Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လိုသလိုသာ အသုံးချပါတော့

myuemyueApril 6, 20111min50817

“သခွားရည်နဲ့ထုတ်လုပ်ထားတဲ့ ပင်တိုင်စံမိတ်ကပ်ကို နာမည်ကြီးလွန်းလို့လိမ်းကြည့်လိုက်တော့ အရမ်းအရမ်းကို ကောင်းတာပါပဲရှင်” ဆိုတဲ့ ကြော်ငြာလေးကို မှတ်မိကြဦးမယ်ထင်ပါရဲ့…. ကြော်ငြာခောတ်ဦးတုန်းက အန်တီခင်သန်းနုရဲ့ ကြော်ငြာလေးပေါ့… ပင်တိုင်စံမိတ်ကပ်ရဲ့အကြောင်းတော့ မသုံးဖူးလို့မသိပေမယ့် သခွားသီးရဲ့အစွမ်းလေးကိုတော့ လိုအပ်ရင်သုံးလို့ရအောင် အားလုံးအတွက် မျှဝေပေးချင်ပါတယ်…

သခွားသီးတစ်လုံးထဲမှာ ကျွန်မတို့နေ့စဉ်လိုအပ်တဲ့ ဗီတာမင်များစွာ ပါဝင်ပါတယ်… ဗီတာမင် B1, B2, B3, B5, B6 ဖောလစ်အက်ဆစ် ဗီတာမင်စီ ကယ်လစီယမ် သံဓာတ် မဂနီစီယမ် ဖော့စ်ဖရပ်စ် ပိုတက်စီယမ်နဲ့ ဇင့်တို့ပေါ့…

နေ့လည်နေ့ခင်း အလုပ်ထဲမှာ ပင်ပန်းပြီး ငိုက်နေပြီဆို ကဖင်းပါတဲ့ ကော်ဖီ လက်ဖက်ရည်တွေ သောက်မယ့်အစား သခွားသီးနည်းနည်းလောက် စားကြည့်လိုက်ပါ… သခွားသီးထဲမှာပါတဲ့ ဗီတာမင်တွေက သင့်ကို ချက်ချင်းလန်းဆန်းသွားစေပါလိမ့်မယ်…

ရေနွေးလေးနဲ့ ရေချိုးပြီးတိုင်း ရေချိုးခန်းမှန်မှာ ရေငွေ့တွေရိုက်နေတတ်တာကို စိတ်ပျက်နေပြီလား…. သခွားသီးကို အကွင်းလိုက်လေးလှီးပြီး မှန်ကိုတိုက်လိုက်ပါ… ရေငွေ့တွေမရိုက်တော့တဲ့အပြင် မွှေးရနံ့သင်းသင်းလေးတောင် ပေးပါလိမ့်ဦးမယ်….

အပင်စိုက်ဝါသနာပါသူအတွက် အပင်ဖျက်ပိုးတွေက ရန်သူတွေပေါ့… သင့်စိုက်ခင်းလေးမှာ ပိုးတွေကျနေရင် သခွားသီးကွင်းလေးတွေကို ဒန်ဘူးဝိုင်းလေးထဲထည့်ပြီး စိုက်ခင်းထဲချထားပေးပါ… သခွားသီးထဲက ဓာတ်တစ်မျိုးနဲ့ အလူမီနီယမ်နဲ့ ဓာတ်ပြုရာက ထွက်လာတဲ့အနံ့က လူတွေအနံ့ခံကြည့်လို့မရပေမယ့် ပိုးမွှားတွေကိုတော့ ပြေးစေပါတယ်….

ရေကူးကန်သွားခါနီးဖြစ်ဖြစ်… ဘောင်းဘီတိုလေးတွေ ဝတ်ချင်ရင်ပဲဖြစ်ဖြစ် ပေါင်တွေမှာရှိနေတတ်တဲ့ ဆယ်လူလိုဒ်အဆီပြင်တွေကို ခဏတာဖုံးကွယ်ချင်တယ်ဆိုရင် လိုအပ်တဲ့နေရာကို သခွားသီးနဲ့ပွတ်တိုက်ပေးပါ… သခွားသီးက အရေပြားကို တင်းတင်းရင်းရင်းဖြစ်စေတဲ့အတွက် အဆီပြင်တွေကို ဖုံးကွယ်ပေးထားပါလိမ့်မယ်…

မနက်အိပ်ယာကနိုးလို့ ငြီးစီစီဖြစ်နေတာတွေ ခေါင်းကိုက်နေတတ်တာတွေက တကယ်ကို အနှောက်အယှက်ပါပဲ… အဲဒါမျိုးတွေကို ကာကွယ်ချင်တယ်ဆိုရင် မအိပ်ခင် သခွားသီးနည်းနည်းလောက်စားပြီးမှအိပ်ပါ… အိပ်ယာကနေ လန်းလန်းဆန်းဆန်း နိုးထနိုင်ပါလိမ့်မယ်…

အရေးကြီးတဲ့ အင်တာဗျုးသွားရခါနီးမှာ ဖိနပ်ကလည်းမတိုက်ရသေးဘူး အချိန်လည်းမရတော့ဘူးဆိုရင် သခွားသီးကိုလှီးပြီး တိုက်လိုက်ပါ… အချိန်တိုတိုအတွင်းမှာ ပြောင်လက်တောက်ပတဲ့ ဖိနပ်လေးရပါလိမ့်မယ်…

နေ့လည်စာစားပြီး ငုံဆေးကလည်းကုန်နေလို့ ပါးစပ်နံမှာစိုးနေရင် သခွားသီးတစ်ကွင်းလောက်ကို အာခေါင်မှာကပ်ပြီး တစ်မိနစ်လောက်ငုံထားလိုက်ပါ… အနံ့ဆိုးတွေပျောက်ပြီး ခံတွင်းနံ့သင်းပျံ့စေပါတယ်…

ဘောပင်နဲ့ရေးထားတဲ့ အမှားတွေကိုဖျက်ချင်ပြီဆိုရင် သခွားသီးအခွံပိုင်းနဲ့ ပွတ်တိုက်ပြီးဖျက်လို့ရနိုင်ပါတယ်… ကလေးငယ်ရှိတဲ့မိခင်တွေရေ… နံရံတွေမှာညစ်ပေနေတဲ့ သားသားမီးမီးတို့ရဲ့ ပန်းချီလက်ရာတွေကိုလည်း သခွားသီးနဲ့ပွတ်ပြီး ဖျက်လို့ရပါတယ်နော်….

17 comments

  • chindwinsayargyi

    April 7, 2011 at 2:31 am

    သိပ်ကောင်းတဲ့ post လေးဘဲ.သခွားသီးကမီးဖိုချောင်တိုင်းမှာရှိတဲ့သီးနှံဘဲ.အိမ်ရှင်မတွေငွေမကုန်ဘဲလှကြတော့.အိမ်ဦးနတ်ကြီးတွေ ktv သွားဖို့ငွေပိုလာတာပေါ့.

  • dream

    April 7, 2011 at 3:14 am

    ဗဟုသုတလည်းရ
    အလွယ်တကူရနိုင်တဲ့ သခွါးသီးလည်းဖြစ်တော့
    သေသေချာချာမှတ်သားထားလိုက်ပါတယ်။

  • Shwe Tike Soe

    April 7, 2011 at 3:43 am

    post လေးအရမ်းကို အသုံးဝင်တယ် ကူးထားလိုက်တယ်နော်
    အရမ်းလဲကျေးဇူးတင်တယ်….
    ဒီနေ.ကစပြီး လုပ်ကြည့်မယ်..

  • onlinezz

    April 7, 2011 at 4:14 am

    စမ်းကြည့်အုန်းမယ်။မျှဝေပေးတာ ကျေးဇူးနော် ..
    ပြီးတော့ သခွားသီးအခွံကို ပုရွက်ဆိတ်က အလွန်ကြောက်တယ်။ ပုရွက်ဆိတ်တွေ များနေရင် သခွားသီးအခွံသာ ပစ်ချထားလိုက် 😀

  • နွယ်ပင်

    April 7, 2011 at 5:10 am

    ဒီပို့စ်လေးက အပြင်မှာ တကယ်လက်တွေ့ အသုံးဝင်စေလို့ ကူးသွားလိုက်တယ်နော်..

  • zawinaing

    April 7, 2011 at 5:54 am

    တော်တော်ကောင်းတဲ့ post လေးဘဲ….. သခွားသီးတော့ကြိုက်တယ်….
    ဒါပေမဲ့ ဒီလောင်တောင် အသုံးဝင် မယ်လို့တော့ အရင်ကမသိခဲ့ဘူး…….
    ကျေးဇူးတင်တယ်နော်။…….

  • myuemyue

    April 7, 2011 at 6:19 am

    ကိုယ့်လက်တကမ်းမှာရှိနေတဲ့ အရာတွေရဲ့ အသုံးဝင်ပုံလေးကို မျှဝေပေးတာပါ.. ဖတ်မိတဲ့သူအတွက် အသုံးဝင်တယ်ဆိုရင် အရမ်းကိုကျေနပ်မိပါတယ်.. အားလုံးပဲ ကျေးဇူးပါနော်.. 🙂

  • moethidasoe

    April 7, 2011 at 9:52 am

    တို့ သူငယ်ချင်း တစ်ယောက်ကတော့ သခွားသီး အသား မပြောနဲ့ သခွားသီး အရည်ပါတာကို စားမိရုံနဲ့ လေတွေ ပွ ပျို့အန်ပြီး ဗိုက်ပါ နာတတ်တယ် .. သူ ဆိုရင် ဒီနည်းတွေ သုံးလို့ မရလောက်ဖူးထင်တယ်

  • naywoonni

    April 7, 2011 at 10:41 am

    ဒေါက်တာမလေး ပျောက်နေပါတယ်… မအားဘူးလား?

    • ဆူး

      April 7, 2011 at 3:50 pm

      ဒေါက်တာ မလေး မဟုတ်ဘူး ထင်တယ်နော်.. အဘနီ.. အန်တီ က အဘနီ ထက် ၁ဝနှစ်ကျော်လောက် ကြီးတယ်။

  • soethuya7

    April 7, 2011 at 11:36 am

    အရမ်းကောင်းတဲ့ ပို့လေးပါ
    မသိသူကျော်သွား သိသူဖော်စားတဲ့
    အခုလိုမျှဝေတဲ့အတွက်ကျေးဇူးပါ

  • ဆူး

    April 7, 2011 at 1:46 pm

    အိမ်မှာ သခွားသီး စိုက်တော့မယ်။

  • nature

    April 7, 2011 at 2:55 pm

    ခလေးတွေနံရံမှာရေးထားတာပွနေတာပဲ၊သခွားသီနဲ့စမ်းကြည့်လိုက်ဦးမယ်။

  • မမလေး

    April 7, 2011 at 3:45 pm

    သခွါးသီးစားရင် လေပွတာလား လေ ဘာဖြစ်တာဆိုလား … အဲ့ဒါဘာဖြစ်တာလဲ … မေ့သွားလိ်ု့ … myuemyue ရေးထားတာလေးကငို သမီးကူးလိုက်တယ်နော် …

  • ဆူး

    April 7, 2011 at 4:17 pm

    သခွားသီး အလွန်လေပွ တဲ့ အစားအစာ ဖြစ်ပါတယ်။
    သခွားသီး ကဲ့သို အအေးဓါတ်များတဲ့ သပျစ်သီး ဖရဲသီး စတဲ့ အသီးတွေလည်း များများ စားရင် လေပွ တတ်သူများ အခက်ကြုံရတတ်ပါတယ်။

  • paukpauk

    April 7, 2011 at 4:22 pm

    (Reuters) – A strong earthquake of magnitude 7.4 shook northeast and eastern Japan late on Thursday, and a tsunami warning was issued for the northeastern coast of Japan, an area badly hit by the March 11 earthquake.
    ငလျင်ထပ်လှုပ်ပြန်ပြီ။ ဂျပန်မှာ
    post မတင်တတ်လို့ ထားခဲ့ပါတယ်။
    http://uk.reuters.com/article/2011/04/07/uk-japan-quake-new-idUKTRE73642Y20110407

  • မမလေး

    April 8, 2011 at 7:43 am

    ခုတစ်လော ညတိုင်း ဖရဲသီးစားဖြစ်တယ်

Leave a Reply