Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒို့ဘာသာ (၁) ဗုဒ္ဓဘာသာ

ashinindakaAugust 20, 20112min2865

ကမ္ဘာပေါ်မှာ ကိုးကွယ်ရာဘာသာပေါင်းမြောက်များစွာရှိပေမဲ့
ကြီးကျယ်တဲ့ဘာသာကြီး လူသိများတဲ့ဘာသာကြီးအနေအားဖြင့်
လေးမျိုးသာရှိကြောင်း တညီတညွတ်တည်း လက်ခံထားကြပါတယ်။

ဒီဘာသာကြီးလေးမျိုးမှာလဲ
ဘာသာကိုတည်ထောင်သူနဲ့ ဘာသာရေးအဆုံးအမ (တရား) ကို
(၁) စူးစမ်းဝေဘန်သုံးသပ်ပြီးမှ လက်ခံယုံကြည်ရသောဘာသာနဲ့
(၂) စူးစမ်းဝေဘန်ပိုင်ခွင့်မရှိဘဲ လက်ခံယုံကြည်ရသောဘာသာလို့
နှစ်မျိုးရှိပါတယ်။
ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။

ဒီဘာသာကြီးတွေကို နောက်တစ်မျိုးပြောကြည့်ရအောင်။

ဒီဘာသာကြီးလေးမျိုးမှာ
(၁) ကိုယ့်ကိုယ်ကို မှီခိုအားကိုးရသောဘာသာနဲ့
(၂) သူများကို မှီခိုအားကိုးရသောဘာသာလို့
နှစ်မျိုးရှိပါတယ်။
ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။

ဗုဒ္ဓဘာသာမှာ
ဗုဒ္ဓဘာသာကို တည်ထောင်တဲ့ ဘုရားရှင်ကိုရော၊
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုရော
စူးစမ်းလေ့လာခွင့် (Right to study, Right to survey)နဲ့
သံသယရှိခွင့် (Right to Doubt) အပြည့်ရှိပါတယ်။

ဗုဒ္ဓစာပေတရားတော်ရဲ့ထူးခြားချက်တွေထဲမှာ
ဧဟိပဿိက (လာကြည့်ပါ) ဆိုတဲ့စကားလုံးပါပါတယ်။
ဗုဒ္ဓဘာသာအရေးနဲ့ ပတ်သက်လို့ လာကြည့်နိုင်ပါတယ်၊
လေ့လာနိုင်ပါတယ်လို့ ဖိတ်ခေါ်တဲ့သဘောပါ။

လာပါ၊ ယုံကြည်လက်ခံပါ လို့ ဗုဒ္ဓဘာသာစာပေက မဆိုပါဘူး။
ဘာမသိ ညာမသိတဲ့ အကန်းယုံ ယုံကြည်မှုမျိုးကို ဗုဒ္ဓဘာသာက လက်မခံပါဘူး။
အကြောင်းအကျိုးမရှိတဲ့ အရမ်းယုံ ယုံကြည်မှုမျိုးကို ဗုဒ္ဓဘာသာက လက်မခံပါဘူး။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင် ဆိုသူတွေရော၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေပါ
ဗုဒ္ဓဘာသာကို စူးစမ်းပါ၊ လေ့လာပါ၊ ကျင့်ပါ၊ ကြံပါ၊
သဘောကျမှ လက်ခံပါ။

ဒါနဲ့ပတ်သက်လို့ ညွှန်းနေကျသုတ်တစ်သုတ်ဖြစ်တဲ့
ဘုရားရှင် ဟောတော်မူခဲ့တဲ့ ကေသမုတ္တသုတ်ကို ဖတ်ခိုင်းပါရစေ။

ကေသမုတ္တိသုတ်ဆိုတာက ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာဝင်တွေကို
အရောင်တောက်စေတဲ့ သုတ်တစ်သုတ်ဖြစ်ပါတယ်။

ဘာသာရေးဆိုင်ရာ သမိုင်းတစ်လျှောက်တွင် ထူးထူးရှားရှား ပြိုင်ဘက်ကင်းသည့်
မြတ်စွာဘုရား၏ ဩဝါဒစကား ဖြစ်ခဲ့ပါတယ်။

အခြားအခြားသော ဘာသာတို့နှင့် နှိုင်းယှဉ်လေ့လာရာတွင်
ဒီကေသမုတ္တိသုတ်ကြောင့်
ဗုဒ္ဓဘာသာအတွက်
ဗုဒ္ဓဘာသာဝင်တို့ ခေါင်းမော့နိုင်ခဲ့ပါတယ်။

ကေသမုတ္တိသုတ်လာ မြတ်စွာဘုရားရဲ့
ကိုးကွယ်ယုံကြည်မှုအပေါ်
သဘောထားအမြင်များဟာ
ဘာသာရေးသုတေသီတို့ လက်ဖျားခါရလောက်အောင် ကောင်းခဲ့ပါတယ်။

Freedom of Religion လို့ ခုခေတ်အော်အော်နေ့တဲ့
ဘာသာရေးယုံကြည်ချက် လွတ်လပ်မှုကို
လွန်ခဲ့သော ဟိုး နှစ်ပေါင်း ၂၅၀ဝ ကျော်ကတည်းက
မြတ်စွာဘုရားက အပြည့်အဝ ပေးထားခဲ့ပြီးပြီ။

ပိဋက စာလုံးနဲ့စပ်တဲ့ မာ ပိဋကသမ္ပဒါနေန
(ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။)
လို့ ပါတဲ့ ကေသမုတ္တိသုတ်ကို
မြန်မာလိုရော အင်္ဂလိပ်လိုပါ အကျဉ်းဖော်ပြပေးလိုက်သည်။

ကေသမုတ္တိသုတ်
အခါတစ်ပါး၌ ကောသလပြည် ကေသပုတ္တိမြို့ငယ် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဤမြို့နေလူအပေါင်းကို ကာလာမအမျိုးအနွယ်များဟု ခေါ်တွင်ကြလေသည်။
၎င်းတို့မြို့သို့ ဗုဒ္ဓရောက်ရှိလာကြောင်း ကြားသောအခါ
ကာလာမအမျိုးသားတို့သည်
ဗုဒ္ဓထံသို့ ဆည်းကပ်၍ ဤသို့လျှောက်ထားကြကုန်၏။

အရှင်ဘုရား၊ ကေသမုတ္တိသို့ ရဟန်းပုဏ္ဏားအချို့တို့ ရောက်ရှိလာကြပါသည်။
သူတို့သည် သူတို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
သူတပါး၏ အယူဝါဒများကို မထီလေးစား ပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။

ထို့နောက် အခြားက ရသေ့ပုဏ္ဏားတို့ ရောက်လာကြပြန်ပါသည်။
သူတို့ကလည်း သူတို့၏အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
အခြားသူများ၏ အယူဝါဒများကို မထီလေးစားပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။

ဘုရားတပည့်တော်တို့မှာ ကြည်ညိုလေးမြတ်ဖွယ်သော ဤရသေ့ပုဏ္ဏားများတွင်
မည်သူက အမှန်စကားပြော၍
မည်သူက မမှန်တရားဟောသွားကြသည်ကို
မဝေခွဲနိုင်အောင် အစဉ်စိတ်ရှုတ်ပွေကာ
သံသယဖြင့် တွေဝေလျက် ရှိကြရပါသည်ဘုရား။

ဟုတ်ပေသည် ကာလာမအမျိုးသားတို့၊
ယုံမှားဖွယ်ရာကိစ္စတွင် သံသယဖြစ်ပေါ်လာသောကြောင့်
သင်တို့သည် ယုံမှားသံသယရှိသင့်ကြပေသည်။
စိတ်ရှုတ်ပွေခြင်း ဖြစ်သင့်ကြပေသသည်။
ယခု ရှုကြပေလော့ ကာလာမအမျိုးသားတို့။
သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့်။
အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်။
လူပြော သူပြော တစ်ဆင့်စကားကိုလည်း မယုံလေနှင့်။
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။
တက္ကနည်းနှင့် ဆင်ခြင်ကြံဆ ယူရုံမျှကိုလည်း နားမယောင်လေနှင့်။
ပုံပန်းအမြင် သဏ္ဌာန်ကြည့်၍လည်း မဆုံးဖြတ်နှင့်။
ရော်ရမ်းမှန်းဆ ယူရသောသဘော ထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ်ယူနှင့်။
ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း မယုံကြည်ပါလေနှင့်။
အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း
မှန်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။

အို ကာလာမနွယ်ဖွား အမျိုးသားတို့။
အချို့သောအကြောင်းတရားသည်
အကုသိုလ်ဖြစ်သည်၊
မမှန်ကန်၊
မကောင်းကျိုးကို ဖြစ်စေသည်ဟု
သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။
ထိုအကြောင်းတရားများကို စွန့်ပယ်ကြကုန်လော့။

အချို့အကြောင်းတရားများမှာမူ
ကုသိုလ်ဖြစ်သည်၊
မှန်ကန်သည်၊
ကောင်းကျိုးကို ဖြစ်စေသည်ဟု
အသင်တို့ကိုယ်တိုင် ကိုယ်ကျသိ၏။
ထိုအကြောင်းတရားများကို နှစ်သက်စွာလက်ခံ၍
လိုက်နာ ကျင့်ကြံကြပေတော့။

Kesamutti Sutta
Do not believe what you hear just
because you have heard it for a long time.

Do not follow tradition blindly merely
because it has been practiced in that way for many generations.

Do not be quick to listen to rumours.

Do not confirm anything just
Because it agrees with your scriptures.

Do not foolishly make assumptions.

Do not abruptly draw conclusions
by what you see and hear.

Do not be fooled by outward appearances.

Do not hold on tightly to any view or idea just
because you are comfortable with it.

Do not accept as fact anything that
you yourself find to be logical.

Do not be convinced of anything out of respect and deference
to your spiritual teachers.

You should go beyond opinion and belief.
You can rightly reject anything which when accepted, practiced and perfected leads to more aversion, more craving and more delusion. They are not beneficial and are to be avoided.

Conversely, you can rightly accept anything which when accepted and practiced leads to unconditional love, contentment and wisdom. These things allow you time and space to develop a happy and peaceful mind.

This should be your criteria on what is and what is not the truth; on what should be and what should not be the spiritual practice.

ရည်ညွှန်း။
အံ ၁၊ ၁၈၉
ဦးဟုတ်စိန် ပါဠိ မြန်မာအဘိဓာန်
ဦးကိုလေး၊ မြတ်ဗုဒ္ဓဒေသနာ

5 comments

  • researcher

    August 20, 2011 at 10:46 am

    အရှင်ဘုရားရေးထားသလိုပါပဲ ..

    ဗုဒ္ဓဘာသာဆိုတာ…
    … စူးစမ်းဝေဖန်သုံးသပ်ပြီးမှ လက်ခံယုံကြည်ရသောဘာသာ..
    …ကိုယ့်ကိုယ်ကို မှီခိုအားကိုးရသောဘာသာ…
    …စူးစမ်းလေ့လာခွင့် (Right to study, Right to survey) ပေးသောဘာသာ…
    …သံသယရှိခွင့် (Right to Doubt) ရှိတဲ့ဘာသာ…
    ဆိုတာ မှန်ပါတယ်။

    ကိုယ်ပိုင်ဆင်ခြင်ဉာဏ်နဲ့ ပိုင်းခြားဝေဖန် သုံးသပ်ပြီးမှ လက်ခံဖို့ လမ်းညွှန်ထားတဲ့အတွက် တပည့်တော် က သဘောကျ နှစ်သက်မိပါတယ်။ ဝေဖန်ပိုင်းခြားသူရဲ့ ဆင်ခြင်ဉာဏ်မြင့်မားရင် မြင့်မားသလို အင်မတန် မွန်မြတ်တဲ့ သဘောတရားတွေ တွေ့ရမှာပါ။

    ဒါပေမယ့် အဲဒီလို ဝေဖန် သုံးသပ်ခွင့်ရနေတာကြောင့်ပဲ သူ့အမြင် ကိုယ့်အမြင် လွတ်လပ်စွာဝေဖန်သုံးသပ်
    ရင်း ဗုဒ္ဓရဲ့ အာဘော်နဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေ အပေါ် ကိုယ်ပိုင် အယူအဆတွေ ရောနှောပါဝင် လာတယ်လို့ တပည့်တော်ကတော့ မြင်ပါတယ်။ မိရိုးဖလာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနဲ့ ရောသွား တဲ့အခါမှာတော့ ဗုဒ္ဓဘာသာကနေ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဖြစ်သွားပြီး နှစ်သက်လက်ခံနိုင်တဲ့သူ ရှိသလို လက်မခံနိုင်တဲ့ အနေအထားတွေလဲ ရှိလာတယ်လို့ တပည့်တော်ထင်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ တကယ့် အနှစ်သာရ ကတော့ မွန်မြတ်ပါတယ်။ အရှင်ဘုရားကော ဘယ်လိုမြင်ပါသလဲ ဘုရာ့။

    • ashinindaka

      August 20, 2011 at 12:38 pm

      ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာ သီရိလင်္ကာရောက်တော့ သိရိလင်္ကာယဉ်ကျေးမှုနဲ့ရောသွားပြီး သီရိလင်္ကာဗုဒ္ဓဘာသာဖြစ်သွားပါတယ်။ တရုတ်ရောက်တော့လည်း အတူတူပေါ့။ တရုတ်ဗုဒ္ဓဘာသာ၊ ထိုင်းရောက်တော့ ထိုင်းဗုဒ္ဓဘာသာ၊ မြန်မာပြည်ရောက်တော့ မြန်မာဗုဒ္ဓဘာသာဖြစ်ကုန်တာပေါ့။ မူရင်းဗုဒ္ဓဘာသာသဘောတရားကို သိထားဘို့တော့ လိုပါတယ်။ ဒီလိုသိထားရင် သူ့အာဘော် ကိုယ့်အာဘော်တွေကို ခွဲခြမ်းသိမြင်လာပြီး ဒါကတော့ မူရင်းနဲ့နီးစပ်တယ်လို့ သိရှိလာကာ မယိမ်းယိုင်တော့ဘူးးပေါ့။

      • Niko

        August 21, 2011 at 10:01 am

        Some school and researchers don’t agree with Abhidhamma Pitaka as the Buddha word, so
        How to and where to learn the မူရင်းဗုဒ္ဓဘာသာသဘောတရား ??? Though Pali canon ? or Though meditate ? or Through the Philosophy and science? Also, Do you think Abhidhamma does play an important role (important to know) in the path to liberation? My mind is full with question when i read books written in english, so please အရှင်ဘုရား address me some ideas regarding the practice to Nirvaana. I always afraid of i will misunderstood, misread and misinterpreted. All i can reference here (foreign) is only words, words from different branch of school and scholar. Thank you.

  • thihayarzar

    August 20, 2011 at 8:47 pm

    ကျွန်တော် ဗုဒ်ဓဘာသာ မြန်မာလူမျိုးဖြစ်နေတာကို အရမ်း ပျော်လည်းပျော်တယ် ဂုဏ်လည်းယူတယ် … ဘယ်ဘက်နေပဲကြည့်ကြည့် ကျွန်တော်တို့ ဘာသာဟာ အရမ်းကို ကိုးကွယ် ယုံကြည် ဆည်းကပ်စရာကောင်းပါတယ် … ကမာ္ဘမှာ ဘာသာကွဲတော်တော်များများဟာ ကျွန်တော်တို့ဘာသာကို အကြောင်းအမျိုးမျိုးကြောင့် လေ့လာရင်းနဲ့ ကိုးကွယ် ရာအစစ်အမှန် ဆိုတာကို လက်ခံလာကြတယ် ….

  • ရွှေအိမ်စည်

    August 20, 2011 at 9:14 pm

    သာဓု..သာဓု…သာဓု..

    တပည့်တော်..ဒီအကြောင်းကိုအသက်..၁၂ နှစ်သားက..
    ပြည်မြို ့အောင်မင်္ဂလာဈေးဘေးက မူလစာသင်တိုက်ကဆရာတော်ပြောတာနဲ ့..
    ဆင်ဆင်တူပါတယ်…
    တပည့်တော်..ဘာသာစပြောင်းခါစပါ…
    တပည့်တော်က အသက်၁၂ နှစ်မှာ
    ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အတွေးတွေ အပေါ် ကိုယ်ပိုင် အယူအဆနဲ ့ပြောင်းလာသူပါ။

    အတူနေတဲ ့မိဘများ(တတိယရင်ခွင်)ကလွပ်လပ်ခွင့်ပေးပါတယ်..။
    တပည့်တော်ရဲ ့ဒုတိယရင်ခွင်ပြာရမဲ ့မိဘများကနှစ်ခြင်းခရစ်ယာန်တွေ ပါ..။

    ကိုယ် ့ဘာသာမှကောင်းတယ်ဆိုတဲ ့အယူတော့တပည့်တော်မှာမရှိပါဘူး…

    ဒါပေမယ့်ကိုယ်ပိုင်အတွေးအရတော့….ဗုဒ္ဓဘာသာကိုပြောင်းချင်မိတာပါ..။
    လက်တွေ ့ဘဝနဲ ့အနီးစပ်ဆုံးကိုး……..။။။။။

    ဘာသာတိုင်းတရားတော်တွေ ကတော့..ကောင်းတာတွေ ဘဲညွှန်းကြပါတယ်…။
    ကိုယ့်တိုင်ကျင့်ကြံလိုက်နာမှသာဘဲသာသနာကို
    ထိမ်းသိမ်းရာရောက်ပါလိမ့်မယ် ထင်မိတာပါဘဲ။

    ကိုယ့်ကိုကိုယ်ပြင်တာအကောင်းဆုံးပါဘဲ….တရားကတော့…အမှီပေါ့။
    လက်တွေ ့ဘဝနဲ ့ဆန်းစစ်နိုင်ဆုံးကတော့ဗုဒ္ဓဘာသာပါဘဲ….လက်ခံပါတယ်

    (အချို့အကြောင်းတရားများမှာမူ
    ကုသိုလ်ဖြစ်သည်၊
    မှန်ကန်သည်၊
    ကောင်းကျိုးကို ဖြစ်စေသည်ဟု
    အသင်တို့ကိုယ်တိုင် ကိုယ်ကျသိ၏။
    ထိုအကြောင်းတရားများကို နှစ်သက်စွာလက်ခံ၍
    လိုက်နာ ကျင့်ကြံကြပေတော့။)

    ကြိုက်နှစ်သက်မိလို ့
    ဒီစကားကိုတပည့်တော်..စိတ်မှာ .ကော်ပီသိမ်းယူ
    လိုက်ပါတယ်။

    လေးစားသော
    ရွှေအိမ်စည်

Leave a Reply