ဂျပန်မှာ အင်အားပြင်း ငလျင်ထပ်လှုပ်

ဦးကောက်April 8, 20111min1001

ဂျပန်နိုင်ငံမှာ ပြင်အား ၇.၄ ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။ ဂျပန်စံတော်ချိန် ည ၁၂ နာရီ ထိုးခါနီးလောက်မှာ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဘက်မှာ မြေငလျင် လှုပ်ခတ်ခဲ့ပြီးတော့ ဆူနာမီ သတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

ပြင်းအား ၉ ရှိတဲ့ မြေငလျင်ကြီး လှုပ်ခတ်ပြီးတော့ ဆူနာမီ ဒီလှိုင်းဒဏ် ခံခဲ့ရပြီး သီတင်း ၄ ပတ် အကြာမှာပဲ အခုလို ပြင်းအား ခုနှစ်ခွဲလောက်ရှိတဲ့ နောက်ထပ် ငလျင်တခု မီယာဂီခရိုင်ဘက်မှာပဲ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဟွန်ရှူး ကမ်းရိုးတန်းဘက်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ဒဏ်ကို တိုကျိုမြို့အထိ ခံစားခဲ့ရပြီး လူတွေ အထိတ်တလန့် ဖြစ်ခဲ့ပေမဲ့ ဖရိုဖရဲ အခြေအနေမှာ မရှိဘူးလို့ တိုကျိုမှာ နေထိုင်တဲ့ မြန်မာတယောက်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ငလျင်လှုပ်တဲ့ အချိန်ဟာ ညဘက် ဖြစ်နေတဲ့အတွက် အပျက်အစီး ဘယ်လောက်ရှိတယ် ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။

ဆူနာမီ သတိပေးချက် ထုတ်ထားတဲ့ နေရာတွေက လူတွေကိုလည်း အချိန်မီ ဘေးလွတ်ရာ သွားကြဖို့အတွက် အစိုးရပိုင် NHK သတင်းက သတိပေးနေပါတယ်။

အရင် ငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးခဲ့တဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးမှာလည်း လည်ပတ်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ အစိုးရ တာဝန်ရှိသူတွေက NHK ရုပ်သံက တိုက်ရိုက် ပြောကြားနေပါတယ်။

ဒီနေ့ငလျင်ကြောင့်တော့ အဲဒီစက်ရုံမှာ နောက်ထပ် ထိခိုက် ပျက်စီးမှုတွေ မရှိဘူးလို့လည်း ပြောပါတယ်။

One comment

  • PaukPhaw

    April 8, 2011 at 3:37 am

    ဂျပန်မှာ အင်အားပြင်း ငလျင်ထပ်လှုပ် ဆိုတာ voa ကသတင်းဖြစ်တယ်နော်…နောက်ခါ ရုပ်တည်ကြီးနဲ ့ Credit မပေးပဲ မနေနဲ ့.ကြားလား..ဟွန် ့တစ်ခါတည်း ဂျပန် အင်အားကြီးငလျင် ထပ်လှုပ်ပေမဲ့ ဆူနာမီ သတိပေးချက် ပြန်ရုပ်သိမ်း လိုက်ကြောင်းကို voa မှပဲ ကူးပြီး Comment ထားခဲ့ပါတယ်.။ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့ညက အင်အားကောင်းတဲ့ ငလျင် ထပ်မံလှုပ်ခဲ့လို့ လျှပ်စစ်မီးတွေပျက်ပြီး ဂျပန် အရှေ့မြောက်ပိုင်း တလွှားမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ရပါတယ်။ လှုပ်ပြီး ၂ နာရီလောက် အကြာမှာတော့ အစိုးရက သတိပေးချက်ကို ရုပ်သိမ်းလိုက်ပေမဲ့ သတိရှိရှိ နေကြဖို့ အဲဒီဒေသမှာ နေထိုင်ကြတဲ့ သူတွေကို သတိပေးထားပါတယ်။ ပျက်စီးပြီးဖြစ်တဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံမှာ အရေးပေါ် အခြေအနေ ထပ်မံဖြစ်တယ်လို့ သတင်းမရသလို ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတယ်လို့ မကြားသိရကြောင်း တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီ TEPCO က ပြောပါတယ်။ ရ ရစ်ချ်တာစကေးရှိတဲ့ ငလျင်က ဖူကူရှီးမား ဒေသမှာ ဒေသစံတော်ချိန် ည ၁၁ နာရီခွဲက လှုပ်ခဲ့ပြီး စက်ရုံလုပ်သားတွေဟာ ချက်ချင်းပဲ အကာအကွယ်ရမယ့် နေရာတွေမှာ ခိုလှုံခဲ့ကြရပါတယ်။ အန္တရာယ်ကြီးလောက်အောင် အလွန်အကျွံ အပူများနေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ အေးအောင် နိုက်ထရိုဂျင်နဲ့ ရေကို ပက်သွင်းနေတယ်လို့ ဂျပန်နိုင်ငံ နျူကလီးယား စက်မှုလုပ်ငန်းနဲ့ လုံခြုံရေးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။ နောက်ဆုံးငလျင်ကြောင့် တခြား နျူကလီးယား စက်ရုံကို ပေးနေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ အပေါ် သက်ရောက်မှု ရှိခဲ့ပေမဲ့ ဂျပန် အရှေ့မြောက်ပိုင်း မီယာဂျီ ခရိုင်မှာရှိတဲ့ အိုနာဂါဝ (Onagawa) နျူကလီးယား စက်ရုံမှာ ပြဿနာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေတော့ မရရှိပါဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ နောက်ဆက်တွဲ ဒီငလျင်ဟာ ပြင်းအား ရ ရှိပြီးတော့ ပင်လယ်ရေမျက်နှာပြင်အောက် ၂၄ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိ လေ့လာရေးဌာနက ဆိုပါတယ်။ ငလျင်လှုပ်တာကို တိုကျိုကနေ တော်တော်ကြီး ပြင်းအားကောင်းကောင်း ခံစားလိုက်ရပါတယ်လို့ အဲဒီမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

Leave a Reply