စာလေးတစ်ပုဒ်..။။။

စာလေးတစ်ပုဒ်
စာလေးတစ်ပုဒ်ခင်ဗျားတို့ဖတ်ရဘို့ ကျုပ်တို့စာရေးတဲ့သူတွေမှာ
ဘယ်လောက် ခေါင်းခြောက်တယ် ထင်သလဲ စာရေးတယ်ဆိုတာ ဟောတစ်ပုဒ်ဟောတစ်ပုဒ်
စက်နဲ့လှည့်ထုတ်သလို ရတာမဟုတ်ဘူးဗျ  ကုန်ကြမ်းဆိုတာကရော စာရေးဘို့ကုန်ကြမ်းအကြောင်းအရာ
တစ်ခုဖြစ်လာဘို့  အဲဒီအကြောင်းအရာပေါ်မှာ ရေးသားသူရဲ့ အမြင်နဲ့လဲဆိုင်သေးတယ်လေ  စာရေးမယ့်သူက
အကြောင်းတိုက်ဆိုင်လာတဲ့ ကုန်ကြမ်းကို  ဘယ်လိုမှမခံစားရဘူးဆိုရင်လဲ စာတစ်ပုဒ် ဖြစ်လာမှာမဟုတ်ဘူးလေ
ပြောရမယ်ဆိုရင်တော့ ရင်ဘတ်နဲ့ ရင်းပြီးရေးရတာ ပေါ့ ။ ဒါမှလဲ ဖတ်တဲ့သူ ဟတ်ထိ မှာပေါ့ ။ စာဖတ်သူရဲ့
ရင်ထဲမှာ နဲနဲလောက် ကျန်ခဲ့တယ်ဆိုရင်တောင် ရေးရသူ ဆံပင်ကျွတ်ရကြိုး နပ်တယ်ပြောရမှာပေါ့ဗျာ ။
ရေးတဲ့သူနဲ့ ဖတ်တဲ့သူကလဲ ရေးသားတဲ့စာတိုင်းမှာအံဝင်ဂွင်ကျ ဖြစ်ချင်မှ ဖြစ်မှာလေ ။ တယောက်နဲ့ တယောက်
ဝါသနာချင်းက တူကြတာမှ မဟုတ်တာဘဲ ။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို ပိုပြီးတော့ စိတ်ဝင်
တစား ဖတ်တတ် မှတ်တတ်ကြတာပဲ မဟုတ်လား ။ ဒါကြောင့်ပဲ မိမိကြိုက်တဲ့ စာရေးဆရာ ဆို(ဘာရေးရေး) နဲနဲ
အမြည်းလေး ဖတ်ကြည့်လိုက်ရမှ ကျေနပ်တတ်ကျတာမဟုတ်လား ။
တချို့ကလဲ ရီစရာဟာသလေးပါမှ
တချို့ကလဲ ဗဟုသုတ လေးမှ
တချို့ကျတော့လဲ IT လေးမှ
တချို့ကျတော့ တက်ကျမ်းမှ
တချို့ကျတော့ထူးဆန်း တာလေးတွေမှ
တချို့ကျတော့ ခံစားချက်လေးပါမှ
တစ်ချိုကျ အနုအရွလေးတွေ
တစ်ချို့ကျသည်းထိပ်ရင်ဖို
တချို့ကျတော့လဲ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး ကိစ္စက ဘယ်လိုဆိုတာမျိုးတွေပေါ့
(ဒါကတော့ အမျိုးသမီး တွေက ပိုစိတ်ဝင်စားတာထင်ပ)
အခု ခေတ်ဆို ပိုဆိုးသေးတယ် ဟိုးအရင်ကဆို စာအုပ်အဟောင်းဆိုင်မှာ ဖတ်ချင်တဲ့ စာမျိုးခက်ခက်ခဲခဲ ရှာရတာ။
ဒါ့ကြောင့် စာရေးဆရာကြီးတွေက စာအုပ် အဟောင်းဆိုင်တန်းလေးတွေကိုတောင် လမ်းဘေးတက္ကသိုလ် လို့
တင်စားခေါ်ဝေါ် ခဲ့ကျတာပေါ့ ။ စာပေကသာ လူတွေရဲ့ အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်တာလေ။
မှန်ကန်တဲ့ အတွေးအခေါ်ဆိုတာ ကျွန်တော်တို့ ခေါင်းထဲမှာရှိပြီးသားဉာဏ်နဲ့တင် မလုံလောက်ဘူးဗျ ။ ဖတ်ထားတဲ့
စာတွေနဲ့ ယှဉ်ရသေးတယ် ။  ဒါမှ မှန်ကန်နိုင်တဲ့ ဆုံးဖြတ်ချက်တွေ ထွက်လာတာ ။ အခုတော့ လမ်းဘေးတက္ကသိုလ်
နေရာမှာ ၅၀ဝ ကျော်တန်တဲ့ သတင်းထူး သတင်းဦး ဂျာနယ် တွေကနေရာယူလာကျပြီလေ ။ အခုခေတ်မှာတော့
လိုချင်တာကိုအင်တာနက်မှာ ရှာဖတ်လို့ ရတာမျိုးတွေ ရှိလာပြီလေ ။ ဒါကလဲ တိုးတက်လာတာနဲ့ အမျှ
ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့ အညီစာဖတ်ပရိတ်သတ်နဲ့ စာရေးဝါသနာပါသူတွေ အတွက်တော့ အဆင်
ပြေတာပေါ့ ။ ဒါပေမယ့် အခုခေတ်လူငယ်တွေ တော်တော်များများ ဒီလို အတွေးအခေါ်တွေ အခွင့်အလမ်းတွေကို
နားမလည်သေးတာတော်တော် များတယ် ။
သူများနိုင်ငံမှာ ဘာတွေ ရှာဖွေတွေ့ရှိသွားပြီပဲ လို့ စိတ်ဝင်စားတဲ့ လူငယ်က တော်တော်လေးနဲသားဗျ ။
အင်တာနက် သုံးရင်တောင် G-talk နဲ့ VZO ပြောဖို့လောက်တွေးတတ်ကျတာပဲဗျ ။
၁၉၇ဝ ကျော်မှ တော်တော်များများ စာရေးတတ်လာတဲ့ တရုတ်နိုင်ငံတောင် အခုဆို ခုနနှစ်သားတောင် ဟယ်ရီပေါ်တာကို
အင်္ဂလိပ် လို ဖတ်တတ် နေကျပြီလေ ။( မြန်မာပြည်ရဲ့ ပညာရေးအရင်းအမြစ်ကြောင့်လဲ ဖြစ်နိုင်ပါတယ်)
အခုခေတ်လူငယ်တွေ စာဖတ်အား အရမ်းနည်း ကြတယ် ။ ဒါကလဲ စာအုပ်ကို ခက်ခက်ခဲခဲ ရှာမဖတ်ရတာရယ် စာကောင်း
ပေမွန်တွေရဲ့ တန်ဖိုးကို သေချာမသိကျလို့ ဒီလိုဖြစ်ရတာထင်တယ် ။ စာတစ်ကြောင်းလေးနဲ့ လူတယောက်ရဲ့ ဘဝ
တခုလုံး ပြောင်းလဲ သွားနိုင်တယ် ဆိုတာ လေးတခုပြောပြချင်တယ် ။ စာရေးဆရာ နွမ်ဂျာသိုင်း က ဟောပြောပွဲ တခုမှာ
သူ့ဘဝအကြောင်း စာတကြောင်းကြောင့် ပြောင်းလဲ ခဲ့ရပုံကို ဟောပြောဖူးတယ် ။
ကျောင်းသားဘဝ ကနေ ပြီးထောင်ကျခဲ့ရတာ (နိုင်ငံရေး ထင်တာပဲ)
သူ ထောင်ကထွက်လာစ ကပေါ့ ။ ဘဝရဲ့ လမ်းကို ဘယ်ကပြန်စလျှောက်ရမှန်း မသိတဲ့အချိန် ။ လမ်းမှာဗိုက်ဆာလို့
အကြော်ဝယ်စားတာ အဲဒီအကြော်ထုပ်ထားတဲ့ စက္ကူက စာလေးတကြောင်းကြောင့် အခုလို နိုင်ငံသိ စာရေးဆရာ
တယောက်ဖြစ်လာရတာပါတဲ့ ။ အဲဒီစာကြောင်းလေးကိုတော့ ကျနော် မမှတ်မိတော့ဘူးဗျ ။ …:P
ဘာပဲဖြစ်ဖြစ် ကိုယ်ရေးတဲ့ စာတကြောင်းဖြစ်ဖြစ် စာဖတ်သူအတွက်( တဘဝလုံးအပြောင်းအလဲ မဟုတ်တောင်)
ဟတ်ထိ စရာလေး တခုခုများ ကျန်ခဲ့တယ် ဆိုရင်ဖြင့် ရေးတဲ့သူဖတ်တဲ့သူ အတော် အကျိုးရှိတာကလား
ကျွန်တော် ကတော့ ပညာရေးမှာအထူးချွန်ကြီးမဟုတ်ခဲ့တာတောင် စာကောင်းပေမွန်တွေရဲ့အကျိုးကျေးဇူးကြောင့်
ဘဝတက်လမ်း တွေကို မှန်မှန်ကန်ကန်ရှာဖွေတွေ့ရှိနိုင်ခဲ့တာပါပဲ  ။ ငယ်စဉ်အခါက  ဖတ်စရာအင်မတန်ရှားပါတဲ့
အချိန်မျိုးမှာတောင် ခေါက်ဆွဲကျော်ထုပ်တဲ့ သတင်းစာစက္ကူ စုတ်က စာမကျန်ဖတ်ခဲတာ  ကြိုက်တာလေးတွေ့ရင်းကတ်ကျေးနဲ့ ညှပ်
သိမ်းထားခဲ့ရတာပဲ  အဲဒီတုံးကဂျာနယ်မသိ မဂ္ဂဇင်းလောက်သာရှိခဲ့တာလေ  ယခုအချိန်ထိလဲ တွေ့ကရာ ဂျာနယ်အစုတ်မကျန်
တွေ့တဲ့နေရာ မှာ အချိန်ရသလောက် လှန်လှော ဖတ်နေတုန်းပါ။
နောက်ဆုံးတစ်ခုကတော့ ဖတ်ပါ မှတ်ပါ လေ့လာပါ အဲဒီဗဟုသုတတွေကို ဘဝသင်ခန်းစာများနဲ့ တိုက်ဆိုင် အသုံးချ
နိုင်ကြပါစေလို့ဆန္ဒပြုရင်း……။။။။။
မန်းဂေးဇက်မှ  “tetoo”..အား ဤစာပုဒ်ပါအချက်များဖြင့်ကျေးဇူးတင်အပ်ပါတယ်။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

14 comments

  • Gipsy

    August 23, 2011 at 10:41 pm

    အင်းဗျ…. လူငယ်လေးတွေ အားလုံးသိသင့်ပါတယ်… တစ်ချို့က အင်တာနက်ကို ဂျီတော့နဲ့ ဖေ့ဘုတ်ရယ်
    ဗွီဇက်အိုရယ် သုံးမယ်ဆိုတာပဲ နားလည်နေကြတာ… ကျန်တဲ့ နည်းပညာပိုင်းတွေ ဗဟုသုတ တွေ လေ့လာ
    ဖို့ ကို အရမ်းအားနည်းနေကြတာတွေရတယ်… ခုလို အသိအမြင် လေးတွေ ဖြန့်ဝေပေးခြင်း အတွက်
    အတိုင်းအတာတစ်ခု အထိ သက်ရောက်နိုင်ပါစေလို့ ဆန္ဒပြုမိ ပါတယ်…။

  • မီးမီး သော်

    August 23, 2011 at 11:07 pm

    အင်းပေါ့လေ. ဖတ်စရာမှတ်စရာ စာကောင်းပေကောင်းတွေလဲရှားလာတယ်ပြောရမှာပါ။ဘာလို ့လဲဆိုတော့ အများပြည်သူနဲ ့နီးစပ်တဲ ့သတင်းစာတို ့မှာပါနေတာတွေက. အတင်းအဖျင်းနဲ ့ဘယ်လောက်ပြီးပြီး လျှပ်စစ်မထွက်တဲ့ရေအားတို ့ ဆောက်ပြီးမကြာမီပျက်တဲ့ လမ်းတံတားအကြောင်းတွေဘဲပါပါနေတောလေ။တကယ့် အကျိုးပြ ုစာပေတွေကို ထုတ်ဝေခွင့်မပြ ုတာက ရင်နာစရာပါ။နောက်တခုက ခေတ်လူငယ်တွေ စာဖတ်တဲ့အကျင့် မရှိတော့တာက တော့ရင်လေးစရာပါ။ဒါတွေ ကိုတွန်းအားပေး ပြ ုပြင်ဖို ့ရာ ကျွန်မတို ့လိုလူကြီးတွေမှာ တာဝန်ရှိပါတယ် လို ့ခံယူထားပါတယ်

  • မီးမီး သော်

    August 23, 2011 at 11:11 pm

    “””ဆရာနွမ်ဂျာသိုင်း ထောင်ကထွက်လာစ ကပေါ့ ။ ဘဝရဲ့ လမ်းကို ဘယ်ကပြန်စလျှောက်ရမှန်း မသိတဲ့အချိန် ။ လမ်းမှာဗိုက်ဆာလို့
    အကြော်ဝယ်စားတာ အဲဒီအကြော်ထုပ်ထားတဲ့ စက္ကူက စာလေးတကြောင်းကြောင့် အခုလို နိုင်ငံသိ စာရေးဆရာ
    တယောက်ဖြစ်လာရတာပါတဲ့ ။ အဲဒီစာကြောင်းလေးကိုတော့ ကျနော် မမှတ်မိတော့ဘူးဗျ ။ …:P
    ဘာပဲဖြစ်ဖြစ် ကိုယ်ရေးတဲ့ စာတကြောင်းဖြစ်ဖြစ် စာဖတ်သူအတွက်( တဘဝလုံးအပြောင်းအလဲ မဟုတ်တောင်)
    ဟတ်ထိ စရာလေး တခုခုများ ကျန်ခဲ့တယ် ဆိုရင်ဖြင့် ရေးတဲ့သူဖတ်တဲ့သူ အတော် အကျိုးရှိတာကလား””” ဘယ်လိုစာမျိုးပါလိမ့်နော်။မှတ်မိမယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့—-

  • pan pan

    August 24, 2011 at 9:45 am

    ခုခေတ်မှာ လူတွေက သတင်းစာတောင် နောက်ကလှန်ဖတ်နေကြပြီတဲ့ (တော်တော်များများပေ့ါ)
    ဘယ်စာလုံး ဘယ်နေရာသုံးသင့်တယ် မသုံးသင့်ဘူး မသိကြတော့ပါဘူးတဲ့
    ဥပမာ-လူထုမေတ္တာ အပေါင်ဆိုင်
    မိဘမေတ္တာ အပေါင်ဆိုင်
    ဗုဒ္ဓံ ဓမ္မံ သံဃံ အမှုန့်ကြိတ်သည်
    (ဦးဘုန်း၊ ဓာတု)
    ————–
    အဲဒါတွေ စာဖတ်နည်းလို့ဖြစ်တယ်ထင်တာပဲ
    ပြောသာပြောရ..ကိုယ်တိုင်လည်း စာစုံမဖတ်ဖြစ်ပါဘူး

  • etone

    August 24, 2011 at 10:50 am

    ဟုတ်ပါရဲ့ ဘီလူးကြီးရေ … စာရေးတဲ့ လူက ရင်ဘတ်နဲ့ ခံစားပြီးရေးတာမို့လို့ … ရေးတဲ့လူရဲ့ အမြင်နဲ့တခြား စာဖတ်သူတွေရဲ့ အမြင် ထပ်တူကျချင်မှ ကျမယ်လေ … ။ ဒါကြောင့်လည်း တစ်ခါတစ်လေ အတိုက်ခံဝေဖန်တာလေးတွေ ကြားကြားနေရတယ်… ။ စာရေးတဲ့လူတစ်ယောက်က ဝေဖန်ခံရဲတဲ့ သတိ္တလည်းရှိဦးမှ … သို့သော်လည်း …ကိုယ့်ရင်ဘတ်ထဲ ဟက်ထိပေမဲ့ ..သူများတွေရင်ထဲ ဘာညာဘာညာဆိုတော့ … အောင့်သီးသီးနဲ့ ကြိတ်ရတာပါ့နော် ဟိဟိ 😛

  • Moe Z

    August 24, 2011 at 12:25 pm

    မင်းသားမင်းသမီးတွေရဲ့အကြောင်းကို အဒေါ်ကြီးတွေကပိုပြီးစိတ်ဝင်စားကြမယ်ထင်တယ်..
    ကိုရီးယားမင်းသားဂျူမုံ မြန်မာပြည်လာတုန်းက ရွှေတိဂုံဘုရားပေါ်မှာ အတင်းတိုးကြည့်ကြတာ အဒေါ်ကြီးတွေပိုများတယ်.. သတင်းမှာတွေ့လိုက်တာ..

  • nozomi

    August 24, 2011 at 1:00 pm

    စာကောင်းတစ်ပုဒ်ဖြစ်လာဘို့က ကလေးတစ်ယောက်မွေးလာတာနဲ့တူတယ်

    အတိုပြောရရင်တော့ -အိမ်ထောင်ပြုရမယ် (အတူနေတယ်ပေါ့ဗျာ)၊ ကိုယ်ဝန်ရှိရမယ် (ပျက်မကြဘို့လိုသေးတယ်)၊ကောင်းကောင်းမွန်မွန်မွေးဖွားလာရဦးမယ် အဲဒါဆို စာတစ်ပုဒ်ဖြစ်လာပြီ အဲဒီမှာ စာရေးသူ၊သူရဲ့စေတနာ၊အတတ်ပညာ ဒါကအဖေ ရေးရလောက်တဲ့ အကြောင်းအရာ ဒါကအမေ နှစ်ယောက်လုံးက ချောမှ ကလေးလှလှလေးမွေးလာမှာ (စာကောင်းပေကောင်း ထွက်လာမှာ)၊

    ကျွန်တော် ရေးချင်တဲ့ အကြောင်းအရာ နှစ်ခု ရှိလိုက်သေးတယ် နေပြည်တော်သွားရင်း စီးတဲ့ကား ခဲနဲ့ အပေါက်ခံလိုက်ရတာ၊ အိမ်ရှေ့လမ်း မှာ ကားတွေ ခဏ ခဏ တိုက်နေတာ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မရေးဖြစ်တော့ဘူး ကိုယ်ဝန်နဲ့တင်ပျက်ကျသွားရော

    အကျယ်ချဲ့လိုက်ရင် ၄ဝ ရမှာစိုးလို့ ဒီမှာပဲ ရပ်တော့ မယ်ဗျာ
    အဓိက က ရုပ်လှလှ ဉာဏ်ကောင်းကောင်း လိမ်လိမ်မာမာ ကလေးလေး မွေးလာပြီး လူချင်လူခင်ပေါဘို့ မလွယ်ဘူး ဆိုတာ ပြောချင်တာ

    ဘီလူးကြီး ခင်ဗျား ကလေးလေးတွေကတော့ နာမည်နဲ့ မလိုက်အောင်ကို ချောပါတယ် 😀

    • pooch

      August 24, 2011 at 5:46 pm

      nozomi ရဲ့ ဥပမာလေးက ကောင်းလိုက်တာ … ဟုတ်ပါတယ် ကျမလည်း ရင်ထဲမှာ ရှိတဲ့ တချို့ဟာလေးတွေ တော်တော်များများ မရေးနိုင်ပါဘူး… တုန်မမ ပြောသလို အဝေဖန်ခံနိုင်ဖို့လည်း သတိ္တလည်းရှိဦးမှပါ … ဒါပေမဲ့ ဘီလူးရေးတဲ့ စာလေးတွေက တော့ အတွေးကောင်းလေးတွေ ပေးပါတယ်….. ကျမ ပို့စ်တိုင်းကို ဝင်ပြီး comment မပေးဖြစ်ပေမဲ့ အကုန်လုံးနီးပါး ဖတ်ဖြစ်ပါတယ် ( အချိန်ရရင်ပေါ့လေ) မအားရင်တော့ ဝင်ကို မဝင်နိုင်တာပါ။

  • hmee

    August 24, 2011 at 3:05 pm

    နိုဇိုမီ ရေးပြတာကို အရမ်း သဘောကျသွားတယ်။ ကိုယ်ဝန်ပျက်တာနဲ့ နှိုင်းသွားလို့လေ။ ကိုယ်လည်း တကယ်ကို စာကိုယ်ဝန်တွေ အဲ့လို အကြိမ်ကြိမ် ပျက်ရတာမို့ပါ။ ကိုဘီလူးရေ တခါတခါ ပို့စ်တင်ခါနီးတိုင်း တွေးမိတာတခု ရှိတယ် ကိုယ်တင်တဲ့စာဟာ တယောက်လောက်ကိုတောင်မှ သုတ၊ရသ ပေးနိုင်ပါ့မလားလို့ သံသယ ဝင်တဲ့ အတွေးလေးပါ။ မှီတို့လည်း ငယ်ငယ်က ရွာမှာ အဲ့လိုပဲ အမေ ဈေးဝယ်လို့ ဆိုင်က ထုတ်ပေးလိုက်တဲ့ စာစောင် အပိုင်းအစလေးကို ရသလောက်ကို ဖတ်တာ စာဆို အရုုးအမူးပဲ။

  • ogre

    August 24, 2011 at 7:35 pm

    ကျွန်တော့်ဝါသနာက လမ်းမှာကျနေတဲ့ စက္ကူ စုတ်ပေါ်က စာတောင်
    ညစ်ပတ်နေလို့ မကိုင်ရင်နေရမယ် တစ်ခါတစ်လေ ထိုင်ဖတ်မိလို့ လူတွေက
    ကြောင်တောင်တောင်ကြည့်သွားတာခံရဘူးတယ်
    ဘာဖြစ်လဲဗျာ ဂရုမစိုက်ပေါင် အဲစက္ကူစုတ်ထဲမှာ ကိုမသိတဲ့အကြောင်းလေးရေးထားတာဆို
    ကိုသိတရတာပေါ့ ရှက်ပေါင်ဗျာ..။။
    ဘဏ်လမ်းထဲ ကွန်ပြူတာဆိုင်နားမှာဖြစ်တဲ့ အကြောင်းလေး သတိရမိလို့ပါ…. ;P ။။။

  • pannu

    August 24, 2011 at 7:51 pm

    ဦးဘီလူးကြီး ရဲ့ Idea ကတော့ ဩချရလောက်ပါတယ်၊
    ဒါလဲလေ နားမလည်တာက (ဘဏ်လမ်းထဲ ကွန်ပြူတာဆိုင်နားမှာဖြစ်တဲ့ အကြောင်းလေး သတိရမိလို့ပါ…. ;P ။။။)
    အဲရာက ဘာလဲမသိလို့။

    • ogre

      August 24, 2011 at 8:02 pm

      ဘဏ်လမ်းထဲ ကွန်ပြူတာဆိုင်နားမှာဖြစ်တဲ့ အကြောင်းလေး သတိရမိလို့ပါ…. ;P ။။။)
      အဲဒါက ဘဏ်လမ်းထဲ genus ကွန်ပြူတာဆိုင်နားမှာ ကျနေတဲ့စက္ကူစုတ် ထိုင်ဖတ်မိတာလေးပါ….
      ဟီဟီး …ပြန်တွေးရင်ကြောင်တောင်တောင်နိုင်သား
      အိတ်ကတဖက် .. IBR တင်ဖို့ အတွက်ဖိုင်က တဖက်နဲ့ မတ်တတ်ဖတ်တာအားမရတာနဲ့ ထိုင်ဖတ်လိုက်တာပါဗျ..။။… ;P
      သိပ်စပ်စုတာပဲအကုန်သိချင်တယ်

  • စာကောင်းပေကောင်းတွေမထွက်ဘူးသာပြောတာပါ။.
    တကယ်ကိုအတွေးကောင်းကောင်းနဲ့ရေးထားတဲ့စာများကိုတော့ လဲဖတ်သူနည်းပါတယ်။
    တိုမှ ရှည်ရင်မဖတ်ချင်ဘူးဆိုသူလဲရှိပါရဲ့။
    လူအလိုနတ်မလို်က်နိုင်တဲ့……………………………………………..

  • blackchaw

    August 26, 2011 at 1:04 pm

    ကိုဘီလူးကြီးရေ
    စာရေးတာဝါသနာပါလို့ ရေးချင်စိတ်ရှိရင် ဖီလင်လာရင် ရေးချလိုက်ပါဗျာ။
    စာလေးတစ်ပုဒ်ခင်ဗျားတို့ဖတ်ရဘို့ ကျုပ်တို့စာရေးတဲ့သူတွေမှာ
    ဘယ်လောက် ခေါင်းခြောက်တယ် ထင်သလဲ
    ဒီမေးခွန်းကြီးက နည်းနည်းများ ရင့်သီးနေသလားလို့ပါ။ ကျွန်တော်တို့ အားအားယားယား အလကားဖတ်ဖို့အတွက်တော့ ဆရာ ဘီလူးကြီး အလကားခေါင်းခြောက်ခံမနေပါနဲ့ ခင်ဗျာ။
    တစ်ကယ်ကို အကောင်းမြင်စိတ်နဲ့ ပြောတာပါ။ အမှားပါရင်ခွင့်လွှတ်ပါဗျာ။

Leave a Reply