Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သမ္မတ အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် နှစ်ပါတ်လည် နှင့်ကျွန်တော်တို့ မြန်မာတွေ

maungmoenyoApril 22, 20111min2343

ပြီးခဲ့တဲ့ နှစ်မတ်လ (၂၃) ရက်က ဒီမိုကရက်တစ်ပါတီကြီးစိုးတဲ့ လွှတ်တော်(၂) ရပ်က ရီပါတ်ဘလစ်ကန်ပါတီ ထောက်ခံမှုကင်းတဲ့ Patient Protection and Affordable Care Act လို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတခုလုံးကိုပြုပြင်ပြောင်လဲမဲ့ဥပဒေဟာ တနှစ်သားတင်းတင်းဖြစ်သွားပါပြီ။ တနိုင်ငံလုံးကဝေဖန်မှု၊ ထောက်ခံမှုတွေရောပြွန်ခဲ့တဲ့ အဲ့ဒီဥပဒေကိုအဓိက တိုက်ခိုက်ကြသူတွေကတော့ ရီပတ်ဘလစ်ကင်ပါတီ နဲ Tea Party အမည်ခံ ရီပတ်ဘလစ်ကင်ဘက်ဘက်ယိမ်းတဲ့ အဖွဲ့တွေကအဆိုးဆုံးပါဘဲ။ ဥပဒေပါပြောင်းလဲမှုတွေက ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အာမခံကုမ္ပဏီကြီးတွေ၊ ဆရာဝန်တချို့ နဲ့ လုပ်ငန်းရှင်ကြီးတွေ ကအဓိက ဆန့်ကျင်ကန့်ကွက်ကြပါတယ်။ သူတို့ရဲ့အကျိုးစီးပွားအရှိုက်ကို အတော်ထိသွားစေနိုင်တဲ့ ပြောင်းလဲမှုတွေမို့ ဒီလိုအသံကျယ်လောင်လာတာမဆန်းပါဘူး။ သူတို့နဲ့နီးစပ်တဲ့၊ ထောက်ပံ့အားပေးမှုလုပ်ပေးထားတဲ့ ဥပဒေပြုအမတ်တွေ ကိုချဉ်းကပ်ပြီးဒီဥပဒေ ကိုမဖျက်သိမ်းနိုင်တောင်၊ ပြုပြင်မှုတွေတတ်နိုင်သမျှ လုပ်ပေးဘို့တောင်းဆိုမှုတွေ၊ လုပ်လာကြပါတယ်။

ဒီဥပဒေပြဌာန်းချက်တွေ ကဥပဒေပြဌာန်းပြီးတာနဲ့ တပြိုင်တည်းအကျိုးသက်ရောက်မှု (effective) ဖြစ်တာ မဟုတ်ပါဘူး။ နှစ်ကာလနဲ့အညီတပြေးညီပြောင်းလဲမှုတွေဖြစ်လာတာပါ။ ပြည်နယ်များရဲ့တည်ဆဲဥပဒေတွေ နဲ့လည်းလိုက်လျောညီအောင်အချိန်ကာလယူပြီးအကျိုးသက်ရောက်မှုရှိလာရတာပါ။ ဥပဒေပါပြဌာန်းချက် အားလုံဟာ (၂၀၁၄) ခုနှစ်ရောက်မှအကျိုးသက်ရောက်မှုအပြည့်ရှိလာပါလိမ့်မယ်။ ဒါကိုနားမလည်ကြသူ အတော်များများက၊ ဥပဒေပြဌာန်းပြီးနောက်တနေ့မှာဘဲ နေ့ချင်းညချင်းဈေးတွေတက်သလို၊ coverage လို့ခေါ်တဲ့လွှမ်းခြုံမှုအပိုင်းတွေ သူတို့အပေါ်ထိခိုက်ကြောင်းဈေးတက်ကြောင်း၊ ကန်ု့ကွက်အပြစ်တင်မှု တွေဖြစ်လာပါတယ်။ ဒါပေမဲ့ ပြဌာန်းချက်တွေက ခုချိန်ထိ အကျိုးသက်ရောက်မှုမရှိသေးတာကိုနားမလည် ကြပါဘူး။ မကြေနပ်ကြသူအတိုက်ခံတွေကတော့ ဝါးလုံးရှည်နဲ့ ရမ်းတဲ့အလုပ်တွေ ဇောက်ချလုပ်လာ ကြတာတွေတွေ့လာရပါတယ်။

လက်ရှိအကျိုးသက်ရောက်မှုတွေကိုကြည့်ပါ –

(၁) ဘယ်သောအခါကမျှ ကျန်းမာရေးအာမခံချက်မရှိကြသူတွေ ခုအချိန်အာမခံရရှိလာကြပါတယ်။

(၂) အာမခံစနစ်တွေမှာရှိတဲ့ ရာသက်ပန်ကန်ုသတ်ချုတ်ချယ်လွှမ်းခြုံမှ(မပေးခဲ့ဘူးတဲ့)  ပြဌာန်းချက်တွေကိုရုပ်သိမ်းခဲ့ပါတယ်။

(၃) သားသမီးများအတွက် မူလအသက် (၂၅) နှစ်ကနေ အသက်(၂၆) နှစ်အထိမိဘရဲ့ ကျန်းမာရေးအာမခံ အောက်မှာဆက်လက်နေခွင့်တဲ့အပြင်၊ မူလကန်ုသတ်ချက်များဖြစ်တဲ့ ကျောင်းသာဖြစ်မှ၊ အိမ်ထောင်မရှိမှဆိုတဲ့ ပယ်ဖျက်ခဲ့ပါတယ်။

(၄) ငယ်ရွယ်သူကလေးငယ်များအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်ပေးရေးအစီအမံတွေ နဲ့အာမခံချက်ပေးရပါတယ်။

(၅) ယခင်ကရောဂါအခံရှိခဲ့တာကြောင့်၊ အာမခံစနစ်ကိုငြင်းပယ်ခဲ့တဲ့ စနစ်တွေကိုရုပ်သိမ်းခဲ့ပါတယ်။

(၆) သက်ကြီးရွယ်အိုများအတွက် နေ့စဉ်အသုံးပြုသောက်သုံးနေတဲ့ဆေးဝါးများအတွက် လွှမ်းခြုံမှုလစ်လပ်ခဲ့တဲ့ (donut hole) အတွက်၊ လျှောါဈေး န ဒေါ်လာ(၂၅၀) ပြန်အမ်းငွေများထုတ်ပေးခဲ့ပါတယ်။ ဒီ့အပြင် ရောဂါ ကြိုတင်ကာကွယ်မှုအတွက်၊ ဆိုင်ရာဆရာဝန်များဆီမှာ ကျန်းမာရေးဆေးစစ်ခွင့် ကိုအခမဲ့လုပ်ပေးဘိုံ ပြဌာန်းနိုင်ခဲ့ပါတယ်။

ဖေါ်ပြခဲ့တဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကို အတိုက်အခံပါတီများသာမက၊ ပြည်နယ်(၂၆) ခုက၊ ဖဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပိုင်ခွင့်တွေကိုဆန့်ကျင်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ သက်ဆိုင်ရာတရားရုံးတွေဆီမှာ တရားစွဲဆိုမှုများလုပ်လာကြပါတယ်။ ဒီဥပဒေရဲ့မြှော်မှန်းချက်ရလာဒ် ဟာ လာမဲ့ (၂၀၁၄) ခုနှစ်မှာ လူတိုင်းကျန်းမာရေးအာမခံစနစ် မရှိမနေရဆိုတဲ့ ဥပဒေအကျိုးသက်ရောက်မှုရှိလာမှာမို.၊ ဒီကိစ္စကို ဆန့်ကျင်လာကြတာတွေရှိပါတယ်။ ဥပဒေအရအရေးယူဒဏ်ရိုက်တာတွေရှိလာပါလိမ့်မယ်။ တကယ် စဉ်းစားကြည့်ရင်တော့၊ အမရေိကန်ပြည်ထောင်စုပြည်နယ်အတော်များများမှာ၊ နိုင်ငံသားတိုင်း ယာဉ်တိုင်ခိုက်မှုတိုင်းအတွက်တပါးသူအပေါ်ထိခိုက်နစ်နာမှုဆိုင်ရာအာမခံစနစ်မရှိမနေရ ဆိုတဲ့ပြဌာန်းချက် ရှိနေပြီးသားမို့၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအာမခံစနစ် ဟာလည်း လူတိုင်းအတွက်မရှိမနေ ထားသင့်တဲ့ စနစ် တခုလို့မောင်မိုးညိုကယူဆပါတယ်။

လက်ရှိအခြေအနေမှာတော့၊ ဥပဒေရဲ့အကျိုးသက်ရောက်မှုဟာ အတော်ခရီးပေါက်ခဲ့ပြီးမို၊ ဒီစနစ်ကြီးတခုလုံးကို လုံးဝရုပ်သိမ်းဘို့ ဆိုတဲ့ကိစ္စဟာ တော်တော်တန်တန်ဖြစ်နိုင်စရာအကြောင်းရှိတဲ့ပုံမပေါ်တော့ပါဘူး။ ဒါပေမဲ့ အတိုက်အခံပါတီ နဲ့ လုပ်ငန်းရှင်ကြီးတွေက ဒီဥပဒေရဲ့ပြဌာန်းချက်တချို့ကိုပယ်ဖျက်ပေးခြင်း၊ ပြောင်းလဲပေးခြင်း၊ အစားထိုးခြင်း၊ စတဲ့ နည်းတွေလုပ်ဘို့ စိုင်းပြင်းနေပါတယ်။ ဒီ့အပြင် လွှတ်တော်တွေမှာဘတ်ဂျက်ခွဲတမ်းချရာမှာ၊ နှောင့်နှေးကြန့်ကြာအောင်၊ ပိတ်ဆို့တဲ့နည်းတွေသုံးဘို့ အကြောင်းရှိလာနိုင်ပါတယ်။ သမ္မတအနေနဲ့ ကတော့ ပွင့်ပွင့်လင်းလင်းဘဲ၊ ပြောပြီးသားပါ။ မူလကရှိခဲ့တဲ့ ချို့တဲ့ တဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်(တနည်း) အများသူငါခံစားခွင့်ရှိတဲ့ တန်းတူညီတူခံစားခွင့်ကင်းခဲ့ခေတ်ကိုတော့ နောက်ကြောင်းပြန်သွားဘို့အစီအစဉ် မရှိပါဘူးလို့ဗြောင်ပြောခဲ့ပါတယ်။ လူထုအနေနဲ့လည်းတဖြေးဖြေနဲ့ ဒီပြောင်းလဲမှစနစ်ရဲ့အရသာ အကျိုးအ မြတ်ကိုတဖြေးဖြေးနဲ့ သိလာကြပုံရပါတယ်။ သမ္မတအနေနဲ့လည်းပြီးခဲ့တဲ့ နှစ်လယ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီအထိနာခဲ့မှုကိုပြန်လည်ဖြေဖြောက်လိုတဲ့အနေနဲ့၊ လိုက်လျောမှုအနဲငယ်လုပ်ခဲ့ပါတယ်။ ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းများအပေါ်ဆေးကုသမှုဆိုင်ရာလုပ်ထုံးစည်းကမ်းဖေါက်ဖျက်မှု ဥပဒေကိုပြန်လည်သုံးသပ်ဘို့သဘောတူခဲ့ပါတယ်။ နာမည်ကြီး Bloomberg Poll ရဲ့ စစ်တမ်းအရ လူထု (၄၁%) ကဒီဥပဒေကိုပြုပြင်ချင်ပေမဲ့ (၄၂%) ကဆက်လက်စောင့်ကြည့်ချင်ပြီး၊ (၁၂%) ကတော့ ဒီဥပဒေနဲ့ဆက်သွားချင်တဲ့ဆန္ဒရှိကြကြောင်းထုတ်ဖေါ်ပြသခဲ့ပါတယ်။ ဘက်လိုက်မှုကင်းတယ်လို့အစဉ်အဆက် နံမယ်ရှိခဲ့တဲ့ သက်ကြီးများရဲ့အခွင့်အရေးစောင့်ရှောက်မှုဆိုင်ရာ AARP အဖွဲ့ကြီးကတော့ ဒီဥပဒေကိုဥပဒေကြမ်း မဖြစ်ခင်ကာလကတည်းကစနစ်တကျသုတေသနပြုလေ့လာချက်များလုပ်ပြီး၊ ဒီဥပဒေဟာ အမေရိကန်နိုင်ငံ သားအားလုံးအတွက်တနေ့မှာကောင်းစွာလွှမ်းခြုံအကျိုးသက်ရောက်မှုလက်တွေ့ရှိနိုင်မဲ့ အကောင်းဆုံး ကျန်းမာရေးစနစ်အဖြစ်အပြည့်အဝထောက်ခံခဲ့ပါတယ်။ ဒီအဖွဲ့ကြီးဟာအမေရိကန်ပြည်ထောင်စုမှာ ဖွဲ့စည်းထားတဲ့၊ အင်အားအကြီးမားဆုံးအဖွဲ့ကြီးဖြစ်သလို၊ သက်ကြိးများရဲ့အခွင့်အရေးများကိုသာမက၊ သာမာန်နဲ့ အခြေခံလူတန်းစားများရဲ့အခွင့်အရေးရရှိရေးကိုတာဝန်ယူတိုက်ခိုက်ပေးခဲ့တဲ့ သမိုင်းဝင်အဖွဲ့ကြီးဖြစ်သလို ဥပဒေပေါင်းများစွာတို့ကို အများလူထုအတွက်လွှတ်တော်တွေမှာ ဥပဒေပြဌာန်နိုင်ရေူးအတွက်ဆောင်ရွက်ပေး နိုင်တဲ့ နံမည်ကောင်းရှိခဲ့ပါတယ်။ ဒဲ့ဒီအဖွဲ့ရဲ့စစ်တမ်းအရ (၂၈%) သောလူထုက ဒီဥပဒေကိုပိုမိုချဲ့ထွင် ဘို့ကိုတောင် ထောက်ခံခဲ့ပါတယ်။ (၁၉%) ကတော့ ဒီဥပဒေကိုမပြုပြင်ဘဲလက်ရှိအတိုင်းဆက်လက်ဖို၊ (၂၃%) က ဒီဥပဒေကိုအခြားဥပဒေနဲ့အစားထိုးဖို့ နဲ့ (၂၀%) ကတော့ ဥပဒေပါပြဌာန်းချက်အချို့ကိုသာပြုပြင်ပြောင်းလဲဘို့ အကြံပြု ဆန္ဒရနေကြပါပြီ။ ဗဟိုအစိုးရရဲ့ပြည်နယ်ဆိုင်ရာတရာရုံး (၃) ခုက ဒီဥပဒေဟာအမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဆန့်ကျင်တယ်ဆိုတဲ့ တင်သွင်းလွှာပယ်ချလိုက်ပေမဲ့ အဆင့်တူတရားရုံး(၂)ခုက ဆန့်ကျင်ကြောင်းအမိန့်ချခဲ့တာမို့ ဒီကန့်ကွက်လွှာတွေဟာဘယ်အထိသွားမယ်ဆိုတာတော့မသိရပါဘူး။ Kaiser Family Foundation လို့ခေါ်တဲ့ ဘက်မလိုက်အဖွဲ့ကြီးရဲ့ဆန်းစစ်လေ့လာချက်အရ၊ လူထု (၂၂%) က လက်ရှိဥပဒေဟာ လိုအပ်တဲ့သင့်လျော်လျောက်ပတ်တဲ့ ပြင်ဆင်မှုများရှိပြီးပြီမို့၊ ဆက်လက်အသုံးပြုသင့် ကြောင်းထောက်ခံထားတာကိုတွေ့ရပြန်ပါတယ်။ ကိုဆန့်ကျင်ဘက်ပါတီတွေကိုဘက်လိုက်လေ့မရှိတဲ့ Congressional Budget Office ရဲ့ လေ့လာဆန်းစစ်ချက်အရတော့၊ ဒီဥပဒေဟာ ရီပတ်တဘလစ်ကင်ပါတီ ကစွပ်စွဲသလို နိုင်ငံရဲ့ဘတ်ဂျက်လိုငွေပြနေမှုကိုမကြီးထွားစေတဲ့အပြင်၊ လာမဲ့ ဆယ်စုအတွင်းမှာလိုငွေဘီလီယံ (၄၀) လောက်လျော့ကျသွားစေမယ်လို့တောင်ဆိုပါတယ်။ ဒီကြားထဲ ရိပတ်ဘလစ်ကန်ပါတီထဲကဖေါ်ထုတ် လာတဲ့သတင်းအရ၊ ပါတီရဲ့မူလတွက်ချက်ခန့်မှန်းမှုများဟာခေတ်မမှီတော့သောကိန်းဂဏန်း၊ အချက်အလက်ဟောင်းများပေါ်မှာအခြေခံထားကြောင်းသိလာရပါတယ်။

ကျွန်တော်တို့အမေရိကန်နိုင်ငံရောက်မြန်မာများအပေါ်အကျိုးသက်ရောက်နိုင်မှုအနေအထားကိုလေ့လာကြည့်ရအောင်။ ပြည်ပရောက်မြန်မာများထဲမှာအကြမ်းဖျဉ်း (၂)မျိုးတွေ့ရပါတယ် – နိုင်ငံကသမရိုးကျနိုင်ငံကူးစနစ်နဲ့ပြောင်းရွှေလာကြသူတွေ နဲ့ နယ်စပ်မှပြောင်းခိုလာသူများရယ်လိုတွေ့ရပါတယ်။

(၁) ဆင်းရဲချမ်းသာမရွေးရောက်လာကြသူတွေရဲ့ မိဘရွယ်အိုများအတွက် ရောက်ရှိရာပြည်နယ်တွေ ပေါ်မူတည်ပြီး Medicaid များရရှိ တဲ့အပြင်၊ အဲ့ဒီ အာမခံချက်ရဲ့ လွှမ်းခြုံမှုကျယ်ပြန့်လာပါမယ်။

(၂) ရောက်ရှိလာကြသူရာနှုန်းပြည့်နီးပါးဟာ လူလတ်ပိုင်းတွေမို့၊ အရွယ်လွန်သားသမီးများအတွက် လွှမ်းခြုံကာကွယ်မှု နှစ်သက်တမ်းပိုရတဲ့အပြင်၊ အခြားကန်ုသတ်ချုတ်ချယ်မှု ကင်းသွားပါတယ်။

(၃) မြန်မာနိုင်ငံမှာဘယ်လိုဘဲ ငွေကြေးပမာဏချမ်းသာကြွယ်ဝကြပေမဲ့၊ ဒီနိုင်ငံမှာရောက်ရှိပြီး၊ သား သမီးများနဲ့နေထိုင်ကြသူ မိဘများအနေနဲ့၊ ဝင်ငွေမရှိတဲ့ သက်ကြီးများစားရင်းထဲအလိုအလျောက် ဝင်သွားကြတဲ့အပြင်၊ မြန်မာနိုင်ငံမှာ ငွေကြေးသာမက အထက်အရာရှိများရဲ့ အဆက်အသွယ်မျိုးတွေ မလိုအပ်ဘဲ များစွာအဆင့်မြင့်ကောင်းမွန်တဲ့ဆေးဝါးကုသမှုစနစ်ကို၊ Medicare/Medicaid တို့မှတဆင့်ရရှိခံစားခွင့်ရသွားကြပါတယ်။

(၄)ပြောင်းခိုလာသူနယ်စပ်မှမြန်မာနိုင်ငံသားတိုင်းရင်းသားများအတွက်ဆိုလျင်ရောက်ရှိရာပြည်နယ်များ၊ မိသားစုအရေအတွက်များပေါ်မှာမူတည်ပြီး၊ အခကြေးလုံးဝကင်းလွတ်တဲ့ ဆေးဝါးကုသမှု၊ အဆင့်မြင့်ခွဲစိတ် ကုသမှုများအပြင်၊ သက်ဆိုင်ရာပြည်နယ်များမှာရှိတဲ့၊ ကျန်းမာရေးဆက်လက်ကာကွယ်လွှမ်းခြုံမှုအစီအစဉ်များ အထိုက်အလျောက်ရရှိသွားကြပါတယ်။ အချို့ဆိုရင်ကျန်းမာရေးအခက်အခဲပေါ်မူတည်ပြီး၊ ပညာရေးမှာလို အပ်တဲ့ special education လို့ခေါ်တဲ့အထူးသင်ကြားရေးအစီအစဉ်များမှာထဲ့သွင်းပေးခြင်းများခံရပါတယ်။

(၅) ၂၀၁၄ ခုအကုန်ပိုင်းမှာ ဖေါ်ပြပါ ဤနိုင်ငံကိုရောက်ခါစ ဆင်းရဲချို့တဲ့သူ မြန်မာများ (အသက်အရွယ်မရွေး တိုင်း) အတွက် Meicaid အပြင် ဗဟိုအစိုးရရဲ့ထောက်ပံ့မှုနဲ့ ပေါ်ထွက်လာမယ်လို့ယူဆရတဲ့၊ state-exchange အစီအစဉ်များကတိုက်ရိုက်အကျိုးခံစားခွင့်များရရှိလာပါလိမ့်မယ်။

ဒီအကျိုးတွေကအလကားမိုးပေါ်ကကျလာတာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့အိပ်ကပ်ထဲကနဲနဲတော့ပဲ့ပါ ကောင်းပါမယ်ဆိုတာပြောပါရစေ။ ဘယ်လောက်လဲဆိုတာတော့ခုချိန်မှာပြောရခက်ပါတယ်။ နှစ်စဉ် ကျန်းမာရေးအာမခံပရီမီယံကြေးတွေတက်တိုင်း ဒါကြောင့်လို့တော့မျက်စိမှိတ်ပြီးအော်လို့တော့မရပါဘူး။ လှူဒါန်းရတာကိုဝါသနာထုံခဲ့တဲ့ကျွန်တော်တို့မြန်မာတွေ ဒိလိုအလှူမျိုးအတွက်လက်မနှေးကြဘို့လိုပါတယ်။ (ပရီမီယံကြေးပိုပေးရတဲ့ကိစ္စမျိုးပါ) ဈေးတက်တာထက်အာမခံလွှမ်းခြုံရရှိမှု (expansion of coverage) ကျယ်ပြန့်တိုးတက်ရရှိလာတာကိုကြည့်ကြပါ။ လေ့လာကြည်ရသလောက်အမေရိကန်ပြည့်ထောင်စုရဲ့ဥပဒေပြုသမိုင်းမှာ၊ အရေးပါအရာရောက်တဲ့ သမိုင်းဝင် ဥပဒေပြုမှုတိုင်း (ဥပမာ- social security act, credit establishment act, Medicare act) စသည်တိုင်းမှာ စတင်အဆိုပြုတဲ့ ဥပဒေတင်သွင်းကြတဲ့ အစိုးရတိုင်းကို ဆန့်ကျင်ဝေဖန်စွပ်စွဲမှုပုတ်ခတ်မှု ခံရတာတွေ အတော်အတန် အစဉ်အလာရှိပါတယ်။ ကာလရွေ့လျောလာတာနဲ့အမျှ၊ ဥပဒေအကျိုးသက်ရောက်မှု ရဲ့အာနိသင်ကိုသိလာရတာနဲ့အမျှ၊ ထောက်ခံမှုတွေရလာကြပါတယ်။ Bipartisanship လို့ခေါ်တဲ့ ဆန်ုကျင်ဘက်နိုင်ငံရေးသဘောထားရှိကြတဲ့အဖွဲ့အစည်းတွေရဲ့ ဥပဒေပြုစနစ်ရဲ့ အမှားကင်းနိုင်သမျှကင်းရေး အပြန်အလှန်ဆွေးနွေးမှု၊ ဝေဖန်သုံးသပ်မှု၊ ဘက်မလိုက်ဒေါင်ဒေါင်မြည် အစိုးရ နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကြီးတွေ၊ စားသုံးသူကိုကိုယ်စားပြုတဲ့အဖွဲ့အစည်းကြီးတွေ၊ တက္ကသိုလ်နဲ့ think-tank အဖွဲ့အစည်းတွေရဲ့ ပိုက်စိတ်တိုက်ဝေဖန်သုံးသပ်မှုရှိခြင်းတွေဟာ ပေါ်ထွက်လာမဲ့ဥပဒေအတွက်လူထု အကျိုးပြုမှုကိုလက်တွေ့ကျစေရုံမက၊ ကာလတာရှည်အကျိုးသက်ရောက်မှုကိုရျိစေပါတယ်။ ဒီဥပဒေဟာခုချိန်မှာယခင်အစိုးရအဆက်ဆက်က ကိုင်တွယ်ရသိမ်မွေ့နက်နဲရုံမက၊ အမေရိကန်နိုင်ငံ မှာနေထိုင်ကြသူလှည်းနေလှေအောင်းမြင်းဇောင်းပါမကျန်လူတိုင်းအတွက်မရှိမဖြစ်တဲ့ဥပဒေဖြစ်လို့ ဘယ်သမ္မတကမှ ထိဘို့စိတ်မကူးခဲ့ပါဘူး။ အနစ်နာခံဘို့စိတ်မကူးခဲ့ကြပါဘူး။ သမ္မတအိုဘားမားဟာ သာမာန်လူတန်းစားဘဝနဲ့နေ့တဓူဝထိတွေ့ရပြီးကိုယ်တိုင်လဲအဲ့ဒီလူတန်းစားဘဝမှာသမ္မတဖြစ်မဲ့နေ့အထိနေ ထိုင်ကြီးပြင်းခဲ့ရသူမို့ ဒီဥပဒေဟာ မဖြစ်မနေလုပ်ရတော့မဲ့ကိစ္စလို့ သူ့ရဲ့သမ္မတသက်တမ်းမှာဦးစားပေးကိစ္စ အဖြစ်သတ်မှတ်ခဲ့သလို၊ ခုစတင်ပြီးအကောင်အထည်ဖေါ်နေပါပြီ။ ရရှိလာမဲ့အကျိုးကျေးဇူးက ဒီကနေ့ ကျွန်တော်တို့ဘယ်လောက်ပံ့ပိုးပေးနိုင်လဲဆိုတာပေါ်မူတည်ပါတယ်။ ဒိအကျိုးရဲ့ကနဦးအသီးအပွင့်တွေကို တော့ကျွန်တော်တို့မြန်မာတွေစတင်ခံစားနေကြရပြီဆိုတာမြင်နေရကြောင်းပါခင်ဗျား။

 

မတ်-ဧပြီ၊ ၂၀၁၁ ထုတ် ရတနာပုံနေပြည်တော်သတင်းစာ တွင်ဖေါ်ပြပြီးဖြစ်ပါကြောင်း။

3 comments

  • maungmoenyo

    April 22, 2011 at 1:58 am

    သတင်းစာမှာဖေါ်ပြီးပေမဲ့ လောလောလတ်လတ်ရလာတဲ့ သတင်းလေးလည်းနောက်ဆက်တွဲ ပါးလိုက်ချင်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ (၁၉)ရက်ထုတ် Orange County Register ရဲ့ အစိုးရကဏ္ဍပိုင်းဆိုင်ရာကိစ္စမှာ လူချမ်းသာများကို အခွန်တိုးတောင်းဘို့ နဲ့ လက်ရှိ Medicare နဲ့ Medicaid ကို လက်ဖျားနဲ့တောင်မတို့ဘို့ အော်ကြတဲ့အသံတွေပိုမိုကျယ်လောင်လာပါတယ်။ သမ္မတ အိုဘားမားရဲ့ နှစ်တပါတ်လည် Healthcare Reform ကိုတိုက်ခိုက်ကြသူတွေရဲ့အရှိန်ကသိပ်မသေသေးကြောင်းထင်ရှားပါတယ်။ ဆေးဝါး ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေ နဲ့ ကျန်းမာရေးအာမခံကုမ္ပဏီကြီးများရဲ့ ခါးပိုက်ထဲ ထဲ့ထားခြင်းခံရသူ Republican နဲ့ လူချမ်းသာတွေ ကတော့နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ဝေဖန်ကြဖို့မြင်ပါတယ်။ အဓိကပြဿနာကတော့ နိုင်ငံမှာကြွေးမြီခေါင်ခိုက်နေတဲ့ကိစ္စ၊ အစိုးရအသုံးစရိတ် မထိမ်းနိုင်မသိမ်းနိုင်အောင်အှုတ်လက္ခဏာပြနေတဲ့ ကိစ္စကြောင့်ပါဘဲ။
    McClatchy-Marist ဘက်မလိုက်ဆန်ူစစ်သုတေသီစစ်တမ်းအရ
    – ဝင်ငွေ ၂သိန်းခွဲအထက်ရှိသူတွေကို အခွန်တိုးကောက်ဖို့၊ ထောက်ခံသူ (၆၄%) ကန့်ကွက်သူ (၃၃%)
    – Medicare နဲ့ Medicaid ခံစားခွင့်ကိုဖြတ်ဖို့ ထောက်ခံသူ (၁၈%) နဲ့ ကန့်ကွက်သူ (၈၀%)
    – စစ်အသုံးစရိတ်လျှောချရေး ထောက်ခံသူ (၄၄%) ကန့်ကွက်သူ (၅၄%)
    – လက်ရှိအစိုးရ ရဲ့လုပ်ဆောင်ချက်မှန်ကန်တယ်လို့ ဆိုသူ ဇန္နဝါရီ (၂၀၁၁) က (၃၁%) ကနေ ခုဧပြီလမှာ (၄၁%) အထိတက်လာတာကိုမြင်ရပါတယ်။
    ကုန်ကုန်ပြောရရင်တော့၊ လက်ရှိအစိုးရရဲ့ လုပ်ရပ်မှားလို့ နောက်ကြောင်းပြန်လှည့်ကြဘို့ လူထုကစိတ်အားမသန်တော့ပါဘူးဆိုတာမြင်နေရကြောင်းပါခင်ဗျား။

  • eros

    April 22, 2011 at 2:58 am

    ကျွန်တော့် အမြင်ကတော့ အိုဘားမားလုပ်တာ ကောင်းတယ်လို့ ယူဆမိကြောင်းပါ။ အခုခေတ်မှာ ဆေးပညာတွေက ကောင်းမွန်တိုးတက် ထိရောက်လာပေမယ့် အခြေခံလူတန်းစားတွေ အဖို့ လက်လှမ်းမှီဖို့ ပိုပိုဝေးလာတယ်လို့ ခံစားမိပါတယ်။

  • maungmoenyo

    April 22, 2011 at 3:04 am

    အဲ့ဒီ..ကောင်းတယ်ဆိုတဲ့ စကားက..နောင်အှစ်နှစ်အစိတ်လောက်မှ ပုံလုံးပေါ်လာမှာ။ အဲ့ဒီအချိန်ကျတော့လဲ…(မှန်းသလို…အောက်ငအထည်ပေါ်ခဲ့ရင်)…သူလဲ another ရော်နယ်ရီဂင်ပေါ့။ ခုနေတော့ ပိန်လိန်နေအောင်လှိမ့်ခံရေချိန်လေ…။

Leave a Reply