မဖြစ်နိုင်တာ မရှိပါ
(ကာလ ကြာညောင်းသော်လည်း ယနေ ့တိုင် မဟောင်းသေးသည့် ဆိုဗီယက် ခေတ် ဟာသ)
ဂျော်ဂျီယာ ပြည်နယ် ရွာကလေး တစ်ရွာ မှ အဘိုးကြီး ဂေါ ်ဂီ မော်စကို သို ့သုံးရက်ကြာ ခရီး ထွက်မည် ဖြစ်၍ ဘူတာရုံ တွင် လိုက်ပို ့သူများနှင့် စည်ကားနေသည် ။ လိုက်ပို ့သူများ အထဲက တစ်ယောက် က ပြောသည် ။
” အဘိုး ဂေါ ်ဂီ ၊ မော်စကို ရောက်ရင် ဘော်လ်ရွိုင်း ဇာတ်ရုံ မှာ ဘဲလေးက ကြည့် ဖြစ်အောင် ကြည့်ခဲ့စမ်းပါ ။ နောက်တော့ ဒူဘလွန်းကာ (သိုးသားရေ နှင့် လုပ်ထားသည့် ဆောင်းဝတ်ရုံ) တစ်ထည် ကို ဖြစ်တဲ့နည်း နဲ ့ရအောင် ဝယ်ခဲ့ပါ ။ အဲ ပြီးတော့ လီနင့် ဗိမာန် ကို သွားပြီး အလုပ်သမား လူတန်းစား ရဲ ့ခေါင်းဆောင်ကို ဂါဝရ ပြုခဲ့ပါ ။ ခေါင်းဆောင်ကြီး ရဲ ့ရုပ်ကလာပ် ကို ဆေးစီရင် ပြီး မှန်ပေါင်းချောင် မှာ ထည့်ထားတယ် ဆိုပဲ ။ အဲဒီ သုံးခု ကို လုပ်နိုင်ခဲ့ မှ မော်စကို ကို သွားရကျိုးနပ် မှာနော် ”
” အဲဒါ ဆို မဖြစ်မနေ လုပ်ရတာပေါ့ ငါ့တူ ရာ ”
အဘိုးကြီး ဂေါ ်ဂီ မော်စကို သို ့ရောက်လာသည် ။ ပထမနေ ့တွင်ပင် ဘော်လ်ရွိုင်း ဇါတ်ရုံ သို ့သွားတယ် ။ လက်မှတ်ရောင်း ဌာန တွင် ထိုင်နေသော အမျိုးသမီးငယ် ကို ပြောသည် ။
” သမီးရယ် ။ ဒီနေ ့ညကမယ့် ‘ ငန်းတို ့ပျော်ရာ ရေကန်သာ ‘ ဘဲလေးက အတွက် လက်မှတ်တစ်စောင် ရောင်းပါကွယ် ”
အဘိုးကြီး ကို ‘ ရူးနေသလား ‘ ဆိုသည့် မေးခွန်းကို မေးသည့် အမူအရာဖြင့် အမျိုးသမီး က ကြည့်လိုက်ပြီး ပြောသည် ။
” မဖြစ်နိုင်ဘူး အဘိုး ၊ ဘော်ရွိုင်းက ဘဲလေးအက ကို ကြည့်ချင်ရင် လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက လက်မှတ် ကို ကြိုဝယ်ထားရတယ်ရှင့် ၊ လက်မှတ်တစ်စောင်မှ မကျန်တော့ဘူးရှင့် ”
အိတ်ထဲက ငွေစက္ကူများ ကို အဘိုးကြီး ထုတ်လိုက်သည် ။ တစ်ရာ တန် တစ်ရွက် ကို ကောင်မလေး ၏ ရှေ ့ထိုးပေးလိုက်သည် ။
” ဒါ သမီးကိုယ်တိုင် ကြည့်ဘို ့။ (နောက်ရာတန် တစ်ချပ် ကို ထပ်ထုတ်ပြီး) ဒါကတော့ အဘိုး အတွက် ”
အမျိုးသမီးသည် ပိုက်ဆံ နှစ်ရွက် ကို ခပ်မြန်မြန်လေး ယူလိုက်ပြီး အဘိုးကြီး ကို လက်မှတ်တစ်စောင် ထုတ်ပေးလိုက်သည် ။ ထိုနေ ့ည အဘိုးကြီး ဘဲလေးအက ကြည့်လိုက်ရသည် ။
ဒုတိယ ရက် ။
ရင်ပြင်နီ ရှေ ့ရှိ ‘ ဂွမ်း’ စတိုးဆိုင်ကြီး သို ့သွားသည် ။ အရောင်းစာရေးမလေး တစ်ယောက်အနားသို ့ကပ်သွားပြီး အဘိုးဂေါ ်ဂီ ပြောသည် ။
” သမီးရယ် ။ အဘိုး အတွက် ဒူဘလွန်းကာ တစ်ထည် ရောင်းပါကွယ် ”
ပြူးကျယ်သော မျက်လုံးများဖြင့် အဘိုးကြီး ကို ကြည့်ပြီး စာရေးမ ပြောတယ် ။
” ဒူဘလွန်းကာ ဆိုတာ အင်မတန် ရှားပါး တဲ့ ပစ္စည်းရှင့် ၊ ပြီးတော့ ဈေးကလည်း အင်မတန် ကြီးတယ် ၊ ကျွန်မ တို ့ဆိုင် မှာ မရှိပါဘူး ”
အဘိုးကြီး ငွေစက္ကူများ ကို အိတ်ထဲ က ထုတ်လိုက်သည် ။ ရူဘယ် ၁၅၀ဝ ကို စာရေးမ ၏ လက်ထဲ သို ့ကမ်းပေးလိုက်သည် ။
” အဲဒါ သမီး ဒူဘလွန်းကာ ဝယ်ဝတ်ဖို ့။ (နောက်ထပ် ၁၅၀ဝ ထုတ်ပြီး) ဒါကတော့ အဘိုးအတွက် ”
ပိုက်ဆံတွေ ကို အမျိုးသမီး ဖြတ်လတ်စွာ ယူလိုက်သည် ။
” နေဦး အဘိုး ၊ ကျွန်မ အခု ပြန်လာခဲ့မယ် ”
ကောင်မလေး ဆိုင်နောက်ကို ထွက်သွားသည် ။ မကြာမှီ ဒူဘလွန်းကာ တစ်ထည် ပိုက်ပြီး ပြန်ထွက်လာသည် ။ အဘိုးကြီး ဂေါ ်ဂီ ဒူဘလွန်းကာ တစ်ထည် ရလိုက်ပြီ ။
ကိစ္စ သုံးခုမှာ နှစ်ခု ပြီးသွားပြီ ။ ခေါင်းဆောင်ကြီး ကို ဂါရဝ ပြုဘို ့ပဲ ကျန်တော့တယ် ။ ကနေ ့အချိန် မရှိတော့ ။ မနက်ဖြန် ညနေ ဘူတာ မဆင်းခင် ပြီးအောင် လုပ်ရမယ် ။
မနက် ကိုးနာရီတိတိတွင် ဆိုင်ဖွင့်သည် နှင့် ကုန်စုံဆိုင်ကြီး မှာ အဘိုးကြီး ဂေါ ်ဂီ နာမည်ကြီး ကော့ညက် အရက် ဆယ်ပုလင်း ဝယ်လိုက်သည် ။ ပုလင်းတွေ ကို လက်ဆွဲအိတ်ထဲ ထည့်ပြီး ဗိမာန်ရှိရာ ရင်ပြင်နီဘက် သွားသည် ။ ဂါရဝ ပြုရန် တန်းစီ စောင့်နေကြသည့် လူတန်းကြီးသည် ၂ မိုင် နီးပါးလောက် ရှည်လျားနေသည် ။ ဘိုးဂေါ ်ဂီ လူတန်းကို စွေကြည့်လိုက်ပြီး ဗိမာန် ရှေ ့တည့်တည့် ကို ချီတက် သွားသည် ။ ဗိမာန် ၏ အဝင်ပေါက် တွင် သတိအနေ အထားဖြင့် ရပ်ပြီး စောင့်ကြပ်နေကြသည့် စစ်သားနှစ်ယောက် အနက် တစ်ယောက် ၏ ဘေးနားတွင် အရက်အိတ် ကို ချလိုက်သည် ။ အိတ် ကို အလုံပိတ်ထားခြင်း မဟုတ် ။ ထို ့ကြောင့် အစောင့် စစ်သား က မသိမသာ လှမ်းကြည့်လိုက်သော အခါ ပုလင်းတွေ ကို အထင်အရှား မြင်နေရသည် ။
အဘိုး ဂေါ ်ဂီ စစ်သားလေး ကြားရုံ ပြောသည် ။
” သားရယ်… အဘိုး က နယ်ကလာတာပါ ။ ဒီနေ ့ညနေ ပဲ ပြန်ရမှာပါ ။ မပြန်ခင် ခေါင်းဆောင်ကြီး ကို ဂါရဝ ပြုချင်လိုက်တာကွယ် ။ စောင့်နေတဲ့ လူတန်းကလည်း ရှည်လွန်းလှတယ် ။ အဘိုးကို ကူပါလားကွယ် ။ ဂါရဝ မှ မပြုရရင်တော့ အဘိုး အပြန်ဖြောင့်မှာ မဟုတ်တော့ဘူး ”
အရက်အိတ် ကို အစောင့်စစ်သား မသိမသာ ထပ်ကြည့်သည် ။ ထို ့နောက် တစ်ဘက်လူ ကြားရုံ ပြန်ပြောသည် ။
” အဘိုး ကိုယ်တိုင် ဝင်ကြည့်မှာလား ။ ဒါမှ မဟုတ် ကျွန်တော်တို ့ထုတ်ယူ လာရမလား ”
(မှတ်ချက် ။ ။ မောင်ကောင်းထိုက် နှီးပဒေါ ၏ ဟာသပဒေသာ အမှတ် ၁၆ မှ ကူးရေးသည်)