ကံဆိုးမ သွားရာ မိုးလိုက်လို ့ရွာ (၇)
” အယ် မမစိုးရေ … ကျွန်မတို့ဆီမှာ အဲ့ဒါမျိုးမသိလို့ မွေးလိုက်ကြတာ ဟောတယောက် ၊ ဟောတယောက်နဲ့ …. ”
“ဒါပေါ့မိချိုရယ် မသိတော့လည်း သားဆက်ခြားရမယ်ဆိုတာ နားမလည်ဘူးပေါ့ … ။ ဒါကြောင့်လည်း မမစိုးက သမီးတွေကို ရှင်းပြပေးနိုင်အောင် ဟောပြောပွဲတွေ လိုက်နားထောင်ထားရတယ်လေ … ။ ”
” နောက်တမျိုးနည်းနဲ့ သားဆက်ခြားလို့လည်း ရသေးတယ် မိချိုရဲ့ … ”
“ဟုတ်လား မမစိုး အဲ့ဒါဘယ်လိုလဲဟင် … ”
” လက်မောင်းထဲကို ဆေးလုံးလေး မြှုပ်တာ ပါ … တခြား သားဆက်ခြားနည်းတွေထက် ဈေးလည်း ကြီးလို့ … ပိုက်ဆံရှိတဲ့လူတွေ လောက်သာ လုပ်ကြတာပါ … လက်မောင်းထဲမှာ ခွဲပြီး ထည့်ထားရတာ … ”
“မမစိုးကလည်း ဗဟုသုတ အတော်စုံတာပဲနော် … ”
” ဒီလိုပဲပေါ့ မဝေရယ် ကျွန်မလုပ်နေတဲ့ အလုပ်က ဒါမျိုးတွေ သိမှဖြစ်မှာမဟုတ်လား … ။ ဆိုင်က ကောင်မလေးတွေကိုလည်း သူတို့ အဆင်ပြေလျှင်ပြီးရောဆိုပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားတော့ … သားဆက်ခြားနည်းတွေ ပြောပြထားရတယ်လေ …။ ”
” စကားလည်း ကောင်းနေတာနဲ့ ..မဝေနဲ့ မိချိုတို့ ဆေးခန်းသွားဖို့ နောက်ကျနေဦးမယ် … ”
” အဲ့ ဟုတ်ပါရဲ့ မမစိုးရယ် ကျွန်မတောင် မမစိုးပြောတဲ့ သားဆက်ခြားနည်းတွေ အကြောင်း စိတ်ဝင်စားနေတာနဲ့ ကိုက်ခဲနေတာတွေ မေ့သွားသလိုပဲ … ။ ”
“မပေ့ါနဲ့ မိချိုရေ … ကလေးဖျက်ချတာ နည်းမှန်လမ်းမှန်မဟုတ်လျှင် မိခင်မှာပါ အန္တရာယ်ရှိတယ် … ကဲကဲ သွားလိုက်တော့ နောက်ကျတော့မယ် … ”
(၁၅)
” ဒေါက်တာ ….. ကျွန်မတို့ ညီမလေး ရွာကလာတာပါ … လမ်းခရီးကြမ်းလို့ သားပျက်သားလျှော ဖြစ်သွားတာ လွန်ခဲ့တဲ့သုံးရက်လောက်ကပါ … ။ ”
” သွေးဆင်းရင်း အတုံးတွေ အခဲတွေ ပါသွားရဲ့လား … အဖျားတတ်လား ၊ ကိုက်ခဲနေလား ။ ”
” ဟုတ် … အများကြီးတော့ပါသွားပါတယ်… ဒါပေမဲ့ ကိုယ်တွေ ပူပြီး ၊ ကိုက်ခဲနေတာမို့ စိတ်ပူလို့ လာပြတာပါ … ။ ”
“သွေးဆင်းရင်း အတုံးအခဲတွေပါသွားတယ် ဆိုပေမဲ့ ကျွန်တော်တို့ မျက်စိနဲ့ ကြည့်ရုံနဲ့ သားအိမ်ထဲ ကျန်မကျန်ပြောလို့ မရဘူး … သေချာအောင် အပ်ထရာဆောင်းရိုက်ကြည့်မှ ဖြစ်မယ် … ”
” ဒေါက်တာ … အပ်ထရာဆောင်းရိုက်ကြည့်မှ ဖြစ်မှာလား … အဲ့ဒါက ဈေးကြီးလား ဟင် … ကျွန်မတို့ ရွာမှာ ဆိုလျှင်တော့ ….. ဆားရေသောက်လိုက်တာပဲ … ”
“တယ် ခက်တာကိုး ….. ဆားရေသောက်တာ မသောက်တာ ကျွန်တော်မသိဘူး … ခင်ဗျား က ိုယ့်အသက်ကိုယ် တန်ဖိုးထားလျှင် အပ်ထရာဆောင်းရိုက်ကြည့်ရမယ် …. အဲ့ဒီလောက်တောင် လက်ထဲ မရှိလျှင်တော့ ဆေးရုံကိုကျွန်တော်လွှဲပေးလိုက်ပါမယ်…. အခုတော့ အကိုက်ခဲ သက်သာအောင်ရယ် ၊ ဖျားနေတာရယ်အတွက် ဆေးကုပေးလိုက်မယ် …. အခုပြန်လျှင် ချက်ခြင်း သွားရိုက်ပါနော် … ပြီးလျှင် မနက်ဖြန် ကျွန်တော့ဆီ ပြန်လာခဲ့ …. အရေးကြီးတဲ့ အခြေနေနော် သေချာမှတ်ထားပါ … ”
” ဟုတ်… ဟုတ်ကဲ့ဆရာ … ”
%%%%%%%%%%%%%%%%%%%%%%%%
” မဝေရေ ကျွန်မလည်း အလုပ်က မရသေးဘူး အပ်ထရာဆောင်းဆိုလား ရိုက်ရမယ်တဲ့ … ပိုက်ဆံမရှိတဲ့ ကြားထဲက စိတ်ညစ်ပါတယ် ”
” ဟဲ့ မိချိုရဲ့ …ရန်ကုန်က ဆေးခန်းတွေ အဲ့ဒီလိုတွေချည်းပဲ ..ညည်းဖျားတာ သက်သာလျှင် အိမ်မှာပဲ ဆားရေသောက်နေတော့ … ”
“မိချိုတို့ ပြန်လာပြီလား … ဆေးခန်းက ဘာပြောလဲ …. ”
“ဘာမှ မပြောလိုက်ဘူး မမစိုးရဲ့ သက်သာအောင် ဆေး ပေးလိုက်တယ်… ။”
“ဟယ် ဟုတ်လား … ဘာမှ မပြောဘူးလား … အဖျားတက်ပြီး ကိုက်ခဲနေတာတောင် … ”
“ဟုတ်တယ် မမစိုးရဲ့ … သေချာစစ်ဆေးပြီးမှ ဆေးထိုးပြီး ပြန်လွှတ်လိုက်တာ … ။ ”
“အင်း လေ … ဆရာဝန်ဆိုတာ ကိုယ့်ထက် နားလည်တာပဲ … သူက ဘာမှ မပြောတော့လည်း ကောင်းပါတယ်အေ … ”
(၁၆)
” မေမေသွားတာ ရက်ပိုင်းပဲ ရှိသေးတယ် … သမီး မေမေ့ကို သတိရလိုက်တာ … မောင်လေးတွေ ညီမလေးတွေလည်း နေကောင်းပါတယ် … အရမ်းလည်း လိမ္မာကြတယ်… ။ ဒါပေမဲ့ မေမေရယ် ဘုန်းကြီးကျောင်းမှာ ကပ်နေရတဲ့ဘဝမို့ လူတွေ အထင်သေးတယ် … ။ အခေါ်ပြောတောင် မလုပ်ကြပါဘူး … ဒါပေမဲ့ မေမေရယ် သမီး အရာရာကိုအကောင်းမြင်တဲ့ မျက်စိနဲ့ပဲ ကြည့်ပါတယ် …. လူတွေ က မြေနိမ့်ရာ လှံစိုက်တဲ့ အမျိုးကိုး …. ”
“မေမေ့ကို သတိရနေတဲ့ကြားက … မတောင်းကောင်း တောင်းကောင်းတဲ့ ဆုတစ်ခု အကြိမ်ကြိမ်တောင်းမိတယ် မေမေရယ် … ဖြစ်လေရာဘဝမှာ ဒီလို နုံချာတဲ့ မိသားစုထဲ လူမဖြစ်ပါစေနဲ့လို့ပါ … ။ သမီးတို့ဘဝက မောင်နှမတွေများပြီး ချို့တဲ့လွန်းတယ်လေ … ။ ကိုယ်ဖန်တီးယူလို့ မရပဲ မွေးဖွားခြင်းခံရတဲ့အတွက် … အတိတ်က ကံတွေကိုပဲ လွဲချလိုက်ပါတယ် … ။
%%%%%%%%%%
” မေမေ … သားတို့ သိပါတယ်… မိသားစု အားလုံး အဆင်ပြေအောင် မေမေ အဝေးမှာသွားပြီး အလုပ်လုပ်ရတယ် ဆိုတာ ပါ … မမကြီးကလည်း သားတို့ကို စောင့်ရှောက်ပါတယ်… သားလည်း ကိုယ့်ဘာသာကိုယ် သွားတိုက်တတ်ပါပြီ … ဘုန်းကြီးကျောင်းမှာ နေရတာမို့လို့ …. အိမ်မှာလို အချိန်တိုင်းတော့ မဆော့ရဘူးပေါ့ မေမေရယ် … ။ သားကြီးလာလျှင် မေမေတို့ အားကိုးရတဲ့ သားဖြစ်အောင် ကြိုးစားမှာပါ … ညီမလေးကတော့ သားလောက်နားမလည်သေးဘူးပေါ့ …. ဘုန်ကြီးကျောင်းမှာမပျော်ပေမဲ့ … မမကြီး စိတ်ဆင်းရဲအောင် မလုပ်ရက်လို့ …. သားတို့ အဆင်ပြေအောင် နေကြပါတယ်… မေမေစိတ်မပူပါနဲ့ …. သား မေမေ့ကို လွမ်းပါတယ် … မြန်မြန်ပြန်လာပါတော့ နော် … ”
%%%%%%%%%%
” ဖွင့်ပြောမထွက်သော်လည်း …. ကလေးများအားလုံးရင်ထဲ ဒဏ်ရာကိုယ်စီနဲ့ဆိုတာ ကျွန်မသိပါတယ် … ကျွန်မလည်း … ကလေးတွေကို ချစ်လွန်းလို့ ဒီလို တွေးလိုက် ၊ လုပ်လိုက်ရတာပါ .. ။ ယောကျာ်းဖြစ်သူ ပြန်လှည့်မကြည့်တော့ ကျွန်မှာ တာဝန်အားလုံး ရှိနေပြီပေါ့ …. ။ ကျွန်မကလေးတွေ မျက်နှာမငယ်ရအောင်… လူတန်းစေ့နေနိုင်အောင် … ကျွန်မလို အသက်ငယ်ငယ်နဲ့ လင်ဆိုးမယား တဖားဖား မဖြစ်အောင် …သေချာပြုစုပေးမှာပါ … မေမေပြန်ခဲ့မယ်နော် ကလေးတို့ … ခဏလောက်ပဲ သည်းခံစောင့်ပေးပါကွယ် … ”
(၁၇)
“ဟဲ့မိချို မိချို … ခေါ်လို့လည်း မကြားပါလား … နေမြင့်နေပြီ မထသေးဘူးလား … ”
“ဦးဇော်ရေ လာပါဦး ဒီမှာ မိချို ခေါ်လို့ မရလို့ …. ” သူခေါ်တာမရသဖြင့် မမစိုးက ယောကျာ်းဖြစ်သူကိုပါ အကူညီပေးရန် လှမ်းခေါ်လိုက်ခြင်းဖြစ်သည် … ။
” ဟဲ့ကောင်မလေး မိချို … မိချို ….. ” ဝုန်း… ဒိုင်း … ဝုန်း … ဒိုင်း ….
10 comments
မီးမီး သော်
September 2, 2011 at 12:04 pm
septicemia ဝင်တာလားဒါမှမဟုတ်ရင် သေပီလားတခုခုပါဘဲ။သနားပါတယ်။
နွယ်ပင်
September 2, 2011 at 12:31 pm
ဖတ်ရတာ တကယ် စိတ်မကောင်းစရာပဲ မိချိုတစ်ယောက်တော့ ဘာများဖြစ်သွားပြီလဲ ……
အပိုင်း (8) ကိုစောင့်ဖတ်နေပါတယ် …………
pooch
September 2, 2011 at 1:49 pm
ဟယ်…. သေပြီထင်ပါရဲ့ကွယ်…
moethidasoe
September 2, 2011 at 2:03 pm
ဆက်ရန် ဖြတ်တဲ့နေရာမှာတော့ ပြိုင်စံရှားပဲ .. ဖတ်နေတဲ့လူတွေကို အတွေးချန်ထားခဲ့တယ်
hmee
September 2, 2011 at 2:39 pm
ကိုရီးယားကားအတိုင်းပဲ တကယ်။ ကိုရီးယားကား ကြည့်ရင်တောင် အမြဲကျော်ကြည့်လို့ ရန်ဖြစ်နေရတာနော်။
chitlay
September 2, 2011 at 2:47 pm
ကဲ … အီးတုန်းမရယ် ရွာထဲက လူတွေကို နှိပ်စက်တာတော်ပါတော့ဟ။
သူ့ဇာတ်လမ်းကို ဟိုစဉ်းစား ဒီစဉ်းစားနဲ့ အတွေးတွေများလွန်းလို့….
ကောင်းခန်းလေးရောက်နေရင် ဖြတ်ဖြတ်ပစ်လိုက်ရော….
etone
September 2, 2011 at 2:52 pm
ဒေါ်ခြစ်လေးရေ … တော်တို့က … စောင့်ပဲ ဖတ်ချင်တာကိုး .. ဝေဖန်ထောက်ပြဆွေးနွေးကြပါလား … ဝေဖန်သံကြားချင်လို့ …စောင့်ပြီးမှ … တင်နေတာ … သဘောပေါက် 🙄
chitlay
September 2, 2011 at 3:42 pm
ဪ .. ဒါကတော့ လာမယ်လေ ဇာတ်လမ်းက ဆုံးမှမဆုံးသေးတာကို…
ဝေဖန်သံကြားချင်တာလား ဒါဆို ဖုန်းနံပါတ်ပေး ဖုန်းဆက်ပြီး ပြောပေးမယ်။ 😛
etone
September 2, 2011 at 4:51 pm
ဒါဆိုလျှင် ကြိုးရှည်ရှည်နဲ့ … လှန်ထားပါဦးမယ် 😛 😛 😛
ရွှေဘိုသား
September 5, 2011 at 10:17 am
မအိတုံ လည်း ကိုးရီးယားမျိုးနွယ်ဖြစ်မယ်