Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂေဇက် ရွာသူရွာသားများ တွေ့ဆုံပွဲလေး ကျင်းပပြီးစီးခြင်း

etoneJune 14, 20111min61821

ဒီညတော့ စောစာအိပ်မယ် စိတ်ကူးထားတယ်…… မနက်ဖြန် တနင်္ဂနွေနေ့လေ  ၊ ပိတ်ရက်ပေမဲ့ မနားရပါဘူး အလုပ်ကလည်းရှိလို overtime သွားပေးရမှာ … ။ မအိပ်ခင် စာဖတ်တတ်တဲ့ အကျင့်ရှိတာမို့ ဂျာနယ်တစောင်ကို … အိပ်ယာထဲမှာလှဲလျောင်းဖတ်ရင်း…….

%%%%%%%%%%%%%

” အာ ဒုက္ခပါပဲ…. ငါညက စာဖတ်ရင်း အိပ်ပျော်သွားတာပါလား …. ဒီနေ့ ရွာသူ၊ရွာသားတွေနဲ့ ချိန်းထားတာပဲ … ။ဂေဇက်က ဘော်ဒါတွေနဲ့ ချိန်းထားတာပဲ … ။ မေ့နေလိုက်တာ … ။ ”

” ဘယ်မှာတဲ့… တော်ဝင်စင်တာမှာလား … ၊ မဟုတ်ပါဘူး Moon မှာပါ… ။ မဟုတ်ပါဘူး …. မြေနီးကုန်းမှာပါ … ။ ရုံးကလည်း အရေးကြီးလို့သွားပေးရဦးမယ်… ဘော်ဒါတွေနဲ့လည်း ချိန်းထားတာမို့ ပျက်ကွက်လို့ကလည်း မဖြစ်ဘူးလေ.. ။ ဒုက္ခပါပဲ… ငါတို့ ဘယ်နားမှာ ချိန်းမိပါလိမ့်….. ။ ရှုပ်ပါတယ်  ရုံးမသွားတော့ဘူး … အလုပ်ချိန်မှမဟုတ်ပဲ ပစ်ထားလိုက်ဦးမယ်…။ နေရာအတွက်… ဆူးဆီ ဖုန်းဆက် ဦးမယ် … ။ ”

” xxxxxx ” ” အော် အင်း .. ဟုတ်ပြီ ဟုတ်ပြီ အဲ့ဒီနေရာနော် …. ဆယ့်နှစ်နာရီလား လာခဲ့မယ် စောင့်နော် … ”

လူစုံအောင် ဘော်ဒါတွေထဲက လက်လှမ်းမီသလောက်လူတွေကို remind လုပ်ရဦးမယ် … အာဖျံကွီးနဲ့ နွယ်ပင်ကိုလည်း ဖုန်းဆက်မယ်…. ။

“xxxx ”

“xxxx ”

“အင်း အင်း လာခဲ့ကြနော် … သေချာ စောင့်နေမှာ ဟိုမှာ လူရှာမရလည်း ဖုန်းဆက်လိုက်လေ… ။ ”

“ဟိုက်… အာရွှီူးကောင်းနေတာနဲ့ … အချိန်တွေတော်တော်ကုန်သွားပါလား … ရေချိုးဦးမှပဲ တော်ကြာမမှီပဲနေဦးမယ်… ။ ” ထိုစဉ် ဖုန်းသံ မြည်လာပြန်သည်…

အော …ကိုယ်တော်ချော eros ပါလား အတော်ပဲ … သူ့ကိုလည်း remind လုပ်ဦးမှ …

“အင်း… လာမယ်ဟုတ်လား … ဒါဆိုလည်း ဟိုမှာပဲ စောင့်နော် … ”

“အစိမ်းရောင်ဝတ်လာမယ်လား … အင်း ကြည့်နေလိုက်မယ်လေ ..”

%%%%%%%%%%%%%%%%%

ဆယ့်ငါးမိနစ်ပဲလိုတော့ပါလား … ကားကလည်း ငှားလို့မရသေးဘူး … ဒုက္ခပါပဲ… ။

အန်ကယ်ဖက်က ဟိုဘက်ရပ်ကွက်မှာ နေတာ …သူရော တွေ့ဆုံပွဲသွားမလား မသိဘူး … ဖုန်းဆက်ကြည့်ဦးမှပဲ … ။

” သွားမယ် ဟုတ်လား… မြို့ထဲက လာမှာ ဟုတ်လား … ဟလို မကြားရတော့ဘူး .. ဟလို … ”  အရေးကြောင်းဆိုလျှင် ဖုန်းများက သုံးစားမရတော့ချေ… ။

ထပ်ခေါ်ဦးမှ … ” အန်ကယ်ဖက် … ကြားလား …. ၊လိုင်းသိပ်မကောင်းဘူးနော်…။ ကြားရလာ … ဟလို…

… အခုဘယ်နားမှာလဲ… နီးလျှင် ဒီဘက်လမ်းက ဖြတ်ပါလား … အတူသွားကြတာပေါ့ … ။ ”

%%%%%%%%%%%%%%%%%%

” လာလာ … အန်ကယ်ဖက် …ဟို အုပ်စုက ဂေဇက်က ရွာသူ၊ ရွာသားတွေ ဖြစ်မယ်… ”

“xxxx” အန်ကယ်ဖက်ရေ မဟုတ်ဘူးတဲ့… ။ ဖုန်းဆက်ဦးမယ် … ။

ကွီး … “xxxxx”  ရောက်နေပြီလား…. အင်း  အဲ့ဒီနေရာကနေ ညာဘက်ကို လာခဲ့ ဘေးမှာ ဆိုင်ရှိတယ်… ။ ဆူးနဲ့ရော တွေ့ပြီးပြီလား … နွယ်ပင်လည်း အဲ့ဒီနားကနေ လူပျောက်နေလို့တဲ့ ….. ။ဟုတ်ပြီ ဟုတ်ပြီ ရှာပြီး လာခဲ့နော်… ။

eros ကလည်း မလာသေးပါလား အန်ကယ်ဖက်ရဲ့….

အော ပြောရင်းဆိုရင်း ဟိုမှာ လာနေတဲ့ အစိမ်းရောင်နဲ့က eros ထင်တယ်… ။ မမြင်ဖူးပေမဲ့ ပြုံးပြလိုက်ဦးမှ အဟဲ .. ။

eros လား … ။ ဟုတ်တယ်တဲ့ ….. ဝမ်းသာစရာပဲ အဟီး … ။ မဝေရော အဆက်သွယ်ရလား ခရီးထွက်တယ်တဲ့လား … ဟုတ်ပါပြီ ဟုတ်ပါပြီ … ။

ကဲလာလာ အန်ကယ်ဖက်ရေ…. ဟိုသုံးယောက်နဲ့ ဆုံဖို့ ဘေးက ဆိုင်ကိုသွားကြရအောင် …. ။

ဟိုချောချောကောင်မလေး သုံးယောက်က ကွီး၊ ဆူးနဲ့ နွယ်ပင်ဖြစ်မယ်ထင်တယ်….ရယ်ပြနေတယ် ၊ eros သူတို့ကို မြင်ဖူးလား … ။ မမြင်ဖူးလည်း ရယ်ပြလိုက်လေ ဟီးဟီး…

ဟော … ပြန်ရယ်ပြနေတယ်…သူတို့သုံးယောက်ပဲဖြစ်မယ်… ။ အောင်မလေး ပျော်လိုက်တာနော်… တွေ့ဆုံပွဲလေးတော့ အထမြောက်သွားပြီ… ။ ပြေးပြီး နှုတ်ဆက်ဦးမှပဲ … ။

%%%%%%%%%%%%%%

အပျော်လွန်နေသော etone တယောက် ကတ္တရာလမ်းပေါ်မှ ရေဗွက်အိုင်ကို မမြင်ပဲ ဖင်ထိုင်ရက်ချော်လဲလေတော့သည်… ။

%%%%%%%%%

အင့် … နာလိုက်တာ ကျွတ်ကျွတ်… ရေတွေ စိုကုန်ပြီလားမသိဘူး… ။ ရှက်ရှက်နှင့် ကုန်းထမယ် အလုပ်… ။

ဟဲ့ သမီး .. အိပ်မက်မက်ပြီး …ကုတင်ပေါ်က ပြုတ်ကျတာ ဘာတွေ ယောင်နေတာလဲ  …. ။ ညက  စာဖတ်ရင်း အိပ်ပျော်သွားတာ ဘုရားမရှိခိုးဘူးမို့လား … ဒါကြောင့် ဖြစ်တာ … ။ ရုံးနောက်ကျနေဦးမယ် …. မြန်မြန်လုပ်ပြီးသွားလိုက်ဦး ဆိုသော အသံနှင့် အတူ ကျွန်မတို့ ဧ။် တွေ့ဆုံပွဲလေးသည် …. အိပ်မက်ထဲတွင်သာ ပျောက်ကွယ်သွားတော့သည်… ။

21 comments

  • hmee

    June 14, 2011 at 10:32 am

    စိတ်ကူးက တကယ်ကောင်း။ တုံမမကတော့ ဒီလို အရေးအသားတွေ သိပ်ဖြစ်နော်။

  • ဆူး

    June 14, 2011 at 1:09 pm

    အိမ်မက်ထဲတောင် ဆူး ပါနေပါကောလား.. ဆူး က အစားပုတ်တယ်နော်.. တော်ယုံ ဆို ရဘူး အများကြီးစားမှာ.. စိတ်ကူး ရှိမှတော့ စပွန်ဆာ စားသောက် ကုန်ကျ စရိတ် သဂျီး ဆီက အတိအလင်း ပေးမယ် ကြေညာထားတယ်။

  • weiwei

    June 14, 2011 at 1:21 pm

    အီးတုံး အိမ်မက်ထဲမှာတောင် ခရီးသွားနေရပါလားနော် …
    နောက်တစ်ခါ အိမ်မက်မက်ရင် ထည့်မက်ပေးနော် …

    • etone

      June 15, 2011 at 1:43 am

      မဝေ ခရီးသွားနေသည်လိုမျိုး ဇာတ်လမ်းလေးရေးပါဦး ။ 😛

  • fatty

    June 14, 2011 at 1:23 pm

    အဲလိုမရွှီးနဲ့လေ .. ကိုအောင်ပုလား ကိုကြောင်ကြီးလား ပြောဘူးတယ် US$ 50 တော့မျှမယ်တဲ့

    ကဲကဲ ..အမှန်အတိုင်းပြောချင်ပြော မပြောရင် သက်သေ ထုတ် ပြီးတရားရုံးတက်မယ် …..

  • shweminthar

    June 14, 2011 at 11:57 pm

    အပျော်လွန်နေသော etone တယောက် ကတ္တရာလမ်းပေါ်မှ ရေဗွက်အိုင်ကို မမြင်ပဲ ဖင်ထိုင်ရက်ချော်လဲလေတော့သည်… ။

    %%%%%%%%%

    အင့် … နာလိုက်တာ ကျွတ်ကျွတ်… ရေတွေ စိုကုန်ပြီလားမသိဘူး… ။ ရှက်ရှက်နှင့် ကုန်းထမယ် အလုပ်… ။

    ဟဲ့ သမီး .. အိပ်မက်မက်ပြီး …ရှုရှုးတွေ ထွတ်ကျကုန်ပါရောလား…

    ဟဲဟဲ အိမ်မက်ထဲမှာရေတွေစိုကုန်လို့ အပြင်မှာရှုရှုးထွတ်သွားတာ…..

    ညက စာဖတ်ရင်း အိပ်ပျော်သွားတာ ဘုရားမရှိခိုးဘူးမို့လား … ဒါကြောင့် ဖြစ်တာ … ။ ရုံးနောက်ကျနေဦးမယ် …. မြန်မြန်လုပ်ပြီးသွားလိုက်ဦး ဆိုသော အသံနှင့် အတူ ကျွန်မတို့ ဧ။် တွေ့ဆုံပွဲလေးသည် …. အိပ်မက်ထဲတွင်သာ ပျောက်ကွယ်သွားတော့သည်… ။

    စိတ်ဆိုးရဘူးနော်…..

  • MaMa

    June 15, 2011 at 2:16 am

    ဂေဇက် ရွာသူရွာသားများ တွေ့ဆုံပွဲလေး ကျင်းပပြီးစီးခြင်း- ဆိုတော့ ရေခဲရေဖိုး ပေးမယ်ပြောထားတာရှိတယ်လေ။ ရပြီးပြီလား။

  • နွယ်ပင်

    June 15, 2011 at 3:10 am

    ဇာတ်လမ်းလေးရော ရေးထားတာပါကောင်းပါတယ် ဒါပေမယ့် အိမ်မက်ဖြစ်နေတယ်နော် ..တကယ်ဆို သိပ်ကောင်းမှာပဲ 😛

  • အာဖျံ ကွီး

    June 15, 2011 at 3:53 am

    အိမ်မက်မက်တာပဲ .. ဟို moon ဆိုတဲ့ကလေးကို ထည့်မက်လိုက်ရင်ပီးရော … သူ.ခမျာ ခင်ချင်နေရှာတာ ..

    အလကား !!! ..
    ချိန်းရင်မလာမှာ သေချာတဲ့သူတွေကိုပဲ အိမ်မက်ထဲထည့်မက်နေတယ် .. အီးတုံးကတော့ .. ဟဲဟဲဟဲ

    • meelay

      June 15, 2011 at 6:21 am

      moon ထိုင်နေတဲ့ ဆိုင်ထဲကို မရောက်ခင် ကုတင်ပေါ်ကနေ ပြုတ်ကျလိုက်လို့ပါ ကွီးလေးရယ် …. 😀

  • Yin Nyine Nway

    June 15, 2011 at 4:16 am

    မိုက်တယ်ဗျာ…ဇာတ်လမ်းလေးက
    ယဉ်ငြိမ်းနွေးက တကယ်ထင်နေတာ
    သွားပြီ ရွာထဲမဝင်တာကြာ လို့ ငါတော့ ကျန်ခဲ့ပြီအောက်မေ့တာ
    တကယ် မိုက်တယ် ဇာတ်လမ်းက

    • etone

      June 15, 2011 at 7:54 am

      နောက်တခါ အိပ်မက်မက်ရင် ရင်ငြိမ်းနွေးကိုပါ ထည့်မက်ပေးမယ် အဟီး …. ။ 😛 ချော်လဲလို့ လာထူတဲ့လူတွေ နေရာမှာ ရေးမယ် … ။ 😀 😀

  • cobra

    June 15, 2011 at 9:45 am

    တကယ်မဟုတ်တာဆိုးတာပဲ..။

  • ဆူး

    June 15, 2011 at 1:43 pm

    ဆူးလည်း ပိုစ် တင်နေတာ မနေ့က လိုင်းမကောင်းလို့.. မတက်နိုင်ရှာသေးဘူး။

  • bigcat

    June 17, 2011 at 4:59 am

    အဲဒီတုန်းက ကြောင်တကောင် အနားမှာ ယောင်လည်လည် လုပ်နေတာ မတွေ့လိုက်ကြဘူး မဟုတ်လား…

    • king

      June 17, 2011 at 8:01 am

      အဲဒီကြောင်ကို ဘုရင်တစ်ပါးလိုက်မောင်းနေတာရော ကျန်သွားတယ် ထင်တယ်
      😛

      • etone

        June 17, 2011 at 8:40 am

        အဲ့ဒီ ဘုရင် ကြောင်ဖမ်းရင်း ပြည်လမ်းပေါ်ရောက်သွားလို့ အရူးလွတ်လာတယ်ဆိုပြီး ဝိုင်းရိုက်ကြတာနဲ့.. အိပ်မက်ထဲမှာ မပါလိုက်တာပါ … ။

        • king

          June 17, 2011 at 10:48 am

          ကျန်သေးတယ်ဗျ
          ဝိုင်းရိုက်လို့ အာရှတော်ဝင်ဆေးရုံးကိုတင်လိုက်ရတယ်
          အဲဒီမှာ နပ်စ်မမ တွေနဲ့ အီစီကလီဖြစ်ပြီး
          ညားသွားကြောင်းကို အိမ်မက် OFFLINE MASSAGE ပေးပို့လိုက်ပါတယ်
          😛 😛

  • ဆူး

    June 17, 2011 at 2:29 pm

    ဝိုင်းရိုက်တာ လွတ်အောင် ပြေးရင်း ဘစ်ကားကြီး တိုက်ပြီး ဘိလပ်မြေ သယ်တဲ့ ကား တက်ကြိတ်သွားတာ မြင်လိုက်တယ် တော်တော် သနားဖို့တော့ ကောင်းတယ်။ အိမ်မြှောင် အမြီးပြတ် သလို ဆန့်ငင် ဆန့်ငင် ဖြစ်နေတာ အိပ်မက်ထဲ ထည့်မမက်လိုက်မိဘူး

Leave a Reply