========================= The Magazine Manager®
The complete Web Enabled Solution for the Publishing Industry http://www.magazinemanager.com/intranet/aspNET/PublicSite/Default.aspx
ဒါက အွန်လိုင်း သုံးလို့ရတာပဲ..။
အဲဒါမျိုးကို ယူအက်စ်က ပါဗလစ်ရှာတွေ တော်တော်သုံးကြတယ်..။ လစဉ်ကြေးပေးရတာ..။ တလမှ ၂၅လောက်ပဲ..။
26 comments
bigcat
April 26, 2011 at 4:57 am
သေချာပြီ ဒါဆိုကော်မရှင်စားအလုပ်ပဲ….
လင်းဝေကျော်
April 26, 2011 at 5:18 am
စမ်းကြည့်ကြပေါ့
dream
April 26, 2011 at 5:22 am
web developer ဆိုရင်တော့ စိတ်ဝင်စားတယ်
ဆူး
April 26, 2011 at 6:05 am
သင့်လစာမှာ လက်ရှိ MD ထက်ပင် ပိုမိုရရှိနိုင်ပါသည်။ အမြင့်ဆုံးလစာမည်မျှဟူ၍ ကန့်သတ်ထားခြင်းမရှိပါ။
MD က လစာ ဘယ်လောက် ရလဲ သိချင်ပါတယ်။
dream
April 26, 2011 at 6:08 am
ကျေးဇူးပါ 🙂
manawphyulay
April 26, 2011 at 7:51 am
အရောင်းမြှင့်တင်ရေးလို့ဆိုထားပေမယ့် ဘာတွေကို အရောင်းမြှင့်တင်မှာလဲဆိုတာလည်း မပါဘူးနော်။ ဒီလောက်လစာပေးမယ်ဆိုတော့ ဘယ်လိုမျိုးအရောင်းမြှင့်တင်ရမှာလဲဟင်…
လူခါး
April 26, 2011 at 8:03 am
ဟုတ်ကဲ့ … Myanmar Website Creator company ဖြစ်တဲ့အတွက် Website တွေကို အရောင်းမြှင့်တင်ချင်တာပါ၊ ဝင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
kai
April 26, 2011 at 8:10 am
အေးဗျာ..
အားပေးပါတယ်..။ တိုင်းပြည်ကမခွာပဲ.. လုပ်နိုင်တဲ့အလုပ်တွေမို ့.. အဲဒါမျိုးတွေကို လူငယ်တွေ လုပ်ကြစေချင်တာပါပဲ..။
အိနိ္ဒယကိုတော့ ..တော်တော်လေး.. ဖိုက်ကြရလိမ့်မယ်..။
ပြိးခဲ့တဲ့..တရက်ကတင်..အိနိ္ဒယကနေ.. ကျုပ်ဆီတိုက်ရိုက်ဖုံးခေါ်လာတာ..ဘာများလည်းလို့..
သတင်းစာရဲ့ ကြော်ငြာနဲ့..ငွေကြေးစံနစ်တွေကိုင်တွယ်လို့ရတဲ့.. ဆော့ဖ်ဝဲလ် ဝယ်မလားတဲ့..။
ဒီဝက်ဘ်ဆိုက်ကပဲ.. ဖုံးရသွားတာတဲ့..။
ပြောရရင်..
မြန်မာပြည်မှာရော.. ဂျာနယ်တိုက်တွေ .ဘယ်လိုဆော့ဖ်ဝဲသုံးကြတယ်မသိ..။
သူတို့ထက်ပိုဈေးသက်သာရင်.. မြန်မာပြည်ကမှာချင်သား…။
လူခါး
April 26, 2011 at 8:27 am
ဟုတ်ကဲ့ … အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အကိုလိုချင်တဲ့ ဆော့ဖ်ဝဲက ဘယ်လိုမျိုးလဲ မသိဘူးနော်၊ လုပ်နိုင်မလားလို့ မေးကြည့်တာပါ။
kai
April 26, 2011 at 8:49 am
HiTech Newspaper Management System
Business Management and Accounting Software for newspaper, magazine publishers. Modules : Advertisement, Circulation, Parties, Transactions, Payroll, Accounts & Utilities. Free Trial Download. – Help Contents
Customized for Newspaper & Magazine Publishers
Complete with Advertisement, Circulation, Payroll & Accounts modules
http://www.hitech-on-web.com/newspapers/
ဒါကိုတော့ လှမ်းမေးဖူးတယ်..။ သူတို့က.. ဒေါ်လာ၃ရာလောက်နဲ့ အော့ဖါလုပ်တယ်..။
=========================
The Magazine Manager®
The complete Web Enabled Solution for the Publishing Industry
http://www.magazinemanager.com/intranet/aspNET/PublicSite/Default.aspx
ဒါက အွန်လိုင်း သုံးလို့ရတာပဲ..။
အဲဒါမျိုးကို ယူအက်စ်က ပါဗလစ်ရှာတွေ တော်တော်သုံးကြတယ်..။ လစဉ်ကြေးပေးရတာ..။ တလမှ ၂၅လောက်ပဲ..။
အခုလောလောဆယ်တော့..မန္တလေးဂေဇက်က ကြော်ငြာလည်း သိပ်မများတာမို ့.M$ excel နဲ့အဆင်ပြေပါတယ်..။
မြန်မာပြည်က ဂျာနယ်တိုက်တွေ ဘယ်လိုဟာသုံးကြသလည်း သိချင်သား..။
ကြည့်ရတာ..QuickBooks ပဲသုံးမယ်နဲ့တူတယ်…။
ဖြစ်နိုင်ရင်တော့.. Open source, vtiger ကို ပြန်ပြင်ထားတာမျိုး သုံးကြည့်ချင်ပါတယ်..။
http://www.vtiger.com/
manawphyulay
April 26, 2011 at 8:17 am
အချိန်ပိုင်းအလုပ်ကို စိတ်ဝင်စားပါတယ်ရှင်…..
လူခါး
April 26, 2011 at 8:29 am
စိတ်ဝင်စားတယ်ဆိုရင် http://www.myanmarwc.com/career.html မှာ အသေးစိတ် ဖတ်လို့ရပါတယ်၊ အဲဒါထက်ကို ပိုစိတ်ဝင်စားတယ်ဆိုရင်တော့ company သို့ ကြွခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်။
Myanmar Web Designer
April 26, 2011 at 8:22 am
etone
April 26, 2011 at 10:24 am
မနောပြောသလို ကျမလည်း အချိန်ပိုင်း အလုပ်ကို စိတ်ဝင်စားပါတယ် … ။ ငယ်ရွယ် လျှင်မြန်ဖြတ်လတ်နေတဲ့ အချိန်မှာ အလုပ်လုပ်နိုင်သလောက် လုပ်သင့်တယ်လေ … ။ မြန်မာနိုင်ငံမှာ အချိန်ပိုင်းအလုပ်ဆိုတာ တော်တော်ရှားနေပြီမို့လို့ … အဲ့ဒါမျိုးရှိလျှင် တော့ စိတ်ဝင်စားသား … အိမ်မှာနေလို့ အိပ်ချည်းနေလျှင် တဖြည်းဖြည်း တုံးလာ သလို ခံစားမိတယ် 😀
juttue.gyi
April 26, 2011 at 10:59 am
နာတယ်ဗျာ ကျတော်ရန်ကုန်မရှိနေတာ ကျတာ်ရန်ကုန်ရောက်တော့ ရှိပါအုန်းမလား မသိဘူးနော်
weiwei
April 26, 2011 at 12:22 pm
မဆိုးဘူး .. စိတ်ဝင်စားပါတယ် … စနေ တနင်္ဂနွေ ကုမ္ပဏီဖွင့်တယ်ဆိုရင် လူကိုယ်တိုင်သွားပြီ စုံစမ်းချင်ပါတယ် …
etone
April 27, 2011 at 2:25 am
မဝေ ဖုန်းချိတ်လိုက်လေ … အတူသွားမယ် 😀
nature
April 26, 2011 at 1:49 pm
ဟီဟိ၊လစာဘယ်လောက်လိုချင်လဲဆိုတာနဲ့တင်စိတ်ဝင်စားသွားပြီ၊ လူဦးရေကန့်သတ်ထားလား၊ သင်တန်းကဘယ်လောက်ကြာမှာလဲ၊ သင်တန်းတက်ချိန်မှာရောလစာရမှာလား၊ သင်တန်းခရောပေးရဦးမှာလား၊ နယ်ရောသွားရဦးမှာလား။Thank You!
bigcat
April 27, 2011 at 1:16 am
ကြောင်ကြီးနဲ့တရုတ်ပြည် ဖက်စပ်ထွင်ထားတဲ့ ပေသီး၂၀၁၁ တွက်ချင်တာတွက် ဆော့ဖ်ဝဲရောင်းဖို့ရှိတယ်။ သဂျီးစိတ်ဝင်စားရင် ယူအက်စ်ဒါ်လာ ၁၀ဝအောက်နဲ့ပေးမယ်။
kopauk mandalay
April 27, 2011 at 1:56 am
မန်းလေးမှာသာ လိုအပ်တယ်ဆိုရင် ကိုပေါက်လဲ စိတ်ဝင်စားပါသဗျာ။
ကိုပေါက်က အပြင်မှာလဲ ဈေးသယ်မို့လို့ပါ။
လူခါး
April 27, 2011 at 2:46 am
ဘယ်နေရာဖြစ်ဖြစ်ရပါတယ်အကို၊ Resume တို့ဘာတို့ပို့ပြီးရင်တော့ အင်တာဗျုး တစ်ကြိမ်ကနေ နှစ်ကြိမ်တော့ ဝင်ရပါမယ်။ ကျေးဇူးတင်ပါတယ်
hokg
April 27, 2011 at 4:23 am
အချိန်ပိုင်းအလုပ်ကို တော. စိတ်ဝင်စားတယ်
လူဦးရေ ကန်.သတ်ထားလား သိချင်ပါတယ်
လူခါး
April 27, 2011 at 8:29 am
စနေနေ့ မနက်ပိုင်း ကုမ္ပဏီဖွင့်ပါတယ် …
နိုင်နိုင်
April 27, 2011 at 1:43 pm
စိတ်တော့ ဝင်စားသား ဒါပေတီး တစ်နေရာစီဖြစ်နေပြန်ရော အလှန်းဝေးတော့ ဘယ်လိုမေးမြန်းရမလဲ ဘယ်လိုမျိုးတွေ လုပ်ရမယ်ပေါ့ အချိန်ပြည့် အချိန်ပိုင်း အမျိုးမျိုးရှိမယ်မလား လုပ်ဆောင်ရမဲ့ အချက်လက်တွေပါ ထဲ့ပေးရင် အဝေးရောက်နေတောင် ချိန်လို့ရတယ်လေ ဒါကြောင့် လုပ်ဆောင်ရမဲ့ အချက်တွေ တင်ပြပေးပါဦး အသိတစ်ယောက်တော့ လွှတ်လိုက်ပြီနော် co, ကို အသေးစိတ်သိချင်လို့ လွှတ်လိုက်တာပါ ဘာရယ်ဟုတ်ပါဘူး ကိုတက်တဲ့ပညာနဲ့ လုပ်ချင်တယ်ဗျာ…ဒါပဲ…အဟိ
manawphyulay
April 28, 2011 at 3:37 am
လူဦးရေတော့ မကန့်သတ်ထားဘူးထင်ပါတယ်ရှင်။ လုပ်ငန်းပုံစံကတော့ ကိုယ့်ကြိးစားမှုပေါ် မူတည်တဲ့ပုံပါပဲ။
inz@ghi
December 7, 2011 at 7:35 pm
ဘယ်တုန်းက post လဲတော့ မသိ ကျုပ်ရွာထဲမရောက်ခင်က ဆိုတာတော့ သေချာသည်….
ခုမှတွေ့လို့ ခုမှ မန့်ပြီဗျား…
မှားရင်လည်း ဆုံးမ သဂျီးရယ် … မှန်ရင်လည်း ထောက်ခံတော့ပေး …..
ကိုယ့် ထမင်းကျွေးထားတဲ့ လောက ဆိုတော့ မမှန်ဘူး ထင်တာရှိရင် ပြောရမှာဘဲ …
>>သင့်စွမ်းအားရှိသလောက် အကျိုးခံစားနိုင်မည် ဖြစ်သည့်အတွက် သင့်လစာမှာ လက်ရှိ MD ထက်ပင် ပိုမိုရရှိနိုင်ပါသည်
ကျနော် …. အဲ့သည့် စာသား ကို လုံးမ မကြိုက်ဘူး …ဘာလို့ .. မကြိုက်လည်း ဆို ဖြစ်နိုင်ချေ မရှိသလောက်မို့ပဲ
(ကျနော် စကားလုံး ရွေးသုံးတယ်နော ….. )
content & context လုံးဝ မပြည့်စုံလို့ဘဲ …
ကျနော်တွက်ပြမယ်နော ..
ကဲ … MD က အစိမ်း ၃၀၀ဝ ယူတယ်ထားဗျာ…
ဝန်ထမ်းကို basic salary ၁၅ဝ ပေးမယ်… ကလိုင်းယန့် ၁ယောက် ရောင်းရရင် အစိမ်း ၁၀ဝပေးမယ် ဆိုပါတော့
တလမှာ ကလိုင်းယန့် ၃ဝ ရှာလို့ရတာနဲ့ MD ထက် အနည်းလေး ၁၅ဝ သာသွားပြီ မဟုတ်လား. …
သည်လို ကြော်ငြာခွင့်ရှိသွားပြီမဟုတ်လား … logic အရ ဖြစ်နိုင်တယ်နော …..
probability အရပြောမယ် …. Branding ကိစ္စမှာ ဖွားဆူးကို မန့်ခဲ့တာလေး ပြန်ကူးပြမယ်ဗျာ….
B2B လား B2C လားမသိ
Product type မသိ
Buyer nature မသိ
Competitive Weather မသိ
လက်ရှိ Brand ကျန်းမာရေး မသိ
Market Share မသိ
Market segment မသိ
Positioning map မသိ
Resource အနေအထား မသိ
HR အနေအထား မသိ … မသိ… မသိ…
ကဲ တလ ကလိုင်းယန့် ဘယ်လောက် ရမယ်ထင်ပါသလဲ …..???
သည်ကြော်ငြာမှာ အဓိပ္ပါယ် လုံးဝမရှိတဲ့ ကန့်သတ်ချက် ၂မျိုး
ချရေးထားတာတွေ့ရတယ်ဗျ…
၁။ က အရေအချင်း ကန့်သတ်ချက် မရှိတာ ..
မှားတယ် ကန့်သတ်သင့်သလောက် ကန့်သတ်ရမယ် ….အလျော့အတင်းတော့
ရှိရမယ်ပေါ့ ….. ဘာမှ ဘောင်စည်းကမ်း ကလနား မပါတဲ့ ကန့်သတ်ချက်ကင်းမဲ့မှုမျိုးက
business လည်း မဟုတ်ဘူး …(ဝါ) democracy နဲ့လည်း မညီဘူး ….
သည်လိုရေးထားတာကို သုံးသပ်ရရင် ..ရှင်းပါတယ်ဗျ ာ….
အရည်အချင်းရှိသူတွေ တကယ့်နေရာတွေမှာ အလုပ်လျောက်ထားနိုင်တဲ့လူတွေ
ခေါက်သွားပြီး မနူးမနပ်လေးတွေဘဲ လာအောင် ဖန်တီးထားတာ …
reverse sense of psychology ဗျ ကျနော်အရင်ကလည်း ပြောဖူးပြီးသား …အလားတူဘဲ
ချိုးတဲ့အချိုးကတော့ ကန့်သတ်မထားပါဘူး ဆိုတာကိုက ကန့်သတ်ချက် (တနည်း)
standard တစုံတရာ ရှိနေတဲ့လူတွေ ဝင်မလာအောင် ကန့်သတ်ပစ်လိုက်တာပါပဲ ….
၂။ လစာ ကန့်သတ်မှု မရှိတာ … မကန့်သတ်လို့ရမလားဗျ အထက်မှာ ကျနော်
ဥပမာအနေနဲ့ တွက်ချက်ပြသွားတဲ့ ဆင်နာရီယိုမှာ basic pay ဘယ်လောက်ဆိုတာ
ရေးကြည့်ပေးထားတယ်… ( မကန့်သတ်ပါဘူး ဆိုတဲ့အချက်ကို မေ့လို့ ရေးတာမဟုတ်ဘူးနော…
ကန့်သတ်ချက် လိုတယ်ဆိုတာ ပြချင်လို့ တမင်ရေးထားတာ …) ကောင်းပီလေ ..basic pay
မထားဘူး lower bound-upper bound မထားဘူး ဆိုတာမျိုး ဆိုပါစို့ ….
ဘာလဲ … ကလိုင်းယန့် မရရင် တပြားမှ မရဝူးလား …. (လေဘာလော တွေ ပြန်ဖတ်ဦးနော….)
တကယ် ဖြစ်သင့်တာက training က ဘယ်လို … အခြေခံလစာ ဘယ်လို ကလိုင်းယန့်တယောက်ရရင်
ကိုယ်စားလှယ် တယောက်ရောင်းရရင် ဘယ်လောက် ဆိုတာမျိုးဖော်ပြပြီးမှ ခေါ်ရမှာဗျ …
အဲ့သည့် နေရာက မာကတ်တာတွေက အချဉ်မှမဟုတ်တာ ဗျာ ..သူတို့လည်း တွက်မိမှာဘဲ လေ. …
ဘာလို့ မဖော်ပြသလဲ …. ရှင်းတယ်ဗျ …. ဂဏန်းတွေပါလာရင် တွက်ကြည့်လို့ ရမှာ ကိုက်မကိုက် တွေး
လို့ရမှာ စိုးလို့ ….. သည်တော့ကာ ဝန်ထမ်းက ကိုက်နိုင်ခြေ မရှိလောက်မယ့် အလုပ်မို့ figure တွေကို
မြှုပ်ထားတယ်လို့ ပြောလို့ရတယ်….
အင်နာနက် သုံးပြီးလုပ်ရမယ် ပြောထားတယ် ..ဟုတ်ပါပြီ local client ရမယ် ဆိုပါစို့…
(နိုင်ငံခြားသား ကန်ပနီပဲ ဆားဗစ်ပေးတယ် ဆိုလည်း လိုကယ်မှာ ရုံးစိုက်တဲ့ နိုင်ငံခြားသား
ကန်ပနီ ဆိုပါတော့ဗျာ …အဲ့ဒါမျိုး နဲ့ ဆုံရမယ် ပြောရမယ် ဆိုပါစို့)
နောက်တချက် …ဘာ ကို ဘယ်လို support လုပ်ပေးမယ်ဆိုတာ လုံးဝမပါဝူး …
သင်တန်း ပေးတယ်ဆိုတာ နတ်ရေကန်ထဲ ပစ်ချတာ မဟုတ်ဘူးနော ….ဥပမာပြောမယ်ဗျာ..
ရုံးခန်းမှာ ဖုန်းတလုံး ထားပေးမယ် customer နဲ့ otoiawase သွားရင် handphone တလုံး
company ကပေးမယ် … ကားစီစဉ်ပေးထားမယ် …ဘာ ပါ သလဲ ဘာမှ မပြောထားဘူးနော့ ….
ကိုယ့်စရိတ်ကိုယ်စားပြီး ခြေတိုအောင် လိမ့်ရတဲ့ မားကတ်တင်း အမည်ခံ salesmen/ salesgirls
တွေလိုလား….
ကောင်းပြီ online base ကို ဆက်ဆွေးနွေးမယ် ….direct mail လား …(Personalized mail
ဆိုရင်တောင် ကျနော်တို့ ဘယ်လောက် ဖတ်လေ့ရှိလို့လဲ ချက်ခြင်း အမှိုက်ပုံးထဲထည့်တာ …သဂျီးအသိပဲ)
CRM လား ….ဟဲဟဲ ….ဝန်ထမ်း လစာကိစ္စတောင် ပွင့်လင်းမြင်သာမှု မရှိတဲ့ နေရာက MS Dynamic CRM,
Salesforce CRM ဝယ်ပေးမယ် ထင်လို့လား သဂျီး ….SEO, SEM ကိစ္စ ပြောလိုက်ပါဦးမယ်
Google Adwords ဝယ်ပေးမယ် ထင်လို့လား ..ကောင်းပြီလေ ဆက်ပြောရင် ကီးမြင့်တော့မယ်….
သည် resource တွေလျောက်မေးနေတာ အကြောင်းရှိပါတယ်ဗျာ..သည် resource တွေ မရှိရင်
အင်တာနက်သုံးပြီး ဘာမှ ရောင်းလို့ ချလို့ မရဘူးနော ……မမေ့စေချင်ဘူး …e-mail address လေးရှိရုံနဲ့
periodically mail send တဲ့ စနစ် သေတာ ကြာပြီဗျာ …..Marketing 2.0 ကို အသက်သွင်းချင်ယင်
ရေရှည် ကောင်းဖို့ မရှိဘူးနော …Social Media သုံးမယ် မဟာFacebook တော်ကြီးနဲ့ဖဲ့မယ် ပြောမလို့လား …
ပြောပါ ခင်ဗျားတို့ ဘာ API သုံးမှာလဲ ဘာ Apps သုံးမှာလဲ ..ဘယ်လိုလုပ်မှာလဲ … Apps တွေကိစ္စ ပြောပြမယ်နော်
လူသုံးအများဆုံး ဂိမ်းတွေအပါအဝင် နာမည်ကျော် API တွေ မှာ သုံးတဲ့လူပမာန ထက် မုန်းတဲ့လူပမာန ကများတယ်
ဆိုတာဘဲ ….(ဟဲဟဲ..Facebook Apps ရေးမယ် တင်မယ် ဆို ပိုက်ဆံကုန်နေမှာ စိုးလို့ စေတနာနဲ့ ပြောပြပေးတာဘာ
လုပ်လိမ့်မယ် လို့လဲ မထင်ပါဘူး…)
နိဂုံးချုပ်မယ်ဗျာ ….salesman က MD ထက်လခကောင်းနေမှတော့ ဘယ်သူမှ ပညာအများကြီး သင်မနေတော့ဘူး
ဘယ်သူမှ ကုန်ပနီထောင်မနေတော့ဘူး … ဘယ်သူမှ management ကို ထိပ်အပြောင်ခံပြီး ဖတ်မနေတော့ဘူး…
အပြောလေးတွေ လျော့…… အတိအကျလေးတွေပြောပေး … .business လုပ်ရင် ရိုးသားဖို့လိုတယ်…..စာချုပ်စာတမ်း
ကိစ္စလေးတွေ ဘာ ပြောပေးနိုင်ရင် ကောင်းတယ်…
ပိုစ့် တင်တဲ့ညီလေး …ညီလည်း ကိုယ့် ရုံးအတွက် ကိုယ်ပြောတာရေးတာဖြစ်ပေမယ့်
ဒေတာအထောက်အထား စုံစေချင်တယ်ကွာ …. ဒေတာမစုံတော့ မူမမှန်တဲ့ပုံပေါက်နေတယ်. …
တကယ် မူမမှန်တာလား မှန်ကန်လားတော့ သက်ဆိုင်သူတွေ အသိဆုံးဖြစ်မှာဘဲ ….
သံတမာန်ရေးရာပါ ကျွမ်းကျင်လိမ္မာကြောင်း ချီးကျူး ဂုဏ်ပြုရင်း
သဂျီးကိုတော့ လူမိုက်စောင့်နေတာ ရိပ်မိကြောင်း ….ပြောကြားလိုပါတယ်….
လူမိုက်ကြီး
ဂီဂီ
P.S end date ကျော်သွားတာရော HPမှာ လည်း ထိုနည်းလည်းကောင်း ရေးထားသည်ကိုကြည့်ပီးသကာလ …
မနေနိုင်လို့ မန့်ပါသည်ခင်ဗျား….