ခတ်တယ်
“ခက်တယ်ကွ….သိပ်ခက်တယ်….ငါလုံးဝမပြောချင်ဘူးကွာ…”. လက်ထဲရှိ သောက်လက်စ လဘက်ရည်
ပန်းကန်လုံးကို ဆောင့်ပြီး ခတ်ပြင်းပြင်း ချရင်း ပြောလိုက်ခြင်းဖြစ်သည်။
“ဘာခက်တာလဲ အကိုရဲ့”…………
စကားမစပ် အစမရှိ အဆုံးမရှိ တခက်တည်း ခက်နေသော ကိုကျော်ကြီး၏ စကားကိုအ
ဓိပ္ပါယ်မပေါက်ဟန်ဖြင့် စ ထိုင်သည့် အချိန်နာရီကို လှမ်းမှတ်ရင်း မင်းနန္ဒမှပြန်မေး
လိုက်သည်။ “လုံးဝမပြောချင်ဘူး” ဟု ပြောလိုက်ခြင်းသည် တခုခုကို ပြောချင်၍ စကားစ
လိုက်ခြင်းဖြစ်သည် ဟု သိနှင့်ပြီးလည်းဖြစ်သည်။ ကိုကျော်ကြီးသည် သူ၏ ချစ်သူဟောင်း
မစန္ဒာနဲ့ ပတ်သက်၍ ရင်ဖွင့်လိုစိတ် ပေါက်သည့်အခါတိုင်း မင်းနန္ဒ၏ အိမ်သို့လာ၍ “ညီလေးလ္ဘက်ရည်
သွားသောက်ရအောင်ကွာ” ဟု ပြောပြီး ခေါ်လေ့ရှိသည်။ မင်းနန္ဒမှာ လူပျိုလူလွတ်
တစ်ယောက်တည်း ဆိုသော်လည်း ထ္မင်းစားဖို့တောင် အနိုင်နိုင် ရုံးကန်နေရသည် ဖြစ်၍
လ္ဘက်ရည ်တခွက် အလကားသောက်ရလည်း မနည်းဘူး ဟူသောသဘောဖြင့် ကိုကျော်
ကြီးဘာပြောပြော၊ ပြောချင်ရာပြော၊ ပြောသမျှကို နားထောင်မည်၊ ထောက်ပေးမည်၊ သူ သတ်မှတ်ထားသော အချိန်ပြည့်လျှင် “ကိစ္စရှိလေးနည်းနည်းရှိသေးလို့ အကိုရေ သွားလိုက်ဦးမယ်”…. ပြောပြီး ထပြန်နေကြဖြစ်သည်။ ကိုကျော်ကြီးမှာလဲ သူ၏ မစန္ဒာအကြောင်းကို ရင်ဖွင့်လွန်းလှ၍ မင်းနန္ဒမှလွဲ၍ မည်သူမျှ နားမထောင်လိုကြသည် ကို သိ၍ မိမိ၏ စကားကို နားထောင်ပေးမည့် မင်းနန္ဒ အားကိုသာ အမြဲလာခေါ်ရခြင်းဖြစ်သည်။
“ဘာခက်ရမှာလဲကွ……ဟို….စန္ဒာဆိုတဲ့ မိန်းမပေါ့”…. အလွန်ဒေါပွ၍ မခံရပ်နိုင်သော
အမူအရာ နှင့်ပြောပြီး မည်သည်အရာ ကိုကြည့်မှန်းမသိ စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။
မင်းနန္ဒကတော့ ကိုကျော်ကြီး ကြည့်နေသည့် ဘာရယ်မဟုတ်သည့် လေဟာနယ်တ
နေရာတွင် မစန္ဒာ၏ အပြုံးတချို့ ရှိနေလိမ့်မည်ဟု သိထားသည်။
ထို့ကြောင့်…………..
“မစန္ဒာဘာဖြစ်လို့လဲအကိုရဲ့” ဟု သောက်ထားသော လ္ဘက်ရည်၏ အဖိုးအခကို ပေးစပ်
သည့်အနေဖြင့် စကားကို ဆက်ထောက် ပေးလိုက်ပြီး အလွန်တရာမှ စိတ်ဝင်စားလှသည့်
အမူအရာကို ပြလိုက်သည်။
“ပြောမဲ့သာ ပြောရတာပါကွာ ….တကယ်တော့လဲ ငါ့အပေါ် သိပ်ကောင်းတဲ့ မိန်းမ တယောက်ပါ………ငါ့ဘဝတသက်တာမှာ ငါ့အပေါ် သူ့လောက်ကောင်းတဲ့သူ မရှိသေးဘူးကွ… ရှိလဲရှိလာမှာမဟုတ်တော့ဘူး လို့ငါယုံတယ်”….
“ဟာဒီလောက်တောင် ကောင်းတဲ့ဟာ ဘာဖြစ်လို့ခက်နေရတာလဲ ကိုကျော်ကြီးရဲ့”
“သိပ်ကောင်းလို့ ခက်တာပေါ့ကွ……… ငါက သူ့ကို ရည်းစား စကားစပြောတဲ့အ
ချိန် တုန်းကဆိုရင် သူပျော်သွားတဲ့ ပုံလေးကို ဓါတ်ပုံရိုက်ထားပြီး မင်းကိုပြချင်တယ်”
အတိတ်က အရိပ်တခုကို မြင်ယောင်လာပြီး အလွန်ဆွေးမြေ့လှသော အသံဖြင့်ပြောသည်။
“ဟာ မလုပ်ပါနဲ့ အကိုကြီးရာ… ကျနော် ပါမြင်ပြီး ကြိုက်မိသွားရင် ဘယ်လိုလုပ်ပါ့မလဲအကို
ကြီးရဲ့”…… ဟု ပြောနေကြစကားကို ပြောနေကြအတိုင်းပင် ပြောပေးလိုက်သည်။
“ဟာ..မင်းကလဲ သောက်ထားတဲ့ လ္ဘက်ရည် မျက်နှာမှမထောက်ကွာ… မင်းမို့လို့
ပြောထွက်တယ်… .အေးလေ.. ဒီလိုလူမျိုးတွေကိုလဲ ငါအပြစ်မတင်ရက်ပါဘူး” ဟုပြောပြီး
အစီခံ ထိရောက်အောင် ဖွာထားပြီးပြီဖြစ်သော ဖက်ကြမ်းဆေးလိပ်တိုကို လက်ထဲမှ အဝေး တ နေရာသို့ တောက်ထုတ်လိုက်ပြီး အသစ်တလိပ်ကို ထပ်မှာလိုက်သည်။
“နှစ်လိပ်မှာတာမဟုတ်ဘူး အကိုကြီးရာ…ကျနော်လည်းသောက်ချင်သေးတာပေါ့”…..
“ ဒီနေ့အိပ်ပါးနေတယ်ကွ……တလိပ်ကိုနှစ်ယောက်အတူသောက်ကြမယ်”…….
အမှန်တော့ ယနေ့ အိပ်ပါးနေခြင်းမဟုတ်။ လ္ဘက်ရည် သောက်တိုင်း ဆေးလိပ်ကို တလိပ်
သာ မှာ၍ နှစ်ယောက်အတူ သောက်နေကြ ဖြစ်သည်။ မင်းနန္ဒကလည်း သောက်တိုင်းနှစ်
လိပ် မှာရန် ပြောသလို ကိုကျော်ကြီးကလည်း ပြောတိုင်းကို အိပ်ပါးနေခြင်းဖြစ်သည်။
“ အမှန်တကယ်တော့ သူက ငါ့ကို ရည်းစား စကား ပြောစေချင်နေတာ ကြာပြီကွ…..
ဒါပေမဲ့ ငါလို ရုပ်ဆိုးဆိုး အသားမဲမဲ ပိန်ကျစ်ကျစ်လူသားတယောက် နဲ့ သူလို အလှနတ်ဒေဝီတပါး
တို့ ချစ်သူ တွေ ဖြစ်သွားကြလေသတည်း ဆိုတဲ့ဇာတ်လမ်းဟာ တကယ်က ိုဖြစ်လာပါ့မ
လားဆိုတာကို စိုးရိမ်မိသလို ငါပြောလိုက်လို့ အနားမကပ်တော့ဘူး ဆိုရင် .. လွတ်သွား
တဲ့ ငါး ကြီးနေရမဲ့ အဖြစ်မျိုးကိုလဲ ငါမလိုလားဘူးကွ…. ဒါကြောင့် သူ ငါ့ကိုချစ်နေပါလားဆို
တဲ့ အသိတဝက်နဲ့ ပြောလိုက်မှ ဝေးသွားစိုးတဲ့ စိုးရိမ်တို့ရဲ့ ခြောက်လှန် ့မှုကြောင့် …အီစီ
ကလီလေးပဲ လုပ်နေလိုက်တာ”………..
“ ဒါဆို……….မစန္ဒာ ကအကိုကြီးကို အရင်စပြီး ချစ်ကြိုက်နေတဲ့သဘောပေါ့နော်”…
“အေး ..အဲ့ဒါလည်း ခက်တာပဲကွ… ငါကိုကလည်း အသဲအသန် ချစ်နေမိတာ
လေ…ဒါပေမဲ့…….ငါတွက်ထားတာက”… ဟုပြောပြီး ဘာမှဆက်မပြောတော့ ပဲစားပွဲထိုးလာချသော ဖက်ကြမ်းဆေးလိပ်ကို ကောက်ယူ၍ မီးညှိလိုက်သည်။
“ငါ နဲ့ ဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာဆိုရင် သူ့ရဲ့အပြုံး သူ့ရဲ့အပြုအမူ သူ့ရဲ့အ
ပြင်အဆင် အကုန် အကုန် အကုန်လုံးဟာ … ငါ့အတွက် စွဲမက်စရာ တွေချည်းပဲကွ…
နောက်ပြီး ငါ က သူ့ကို ရည်းစား စကားစောစော မပြောခဲ့တာ ဟာ သူ့ကိုမချစ်ခဲ့လို့တဲ့..
ဒို့ နှစ်ယောက်ထဲမှာ သူက ငါ့ကို အရင် စချစ်ခဲ့တာပါတဲ့…… နှုတ်ခမ်းလေးစူပြီး ပြောလိုက်
တဲ့စကားလေ…မျက်စိထဲကရော နားထဲကပါ အခုထိ မထွက်သေးဘူးကွာ”…..
“အကိုကြီးကိုယ်တိုင်က သူ့ကိုစွဲမက်နေလို့ သူဘာလုပ်လုပ် လှနေတာဖြစ်မှာပေါ့ဗျ”……..
“ ခက်တယ် ညီလေးရဲ့ လောကကြီးကပဲ ဆန်းကြယ်နေတာလား ငါကပဲဆန်းကြယ်
နေတာလားတော့ မသိဘူးကွ သူ့ရဲ့အပြုအစု အယုအယတွေကို ခံခဲ့ရလို့…သိပ်ပြီး ဂုဏ်ယူခဲ့ဘူးတယ်ကွ”…
“ ဂုဏ်ယူခဲ့ဘူးတယ်ဆိုတော့ အခုရော…”.
“ခက်တယ်ကွ….အခုတော့လဲ” ဟုပြောပြီး… ဆက်ပြောရန် ဝေါဟာရ အသစ်တခုကို
စဉ်းစားနေစဉ်မှာ မင်းနန္ဒက “ဒါတွေ …ဒါတွေ ပြီးခဲ့ပါပြီ ပြီးခဲ့ပါပြီ… လို့တော့ မပြောနဲ့နော်
မပြီးသေးလို့ခက်နေတာ မဟုတ်လား” ဟုပြောပြီး ဆိုင်တွင်း၌ချိတ်ထားသော တိုင်ကပ်နာရီကို မသိမသာ လှမ်းကြည့်လိုက်သည်။
နာရီ လှမ်းကြည့်လိုက်သည် ကိုရိပ်မိသော ကိုကျော်ကြီး က သူ ပြောချင်သောစကား
များကို နောက် ဆယ်ငါးမိနစ်သာ ပြောခွင့်ရတော့မည် ကိုသဘောပေါက်လိုက်သည်။
မင်းနန္ဒကလည်း “လ္ဘက်ရည်တခွက် လေးဆယ်ငါးမိနစ်တော့ တန်ပါတယ်… အခုဆိုင်ကို
ရောက်နေတာ မိနစ်သုံးဆယ်ရှိပြီဖြစ်၍ နောက်ထပ် ငရဲခံရန်ဆယ့်ငါးမိနစ်သာ လိုတော့တယ်” ဟုတွေးပြီး…ငြိမ်သက်နေသည်။
“သူက ဟင်းချက် ပျင်းတယ်လို့ မကြာမကြာပြောတယ်… ဒါပေမဲ့ ငါစားချင်တယ်
ရင် .. ဘာမဆို သူကချက်ကြွေးတယ် လုပ်ပေးတယ်ကွ… ငါခေါ်ရင်လည်း သူ့အဒေါ်တွေ
ဦးလေးတွေ ဘယ်လောက်ဆူဆူ မရောက်ရောက်အောင်လာတယ်.”…
“အင်း…အဲ့ဒါလေးတွေကိုပဲ ချစ်နေမိတယ် ဆိုပါတော့.”……… .ပြန်ရတော့မှာမို့
ဖင်တကြွကြွ ဖြစ်နေသော မင်းနန္ဒက စိတ်မပါ့တပါဖြင့် စကားကိုထောက်ပေးလိုက်သည်။
“အဲ့ဒါကို ငါမငြင်းပါဘူး… တကယ်ဆိုရင် မင်းစဉ်းစားကြည့်စမ်းကွာ… မိန်းမပျက် မဟုတ်တဲ့ မိန်းကလေး တယောက်ဟာ တော်ရုံတန်ရုံ အချစ်စိတ် လောက်နဲ့တော့ ဘီယာဆိုင်တို့ အရက်ဆိုင်တို့မှာ လိုက်ထိုင်ပါ့မလားကွာ.”….
“ဟုတ်တာပေါ့ ဗျာ…. အကိုကြီး ကလည်း သူ့ကိုချစ် သူကလည်း အကိုကြီးကိုချစ်ဆို
တော့.”….. ဆက်မပြောဘဲ ရပ်ထားလိုက်သည်။ ကိုကျော်ကြီး ပြောမည့် စကားများကိုမြန်
မြန်ကုန်အောင် ညှစ်ထုတ်နေခြင်းဖြစ်သည်။
“ငါကလည်း ချစ်ဆိုကွာ. .ခြံနဲ့အိမ်တောင် ပြောင်ပြီ…. ကုန်ကုန်ပြောမယ်ကွာ…
အဲ့ဒိ ခြံနဲ့ အိမ်မကုန်မချင်းကို သူနဲ့ချိန်းချိန်း တွေ့နေလို့လဲ အလုပ်ပါပြုတ်ခဲ့တာပဲလေ.”..
“ဘဝကြီးတခုလုံးကိုပေးဆပ်ပြီး ချစ်ပြစ်လိုက်တယ်ဆိုပါတော့.”.. အသက်မဲ့သော အပြုံးနှင့် ကြည့်၍ မင်းနန္ဒက ပြောလိုက်ခြင်းဖြစ်သည်။
“အေးကွာ …ဒါပေမဲ့.. တန်ပါတယ်..ခက်တာက…”
ခက်တယ် ဟု ပြောလျှင် စကားကြော ရှည်တော့မည်ကို သိသော မင်းနန္ဒက “ဒါနဲ့ထ္မင်းတောင် သူကပဲခွံ ့ ့ကြွေးတာဆို” ဟု စကားလမ်းကြောင်းကို လွှဲပြစ်လိုက်သည်။
“ အေးကွ…ဒါကလည်း သူ့ရဲ့ ယုယမှုတွေထဲ ငါ့အတွက်စွဲမက်စရာတခုပေါ့…”..
“ဟာဒါဆိုရင် တခြားစွဲမက်စရာလေးတွေရှိဦးမှာပေါ့ ပြောပြပါလား.”…
“အေး.. သူက ဒို့နှစ်ယောက် ချိန်းတွေ့ကြတဲ့အခါတိုင်းမှာငါကသူ့ပေါင်လေးပေါ်မှာ ခေါင်းအုံးရင်လဲ အုံးနေမှ သူကလဲ ငါ့ပေါင်ပေါ်မှာ ခေါင်းအုံးရင်အုံးထားရမှ ကြိုက်တယ်ကွ… အဲ့ဒိလိုပေါင်ကို ခေါင်းအုံးထားကြပြီး သူ့ငယ်ဘဝလေးတွေကိုပြောပြရင် အရမ်းသနားဖို့ကောင်းတာပဲ….ဒါပေမဲ့ သူပြောတဲ့ အကြောင်းအရာတိုင်း ဟာ ငါ့အတွက် ရိုးသွားတယ်လို့မရှိဘူးကွ…. အဲ့ဒိသနားစရာ မျက်နှာလေးကိုပြော
ရင်းနဲ့တောင် ပြန်မြင်လာပြီကွာ” ဟုပြောရင်း… အသံများတုန်ခါလာ၍ မင်းနန္ဒက စိတ်ခံစားမှုအရှိန်ပါဝါ မြင့်တက်လာပြီ ဟုသိလိုက်သည်။ ထို့ကြောင့် “အော် ဟုတ်လား” ဟု ဝိုင်းဝန်းခံစား နားလည်ပေး သည့်မျက်နှာထားနှင့် မေးလိုက်သည်။
“ဟုတ်တယ်ကွ … သူက ငါ့အပေါ် ကောင်းလွန်းပါတယ်… တခါတခါများ ငါ အိပ်ပျော်သွား
ရင် အနားမှာထိုင် ယပ်ခပ်ပေးပြီး ငါ့ဆံပင်လေးတွေကို သပ်ပေးနေတာကွ.. .ငါ့ခြေသည်း လက်သည်းတွေကို ဆိုရင်လည်း သူကိုယ်တိုင် ညှပ်ပေးရမှ ကျေနပ်တာ….ပြီးတော့ ခေါင်းလျှော်ရင်လည်း သူကိုယ်တိုင်ပဲလျှော်ပေးတယ်လေ..”.
လေးဆယ်ငါးမိနစ်လဲ ပြည့်နေပြီမို့ စကားဖြတ်ရန် အချိန်တန်ပြီပြီဖြစ်၍ မင်းနန္ဒက
“ဒီလောက်ကောင်းတဲ့မိန်းမကို အကိုကြီးက ဘာဖြစ်လို့..”..မင်းနန္ဒ၏ စကား မဆုံးလိုက်ခင်မှာပဲ
“ အဲ့ဒါကို ငါက ခက်တယ်လို့ပြောတာပေါ့ကွ..” ခုံကို လက်သီးနှင့် ခပ်ပြင်းပြင်းထု
ရင်း အံကြိတ်ပြီး ပြောလိုက်သည်။
မင်းနန္ဒကလည်းအဆုံးသပ်ချင်လှပြီမို့..”တခက်တည်းပဲခက်နေတာပဲဗျာ…ဘာကိုခက်မှန်းလဲမသိဘူး” ဟု ဒေါပွသည့်လေသံဖြင့် ပြောလိုက်သော်လည်း စိတ်ထဲမှာတော့ သူပြောလာမည့် စကားကိုကြိုသိနေ ၍ကြိတ်ပြီးပြုံးနေမိသည်။
ထိုအခါမှ ကိုကျော်ကြီးမှာ.. မျက်နှာသေလေးနှင့် တစက္ကန် ့အတွင်း စကြာဝဠာတခုလုံးကို ကိုးပတ်ပြည့်အောင် ပတ်နိုင်လောက်သော စိတ်အစဉ်ဖြင့်ပြောလိုက်သည်။
“အေး..သူကောင်းတာ ငါတယောက်တည်းမဟုတ်ဘဲ… လူတိုင်းကိုကောင်းနေလို့ခက်နေတာပေါ့ကွ…..”
ရွှင်လမ်းချမ်းမြေ့ကြပါစေ……………
နန်းရှင်
19 comments
ပေါက်ဖော်
August 28, 2011 at 3:07 pm
သေပြီဆရာပဲ..
ခက်လွန်းလို ့…ရှင်းလို ့မရတော့ဘူး
မီးမီး သော်
August 28, 2011 at 5:49 pm
အမလေးနော် ခက်လိုက်တာများ။အဓိပ္ပာယ်တခုတော့ သွားရိပ်မိပါတယ်။ပြောမထွက်ပါဘူး!!!
ကြောင်ကြီး
August 28, 2011 at 7:04 pm
နန်းရှင်က တကယ်စာရေးကောင်းသူပဲ။ ဆက်ပြီး အခုလို့ စာများဖတ်ရဖို့ မျှော်လင့်နေပါတယ်။ အားပေးလျက်ပါ…။ ရွာထဲမှာ ကိစ္စရှိလည်း ပြောပါ၊ အကူအညီ မပေးနိုင်ပါဘူး…။
windtalker
August 28, 2011 at 9:49 pm
မှန်တာပေါ့ဗျာ
ဖတ်လို ့ကောင်းလွန်းလို ့
ကြိုက်မိပါတယ်
ဘာကွန်မင့် ရေးရမှန်းမသိအောင် ကို
ဟူး…..ခက်တယ်
ဘရာကြော် ၊ အဲလေ ၊ ယောင်လို ့
Brovo နန်းရှင်
windtalker
August 28, 2011 at 9:50 pm
မှန်တာပေါ့ဗျာ
ဖတ်လို ့ကောင်းလွန်းလို ့
ကြိုက်မိပါတယ်
ဘာကွန်မင့် ရေးရမှန်းမသိအောင် ကို
ဟူး…..ခက်တယ်
ဘရာကြော် ၊ အဲလေ ၊ ယောင်လို ့
Bravo နန်းရှင်
naywoonni
August 28, 2011 at 10:23 pm
ခတ္တာလား ခက်တာလား…။ စဉ်းစားမရဘူးဖြစ်သွားတယ်……
hmee
August 28, 2011 at 11:25 pm
နန်းရှင်က စာရေးတာ အတော်ကောင်းတာပဲ။ အားပေးနေပါတယ်။ မှီဆို အဲ့လို စိတ်ကူးယဉ်ပြီး လုံးဝမရေးတတ်ဘူး။ စဉ်းစားလို့ကို မရတာ။ 🙂
ဆူး
August 29, 2011 at 12:32 am
ခက်တာ က ၄၅ မိနစ်တန် လက်ဖက်ရည် တခွက် ထင်ပါရဲ့
တာနော
August 29, 2011 at 12:44 am
ရော် ခက်ကပြီ ခက်တော့တာပါပဲ တစ်ကယ်ခက်ရတဲ့ ဇတ်လမ်းပါပဲ
နောက်ထပ်ခက်တာလေးတွေ လဲ ခက်ပါရစေလား…။
နားထောင်ရခက် စဉ်းစားရခက် ရှည်လျားထွေပြား ခက်ခဲလှချည်လား..။
Nan Shin
August 29, 2011 at 3:22 am
စာလုံးပေါင်းမှားရင် ဘယ်လိုပြန်ပြင်ရမလဲ သိပါရစေချင်ဗျာ။
minthar
August 29, 2011 at 8:13 am
စာလုံးပေါင်းမှားခဲ့ရင် ပြင်ခွင့်မရှိပါခင်ဗျာ..
သဂျီးပြောတာကတော့ မန်းဂေဇက်မှာ သက်တမ်းရင့် ဝါရင့်တဲ့ သူတွေ သာလျှင် ရတယ် တဲ့..
ဥပမာ ကျနော့်လို လူမျိုးပေါ့.. 😀
nature
August 29, 2011 at 5:31 am
၄၅ မိနစ်ဆို လ္ဘက်ရည်တခွက်နည်းတယ်ဗျ။ နောက်တခါဆို ဒန်ပေါက်တပွဲရမှ နားထောင်မယ်ဆိုပြီး ဈေးတက်လိုက်။ 🙂
မှော်ဆရာ
August 29, 2011 at 8:06 am
ဒီပုံအတိုင်း ဆက်သွားမယ်ဆိုရင် ပရော်ဖက်ရှင်နယ် စာရေးဆရာတစ်ယောက် ဖြစ်နှိုင်ပါတယ်…
မဂ္ဂဇင်း တစ်ခုခု ပို့ကြည့်ပါလား…
နည်ရဲဇော်
August 29, 2011 at 9:06 am
ခက်တယ် ဆိုတာလေးကိုပဲ ကြိုက်သွားပါသည်။
pan pan
August 29, 2011 at 1:30 pm
ခက်တယ် ခက်တယ်
ပြန်ပြောပြဖို့ တော်တော်ခက်တယ်
ဖတ်လို့ကောင်းပါတယ်
နောက်ပိုစ့်တွေလည်း မျှော်နေပါတယ်
myanpyithar
August 29, 2011 at 3:50 pm
ဒါဘာဟုတ်သေးလဲ
လပြည့်ကျော်၆ရက်နေ့ကြဒါ့ထက်ခက်အုံးမယ်….ဟီး
R Ga
August 29, 2011 at 4:09 pm
ခက်တယ်ဗျာ..။ ခက်တယ်။..တကယ်ကိုခက်တာ ပဲ..။ လူတိုင်းအပေါ်ကို ဒီလိုသာဆိုရင်တော့ တော်တော်လေးကို ခက်မှာပဲ…ဗျာ.။ ခက်တယ်ဗျာ..။
နွယ်ပင်
August 29, 2011 at 4:23 pm
နောက်ဆုံး အဆုံးသတ်လေးကို သဘောကျတယ်
အားပေးနေပါတယ် ဆက်ရေးပါဦး ….
bigbird
August 29, 2011 at 9:22 pm
ကြိုက်သွားပြီး..စန္ဒာကိုမဟုတ်ဘူးနော်…
ကလောင်အစွမ်းကိုပြောတာ..