ပြီး သင်ပြပေးလိုက်လျှင် အရည်ချင်းရှိတဲ့ ဝန်ထမ်းတွေ ဖြစ်လာမှာပါ ……. ။ အားလုံးပဲ လူမှန် ၊ နေရာမှန် ရောက်ကြပြီး စိတ်ဓါတ်မှန်တဲ့ အလုပ်ရှင်/ဝန်ထမ်းဖြစ်ကြပါစေ လို့ ပဲ ဆုတောင်းလိုက်ပါတယ်နော် ။ 23th , Mar,2011

6 comments

  • etone

    March 26, 2011 at 3:26 am

    သောက်ကျိုးနည်း မှောက်ထိုးလဲချင်နေပြီ …. စာတွေ တင်ရင် တပိုင်းပြတ်နေလို့ အက်ဒစ်ပြန်လုပ်ရတယ်… ပြီးတော့လည်း comment off နေလို့ တစ်ခါ ပြန်အက်ဒစ်လုပ်နဲ့ … စိတ်ပိန်တယ် ။ ဘယ်လိုဖြစ်နေမှန်းကို မသိဘူး ။ ဆိုက်ကဖြစ်တာလား ကော်နက်ရှင်ကြောင့်လား ။ 🙁

  • bigcat

    March 26, 2011 at 4:22 am

    ဒါလည်းပဲအီးတုံးရေ လက်ပစ်ဗုံးတလုံးသာ ယူသွာပေတော့။ အင်တာဗျူးမှာ အဆင်မပြေရင် စနက်တံသာ ဖြုတ်ပစ်လိုက်။
    စကားစပ်လို့ အဆက်အသွယ်နဲ့ အလုပ်ရတာများတယ်ဆိုတာ မြန်မာပြည်မှတင်မဟုတ်၊ နိုင်ငံတကာမှာလည်း အတူတူပဲထင်ပါတယ်။ အလုပ်နဲ့ပတ်သက်လို့ ရေးတဲ့ဆောင်းပါးတွေ၊ HR ကလူတွေလည်း အဲသည်လိုပဲပြောပါတယ်။ မြန်မာပြည်မှာလောက်တော့ ဆိုးမှာမဟုတ်ဘူးပေါ့လေ ဒါပေမဲ့ အားကောင်းတဲ့ လမ်းကြောင်းတခုအနေနဲ့ အလုပ်ရှာတဲ့နေရာမှာ သုံးကြပါတယ်။ မကျေနပ်ရင် HRဆီကို လက်ပစ်ဗုံးကိုင် သွားပေတော့။

    • etone

      March 28, 2011 at 6:30 am

      အဲ့ဒီလို ကိုင်ချင်ရင်တောင် ဘယ်နား သွားရှာရမှန်းမသိဘူး ဖြစ်နေတယ် ကိုကြောင်ကြီးရေ 😛

  • MaMa

    March 26, 2011 at 9:41 am

    ဝန်ထမ်းခန့်တာ လစာပေးတာတွေနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ယုံကြည်မှုတစ်စွန်းတစ်စရဖို့အတွက် အဆက်အစပ်ရှိတဲ့ဆီက လာတဲ့လူကိုပဲ ရွေးဖြစ်တာ များပါတယ်။ လုံးဝမသိတဲ့ လူတစ်ယောက်ဆိုရင် အစမ်းခန့်ကာလမှာ အနီးကပ်စောင့်ကြည့်ပါတယ်။ ယုံကြည်ရလောက်ပြီး လုပ်ရည်ကိုင်ရည်လည်း ရှိမယ်ဆိုရင်တော့ ခန့်ဖြစ်ပါတယ်။ လုပ်သက်နဲ့ပတ်သက်ပြီး လစာကွာခြားမှုကတော့ အလုပ်ရှင်ဖက်က လုပ်ငန်းမှာ ရေရည်လုပ်ကိုင်ချင်စိတ်ရှိသူ (လုပ်သက်ကြာသူ) ကိုပဲ Favour ပေးချင်စိတ်ရှိပါတယ်။ လုပ်ငန်းတစ်ခုကို စွဲစွဲမြဲမြဲလုပ်ချင်စိတ်မရှိရင် ဘယ်လောက်တော်တဲ့လူပဲဖြစ်ဖြစ် လုပ်ငန်းမှာနေရာမရနိုင်ပါဘူး။ ပုံမှန်အရည်အချင်းရှိပြီး လုပ်ငန်းမှာ စွဲမြဲတဲ့လူနဲ့ တော်ပြီး လုပ်သက်မရှိသူက လစာနည်းနိုင်ပါတယ်။ အရည်အချင်းမရှိတဲ့ လူတစ်ယောက် (လူကောင်းလည်း မဟုတ်၊ လူတော်လည်း မဟုတ်) ဟာ ဘယ်လောက် လုပ်သက်ကြာကြာ မတိုးတက်နိုင်ပါဘူး။

  • kopauk mandalay

    March 26, 2011 at 11:25 am

    တုံမမရေ အခုရက်တော့ သင်္ကြန်အကြောင်းရေးနေလို့မအားသေးဘူး။
    ဒီအင်တာဗျုးနဲ့ပါတ်သက်လို့ရေးစရာတွေအတော်များများ ကျွန်တော့်မှာရှိတယ်။
    ခင်ဗျားအစဖော်မှရေးချင်လာပြီ။
    နောက်နေ့ရေးမယ်နော်။

  • လင်းဝေကျော်

    March 28, 2011 at 7:34 am

    ဆုတောင်းတာတွေပြည့်ပါစေ

Leave a Reply