အပြစ် ကျူးလွန်ခြင်း ၊ ဝန်ခံခြင်းနှင့် ဆုံးမခြင်း
နိုင်းနိုင်းစနေ ရေးတဲ့ စကားဆိုးဘယ်လောက်တတ်သလဲ ဆိုတဲ့ ပိုစ့်ရဲ ့အောက်ဆုံးက သာမာန်မိဘတွေ ပြောတဲ့စကား(မင်း ဘာဖြစ်လို့ အဲဒီလောက်တောင် ဘရုတ်ကျရတာလဲ?)နဲ ့ ထူးကဲတဲ့မိဘတွေပြောတဲ့စကား(အဲဒီကောင်းတဲ့ဉာဏ်ကို သင့်တော်တဲ့နေရာမှာ သုံးနော်။) ဆိုတဲ့နှိုင်းယှဉ်ချက်ကို ဖတ်ကြည့်ပြီးငယ်ငယ်က အဖြစ်ပျက်လေးတစ်ခုကိုသတိရမိတယ်….
၂တန်းတုန်းကပေါ့..အိမ်နဲ ့ကျောင်းနဲ ့က ဘတ်စ်ကား ၂မှတ်တိုင်စာလောက်ဝေးတယ်…မနက်ပိုင်းအမေက ကျောင်းလိုက်ပို ့ပြီး ညနေကျရင်ကိုယ့်ဘာသာပဲ ဘတ်စ်ကားစီးပြီးပြန်လေ့ရှိတယ်…အဲ့ဒီအချိန်တုန်းက ဒီနေ ့ခေတ်လိုမျိုးအထူးယဉ်တွေမပေါ်သေးပါ…. ဒိုင်နာကားတွေပဲရှိပါသေးတယ်… နေရာကလှိုင်သာယာ ၁ထိပ်မှာ ကျောင်းက ၄ထိပ်မှာ…(လှိုင်သာယာမှာနေဖူးတဲ့ သူတွေသိမှာပါ.. အကွာအဝေးကို….)တစ်ရက်တော့ ကျောင်းမုန် ့ဖိုးက မုန် ့စားရင်းအကုန်ကုန်သွားရော…ညနေလိုင်းကားစီးဖို ့ပိုက်ဆံမကျန်တော့ဘူး….
ညနေကျောင်းဆင်းတော့ ခါတိုင်းလိုပဲကားမှတ်တိုင်ကိုလာခဲ့ပါတယ်…လွယ်အိတ်ထဲမှာပိုက်ဆံမရှိမှန်းသိသိနဲ ့…
လိုင်းကားစီးထွက်ခဲ့တာပါ…ခြေလှမ်းတွေက လမ်းလျှောက်ပြန်တဲ့လမ်းဘက်ကို ချိုးကွေ ့မသွားကြဘူး…အဲ့လို ထွက်သွားရမှာဝန်လေးနေတယ်… စိတ်ထဲကလည်း ငါနေ ့တိုင်းပြန်နေကျပဲလို ့တွေးနေတယ်… တဆက်တည်းမှာလည်း လမ်းလျှောက်ပြန်ဖို် ့ကိုလည်း စိတ်ထဲက အကြိမ်ကြိမ် ကြိုးစားနေမိတယ်… ဒွိပာတွေနဲ ့ ကားမှတ်တိုင်ကိုရောက်ခဲ့တယ်… ဆိုက်လာတဲ့ဒိုင်နာကားပေါ်ကို ဘာမှတွေးမနေဘဲ တက်လိုက်လာခဲ့တယ်…
ကားပေါ်ရောက်တာနဲ ့ အတတ်နိုင်ဆုံး အတွင်းဘက်ကိုဝင်ပါတယ်…ရှိသမျှလူကြီးတွေကို တိုးပါတယ်… ကားလက်ရမ်းတစ်ခုကိုကိုင်ပြီး…မျက်နှာကို ကားအပြင်ဘက်ဆီကိုပဲ မူတည်ထားပါတယ်.. နားကတော့ဆန် ့ကျင်စွာနဲ ့နောက်ဘက်ကိုစွင့်ထားပါတယ်… စပယ်ရာက ကျောင်းသားတွေကို ကားခတွေလိုက်တောင်းနေသံတွေ ကြားနေရပါတယ်.. ဒီကလည်းအတတ်နိုင်ဆုံး မကြားချင်ပာန်ဆောင်နေပါတယ်… ငါ့များလှမ်းတောင်းလိုက်ရင်ဆိုပြီးတော့လည်း ကြောက်နေပါတယ်…
ဒါပေမယ့် ကားစပယ်ရာ ရဲ ့အသံအနားရောက်မလာခဲ့ပါ… မှတ်တိုင်၂ခုမြောက်မှာတော့ ကားပေါ်ကဆင်းဖို ့အပြင်ထွက်လာခဲ့ပါတယ်… ပိုက်ဆံပေးစီးတဲ့ခရီးသည်တစ်ယောက်ရဲ ့အမူအယာမျိုးနဲ ့..၁ထိပ်ပါတယ်လို ့ပြောလိုက်ပေမယ့် မျက်လုံးများကတော့ စပယ်ရာကိုမကြည့်ရဲ ခဲ့ပါ… မှတ်တိုင်မှာရပ်တော့ စပယ်ရာက ချီပြီး အောက်ချပေးပါတယ်… ပြီးမှ ပိုက်ဆံရောလို ့ပြုံးပြီးမေးပါတယ်.. ပြန်ပြုံးပြခဲ့တာကလွဲလို ့ ဘာစကားမှပြန်မဖြေနိုင်ခဲ့ တာကို ဒီနေ ့ထက်ထိအမှတ်ရနေဆဲပါ…
အိမ်ပြန်ရောက်တော့ ဘယ်လိုမှမနေတတ်ခဲ့ပါ… ပထမဆုံးအကြိမ် ကားခိုးစီးခြင်း..ခိုးစီးတာကိုမိခြင်းအပြင်… ကားစပယ်ရာက စိတ်မဆိုးဘဲခွင့်လွှတ်လိုက်ခြင်းကို တပြိုင်နက်တည်းကျူးလွန်…ခံစားလိုက်ရတော့ နေလို ့မကောင်းခဲ့ပါ… ထမင်းစားတော့မှ အမေ့ကို ရိုက်ချင်လည်းရိုက်တော့ပာာ ပြောလိုက်တော့မယ်ဆုံးဖြတ်ပြီး ပြောပြလိုက်ပါတယ်… အမေ မရိုက်ခဲ့ပါ… ထို ့ပြင် အထက်မှာဖော်ပြထားသလို (မင်း ဘာဖြစ်လို့ အဲဒီလောက်တောင် ဘရုတ်ကျရတာလဲ ) လို ့လည်းမပြောခဲ့ပါ…. ဒါပေမယ့် အမေက နောက်အဲ့လိုမလုပ်ဖို ့တော့တားခဲ့ပါတယ်… ၂တန်းသာရှိနေပေမယ့် အဲ့ဒီအချိန်က အရမ်းရှက်ခဲ့တာကို ဒီနေ ့ထက်ထိအမှတ်ရနေပါတယ်… ကားစပယ်ရာခွင့်လွှတ်တာ..အမေခွင့်လွှတ်ခဲ့တာတွေကို လည်း အမှတ်ရနေဆဲပါ… အဲ့ဒီနေ ့ကစပြီး နောက်တစ်ကြိမ် ကားခိုးမစီးတော့ပါ… တကယ်လို ့သာ အမေသာ ဆူခဲ့မယ်..ရိုက်ခဲ့မယ်..ဒါမှမပာုတ် ချီးမွမ်းခဲ့မယ်ဆိုရင် ကလေးတစ်ယောက်အနေနဲ ့ ဘယ်လိုတွေးပြီး ဘာတွေဆက်ကျူးလွန်မိမယ်မှန်း မတွေးရဲစရာပါ… တကယ်တော့ မိဘဆိုတာ သားသမီးရဲ ့လက်ဦးဆရာတွေပါ.. သားသမီးအပေါ် ဆုံးမတာမှာ စေတနာမှန်ပေမယ့် နည်းလမ်းမကျရင်လည်း မထိရောက်နိုင်ဘူးဆိုတာလေးကို တွေးမိပြီးရေးလိုက်ပါတယ်…..