Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အကြွေကတစ်မျိုး၊ ၅၀၀ဝတန်လည်းတစ်ဖုံ

panpanJuly 12, 20111min51014

ပြောရဦးမယ်

လူတိုင်းက အကြွေကိစ္စတွေပဲပြောနေလို့ ၅၀၀ဝတန်လည်း ပြဿနာရှိတယ်ဆိုတာ ပြောရဦးမယ်

ဟိုတလောက Victoria မှာဈေးသွားဝယ်တာ
ကောင်တာမှာငွေရှင်းတော့ ၅၀၀ဝတန်ပေးလိုက်တာ
အရမ်းနွမ်းနေတဲ့အရွက်လေးပေ့ါ

အရမ်းနွမ်းတယ်ဆိုပေသည့် ၁၀ဝတန် ၂၀ဝတန်အနေနဲ့ဆိုရင် ခပ်လတ်လတ်အစားထဲ ပါပါတယ်

ဒါပေမယ့် မယူဘူး၊ ပြန်လဲခိုင်းတယ်လေ
ကျွန်မလည်းမေးတာပေ့ါ၊ ဘာလို့မယူတာလဲ၊ဒါလည်းပိုက်ဆံပဲဟာ၊ ပြဲစုတ်ရာလည်းပါတာမဟုတ်၊ တိတ်ကပ်ရာလည်း ပါတာမဟုတ် ဆိုတော့

ကောင်တာကဝန်ထမ်းက ပြန်ပြောတယ်၊ သူတို့သူဌေးက မယူဘူးတဲ့၊ သူတို့လည်း အရင်က အဲလို၅၀၀ဝတန်နွမ်းတာကို လက္ခံမိလို့ အိပ်ထဲကစိုက်ပေးလိုက်ရတယ်တဲ့၊ ၂ခါ၃ခါရှိပြီတဲ့၊ အဲဒါကြောင့်မယူတာတဲ့

ကောင်းပါလေရော….

အဲဒါနဲ့ ၅၀၀ဝတန်အသစ်ကျပ်ချွတ်တစ်ရွက်နဲ့ ပြန်လဲပေးလိုက်ရတယ် (၁၀၀ဝတန်ကုန်သွားလို့ 🙁 )

အိမ်ရောက်တော့ အဖေ့ကိုပြန်ပြောပြလိုက်တယ်

အရမ်းနှမြောတယ်လို့၊ သုံးလို့မရရင် ဒုက္ခပဲလေ၊ ၅၀၀ဝကြီးများတောင်

အဖေက သုံးလို့ရပါတယ်ပြောလို့ အိမ်နားကဖုန်းဆိုင်မှာ အဲ့ပိုက်ဆံနဲ့ Pre-paid သွားဝယ်လိုက်တယ်

တော်သေးတယ်၊ရလို့  😀

နောက်နေ့ ရုံးမှာ သူငယ်ချင်းတွေကိုပြောပြတော့ သူတို့ပြန်ပြောမှ သူတို့ကြုံတာမှ ပိုဆိုးနေသေးတယ်

တစ်ယောက်ကဆို ၅၀၀ဝတန်ပေးတာ ဆိုင်ရှင်က ပိုက်ဆံကို အပေါ်ထောင်ကြည့်လိုက်၊ ငုံကြည့်လိုက်နဲ့ အကြာကြီး စစ်ဆေးနေတာတဲ့၊ အတုများထင်နေလို့လားမသိဘူး

တချို့ဆို ခေါက်ထားရင်မယူချင်ကြဘူးတဲ့

အကြွေအပြဲအစုတ်တွေနဲ့ ယှဉ်ရင် “၅၀၀ဝတန်ကိုသာ ပိုက်ဆံဟုခေါ်သည်” လို့ဆိုရမလောက်ပဲ

သူက ပိုက်ဆံပီသတာကိုး………  😀

အံ့ရော….အံ့ရော…….

 

14 comments

  • PaukPhaw

    July 12, 2011 at 2:23 pm

    ဒီသတင်းက ခဏခဏကြားနေရတာပါပဲ..
    နဂိုထဲက ချေး(ဂျီး) အရောင်နဲ ့ထုတ်ထားတာ..ဆိုတော့
    အရပ်ထဲက ဈေးသည်တွေဆီရောက်..ကားသမားဆီရောက်..ဟိုလက် ဒီလက် သိပ်မရောက်ခင်ပဲ…
    ချေး(ဂျီး)ပေပြီး စုတ်သလိုဖြစ်သွားကော.
    အဲတော့ အောက်ခြေလွတ် ဘော့စ်တွေက မယူချင်တော့ဘူး..ဝန်ထမ်းတွေကို မယူခိုင်းတော့ ဝန်ထမ်းတွေလဲ ယူရင် စိုက်လျော်ပေးရမှာစိုးလို ့မယူရဲဘူး ဖြစ်ကော
    တစ်ချို ့ဝန်ထမ်းတွေကျတော့လဲ သူဋ္ဌေးက တော်တော်
    သူတို ့က သူဋ္ဌေးထက်ပို ဖင်ခေါင်းကျယ်ပြီးမယူကြဘူး..
    အဲသလိုတွေ..ရှိတယ်

    ၁၀ဝ တန်၊ ၂၀ဝ တန်ကတော့ သူများအမ်းရင် ယူရပြီးတော့
    ကိုယ်ပြန်ပေးရင် မယူမှာဆိုးလို ့ အစဖျောက်ပစ်ရတာ မနဲ ဘူးဗျ..
    တော်သေးတာပေါ့
    တို ့က ပန်ပန်လိုပဲ အနဲဆုံး ၅၀၀ဝ တန်ပဲ ကိုင်တတ်တဲ့သူမို ့ 😛 😛 😉

    • pan pan

      July 12, 2011 at 2:47 pm

      လခထုတ်ရက်မို့ လက်ထဲမှာ ၅၀၀ဝတန်တွေရောက်နေတာပါ 😀
      အဲ့တုန်းက လက်ကျန်၁၀၀ဝတန်လေးတွေလည်း အလွန်ဆုံး ၃ရွက်၄ရွက်လောက်ပဲ ကျန်တော့တာ

  • Yan Shin

    July 12, 2011 at 4:07 pm

    ဒီလိုပါပဲ။
    ဘာမှ အာမခံမှု့မရှိတဲ့နိုင်ငံဆိုတော့လဲ

    အဲဒီ(၅၀၀၀)တန်က အတု(or) မသုံးရဘူးဆိုရင် ဆုံးရှုံးမှု့က များတယ်လေ။

    တစ်ရာတန် နှစ်ရာတန် စုတ်နေလို့ မသုံးရလို့ လွှင့်ပြစ်လိုက်ရလို့ တော်သေး..

    ခက်နေတာက ခု နိုင်ငံတော်က စုတ်နေတော့လဲ ငါတို့ ဘယ်လို လွှင့်ပြစ်ရက်ရမလဲ?????????????????????????

  • naywoonni

    July 12, 2011 at 4:26 pm

    ကြားဖူးလား ထောင်မလဲသဲကော်လို့ ရမှ ပိုက်ဆံ သုံးလို့ရတယ်ဆိုတာ..။ အဲဒိခောတ်နဲ့စာရင် ခုဟာက တိတ်တွေ ဗလပွနဲ့ တောင်သုံးလို့ ရနေသေးတာ..။ ဘယ်လောက်ကံကောင်းတယ်မှတ်လဲ..။

  • ရွှေ မင်း သား

    July 12, 2011 at 8:36 pm

    ၅၀၀ဝ တန် သာဖြစ်ပါ့စေ။
    အစုတ်အပြဲသာ မဖြစ်စေနဲ့ ယူပါ့မယ်။
    သူငယ်ချင်းတို့ရဲ့ ငါးထောင်တန် အခက်အခဲ ကို ကူညီချင်ပါတယ်။
    သူငယ်ချင်းတို့ ဆီမှာရှိတဲ့ ငါးထောင်တန် တွေ ကို
    ဝိုင်းဝန်းကူညီ သုံးဖြုန်းခြင်းဖြင့် စေတနာ ရှေ့ထားပြီး ကူညီပေးပါရစေ။

    • pan pan

      July 13, 2011 at 9:02 am

      သုံးဖြုန်းပေးရုံပဲလား
      လဲပေးမှာမဟုတ်ဘူးလား

  • ဆူး

    July 12, 2011 at 8:48 pm

    ဘောပင်နဲ့ လျောက်ခြစ်ထားရင် မယူဘူး

  • MaMa

    July 12, 2011 at 9:16 pm

    ၅၀၀ဝတန်တွေကို အပြင်မှာတော့ လွယ်လွယ်ပဲ သုံးနေကြပေမယ့် နဲနဲလေး စွန်းထင်းတာ၊ ဟောင်းနွမ်းတာလေးကို ဘဏ်တွေကို ပြန်သွင်းတဲ့အခါ ပြန်လဲခိုင်းတတ်လို့ ယူတဲ့အခါမှာလည်း မယူရဲကြတာ ဖြစ်ပါတယ်။

  • နွယ်ပင်

    July 13, 2011 at 9:13 am

    5000 တန်က အရမ်းနွမ်းရင်မယူကြပါဘူး နောက် အစွမ်းအထင်းတွေပါရင်လဲ လက်မခံကြပါဘူး
    အဲတော့ 5000 တန်ဆို လက်ထဲ ကိုင်ထားရမှာ ခက်ကြောက်ကြောက်ပဲ….

    • pan pan

      July 13, 2011 at 9:33 am

      အဲဒါကြောင့် ၅၀၀ဝတန်ကို စာအုပ်ကြားထဲ ညှပ်ထားရတယ်

  • ကြောင်ကြီး

    July 13, 2011 at 10:29 am

    အနော်တို့ဆီမှာလည်း ၂ဝတန်ထက်ကြီးတဲ့ငွေစက္ကူအရွက် သုံးမိရင် ငွေလက်ခံသူက အပေါ်ထောင်ကြည့်၊ မှင်ခြစ်ကြည့် ဟိုလုပ်ဒီလုပ်လုပ်တယ်။ ဒါမှမကျေနပ်သေးရင် ရဲခေါ်ပြီးစစ်ခိုင်းတယ်။ ရဲစခန်းမှာ နပန်ကျင်းတာပေါ့နော်၊ နာရီဝက်လောက် အထုအထောင်းခံနိုင်ရင် အစစ်လို့လက်ခံပြီး ငွေပြန်အမ်းတယ်။ မခံနိုင်လို့ကတော့ အက်ဖ်ဘီအိုင်ကိုအကြောင်းကြားတာနဲ့ဘာနဲ့ တလလောက်ကြာသွားမယ်။ မယုံရင်သဂျီးကိုမေးကြည့်….

    • pan pan

      July 13, 2011 at 10:53 am

      အဲလောက်တောင်ပဲလား..ဦးကြောင်ကြီး
      အဲဒီက ၂ဝတန်လောက်ဆိုရင်ပဲ မြန်မာငွေ ၁၆၀၀ဝကျပ်လောက်ဆိုတော့…
      အင်း….စစ်မှာပေ့ါလေ
      ဒီမှာတောင်၅၀၀ဝတန်ကိုစစ်ဆေးတာပဲ
      စကားမစပ်….ရုံးကအစ်မတစ်ယောက် ၁၀၀ဝတန်တွေအတုမိသွားသေးတယ်
      ၂နှစ်ကျော်လောက်ကြာပါပြီ..
      ၁၀၀ဝတန် ၄၊ ၅ရွက်လောက်ပဲ၊
      သူကလည်း အတုမှန်းမသိဘူး၊ မိုးတွင်းကြီးဆိုတော့ ပိုက်ဆံကို မိုးရေစိုသွားတာ…
      ဆေးတွေပြန့်ပြီး ဆေးကျွတ်ကုန်လို့….
      မသိဘဲ သူများပေးမိလို့ အတုမှန်းသိသွားပြီး ဖမ်းခံမထိတာ ကံကောင်း

Leave a Reply