Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အလုပ်ရှင် နှင့် အလုပ်သမား ကြားထဲက ကွာဟမှူများ

etoneJune 21, 20111min54218

အလုပ်ရှင် နဲ့ အလုပ်သမား ကြားထဲမှာ အမြဲလိုလို ပြသနာရှိနေတတ်ပါတယ် … အသေးအဖွဲ ကိစ္စမှစပြီး ကြီးကြီးမားမား ပြသနာ အထိပါ ။ အလုပ်ရှင်ကတော့ မိမိလုပ်ငန်း အကျိုးမြတ်များများနဲ့ ပိုမိုဖြစ်ထွန်းအောင် လည်ပတ်စေချင်တယ် … အမြတ်ငွေများများ လက်ကျန်ရှိစေချင်တယ် … လုပ်ငန်းတွေ အောင်အောင်မြင်မြင်တိုးချဲ့ ချင်တယ်….။ ဒါမှလည်း သူ့ အတွက် ကိုက်မှာကိုး ။ အလုပ်ရှင်တိုင်းက ငွေပင် ငွေရင်းနဲ့ ချမ်းသာတဲ့ မျိုးရိုးက လာတာမဟုတ်ပါဘူး … ။ တချို့ အလုပ်ရှင်တွေဆို အလုပ်သမား ဘဝက နေ အဆင့်ဆင့်ဖြတ်သန်းပြီး ဘဝအကျိုးပေးကောင်းချိန်နဲ့ ကြိုးစားအားထုတ်မှူ ထပ်တူကျတဲ့ အချိန်မှာ အလုပ်ရှင်ဖြစ်လာတာပါ … ။ အဲ့ဒီလို လူမျိုးဟာ အလုပ်သမား ဘဝလည်း ပိုင်ဆိုင်ခဲ့ဖူးတာမို့ ….. အလုပ်သမားတွေရဲ့ ဟာကွက်ကို ပိုထောက်ပြနိုင်ပါတယ်… အလုပ်သမားဘဝကနေ အလုပ်ရှင်ဘဝရောက်တာမို့ … လုပ်ငန်းသဘော သဘာဝအရ အလုပ်သမားတွေ အပေါ် နားလည်တတ်တဲ့ အလုပ်ရှင်မျိုးပါပဲ …. သူ့ရဲ့ အလုပ်သမား အတွေ့ကြုံအရ ပိုမိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ကို မှန်ကန်စွာ ချမှတ်နိုင်ပါလိမ့်မယ် … လုပ်ငန်းလည်ပတ်ဖို့လည်း ပိုလွယ်ကူပါလိမ့်မယ်… ..…၊ စာနာနားလည်တတ်တဲ့ အလုပ်ရှင် အမျိုးစားထဲကမို့ အလုပ်သမားနဲ့ ပြသနာဖြစ်တိုင်း ညှိနှိုင်းယုံနဲ့ ကျေနပ်နိုင်မဲ့ အနေထားမျိုးပါပဲ ။

ငါအလုပ်သမားဘဝတုန်းက ဘယ်လို အချောင်ခိုလိုက်တာ …သူရော ဒီလို အချောင်များ ခိုမလား ၊ ငါ့ပစ္စည်းများ တို သွားမလား ၊ လစ်သမလား ဆိုပြီး အမြဲ ပူပန်နေရတဲ့ အလုပ်ရှင်လည်း ရှိပါရဲ့ … ။ အဲ့လို အလုပ်ရှင်မျိုးကတော့ အလုပ်သမားတွေရဲ့ ရွံ့ မုန်းကြီးဖြစ်ရပါတယ်…။ အလုပ်သမား မြဲဖို့လည်း ခက်ခဲပါလိမ့်မယ်… under pressure အောက်မှာ အလုပ်မလုပ်နိုင်လို့ ခဏခဏ အလုပ်သမား ပြောင်းရပြီး လုပ်ငန်းလည်ပတ်ဖို့ အခက်တွေ့နိုင်ပါတယ်… ကျွမ်းကျင် လုပ်သားလည်း အနားမှာ အကြာကြီး လုပ်ဖို့ စိတ်ကူးရှိမှာ မဟုတ်ပါဘူး … ။

တစ်ချို့ အလုပ်ရှင်ကတော့ ချမ်းသာတဲ့ မိသားစု မျိုးရိုးက ပေါက်ဖွားလာတာမို့ …. အလုပ်သမား ဘဝကို မကျော်ဖြတ်ရပဲ အလုပ်ရှင် တန်းဖြစ်တာပါ … ။ ဒီလို လူမျိုးမှာ အကောင်းမြင်ဝါဒ လက်ကိုင်ထားတဲ့လူဆိုလျှင်တော့ သူ့လုပ်ငန်းမှာ အလုပ်သမားတွေ နေပျော်ပါလိမ့်မယ်… ။ အလုပ်သမားလည်း မြဲပါလိမ့်မယ်…။ အပေးကမ်းရက်ရော တာကြောင့် အလုပ်သမားတွေ ပါးစပ်ဖျားမှာ တသသဖြစ်ပါလိမ့်မယ်… သို့သော် ….လုပ်ငန်း အတွင်း မြှောက်ပင့်တဲ့လူသာများပြီး … အလုပ်လုပ်တဲ့ လူမရှိလျှင်တာ့ လုပ်ငန်းအောင်မြင်ဖို့ မသေချာပါဘူး ။

တချို့ အလုပ်ရှင်တွေလည်းရှိသေးတယ် … နည်းနည်းပေးပြီး များများခိုင်းချင်တဲ့ အလုပ်ရှင်တွေပေါ့….။ ကိုယ်ချင်းစာစိတ်မရှိတဲ့ အတ္တသမား ပုစွန်ဦးနှောက်နဲ့ အလုပ်ရှင်တွေလို့ပဲ အမည်တတ်ချင်ပါတယ်… ။ အမြဲတစေ အလုပ်သမားရဲ့ အပြစ်ကိုရှာပြီး ဇီဇာကြောင် တတ်တဲ့ အလုပ်ရှင် မျိုးပါပဲ … ။ အပြစ်တစ်ခုရှိခဲ့မယ်ဆိုလျှင်လည်း  ပြောစရာရှိတိုင်း မပြီးနိုင်ပဲ ဒီဟာကို ပြန်ပြန်ပြောတတ်တဲ့ အလုပ်ရှင်မျိုးပါ … ဘဝင်မြင့်နေတဲ့ အလုပ်ရှင် အမျိုးစားထဲကပါ … ။ အလုပ်ရှင်တွေ စိတ်ထဲ အလုပ်နဲ့ ပါဆယ်နယ်လ် ကွဲပြားမနေတဲ့ စိတ်ဝေဒနာရှင်လို အလုပ်ရှင်မျိုးပါ ။

အလုပ်သမားဆိုတဲ့ အမျိုးက အမြဲတမ်း ကိုယ့်ရဲ့စိတ်နဲ့ အလုပ်ရှင်ရဲ့ စိတ်ကို နှိုင်းယှဉ်တတ်ပါတယ်… ။ ငါသာ အလုပ်ရှင်နေရာမဆိုလျှင် ဒီနေရာကို ဒီလိုလေးလုပ်မိမှာပဲ ဆိုတဲ့ အတွေးမျိုး အမြဲ ဖြစ်ပေါ်နေတတ်တဲ့ လူစားမျိုးပါ …. ။ အလုပ်သမားထဲမှာမှ အမျိုးစားကွဲပြားပြန်သေးတယ်… ။

အလုပ်ကို သူတပါးအကူညီနဲ့ ရလာတဲ့ လူအတွက်ကတော့ အလေးမထားတတ်တာ များပါတယ်… ငါ့ရဲ့ အဖေက ဘော့စ် သူငယ်ချင်း ငါအခွင့်ရေးယူမယ် ။ အလုပ်တွေ လစ်မယ် ။ သူများ ထက်လစာပိုတောင်းမယ် … ဒါမျိုးတွေ တွေးနေလျှင်တော့  အလုပ်ရှင်ရဲ့ သဘောကျခြင်းကို ကြာရှည်စွာ ခံရမှာ မဟုတ်ပါဘူး ။ ဒီလို လူမျိုးတွေရှိသလို အဆက်သွယ်နဲ့ အလုပ်ရလို့ တန်ဖိုးထားပြီး လုပ်တဲ့လူတွေလည်း ရှိပါတယ်…. ။ ဒီခေတ်မှာ လုပ်ငန်းတွေက ကိုယ်နဲ့ နီးစပ်ရာကို ခေါ်ပြီး ခန့်တာများပါတယ်…. ။ တာဝန်ယူမှူ တခု အနေနဲ့ ချည်နှောင်ထားတဲ့ သဘောမျိုးလို့လည်း ကျွန်မယူဆတယ်လေ ။

ရိုးရိုးသားသား ကြိုးကြိုးစားစာ အလုပ်လုပ်တဲ့လူတွေလည်း ရှိပါတယ် …. ဒါပေမဲ့ အလုပ်ရှင်က မပြည့်ဝတဲ့လူဆိုလျှင်တော့ ကိုယ့်ရဲ့ လုပ်ငန်းပေါ် ထားပေးတဲ့ စေတနာရှိမှူတွေ ရောင်ပြန်မဟပ်တဲ့ အဖြစ်မို့ ကြာရှည်စွာ စွဲမြဲ လုပ်ဖို့ကလည်း မသင့်ပြန်ပါဘူး ။ ဒီလိုလူမျိုးနဲ့ အကောင်းမြင်အလုပ်ရှင်နဲ့သာ အံဝင်ခွင်ကျဖြစ်မှာ မှာပါ … ပတ္တမြား နွံနစ်နေတဲ့ အလုပ်သမားရဲ့ လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး သေချာ ထိန်းသိမ်းနိုင်လျှင် အလုပ်ရှင် အတွက် အားကိုးရတဲ့ လူတွေ ဖြစ်လာမှာပါပဲ … ။ ဒါကိုမှ ငါ့ပစ္စည်းများ တိုမလား  ၊ ငါ့ကိုပဲ ချောက်ချမလား အမြဲ တွေးနေလျှင်တော့ ကိုယ့်အပူကိုယ်ရှာသလိုဖြစ်နေတာပေါ့ … ။

မဟုတ်မခံ အလုပ်သမား တယောက်က မတရားဘူးထင်တဲ့ ကိစ္စတစ်ခုကို အလုပ်ရှင်နဲ့ ထိပ်တိုက်ပြောတဲ့ အခါ … အလုပ်ရှင်က သူမတရားတာ လူသိသိကြီးနဲ့ ငါလုပ်ချင်တာ လုပ်မယ် မကျေနပ်လျှင် မလုပ်နဲ့ ဆိုတဲ့ အပြုမူမျိုးနဲ့ …. ထိပ်တိုက်ကွန်ပလိန်းတတ်ရဲတဲ့ အလုပ်သမားကို ငြိုးတေးထားတတ်ပါတယ်…… ။ အခွင့်ရေးရလျှင် ရသလို နှိပ်ကွပ်ဖို့လည်း ဆန္ဒရှိနေခဲ့ပြန်တယ်… ။ အလုပ်သမားကလည်း တဘက်က ကြည့်လျှင် လုပ်ငန်းအတွက် အကျိုးပြုပေးနိုင်လို့ …. ထုတ်ပစ်ဖို့ ဆိုတာကလည်း မလွယ်သေးတာနဲ့ … စိတ်ညစ်အောင်ပဲ အမျိုးမျိုး ကြံစည်တာတွေ ၊ အခက်တွေ့အောင် ဘောင် အတွင်းက လုပ်တာတွေ …အပြစ်မရှိ အပြစ်ရှာ အရှက်ရအောင် ပြောတာတွေ ဖြစ်လာနိုင်ပါတယ်… ။ ဒီလို အလုပ်ရှင်မျိုးမှာတော့ စိတ်ဝေဒနာ မဟုတ်လျှင်တောင် မုန်းတီးနေတဲ့ အပူမီး စွဲကပ်နေတယ်လို့ ပြောလို့ရပါလိမ့်မယ်… ။ အလုပ်သမားအတွက်ကတေ့ာ ….. တခြားအလုပ်ပြောင်းသင့်တယ်လို့ပဲ ထင်ပါတယ်… ။ ကိုယ်ရိုးရိုးသားသား မဟုတ်မခံစိတ်နဲ့ အလုပ်ရှင်ရဲ့ စိတ်ဓါတ်ညံ့ဖျင်းမှူ ကွာခြားတာကြောင့် သူ့လုပ်ငန်းအတွက် တာဝန်ကျေပွန်နေခြင်း ၊ လုပ်ငန်းသိတတ်ခြင်းဟာလည်း မိမိရဲ့ အချိန်တွေ ဖြုန်းတီးရာ ရောက်ပါတယ်… ။ အကောင်းမြင် ဝါဒီရှိပြီး၊ ဝေဖန်ပိုင်းခြား နိုင်တဲ့  စွမ်းရည်ရှိတဲ့ အလုပ်ရှင်များနဲ့ တွေ့လျှင်တော့ အလွန်လုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းမှာပါ … ။

တချို့ အလုပ်သမားတွေကတော့ အလုပ်မလုပ်ချင်ပဲ တနေ့လုံးထိုင်နေချင် ၊ ရေသာခိုစိတ်နဲ့ အလုပ်လုပ်သူများပါပဲ … တာဝန်ယူပြီး လုပ်ကိုင်လိုစိတ်ဘာမှ မရှိပဲ …… အမြဲလိုလို ယောင်ဝါးနေတဲ့ အမျိုးစားထဲကပါ…. ။ အလုပ်ရှင်သဘောကောင်းလျှင် ကောင်းသလို အခွင့်ရေးယူနေတတ်လို့ လုပ်ငန်း အတွက် အသုံးမဝင်တဲ့ အမျိုးစားပါ … ။ အလုပ်ရှင် အပေါက်ဆိုးတဲ့လူနဲ့ တွေ့လို့ကတော့  တပတ်တောင် အလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး ။ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ အလုပ်သမားပါပဲ … ။

အလုပ်ရှင် အလုပ်သမား အကြောင်း ဆွေးနွေးမှူ ဒီမှာပဲ နားပါတော့မယ်…. ။ရွာသူ ရွာသားတွေလည်း လူမှန် ၊ နေရာမှန်မှာ ရောက်ကြပါစေလို့ ဆန္ဒပြုပါတယ် ။  ။

[member-invites-form]

18 comments

  • etone

    June 21, 2011 at 5:02 am

    [member-invites-form] လေး သတိရလို့ စမ်းကြည့်ပါတယ် အဲ့ဒါလေးက ဘာ အလုပ်မှလည်း မလုပ်ဘူး ။ 🙁

  • ဆူး

    June 21, 2011 at 5:43 am

    ပိတ်လိုက်တာ ထင်တယ် အန်တီ တုံးရေ..
    မန်ဘာ အသစ်တွေ အရမ်းကာရော ဒလဟော ဝင်လာရင် အများကြိး ပေးရလိမ့်မယ်လို့ ပြောတော့ အခြေအနေကြည့်ပြီး ပိတ်မယ်လို့ ပြောထားတယ်။

    • etone

      June 21, 2011 at 5:44 am

      အော ဂလိုလား အမရဲ့ … အရင်က တခါမှ မစမ်းဖြစ်လို့ … ပို့စ်တင်တိုင်းမေ့နေလို့ ဒီနေ့တင်တော့ လုပ်ကြည့်တာ … ပိတ်လိုက်ပြီကိုး ။

  • နွယ်ပင်

    June 21, 2011 at 6:30 am

    အလုပ်ရှင်ကလည်း ကိုယ့် အလုပ်သမားတွေအတွက် (အကောင်းဆုံးမဟုတ်တောင်နှစ်ဘက်မျှမျှတတလေး) ကြည့်ပေးသလို အလုပ်သမားဘက်ကလည်း လုပ်ငန်းခွင်မှာ အခွင့်ရေးမယူပဲ ကိုယ့်တာဝန်ကိုယ်ကျေအောင် ဆောင်ရွက်မယ်ဆို ဒီလိုပြသာနာတွေဖြစ်လာမှာ မဟုတ်ပါဘူး …ဒါပေမဲ့ လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့ အလုပ်ရှင်ကကောင်းရင် အလုပ်သမားကပြသာနာရှာ အလုပ်သမားက အချောင်ခိုရင် အလုပ်ရှင်ကကောင်း ဒီလိုဖြစ်နေကြတာပေါ့ .

  • maythakhin

    June 21, 2011 at 4:17 pm

    etone ပြောပြတာလေးက ပြည့်စုံပါတယ်။ အလုပ်ရှင် အလုပ်သမား စေတနာအပြန်အလှန်ထားရင်တော့ ပိုပြီးအောင်မြင်တဲ့ လုပ်ငန်းလေးဖြစ်မှာပါ။ ခက်တာက အလုပ်ရှင်အားထားရတဲ့ အလုပ်သမားတွေဟာ များသောအားဖြင့် ဖောက်ကြတာများတယ်။ အားကိုးရပြီ ကျွမ်းကျင်လာပြီ ပိုက်ဆံလေးစုမိပြီဆိုရင် ကိုယ့်ဘာသာကို ဖောက်ထွက်ဖို့ကြိုးစားကြတဲ့သူတွေလည်းရှိတယ်။တချို့ သစာရှိတဲ့သူလည်းရှိပါတယ်။ဒါပေမဲ့ ရှားတယ်။အတွေ့အကြုံအမျိုးမျိုးပေါ့။အလုပ်ရှင် အလုပ်သမားလောက က အရမ်းကျယ်ပြန့်တယ်။ အများကြီး…… အများကြီး ကျယ်ပြန့်တယ်။ ဆွေးနွေးလို့ မရအောင်ကို ကျယ်ပြန့်တာ။

    • etone

      June 22, 2011 at 2:46 am

      [[[ခက်တာက အလုပ်ရှင်အားထားရတဲ့ အလုပ်သမားတွေဟာ များသောအားဖြင့် ဖောက်ကြတာများတယ်။ အားကိုးရပြီ ကျွမ်းကျင်လာပြီ ပိုက်ဆံလေးစုမိပြီဆိုရင် ကိုယ့်ဘာသာကို ဖောက်ထွက်ဖို့ကြိုးစားကြတဲ့သူတွေလည်းရှိတယ်။တချို့ သစာရှိတဲ့သူလည်းရှိပါတယ်။ဒါပေမဲ့ ရှားတယ်။ ]]]

      အလုပ်ရှင်အားကိုးရတဲ့ အလုပ်သမား ကိုယ့်ဘာသာ ကိုယ်ပိုင်လုပ်ဖို့ တွေးတာ အလုပ်ရှင်ပေးတဲ့ လစာနဲ့ ကိုယ်လုပ်နိုင်တဲ့ ပမာဏမတန်တော့လို့ပါ … ။ အလုပ်ရှင်ကလည်း အားကိုးရမှန်းသိလျှင် မက်လောက်အောင် စည်းရုံးထားသင့်တာလေ … ။ အလုပ်သမားကလည်း ကိုယ်ပိုင် အလုပ်မလုပ်ခင်တွေးမှာပဲ … ငါအရင်းနှီးထုတ်ပြီး လုပ်လိုက်တဲ့ အလုပ် ဒီအလုပ်ရှင်ဆီက ရတဲ့ ပိုုက်ဆံလောက် မြတ်စွန်းပါ့မလားလို့ … ။ ကိုယ်ပိုင်အလုပ်ကတော့ အရှုံးမြတ်၊ အရင်းနှီးတွေကို တဦးတယောက်ထဲနဲ့ ပဲ ဆိုင်ပါတယ်…။ သေချာ အကွက်မရွှေ့ နိုင်လျှင် ကိုယ့် ပိုက်ဆံ အရုံးခံရမှာပါ … ။ အလုပ်ရှင်ဆီက လစာကျတော့ တလတခါမို့ … အိတ်စိုက်စရာမလိုပါဘူး ။

  • maythakhin

    June 22, 2011 at 4:25 pm

    etone ပြောတာလည်းမှန်ပါတယ်။
    အလုပ်ရှင်ပေးတဲ့လစာနဲ့မတန်တော့လို့ ဖောက်ထွက်ဖို့ကြိုးစားတဲ့သူရှိသလို လောက်လောက်ငှငှပေးထားပါရက်နဲ့ အမှားတစ်ခုကျူးလွန်လို့ ဆူမိတဲ့အခါမျိုးမှာလည်း မာန်တက်ပြီးတော့ဖောက်ထွက်တဲ့သူရှိပါတယ်။အလုပ်ရှင်ဆိုတာ အလုပ်သမားအများကြီးကို ထိမ်းချုပ်ထားရတာလေ။ အလုပ်ရှင် အပြောမှားတဲ့အခါလည်းရှိသလို အလုပ်သမားမှားတဲ့အခါလည်းရှိကြတယ်။ အလုပ်သမားမှားတာကြောင့် မိတ်ပျက်ရခြင်း၊ငွေကြေးဆုံရှုံးခြင်း တွေလည်းရှိတယ်။ တခါတရံ ကိုယ့်အလုပ်သမားမှန်မှန်းသိပေမဲ့ customer ဘက်ကလိုက်ပေးရတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကြားနားလည်မှုလေးတွေရှိနေရင် ဒါတွေက အသေးအဖွဲ့လေးတွေဖြစ်သွားတတ်သလို့။ နားလည်မှုလွဲပြီး အကျယ်အပြန့်တွေလည်းဖြစ်သွားတတ်တယ်။ ဒါကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားလောက က အရမ်းကျယ်ပြန့်တယ် ။ဆွေးနွေးလို့မကုန်အောင် ကျယ်ပြန့်တယ်လို့ မေပြောတာပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 22, 2011 at 5:30 pm

    အလုပ်ရှင်နဲ့အလုပ်သမားဂျားမှာ
    ပြောနေဂျသလို
    ဖြစ်သင့်ဒါဒွေ ဘာညာဓေဂဒေါ့ ဘယ်ဒေါ့မှ ဂိုဖြစ်လာမှာမဟုတ်ဘူး
    ဖြစ်သင့်ဒါဓေသာဖြစ်နေဂျရင် လောကဂျီးမှာ
    အလုပ်သမားလဲမရှိဘူး အလုပ်ရှင်လဲ မရှိဘူး
    ယနေ့ရှိနေဂျဒါဂ
    အလုပ်သမားဒိုင်းနီးဘားဟာ ကိုယ်ရတဲ့လဇာဂို နည်းဒယ်ထင်ဂျဒယ်
    အလုပ်ရှင်ဒိုင်းနီးဘားဟာလည်းဘဲ ကိုယ်ပေးဒဲ့လဇာဂို တန်ဒယ် လုံလောက်ဒယ် များဒယ်ထင်ဂျဒါဘဲ
    ကဲ
    ဘူ ဘာပြောမလဲ

    • nature

      June 23, 2011 at 3:51 am

      မှန်လိုက်လေ၊ အများစုက ကိုယ်ဘက်ကပဲ ကိုယ်ကြည့်တတ် ကြပါတယ်။ တဖက်မြင်ပေါ့။ ၂ဘက်မြင် နဲ့ ကြည့်လာကြရင်တော့ အဆင်ပြေသွားမှာပါ။

    • maythakhin

      June 26, 2011 at 3:44 pm

      ဘူမှ ဘာမှဂျော ဝူး။တူ့အဒွေးနဲ့ တူပေါ့ ဘဂျီးပုရဲ့… 😀 😀 😀 😀

  • MaMa

    June 23, 2011 at 1:02 am

    သူ့အိုးနဲ့ သူ့ဆန် တန်ရုံလို့ပဲ ပြောရမယ် ထင်ပါတယ်။ ကောင်းတဲ့ အလုပ်ရှင်နဲ့ ကောင်းတဲ့ အလုပ်သမား တွေ့ကြပြီး တသက်လုံး စွဲစွဲမြဲမြဲ လုပ်ကြရာကနေ အလုပ်ရှင်ဖြစ်လာတဲ့ အလုပ်သမားတွေလည်း ရှိပါတယ်။ မကောင်းတဲ့ အလုပ်ရှင်ကျတော့လည်း ကောင်းတဲ့အလုပ်သမားက ခံနိုင်ရည် မရှိပါဘူး။ မကောင်းတဲ့ အလုပ်သမားကသာ ပြေးစရာမြေမရှိလို့ နေကြရတာပေ့ါ။ ကောင်းတဲ့အလုပ်သမား ကျတော့လည်း ဟိုအလုပ်ရှင်က လိုချင် ဒီအလုပ်ရှင်က လိုချင်မို့ သာရာနားလိုက်ရုံပါပဲ။ အဲဒီနေရာမှာ ကောင်းတဲ့အလုပ်သမားကလည်း နှစ်မျိုးနှစ်စားရှိသေးတယ်။ ပညာတတ်တာတို့၊ လုပ်ရည်ကိုင်ရည်ရှိတာတို့လု့ိ ပြောရမယ့် တော်တာ၊ ကျွမ်းကျင်တာက တစ်မျိုး။ နောက်တစ်မျိုးက အလုပ်ကို လေးစားတာ၊ သစ္စာရှိတာ၊ စွဲစွဲမြဲမြဲလုပ်တာပေ့ါ။ ကောင်းတဲ့အလုပ်သမားမှာလည်း အဲဒီအရည်အချင်း နှစ်မျိုးလုံး ပြည့်စုံတာက ခပ်ရှားရှားပဲ။ အဲဒီတော့ကာ စောစောက ပြောထားသလို သူ့အိုးနဲ့ သူ့ဆန် တန်ရုံပေ့ါ။

    • etone

      June 23, 2011 at 4:51 am

      တခါတလေကျတော့လည်း အလုပ်ရှင်က အရမ်း အတ္တကြီးတယ် …သူကိုယ်တိုင်က သမာ သမတ်မနေပဲ… လက်အောက်ငယ်သားက ဒီဟာတော့ ဒီလိုရှိပါတယ်ပြောတော့ … လိုချင်လို့ လောဘကြီးတယ်ဖြစ်တယ်…သူတို့ကိုက ကြည်တဲ့လူဆို တမျိုး ၊ မကြည်တဲ့လူဆိုတမျိုး ဆက်ဆံတယ်… ။ ကွယ်ရာတမျိုး ၊ ရှေ့တင်တမျိုး ပေးကမ်းတယ်… ။ မြှောက်ပင့်နိုင်တဲ့ လူတွေက ကောင်းစားပြီး ၊တကယ်အလုပ်လုပ်ရတဲ့လူတွေက မြင်တော့ တင်းတာပေါ့ …။ ဒါကို ထောက်ပြတော့ ကိုယ်က ငပွကြီးဖြစ်တယ် … လူမုန်းခံရတယ်… ။ ကိုယ်တိုင်က အလုပ်ရှင်ဖြစ်ပြီး စိတ်ဓါတ်ပြည့်ပြည့်မထားနိုင်ပဲ … မညီမျှတာများလို့ ပြောတော့ ပြောတဲ့လူက လောဘကြီးပြီး မနာလိုတယ်ဖြစ်သေးတယ်…။ etone ကလည်း မတရားရင် ငြိမ်မခံတဲ့ စိတ်ဓါတ်မို့ ခဏခဏငြိတယ်… ။သူတို့ကလည်း အဲ့ဒါကို ငြိုးထားတယ် ။ မျက်နှာကိုက ကိုယ့်တွေ့လျှင် ပုတ်ယုတ်သွားတော့တာပဲ … ။ ကွက်ကွက်ကွင်းကွင်း အပြစ်ရှာလို့ ရလျှင်အလုပ်ထုတ်ချင်လည်း ထုတ်ပေါ့ … မသေချာပဲ ပါဆယ်နယ် အငြိုးနဲ့ ဆိုလျှင်တော့ တရားဥပဒေဆိုတာနဲ့ပဲ အမှန်တရားကို ဖော်ထုတ်မယ် ။ ကိုယ့်အပေါ် အရမ်းကောင်းတဲ့ GM နဲ့ factory owner ရှိနေသရွှေ့….. ၊ သူတို့ ဘက်က ကိုယ့်ကို လိုအပ်နေသရွှေ့တော့ … ကုတ်နဲ့ ခွာထုတ်တောင် လုံးဝ လုံးဝ မထွက်သွားပါဘူးလို့ ခံယူထားပါတယ် ။ 😛
      ဒါကြောင့်လည်း အလုပ်က risk များတယ်လေ ။

  • windtalker

    October 25, 2011 at 2:48 pm

    ဒီပို ့စ်ကို ဖတ်ပြီးသကာလ
    အောက်ဆုံးက ဆုတောင်းလေးကို အရမ်းသဘောကျမိတယ်
    “ရွာသူ ရွာသားတွေလည်း လူမှန် ၊ နေရာမှန်မှာ ရောက်ကြပါစေလို့ ဆန္ဒပြုပါတယ် ။ ။”
    အဲဒါ အဖြစ်သင့်ဆုံးပါဘဲ နှမငယ်အတုန်ရေ

    • etone

      October 27, 2011 at 8:36 am

      ကိုပေရေ … အလုပ်ခွင်ထဲ ဝင်နေတဲ့ လူအများစုဟာ လူမှန်နေရာမှန် မရောက်ကြတာ များပါတယ် … ရောက်တဲ့နေရာကိုမှ အံဝင်ခွင်ကြဖြစ်အောင် ကြိုးစားနေတဲ့လူများတယ်လေ … ကိုယ်တိုင်လည်း မမျှော်လင့်ပဲ စိတ်ဖိစီးမှုများတဲ့ အလုပ်ခွင်ထဲရောက်သွားခဲ့တာကြောင့် … အဲ့ဒီဆုတောင်းလေး ရေးမိသွားတယ.်…. 🙂

  • kocho

    October 27, 2011 at 8:53 am

    သည်းခံငါ့ရှင်သည်းခံ (ပိုက်ဆံလိုချင်ရင် စကားနဲစေ အမှားနဲစေ) ကိုယ့်ဆွေမျိုးသားချင်းနဲ့တောင် အလုဎ်တူတူလုဎ်ကြည့် ပြက်သနာက ရှိမြဲပဲ

    • etone

      October 27, 2011 at 9:16 am

      သည်းခံပါတယ် … ကိုုယ်ပိုင်အလုပ် မထူထောင်နိုင်သေးခင်တော့… ဒီဝဋ်လေးတော့ရှိမှာပေါ့လေ။
      အလုပ်ရှင်ဆိုမျိုးက အစဉ်ဆက် ချမ်းသာလို့ …လုပ်ငန်းလုပ်သူများတယ် … ဒီတော့ .. အထက်အောက်ပြသနာတွေ သေချာ ဂဃနဏမသိတာရှိတယ် … ။ အလုပ်သမားဘဝကနေ …အလုပ်ရှင်ဖြစ်လာတဲ့လူတွေကတော့ … နှစ်ဖက်မျှတွေးတတ်မယ်ထင်တယ် … ။ 🙂

  • kocho

    October 27, 2011 at 9:31 am

    ကံကောင်းတယ်လို့ဘဲပြောရမှာ ကျနော်၊အခုလုဎ်နေတဲ့သူဋ္ဌေး ကျတော့လခအပြင် ရှယ်ရာပါပေးတယ်လခထက် ရှယ်ရာကပိုများပါတယ် (လုဎ်ငန်းကျွမ်းကျင်မှူနဲ့လဲဆိုင်မလားပဲ)တရွာမကောင်းသူကောင်းမဖြစ်တဲ့ ဂွဒ်မယ်ထင်ရင်ဒူးသာဒူး (မပိုင်ရင်ခြင်မရိုက်နဲ့)မအီတုံးသင်ပေးတာ 😀

    • etone

      October 27, 2011 at 9:56 am

      အဆင်ပြေတာ ကြားရတော့ဝမ်းသာပါတယ် ကိုချိုရေ … ။ နိုင်ငံခြားသားတွေနဲ့ ဒိုးတူဘောင်ဖက်အလုပ်လုပ်နေရလျှင်တောင် သူတို့ဆီက စိတ်ပုတ်စိတ်ယုတ်အဲ့လောက်များမှာ မဟုတ်ဘူး … ။ မြန်မာအကျင့်မကောင်းတဲ့ အလုပ်ရှင်လက်အောက်မှာသာ အလုပ်လုပ်ကြည့် … လုပ်ငန်းကျွမ်းကျင်မှုများလေ … ဖိနှိပ်ချုပ်ချယ်ခံရလေလေပဲ … (ခြေရာတိုင်းမှာ ကြောက်သကိုး ) 🙄 …. မြန်မာလူမျိုးတွေနဲ့ တခြားနိုင်ငံသားတွေ တွေးတောပုံ .. အဲ့ဒါလေးတွေကွာတာ … ။
      သူများလူမျိုးတွေက လူတော်တွေကို ဘယ်လို ထိန်းသိမ်း ၊သိမ်းသွင်းရမလဲ နားလည်ပေမယ့် … ။ မြန်မာလူမျိုးတချို့ကတော့ … ဒီကောင်သိပ်တော်နေလျှင် ဘယ်တော့များပြိုက်ဖက်ဖြစ်မလဲ .. ငါ့ပစ္စည်းများဖြောင်တော့မလား … ဆိုးတဲ့အတွေးနဲ့ …. ဖိနှိပ်လျှင် …နောက်ဆုံး လုပ်ငန်းတိုးတက်မှုနှေးကွေးတာပဲ အဖတ်တင်တော့တယ်လေ .. ။

Leave a Reply