သူငယ်တန်းပညာရေး

search123April 30, 20111min37318

ကျောင်းဖွင့်ရာသီရောက်တော့မှာမို့ ကျောင်းအပ်ဖို့ ကိစ္စနဲ့ မိဘတွေ တော်တော်အလုပ်များကြရပါတယ်။အထူးသဖြင့် သူငယ်တန်းမှာပညာသင်ကြားရမဲ့ ကလေးမိဘတွေပေါ့။

သူငယ်ချင်းက သူ့ကလေးကို နာမည်ကြီးကျောင်းမှာ အပ်မလို့ သွားစုံစမ်းတာ Form ဝယ်ဖို့ကို ကျောင်းက Form ရောင်းမယ့်နေ့မှာ အရင်တန်းစီပြီး၊ဝယ်ရမယ်။ကျောင်းအပ်မဲ့နေ့ကျရင် ကျောင်းအပ်ဖို့ ၃ သိန်းယူလာပါလို့ ကျောင်းက ဆရာမ က ဆိုပါတယ်တဲ့။

သူငယ်ချင်းက ဝန်ထမ်းဆိုတော့ ၃ သိန်းဆိုလို့ လန့်သွားတာကို ဒါအနည်းဆုံး ပဲလို့ပြောပါသတဲ့။သူငယ်တန်းစတက်တဲ့ ပထမဆုံးနေ့မှာကတည်းက ကကြီး ကနေ အ အထိ ရေးဆိုပြီး ဆရာမက ရေးခိုင်းတာတဲ့။အခြားနာမည်ကြီးကျောင်းတွေလည်း ထိုနည်းလည်းကောင်းပါပဲတဲ့။

မရေးနိုင်ရင်တော့ ဆိုင်ရာအတန်းပိုင်ဆီမှာ ကျူရှင်တက်ပေါ့။မတက်ရင်တော့ အခြေအနေ သိပ်မဟန်ဘူးလို့ သိရပါတယ်။ပြီးတော့လည်း ဆရာမတွေပာာ ပိုက်ဆံရှိသား၊သမီး နဲ့ ဂုဏ်ရှိတဲ့ သား၊သမီးမျိုးကိုဆိုရင် တော်တော်ဂရုစိုက်ကြတယ်လို့ ဆိုပါတယ်။

ဟိုတုန်းက စေတနာကောင်းတဲ့ ဆရာတွေ ကို တစ်ကယ်လွမ်းမိပါတယ်။

ကျောင်းအပ်တဲ့ အချိန်ဆို ဆရာ၊ဆရာမတွေ လက်ဖျားငွေသီးတဲ့ အချိန်ပါ။

အရင် က နယ်မြို့တစ်မြို့မှာ တာဝန်ကျတုန်းက ၊ ငွေကြေးအဆင်မပြေတဲ့ သူငယ်ချင်းတစ်ယောက်၊ အခု ရန်ကုန်က နာမည်ကြီးကျောင်းမှာ သူငယ်တန်း အတန်းပိုင် ဖြစ်သွားတာ တစ်နှစ်၊နှစ်နှစ် အတွင်း ကို တော်တော် အဆင်ပြေသွားတာ တွေ့ရပါတယ်။

အချို့မိဘတွေ ကလည်းသား၊သမီး ကို ကျောင်းချင်းပြိုင်ကြတာတွေလည်းရှိပါတယ်။

ကျောင်းကောင်းကောင်းထားမှ ၊ မဟုတ်ပဲ လူသာ အဓိကကျတယ်လို့ ထင်ပါတယ်။

မိဘဆိုတာကတော့ ကိုယ့်သား၊သမီးကို အကောင်းဆုံးဆိုတာတွေပဲ ဖြစ်စေချင်တာပါ။

ကိုယ့်အနေအထားနဲ့ တတ်နိုင်တဲ့အခြေအနေ ကိုဖန်တီးမှသာ ကိုယ်တိုင် စိတ်ချမ်းသာမှာပါ။

မည်သူ့ကိုမှ မရည်ရွယ်ပါ။ သူငယ်တန်းအပ်ဖို့ စိတ်ညစ်နေကြရတဲ့ မိဘတွေကို တွေ့လို့ တွေးမိတာလေးရေးကြည့်တာပါ။

 

 

18 comments

  • ဆူး

    April 30, 2011 at 10:04 am

    ပထမဆုံးနေ့မှာကတည်းက ကကြီး ကနေ အ အထိ ရေးဆိုပြီး ဆရာမက ရေးခိုင်းတာတဲ့။အခြားနာမည်ကြီးကျောင်းတွေလည်း ထိုနည်းလည်းကောင်းပါပဲတဲ့။

    မရေးနိုင်ရင်တော့ ဆိုင်ရာအတန်းပိုင်ဆီမှာ ကျူရှင်တက်ပေါ့။မတက်ရင်တော့ အခြေအနေ သိပ်မဟန်ဘူးလို့ သိရပါတယ်။

    သူငယ်တန်း တက်မှာလား တက္ကသိုလ် တက်မှာလား။

  • search123

    April 30, 2011 at 10:17 am

    အဲဒါကြောင့် မိဘတွေက ကလေးတွေကို မဖြစ်မနေ မူကြိုထားနေကြရတယ်။
    ဟိုတုန်းကလို သူငယ်တန်းတက်မှ သင်ပေးတာမျိုးမရှိသလောက်ဖြစ်နေပြီ။မူကြိုမှာကတည်းက သူငယ်တန်းစာသင်နေရတဲ့ ကလေးတွေ ပါ။

  • myamahaythi

    April 30, 2011 at 11:09 am

    ဟုတ်ပါ့နော် …. ဟိုတုန်းက စေတနာကောင်းတဲ့ ဆရာတွေ ကို တစ်ကယ်လွမ်းမိပါတယ် ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 30, 2011 at 11:26 am

    ငွေကြေးတတ်နိုင်သူတွေအတွက်တော့မသိဘူး
    တစ်ချို့ဆိုမိဘတွေကိုယ်တိုင်လည်းဘာစာမှမတတ်ဘူး
    အထူးသဖြင့်အင်္ဂလိပ်စာ
    ဥပမာ ခင်ဗျားတို့ပတ်ဝန်းကျင်မှာရှိတဲ့
    သာမန်ကျောင်းသူကျောင်းသားငယ်လေးတွေကို
    ကိုယ့်ဘာသာ လေ့လာကြည့်ဘို့တိုက်တွန်းပါတယ်
    ငါးတန်းအောင်တဲ့ကလေးတွေကိုပါ ဆယ်ယောက်လောက်ပေါ့
    သူတို့ငါးတန်းကိုအောင်သွားပြီဆိုပါစို့
    သူတို့ရဲ့အင်္ဂလိပ်ဖတ်စာအုပ်ကို
    ကြည့်ပြီးတော့ဆိုခိုင်းကြည့်ပါ
    အလွတ်မဟုတ်ဘူးနော်
    ခင်ဗျားတို့တစ်ခုခုကိုတွေ့လိမ့်မယ်
    ကျုပ်ကတော့ပွဲတွေ့ဗျ
    ဒီလိုဖြစ်လာတာကို ဝေဖန်လိုက်ရင်
    တစ်သီတစ်တန်းကြီးထိခိုက်ရင်
    အောင်ပုလွန်ရာကျမှာဖြစ်ဦးမှာမို့
    စမ်းကြည့်ကြပါ

  • hmee

    April 30, 2011 at 12:06 pm

    အသိတယောက်ရဲ့ ကလေး ကျောင်းအပ်တာ ဆရာမက အိမ်မှာ အဲကွန်းပျက်နေလို့ ပြောတာနဲ့ အလိုက်တသိ ဝယ်ပေးရတယ်တဲ့။ ကလေးမျက်နှာငယ်မှာ စိုးလို့တဲ့။ ပညာရွှေအိုး လူမခိုး ၊ရွှေအိုးရှိမှ ပညာရတဲ့ ဆောင်ပုဒ် အသစ်လေ။

  • Oo Oo

    April 30, 2011 at 3:27 pm

    ဆုတ်ခေတ်ကြီးထဲက..ပညာရဲ့တန်ဖိုးတွေ..မသေးပါလား..ဟရို့

  • bigbird

    April 30, 2011 at 4:00 pm

    ကျွန်တော်သူငယ်တန်းတုန်းက ဆရာမအရမ်းစိတ်ကောင်းတယ်။ ဆရာမ နာမည်က ဒေါ်အေးအေးတဲ့ အခုထိမှက်မိနေတုန်းပဲ …ကျောင်းသားတိုင်းချစ်တဲ့ဆရာမပါ… အခုတော့ သက်ရှိထင်ရှားရှိပါ့အုံးမလားမသိဘူး….
    ၁ဝတန်းအထိ ဆရာ၊ဆရာမတွေကို မမေ့နိုင်သေးပါဘူး…အားလုံးဟာစေတနာစစ်မှန်တဲ့ ဆရာသမားတွေချည်းပါပဲ…
    တစ်ချို့ဆုံးသွားကြပြီးဆိုတဲ့ သတင်းတွေ ကြားရပါတယ်။
    ဘာပဲဖြစ်ဖြစ် ဆရာသမားအားလုံးအား လက်အုပ်ချီမိုးရှိခိုးပါ၏။

  • crazzy

    May 2, 2011 at 1:23 pm

    အခုခေတ် ပြောင်းလဲကုန်ပြီလေ
    ကျွန်တော်တို.တောင် ကျူရှင်မတတ်ရင် မျက်နှာငယ်ရတဲ.ဘဝကို ရင်ဆိုင်ခဲ့ရပါတယ်
    လူကြီးတွေပြောသလို စေတနာဆရာ မဟုတ်ပဲ
    အသပြာဆရာတွေရှိလာတာ ရင်နာစရာပါ
    ပိုက်ဆံရှိမှ ကျောင်းတတ်နိုင်တဲ့ခေတ်ကိုရောက်လာပြီ
    တကယ်စေတနာဆရာတွေရှိပါတယ် ဒါပေမယ်.ရှားကုန်ပါပြီ

  • unclegyi1974

    May 2, 2011 at 3:49 pm

    မကြာမှီအားလုံးကောင်းသွားးပါမယ်
    မျှော်

  • အာဖျံ ကွီး

    May 2, 2011 at 4:08 pm

    တပည့်မရှား .. တပြားမရှိ …
    ပီတိကိုစား .. အားရှိပါ၏ …

    (အဲ … ငါ့နှယ် .. ယောင်ပီးတော့ .. ဒိတ်အောက်နေတဲ့ ဆောင်ပုဒ်ကို ဆိုနေမိပါလားနော် .. ခဲနဲ.အထုခံရတော့မှာဘဲ .. ဟီးဟီးးး)

  • nature

    May 2, 2011 at 11:47 pm

    ဒီပြသာနာတွေကတိမ်မယောင်နဲ့နက် လွယ်မယောင်နဲ့ခက်ပါတယ်၊ အပေါ်ယံဖြေရှင်းယုံနဲ့ မပြေလည်နိုင်ပါဘူး။ အဓိကက အရင်ဆုံးလစာတိုးပေးဘို့လိုပါတယ်၊ လစာတိုးပေးရင်ကုန်ဈေးနှုန်း တွေတက်လာတတ်ပါတယ်၊ လစာကိုလုံလောက်အောင် တိုးပေးဖို့နိုင်ငံဟာလဲ မချမ်းသာပါ၊ နိုင်ငံတော်ကလည်းပြည်သူတွေအတွက်အကျိုးမရှိတဲ့ projet တွေကိုငွေကုန်ခံမလုပ်သင့်ပါ၊ အပြုသဘောဝေဖန်မှုတွေကိုလည်း လက်ခံစဉ်းစားဖို့လိုပါတယ်၊

  • bigcat

    May 3, 2011 at 1:37 am

    ကိုယ့်ခလေးကို ကျောင်းကောင်းကောင်းမှာ အကုန်အကျခံထားတာ ပညာရေးကောင်းဖို့အပြင် လူဝင်ဆံ့ဖို့၊ အပေါင်းအသင်းအဆက်အသွယ်ကောင်းဖို့ လည်းပါတယ်ဗျ။ ကျောင်းကောင်းကောင်းမှာထားရင် ကိုယ်လိုသူလို လူချမ်းသာ၊ အရာရှိ သားသမီးတွေနဲ့ သူငယ်ချင်းဖြစ်တော့ လူသန့်မယ်။ ကိုယ်ကဘာကောင်မှ မဟုတ်လဲ ကိုယ့်ထက်မြင့်သူတွေနဲ့ သူငယ်ချင်းဖြစ်ရမယ်။ သာမန်ကျောင်းတကျောင်းမှာ ထားရင်တော့ ကိုယ်နဲ့တန်းတူ၊ နိမ့်သူတွေပဲ ရှိမှာဆိုတော့ ခလေးရှေ့ရေးအတွက် ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဘယ်လောက်ကုန်ကုန်ဆိုပြီး ကျောင်းရွေးအပ်ကြတာပေါ့ဗျာ။
    နယူးယောက်မှာလည်း ကျောင်းတွေကောင်းရင် ကောင်းသလို အိမ်ခန်းဈေးတွေကြီးတယ်။ အထက်တန်းအောင်တဲ့အထိက ကိုယ်နေထိုင်ရာလိပ်စာဝင်တဲ့ ကျောင်းတွေမှာသာ တက်ခွင့်ရှိလို့ အိမ်လိပ်စာပေါက်တဲ့ ကျောင်းကနာမည်ကြီးရင် ကြီးသလို ဈေးမြင့်တယ်။ လူလွတ်ကြတော့ ကျောင်းအစား အလုပ်နဲ့နီးတာတို့၊ ရထားစတေရှင်နဲ့ နီးတာတို့ကို ရွေးတာပေါ။
    စကားစပ်လို့ ကျနော်တက်ခဲ့တဲ့ အထက်တန်းကျောင်းက မြန်မာပြည်မှာ အခုအချိန်ထိ ထိပ်ဆုံးကပဲ။
    ………… ကချင်ပြည်နယ် ပူတာအိုမြို့နယ် အထက်တန်းကျောင်းလေ… 😀

  • weiwei

    May 3, 2011 at 3:38 am

    ကျွန်မကတော့ ကလေးကို ကိုယ်နဲ့အလှမ်းမြင့်တဲ့ကျောင်းမှာထားတာကို သဘောမကျပါဘူး … ကိုယ့်ထက်ချမ်းသာတဲ့ ပိုရာထူးကြီးတဲ့ ပိုတော်တဲ့ကလေးတွေကြားထဲမှာသွားထားရင် ကလေးက အလိုလိုနေရင်း စိတ်အားငယ်ရောဂါနဲ့ မပျော်ဘဲကျောင်းတက်နေရလိမ့်မယ် … တန်ရာတန်ရာ ကျောင်းမှာထားလိုက်တော့ ကလေးလဲစိတ်ချမ်းသာ မိဘလဲအဆင်ပြေတယ် …

  • mgbahlaing

    May 3, 2011 at 5:32 am

    မဝေ ပြောတာ မှန်သည်။ ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ရုံပဲ ကောင်းသည်။ nature ပြောသလို ဒီပြဿနာ
    မျိုးတွေက မလွယ်။ အရင်းစစ်တော့ ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ဆိုတာမျိုး။ ဖြေရှင်းဖို့ကျတော့
    လည်း ဂျာအေး သူ့အမေ ရိုက်နေသလိုမျိုး ဖြစ်နေလိမ့်မည်။

  • moethidasoe

    May 3, 2011 at 10:40 am

    ကျောင်းကောင်း ဆိုတာ ဘာကို ဆိုလိုသလဲ ဆိုတာကို မိဘတွေ ခွဲခွဲခြားခြား သိဖို့ လိုတယ် ..
    ကိုယ့်ကလေးက ဘယ်ကျောင်းနဲ့မှ အဆင်ပြေမလဲ ဆိုတာကိုလဲ သိဖို့ လိုတယ် ..
    ကိုယ့် ဘတ်ဂျက်က ဘယ်ကျောင်းမှာမှ ပေးနိုင်မှာလဲ ဆိုတာကိုလဲ သိဖို့ လိုတယ် ..။
    ငါ့ကလေးကလေ .. (××××) ကျောင်းမှာအေ့ .. ဝိုင်း ထားတာက ဘယ်လောက် .. ဂိုက် ထားတာက ဘယ်လောက် ဆိုတဲ့ အသိုင်းအဝိုင်းနားမှာ နားယောင်တဲ့လူတွေကိုတော့ သနားတယ် ..
    တကယ်က ကိုယ့်ကလေးရဲ့ အခြေအနေကိုလဲ အကဲခတ်ဖို့ သင့်တယ် ..
    တို့ ကလေးတွေကိုတော့ အိမ်နားက ကျောင်းမှာပဲ ထားတယ် .. ဒါတောင် အဲဒီကျောင်းက ခြောက်ဘာသာ ဂုဏ်ထူးတွေ ထွက်ခဲ့ဖူးတယ် (အခုတော့ မဟုတ်ပါ)

  • မမလေး

    May 4, 2011 at 1:31 pm

    တို့ကျောင်းက ဆရာမ ဒေါ်ခင်လုံထွန်းဆို ဘက်လည်းမလိုက်ဘူး … စေတနာလည်းကောင်းတယ် ။ လက်ရေးလည်း ဝိုင်းစက်နေတာပဲ … ကလေးတွေ မသင့်မြတ်လို့ မိဘကလာတိုင်ရင် တိုင်ခံရသူရော တိုင်တဲ့ဘက်ကိုရော တစ်ယောက် တစ်ချက်ဆီ ကြိမ်လုံးနဲ့ နာနာရိုက်တာ … အေးရော နောက်ခါမိဘတွေ စာရင်းလာမရှုပ်တော့ဘူး …

  • eros

    May 4, 2011 at 1:41 pm

    ဆရာမတွေက အခု ကျောင်းမှာ အေးဓမြတိုက်နေကြတယ်။

  • အရိပ်စစ်

    April 8, 2013 at 1:49 am

    မှတ်မိနေသေးတယ် ပထမတုန်းက စာမေးပွဲဖြေကြတဲ့နေ့
    မိုအို ( အဘွား ) အိမ်က အပြန် ကျောင်းက ဆရာမနဲ့ တွေ့တော့ ထမင်းက စားရသေးဘူး
    ဆရာမက ထန်းညှက်ရည်ဆမ်းထားတဲ့ မုန့်ကြွပ်လေး နှစ်ချပ်ကျွေးပြီး အိမ်ပြန်မလွှတ်တော့ပဲ
    ကျောင်းကို တန်းလွှတ်ပီး စာမေးပွဲဖြေခိုင်းတာ အခုထိ သတိရနေတုန်းပဲ

Leave a Reply