အမှန်အမှား နှင့် လူမှုအသိုင်းအဝိုင်း အခြေခံ ဓလေ့ထုံးစံများ

လင်းဝေApril 8, 20111min1069

ကိုယ်လိုရာ ကိုယ်ဆွဲပြောကြတဲ့ လောကကြီးမှာ အမှန်တရားကို ဘာလဲလို့ သတ်မှတ်ရတာ ခက်တယ်။ သို့သော်လည်း လောက သစ္စာအမှန်တရားလို့ မဆိုသော်နိုင်ငြားလည်း လူမှု ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေမှာ ( အရှေ့တိုင်းမှာ ဖြစ်စေ၊ အနောက်တိုင်းမှာ ဖြစ်စေ ) လူ့ယဉ်ကျေးမှု စံနှုန်းများရှိပါတယ်။ ထိုစံနှုန်းများကို အတိအလင်း ဖွင့်ဆိုထားတာရှိသလို အကြမ်းအားဖြင့် လူတိုင်း နားလည်ထားကြတဲ့ အခြေခံစံနှုန်းများအနေနဲ့လည်းရှိပါတယ်။ ဒါကြောင့်မို့ လူ့လောကမှာ အပြောအဆို အနေအထိုင်နဲ့ ပတ်သက်လာလို့ ငြင်းကြခုံကြရင် ပရမတ္တ အမှန်တရားဆိုတာထက် လူမှု အသိုင်းအဝိုင်းမှာ လက်ခံကြသော အခြေခံစံနှုန်းများထောင့်ကနေပြီး အရင်ဆုံး ကြည့်မြင် သုံးသပ်ပါတယ်။
ဥပမာ….အိမ်ထောင်ရှိတဲ့ မိန်းမတစ်ယောက် အခြားယောကျာင်္းတစ်ယောက်နဲ့ တွဲနေတယ်၊ အိပ်နေတယ် ဆိုတာကို အဲဒီမိန်းမ ရဲ့အိမ်ထောင်ရေးပြဿနာကို အတွင်းကျကျ စဉ်းစား သုံးသပ်တာထက် လူမှုရေးရာ စံနှုန်းနဲ့ပဲ ကောင်းတယ် ဆိုးတယ် မိုက်တယ် ဆိုတာကိုပြောကြရပါတယ်။ တကယ့်အဖြေမှန်ကို စစ်ဆေးနေရင် သူကလည်း သူမှန်တယ်၊ ဟိုကလည်း သူဘယ်လို ဆိုတာတွေနဲ့ပဲ အမှန်တရားကို ရောထွေးပြီး လူ့အဖွဲ့အစည်းကို ယောင်ဝါးဝါးဖြစ်စေကာ အမှားတွေကို အမှန်လို့ ထင်မြင်လာစေပြီး လူ့ယဉ်ကျေးမှုကို ထိခိုက်စေလို့ပါ။ နောက်ဥပမာတစ်ခုအနေနဲ့ အယူအဆလွဲမှားဖွယ်ရာစကားတစ်ခုပြောနေသူကို မှားတယ်လို့ပြောချင်သူအခြားတစ်ဦးက ဘာသာဗေဒအရ မသင့်တင့်သော အသုံးများဖြင့် ဝေဖန်မှုပြုပါက မူလ အကြောင်းအရာ မှားသည်မှန်သည်ထက် ထိုဝေဖန်သောသူ၏ စကားသုံးစွဲမှု မှားယွင်းသည်ကို သာ သတိထားမိစေတာဖြစ်ပါတယ်။ ဒါဟာလည်း တရားကိုယ်သဘောအရ တကယ့်အမှန်တရားကို မရှာခင်မှာ လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးသိမ်မွေ့စွာနဲ့ တိုက်ခိုက်ရန်လိုမှုတွေကို နည်းနိုင်သမျှ နည်းပါအောင် လူ့အဖွဲ့အစည်းမှာ အခြေခံ သတ်မှတ်ထားပြီး ယဉ်ကျေးသူတိုင်းက လိုက်နာကြလို့ပါပဲ။
ထို့အတွက်ကြောင့် လူမှု အသိုင်းအဝိုင်းမှာ လူအများနှင့်သတ်ဆိုင်သော နေရာမှာ ဆင်ခြင်သင့်သော လူအများစုနားလည်လက်ခံတဲ့ ယဉ်ကျေးမှုစံနှုန်းတွေရှိတယ်။ အဲဒါကို လူအများနဲ့ ဆိုင်တဲ့နေရာမှာ လိုက်နာကျင့်သုံးရမယ်။ ဒါကတော့ လူ့ယဉ်ကျေးမှုပါပဲ။
ဟန်ဆောင်တာ အလကား ဘာညာ ပြောလိုက ပြောနိုင်သည်။ သို့သော် လူ့လောကမှာ အငြင်းမပွားရအောင် တိုက်ခိုက်မှုတွေ နည်းပါးအောင် ထိုသို့သော စံနှုန်းများဖြင့် နေထိုင်ကြသည်။ အရွယ်ရောက်ပြီး ရင့်ကျက်သူတိုင်း သူနေထိုင်ရာ လူမှုအသိုင်းအဝိုင်းမှာ ဘယ်လို စံနှုန်းတွေနဲ့ နေထိုင်တယ်ဆိုတာကို အကြမ်းအားဖြင့်သိကြပါတယ်။ မသိတဲ့သူကို မသိမှု အတိုင်းအတာကို လိုက်လို့ နည်းရင်ဖြင့် ကြောင်တယ်၊ ကြိုးလွတ်တယ်၊ ဂေါက်တယ်၊ ကျပ်မပြည့်ဘူး၊ အိုင်စီ၊ ငပေါ စသည်ဖြင့် ပြောဆိုသတ်မှတ်ကြပါတယ်။ နည်းနည်းပါးပါး တစ်ချို့ကိစ္စများမှာသာ အဲဒီလိုဖြစ်တာဆိုရင်တော့ အင်း… နည်းနည်းတော့ လွတ်တယ် လို့ပဲ မှတ်ချက်ပြုလို့ ထားပါတယ်။များလွန်းရင်တော့ လုံးဝ အရူးလို့ သတ်မှတ်လိုက်ပါတယ်။ လူ့အသိုင်းအဝိုင်းမှာလည်း တန်းတူ အနေနဲ့ ပါဝင်ပတ်သက်ခွင့်ကို မပေးတော့ပါဘူး။ အရူးမလို့ ခွင့်လွှတ်လိုက်ပါလို့ ဆိုတာကအစ အရူးမို့ မဲပေးခွင့်မရတာအထိပါပဲ။
ဒီတော့ ရင့်ကျက်သူဆိုတာ common sense လို့ပြောကြတဲ့ အခြေခံအချက်များကို ကောင်းစွာနားလည်ရပါမယ်။ စိတ်ထဲပေါ်ရာ ပြောချင်တိုင်းပြောလို့မဖြစ်ပါဘူး။ ဟိုတစ်ဖက်က စပြောနေတာ ဘယ်လောက်ကြီးလွဲလွဲ ဘယ်လောက်ကြီး မျက်စိနောက်စရာ ကို့ယို့ကားယားဖြစ်နေပါစေ ကိုယ်က ပြန်ပြောရင် အခြေခံစံနှုန်းတွေကနေ လွဲချော်ပြီး မပြောမိဖို့လိုပါတယ်။ သူဖောင်းတာကို ကိုယ်လည်း လိုက်မဖောင်းမိစေနဲ့ပေါ့။ ပြောချင်တာက ဒါပါပဲ။

9 comments

  • ဆူး

    April 8, 2011 at 2:04 pm

    လူ မမြင်ရတိုင်း ပြောချင်ရာ ပြောလို့ရပါတယ်။
    ကိုယ်ရေးတဲ့ စာက ကိုယ့်ရဲ့ အဆင့် အတန်းကို ပြနေတဲ့ အတွက် စကားမလွန်အောင် အရိုင်းအစိုင်းစာတွေ အဖက်တောင်လုပ်ပြီး ဘာမှ မပြောဘူး။
    ဦးလေး လင်းဝေကျော် ရဲ့ ပိုစ်ဖြစ်တဲ့ အတွက် ရေးတဲ့ လူကို ခင်မင် ရင်းနှီးလေးစားသော အားဖြင့် အကြောင်းပြန်တာပါ။

  • လင်းဝေကျော်

    April 11, 2011 at 2:51 am

    ဆူးရေ ဦေးလးကတော့ လူဆိုးတွေကို လူကောင်းဖြစ်ဖို့ တတ်နိုင်သမျှကြိုးစားမယ်လို့ ရည်ရွယ်ချက်ရှိတော့ လူတွေ အမြင်လွဲမှားနေတာ သည်းခံပြီး ပြင်ပေးချင်ပါတယ်။
    တကယ်ပဲ ဦးလေက ကျောင်းဆရာ လုပ်ချင်တာ။

  • darkoosky

    April 11, 2011 at 9:44 am

    ကောင်းတယ် ဦးလေးရာ.. လူဆိုတဲ့သတဝါကလည်းခက်သားဦးလေးရ.. သူတို့သဘောကျတာနှစ်ခြိုက်တာဆိုရင် လက်ခံကြတယ် .. ကောင်းသည် ဆိုးသည်ဆိုတာထက်ပေါ့လေ.. လူတွေက ကိုယ်ရဲ့လုံခြုံရေး( အသက်၊ ဂုဏ်သိကာ၊ငွေစသည့်) အတွက် စံနှုန်းတွေ သတ်မှတ်ပြီးနေထိုင်ကြတယ်လိုထင်တယ်..အမှန်တရားဆိုတာ ..ဘယ်လိုကြည့်ရမလဲံ လူအများလက်ခံထားတာဟာ အမှန်တရားလား.. မဟုတ်သေးဘူး..တစ်ဦးတစ်ယောက်ရဲ့ဟာလည်းဖြစ်နိုင်တယ်ထင်တယ်.. တကယ်တော့ ဘာမှမတည်မြဲဘူးဆို အမှန်တရားဗျာ.. ဒီအထဲံမှာ ကျနော်တို့က အသက်ရှင်နေကြတယ်.. ခံစားကြတယ်.. မကောင်းတာဆို မကောင်းသလိုတုန့်ပြန်ကြတယ်.. ဦးလေးပြောသလို စံနှုန်းတွေအတိုင်းလို်က်နေကြတယ်ဆိုရင်တော့ လူတိုင်းရဲ့ဘဝဟာ ပျော်စရာကောင်းမယ်ထင်တယ်.. အမှားအမှန်ထက် လူတွေကို လက်ခံနိုင်အောင် ပြောတာက ပိုညှိနှိုင်းလို့ရမယ်ထင်တယ်ဦးလေး.. ဦးလေးပြောထားတဲ့အချက်တွေက မြင့်တယ်ထင် တယ်.. ကျနော် တွေးမိသလိုပြောလိုက်တယ်ဗျာ

  • လင်းဝေကျော်

    April 11, 2011 at 9:56 am

    စိတ်ခံစားမှုအတိုင်းတုံ့ပြန်ကြတာထက်(ကြိုက်ရင်ကြိုက်သလို မကြိုက်ရင် မကြိုက်သလို) လူ့ယဉ်ကျေးမှု စံနှုန်းများအတိုင်းလုပ်ကိုင်တုံ့ပြန်ကျင့်ကြံနိုင်ကြဖို့ဆိုလိုတာပါ။
    ဒါဟာ ပြောနေကြတဲ့ EQ ဆိုတဲ့ အမြင်ဖက်ကနေလည်း သုံးသပ်ဖို့ဆိုတာပါပဲ။
    ဦးပြောတာမြင့်တယ်လည်း မဟုတ်ပါဘူး။ ရိုးရိုးလေးတွေးကြည့်ဖို့ပါ။ သုံးသပ်ဆင်ခြင်ကြဖို့ပါ။

  • nigimi77

    April 11, 2011 at 10:10 am

    ဟုတ်တယ်ဗျ။ ဘယ်ဖက် ဘယ်လို စ ဖောင်းဖောင်း ကိုယ်က အခြေံ စံနှုန်းတွေကနေ လွဲချော်လို ့ မဖြစ်ဘူးပေါ့။
    လူဆိုတာက ပြောတာလွယ်တယ်။ လုပ်ဖို ့ ခက်တယ်။

    ကျွန်တော် ကြားဖူးတဲ့ စကား တခွန်းရှိတယ်။

    “ခွေးမသား မင်း မိုက်ရိုင်းလှချည်လား ဘယ် ဥကပေါက်တာလဲ ” တဲ့………

  • kai

    April 11, 2011 at 5:53 pm

    စာရဲ့ ဆိုလိုရင်း အဓိပါယ်ကိုနှစ်သက်…. ထောက်ခံပါတယ်ခင်ဗျား..။
    .. အရာရာကို ဗုဒ္ဓဘာသာရေးစံနှုန်းတွေနဲ့ တိုင်းတာဆုံးဖြတ်နေကြတာကိုပါ.. သိသိသာသာ လျှော့ချသင့်ပါတယ်..။
    ရိုးရိုးလေးပဲ…တွေးကြ..လုပ်ကြ..ဆုံးဖြတ်ကြယုံပါပဲ..။

    “ရိုးရိုးလေးသာ တွေးကြပါကွယ်… အေးချမ်းလို့..။” ါ်)

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 12, 2011 at 5:42 am

    ( သူဖောင်းတာကို ကိုယ်လည်း လိုက်မဖောင်းမိစေနဲ့ပေါ့။ )
    ဒီနေရာမှာ နည်းနည်းလေး
    လွေးပြတာပေါ့နော
    နည်းနည်းလေးဆိုပေမယ့် အများကြီးပြောရမှာဘဲ
    အများကြီးဆိုပေမယ့်လည်း နည်းနည်းဘဲပြောပါမယ်
    ဆိုပါစို ့
    တစ်ယောက်သောသူသည် တစ်ယောက်သောသူအား
    ကောင်း၏ ဆိုး၏ ချီးမွှန်းမယ်ကဲ့ရဲ ့မယ်
    ကောင်း၏ဆိုး၏ ဝေဖန်မယ် သုံးသပ်မယ်
    ချီးမွှန်းကဲ့ရဲ ့တာရယ်
    ဝေဖန်သုံးသပ်တာရယ်က မတူဘူးနော်
    ချီးမွှန်းကဲ့ရဲ ့တာက ပုဂ္ဂလိဂဆန်တယ်
    ထိုလူကို ကောင်းလို ့ကောင်းတယ်ပြောတာ ဆိုးလို ့ဆိုးတယ်ပြောတာ
    ကောင်းတယ်လို ့ကိုယ်ပြောလိုက်တဲ့လူက ဆိုးတဲ့အခါ ဆိုးတယ်လို ့ပြောရဦးမယ်
    ဆိုးတယ်လို ့ပြောလိုက်တဲ့လူက ကောင်းတဲ့အခါ ကောင်းတယ်လို ့ပြောရဦးမယ်
    ဒီခါကြရင် အကြောင်းအရာက ကိုယ့်ဆီပြန်လာတဲ့သဘောရှိတယ်
    ကောင်းတာလဲမင်းဘဲ ဆိုးတာလဲမင်းဘဲ ဒီလိုပြန်လာဒါ
    ဟော…
    ချီးမွှန်းခြင်းကဲ့ရဲ ့ခြင်းမဟုတ်ဘဲနဲ ့
    သူ ့ရဲ ့လုပ်ရပ်သဘောတရားကို ဝေဖန်တဲ့အခါကြတော့ ပုဂ္ဂိုလ်ကို မထည့်တော့ဘူး
    လုပ်ရပ်သဘောကိုဘဲ ဝေဖန်တဲ့အခါကြတော့
    ဒီသဘောကတော့ဖြင့် ကောင်း၏ ဆိုး၏
    ဒီလိုကြတဲ့အခါကြတော့ ပုဂ္ဂိုလ်လွတ်သွားတယ်
    ပေါက်ကြမလားတော့သိဘူး
    အဲ့သည်မှာ မိမိကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ကြည့်ဘို ့ဘိုလိမ့်မယ်
    တစ်ယောက်သောသူကို ကိုယ်က ကောင်း၏ ဆိုး၏ ပြောဆိုဝေဖန်မယ်ဆိုပါတော့
    ကောင်း၏ ဆိုး၏ ဆိုတာကို ဝေဖန်ပိုင်းခြားသိနိုင်တဲ့ကိုယ့်ရဲ ့စိတ်သဘောက
    အသိတရားရှိတယ်လို ့ပြောရမှာပေါ့
    လာပြီ
    သူမှားတာကို သူမှန်တာကို လိုက်ခံစားလိုက်ပြီ
    မှန်တဲ့အတွက်က သိပ်မထင်သာလှဘူး
    သူမှားတာကို ကဲ့ရဲ ့ပြီ အပြစ်ပြောပြီ
    ဒီခါကြတော့ ကိုယ့်ရဲ ့အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့
    အသိစိတ်သဘောက အဆိုးမြင်ဝါဒကြောင့်
    ငုတ်သွားတတ်တာကို သိမြင်တတ်ရပါမယ်
    ဘာရယ်ဟုတ်ပါဘူး
    တစ်နေ ့ကျုပ်ဆိတ်ကြောင်းနေတုန်း
    ဆိတ်တွေဟာ ဘာကြောင့်မို ့
    ပဲဟဲဟဲ..လို ့အော်သတုံးလို ့ဆင်းစားနေရာကန
    ဒီလိုလေးယူဆမိလို ့ပါ

  • naywoonni

    April 12, 2011 at 11:08 am

    အော်….. ဘုဘုရယ် စိတ်ကျောင်းရင်း ဒီလောက်ထိအောင် စင်းစား ပစ်ရသလား? ဟင် !

Leave a Reply