ခင်ဗျားတို ့က ရဲတွေပဲ…လုပ်ပေါ့ဗျာ (၂)
အဲဒီတော့ လက်ဝယ် သက်တမ်းရှိသေးတဲ့ Passport ကိုင်ဆောင်ထားသူတွေက သတင်းစာမှာ ဖော်ပြထားတဲ့ Phone နံပါတ်ကို ဆက်သွယ် မေးမြန်ကြတော့
စာမေးပွဲ ဖြေဆိုချိန်မှာ ရိုးရိုး passport ပဲ ဖြစ်ဖြစ် e passport ပဲ ဖြစ်ဖြစ်သက်တမ်းရှိနေသေးရင် ဖြေဆိုနိုင်ပါတယ်လို ့ပြောပါတယ်။
စာအုပ် သက်တမ်းမရှိတော့တဲ့ သူတွေ နဲ ့ စာအုပ် မလျှောက်ရသေးတဲ့ သူတွေဟာ ဖြေဆိုခွင့် မရတော့ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။
အကြောင်းအရာ တစ်ခုကို တရားဝင် ထုတ်ပြန်ရာမှာ တိကျတဲ့ အချက် အလက်တွေ ဆောင်ရန် ရှောင်ရန်နဲ ့ လိုအပ်တာတွေကို ဖော်ပြခဲ့သင့်ပေမဲ့
အခြေအနေ ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေခြင်းဟာ ပြည်သူတွေကို အရမ်း ဒုက္ခ ရောက်စေပါတယ်။ ဒါဆိုရင် လုပ်စရာနည်းလမ်းက ရွေးချယ်
စရာ သိပ်မရှိပါဘူး။ မသမာတဲ့ နည်းလမ်းနဲ ့ Passport စာအုပ်တွေကို အမြန် သက်တမ်းတိုးတော့ပါမယ်။ လျှောက်ထားဆဲ စာအုပ်တွေကို လည်း
၆ လပိုင်း စာမေးပွဲ မတိုင်ခင် အမြန်နည်းနဲ ့ ဆွဲထုတ်တော့ပါမယ်။ သဘောက အဲဒီလို လုပ်စေချင်လို ့ အဲဒီလို လုပ်လိုက်တာလားလို ့မေးခွန်းထုတ်စရာပါ။
ရုံးထဲကို ပွဲစားတွေ ဝင်လို ့မရတော့ပါဘူး။ ပွဲစားကို အပ်လည်းပဲ ကိုယ်တိုင်ပဲ အကုန်လုပ်ရတာပါ။ ငွေကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။
မိတ်ဆွေ တစ်ယောက်က ပွဲစားစိတ်မချလို ့ ကျားကြောက်လို ့ ရှင်ကြီးကို သွားကိုးပါတယ်။ ရှမ်းပြည်မှာ နေတဲ့ အမျိုးသမီး (မိန်းမဖက်က အမျိုး)
တွေ ဘုရားဖူးသွားမလို ့ လုပ်တော့ စာအုပ်တွေက သက်တမ်းမရှိတော့ပါဘူး။ အသက်ကလည်းကြီး ရှမ်းပြည်နဲ ့ရန်ကုန်ကို စာရွက်စာတမ်းတွေ အတွက်
သွားလိုက်လာလိုက် လုပ်ဖို ့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာပါ။ ဒါနဲ ့ သူတို ့တူမရဲ ့အမျိုးသား ကျွန်တော့် မိတ်ဆွေ လက်ကိုပဲ အပ်ရတော့တယ်။
သူက ရုံးထဲက အပွင့်တပ်ထားသူ တစ်ယောက်ကို အပ်ပါတယ် အရပ် အခေါ် ရ ပုလင်းနဲ ့ ရ x ၂ = ၁၄ ပုလင်းတောင်းပါတယ်။
အစောပိုင်းကပြောသလိုပါပဲ ။ အစအဆုံး ကိုယ်ကိုယ်တိုင်ပဲ လုပ်ရပါတယ်။ သူ ့ကို ရုံးထဲမှာ သွားနှုတ်ဆက်ရင်တောင် မသိချင်ယောင်ဆောင်နေပါတယ်။
မသိတာရှိလို ့သွားမေးလိုက်ရင် ဘာတွေ လာပြောနေတာလဲ အလုပ်ရှုပ်ရတဲ့ အထဲ ဆိုပြီး မောင်းထုတ်ပါတယ်။
မိတ်ဆွေက အကို ကျွန်တော့်ကို မမှတ်မိဘူးလားလို ့မေးတော့ ကိုယ်တို ့ကိ လူအများကြီးနဲ ့ ဆက်ဆံနေရတာကွ ဆိုပြီးပြောပါတယ်။
မသမာတဲ့ နည်းလမ်းနဲ ့ လုပ်ကိုင်စားသောက်သည်ဖြစ်ပါစေ ငွေကြေးလက်ခံပြီးရင် ဆားဗစ်တော့ ပေးရပါမယ်။ အခု ဟာက ပေါ်တင် လိမ်ယူလိုက်သလိုပါ။
သူ ့ရဲ ့နာမည်နဲ ့ Phone နံပါတ် ကို မှတ်တမ်းယူထားပါတယ်။ ရှင်ကြီးထက်ပိုကြီးတဲ့ ရှင်ကြီးရှိပါတယ်။ ပြည်ထဲရေးကပါ။ သူနဲ ့ တိုက်ရိုက် ဆက်သွယ်လို ့မရပါဘူး။
သူ ့ရဲ ့ Assistant နဲ ့ပဲ ဆက်သွယ်ရပါတယ်။ ကြာချိန် တလဆိုရင် တလပြည့်ဖို ့ တပတ်အလိုမှာ ထုတ်ရင် ရ ပုလင်းပါ။ ပိုစောစောလိုချင်ရင်တော့ ကြေးပိုကြီးပါတယ်။
၅ ယောက် တခါ လှုပ်ရှားပေးပါတယ်။ ဆိုတော့ လူငယ်တွေ ဘာလုပ်မလဲ။ ဘာလုပ်သင့်လဲ စဉ်းစားပါ။ ဘာလဲ ဘယ်လဲ ဆိုတာက မြင်သာထင်သာ အရှင်းကြီးပါ။
ဒီတစ်ခေါက် စာမေးပွဲကို လက်လွတ်ခံလိုက်လဲ နောက်ထပ် ရှိပါသေးတယ်။ Phone တို ့ Car တို ့ ချပေးသလို လှည့်ကွက်တွေကို ဗားရှင်း အသစ်နဲ ့လုပ်တာကို
သဘောပေါက်သင့်ပါပြီ။ အရင်က phone တစ်လုံး ၄ဝ လောက် ပေးရပေမဲ ့ အခု ၅ သိန်းပဲ ပေးရတယ်။ မလောပါနဲ ့ ။ သူခိုးအားပေး လှည့်ကွက်ထဲကို မဝင်မိပါစေနဲ ့။
အေးအေးဆေးဆေး ပုံမှန်ပဲ သက်တမ်းတိုးစေချင်ပါတယ်။ ဒီစာမေးပွဲကို ဒီအသုတ်မှာ ဖြေလိုက်လို ့လဲ သွားလို ့ရတာ မဟုတ်သေးပါဘူး။