ခင်သာဇာတိ မောင်သာဂိ (၂)
အခန်း(၂)မြားနတ်မောင်သာဂိ
သာဂိတစ်ယောက်အသက်ဆယ့်ငါးနှစ်ရှိပြီယခုထိရှင်မပြုရသေး။ ထို ့ကြောင့် သာဂိ ရှင်ပြု ချင်သည်။ သို ့သော် မိဘများကိုမပူဆာချင်တာကတကြောင်း၊ ထိုရှင်ပြုခြင်းကိစ္စသည်မိဘတို ့ခွင့်ပြုချက်ဖြင့် သာလျှင်ဝတ်သင့်ကြောင်းကို သာဂိသိထားသည်ကတကြောင်းမို ့မိမိ၏ဆန္ဒ ကိုမိဘများအား ထုတ်ဖော်မပြခဲ့ပဲဖာသိဖာသာ သာနေလာခဲ့သည်။ သို ့သော်အခွင့်ကောင်းကိုကားစောင့်ဆိုင်းနေပေသည်။
လူသည်မျှော်လင့်ချက်ဖြင့်အသက်ရှင်ရပ်တည်နေခြင်းဖြစ်ပြီး ၎င်းမျှော်လင့်ချက်ကို ချက်ချင်း အကောင် အထည်ဖော်၍မရခဲ့သော် မိမိဘက်မှလိုအပ်သည်များကို အစဉ်သင့်ပြင်စင်၍ အခွင့်အခါကောင်းကို စောင့်ဆိုင်းခြင်းသည်အကောင်းဆုံးဟုသာဂိခံယူထားသည်။
သာဂိတို ့ညီအစ်ကိုအားလုံးသည် နှစ်နှစ်ကြီး နှစ်နှစ်ငယ်များဖြစ်ကြသည်။ ထို ့ကြောင့် သာဂိ၏အကိုအကြီးဆုံး ဖြစ်သောစိုးဦးမှာသာဂိထက်ရှစ်နှစ်ကြီးပါသည်။ စိုးဦးမှာ ကျောင်းပြီးပြီဖြစ်၍ ခင်သာ ရွာလေး၏ထုံးစံအတိုင်း လယ်ထဲဆင်းရမည်ဖြစ်သော်လည်း မိဘများက”ငါ့သားကြီးအရမ်းပင်ပန်းနေပြီ ဒီနှစ်တော့နားလိုက်ပါဦး” ဟုပြော၍ နားနားနေနေ ဖြင့် အိမ်တကာလျှောက်လည်ခြင်း သူငယ်ချင်းများနှင့်
လျှောက်သွားခြင်းများဖြင့် အချိန်ကို ကုန်ဆုံးစေခဲ့ပါသည်။ ညီအကို အချင်းချင်းတွေ ့စကားပြောဖို ့ဝေးစွ၊ မျက်နှာချင်းပင်လွှဲထားတတ်ကြသော သာဂိတို ့ညီအကိုများသည်အများအမြင်အရ သူစိမ်း ဆန်သည် ဟုထင်ရသော်လည်းအလွန်ချစ်ခင်ကြသောညီအစ်ကိုများဟုဆိုနိုင်ပေသည်။ မိဘများကတယောက်ယောက် ကိုရိုက်လျှင် ကျန်လေးယောက်မှာ ထိုနေ ့၌လုံးဝထမင်းမစားကြတော့ပေ။ ထို ကြောင့် သာဂိတို ့၏မိဘ များဖြစ်ကြသော ဦးသာလှနှင့်ဒေါ်ရင်မှုန်တို့မှာသားသမီများအားရိုက်၍ဆုံးမခြင်းကိုအထူးရှောင်ရှား ကြ ပါသည်။ ခံစားချက်ချင်းမတူ၍လော၊ ခံယူချက်ချင်းမတူညီ၍လော၊ မည်သည့်အကြောင်းကြောင့်မှန်းမသိ ညီအကိုချင်းစကားမပြောဖြစ်ကြသော်လည်း အရေးကြီးလျှင်သွေးနီးခြင်းရဲ ့အကျိုးကို သာဂိတို ့ညီအကိုများ ကောင်းကောင်းကြီးခံစားလိုက်ရလေပြီတည်း။ စည်းလုံးခြင်းရဲ ့အင်အားဖြင့် အိမ်တွင်း တော်လှန်ရေး လေးတရပ် ကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ခြင်းလည်း မဟုတ်ပါလော။ ညီအငယ်ဆုံးဖြစ်သော သာဂိနှင့်အကိုအကြီးဖြစ်သောစိုးဦးတို ့စကားစမြည်မပြောဖြစ်သည်မှာ သူတို ့တသက်ရှိပြီဟုပင် ဆိုရပါမည်။ သို ့သော်သာဂိသည် သူ ့အကိုကြီးစိုဦးကို အလွန်စကားပြောချင်နေပါသည်။ ပြောချင်ရသောအကြောင်း
ကလည်းရှိသည်။ စိုးဦးသည် ရွာထဲတွင် လည်ရင်းပတ်ရင်းဖြင့်ရွာတောင်ပိုင်းမှ မြမြဆိုသူ ကောင်မလေးအား မျက်စိကျမြတ်နိုးလှပြီး ရင်ဖွင့်ပြောဆိုခြင်းငှာ မဝံ့မရဲ ထိတ်လန် ့တုန်လှုပ်မှုများဖြင့်ကျိတ်ခံစားရင်း တဖက်သတ် အချစ်သမားဘဝဖြင့် လူးလှိမ့်ခံစားနေရသည် ဟုသာဂိက နွားကျောင်းသားသတင်းရပ်ကွက်မှ ကြားခဲ့ရပါသည်။ ခံစားနေရုံသက်သက်ဖြင့်တော့သာဂိစကားပြောချင်စိတ်မရှိခဲ့ပါ။ မြမြဆိုသော မိန်းကလေး မှာထိုရွာတွင် အိန္ဒြေအရှိဆုံးနှင့်အချောမောဆုံးအလှပဆုံးဟုလူသိများကြသည်။ မြမြ၏အိမ်အနီးတွင် အရက်ဆိုင်ရှိ၍ ကိုတော်ချောက ၎င်းအရက်ဆိုင်၌အရက်သောက်ရင်း မြမြကို ချောင်းကြည့်ရသည့် အရသာကို နေ ့စဉ်တဝကြီးခံစားသည်ဆိုပဲ။ သာဂိဘယ်လိုစပြောရမလဲ။ တခါမှလည်းစကားကို ဟုတ္တိပတ္တိမပြောဖူး။ ပြီးတော့သာဂိကအငယ်ဆုံး။ ပြောရမဲ ့သူကအကိုအကြီးဆုံး။ ပြောရမဲ့ အကြောင်းအရာ က အရက်နဲ ့မိန်းမ။ဂွတော့ကျပြီ။ တောသားပြီပြီကိုယ်ကစပြီးလူတစ်ယောက်ကို စကားစ ပြောရမဲ့ အလုပ် ကိုလဲ သာဂိကမလုပ်ချင်။ သို ့နှင့်သာဂိစိတ်ထဲ၌ “ဘုရားလူ ့ဘ၊ မုနိန္ဒလျှက်၊ ၊မိန်းမ ယောက်ျား၊ အကြောင်း အားဖြင့်၊စကားဆောင်သွေး၊ဆိုတုံသေး၏၊၊ ဆိုရေးရှိက ၊ဆိုအပ်စွတည်း ၊ ဆိုစများများ၊ထားပါ့ချေမည်၊ ငါ့ဝန်ရှိခဲ့ ‘’ဟုအကြိမ်ကြိမ်ရွတ်ဆိုရင်းတခုခုဆုံးဖြတ်လိုက်သည်။ ယခုအချိန်သည် တချက်ခုတ်နှစ်ချက်ပျက ်ရုံ လောက ်နဲ ့ ကျေနပ်ရမည့်အချိန်မဟုတ်။ တချက်တည်းခုတ်ပြီးဆယ်ချက်လောက်ပျက်ရမည့်အချိန်ဖြစ်သည် ဟု သာဂိနားလည်ထားသည်။တရွာလုံးမှတဆိုင်သာရှိသောအရက်ဆိုင်ငယ်လေးအတွင်းသို ့ပုဆိုးကိုမပြီး
သာဂိဝင်သွားလိုက်သည်။ လက်ထဲမှာလည်းနွားကျောင်းသည့်ကြိမ်လုံးနှင့် လေးဂွလွယ်အိတ်ကိုဆွဲလျှက်။ “ဟေ့ ငါ့အတွက်အရက်တလုံးနဲ ့ကြွက်ကြော်တစ်ပွဲဟေ့’’ ဟု ဆိုင်ထဲတွင်ရှိနေနှင့်ပြီဖြစ်သော အကိုစိုးဦးကိုမသိဟန်ဆောင်၍နွားကျောင်းဘက်ဖြစ်သော ဆိုင်ရှင် မိုးဒီကို မျက်စိမှိတ်ပြရင်းမှာလိုက်သည်။ သူ ့ပုံစံကိုကြည့်၍ စိုးဦးတစ်ယောက်ဒေါသထောင်းထောင်းထပြီး “ဟေ့ကောင် သာဂိအဲ့ဒါမင်းဘာလုပ်တာလဲကွ” ဟုပြောပါတော့သည်။ သာဂိလိုချင်တာဒါပဲ။ သူကစပြီးစကားမ ပြောရ ရင်ပြီး ရော မဟုတ်လား။ ထို ့ကြောင့်သာဂိက “အရက်မှာတာလေ သောက်ချင်လို ့’’ဟုမျက်လုံးချင်း ဆိုင်ကြည့်၍ပြန်ပြောလိုက်သည်။ စိုးဦးတယောက်ဘာပြန်ပြောရမည်မသိ အတန်ငယ်ငြိမ်သွားပြီးနောက် “မင်းကဘယ်အရွယ်ရှိသေးလို ့အရက်သောက်ရမှာလဲကွ” ဟုပြောမိပြောရာပြောလိုက်ပါသည်။ “ဟ မြတ်စွာဘုရားက လူသားအားလုံးကို အရက်မသောက်ဖို ့မှာခဲ့တာပဲရှိတယ် အသက်ကြီးမှ သောက်ငယ်ငယ်ရွယ်မှာမသောက်နဲ ့လို ့မမှာခဲ့ဘူး ပြီးတော့နင်ကမိဘပိုက်ဆံနဲ ့လာသောက်တာ ငါကငါ့ပိုက်ဆံနဲ ့ငါသောက်တာနင့်ထက်အများကြီးသိက္ခာရှိတယ်” ဟု ပြောလိုက်တော့၏။ စိုးဦးတစ်ယောက်ရှက်သည်ကတကြောင်း ဒေါသထွက်သည်ကတကြောင်းမို ့ထရိုက်ဖို ့အထိပြင် ပါလေ တော့ သည်။ ထိုအခါသာဂိကလေးဂွနှင့်ချိန်၍”နင်ရှေ ့မတိုးနဲ ့တိုးလာတာနဲ ့ငါ့လေးဂွအကြောင်းနင်သိသွားမယ်’’ ဟုပြောလိုက်မှတောက်ခေါက်၍ပြန်ထိုင်သွားပါသည်။”လောကကြီးမှာ နင်လို ကြီးနိုင်ငယ်ညှင်းလုပ်ချင်သူတွေကို အချိန်မရွေးလက်တုန် ့ပြန်နိုင်ဖို ့အတွက် ငါ့မှာအမြဲတမ်းလက်နက်ဆောင်ထားတာ ဟင်းဟင်း” ဟုမထိတထိနှင့်စိတ်တိုအောင် ထပ်စွ လိုက်လေ တော့ ၏။ ထိုအခါစိုးဦးလည်း စကားကနည်းသည်ကတကြောင်း စိတ်ကလည်း တိုနေတာက တကြောင်း ကြောင့်အရက်ကိုသာဖိ၍သောက်ပါလေတော့သည်။ သာဂိကလည်းအားကျမခံအားရပါးပြန်သောက်ပြပြီး “ဟေ့ကောင်မိုးဒီ ငါ့နောင်တော်ကြီးအတွက်သူလို သလောက်ထပ်ချပေးလိုက်ကွာ ငါ့အကိုကြီးကိုခံပြောမိလို ့ပြန်လည်တောင်းပန်တဲ့အနေနဲ ့သူသောက်သမျှငါအကုန်ရှင်းမယ်ဟားဟား ငါ့ထဲကတော့မတိုက်နိုင်ဘူး ငါ ဒီနေ ့တပုလင်းကုန်အောင်သောက်မှာ” ဟုလှမ်းပြောလိုက်ပါသည်။ ပြီးတော့ စိုးဦး ထိုင်နေသော ခုံတွင် သွားထိုင်၍ “ကိုကြီးငါ့ကိုစိတ်မဆိုးပါနဲ ့ငါကမမတယောက်ကိုချစ်ကြိုက်မိပြီးကတည်းက ဒီဆိုင်မှာတနေ ့တပုလင်းလာသောက်ဖို ့ဆုံးဖြတ်လို်က်တာ.ပြီးတော့ငါ့မမကဒီနားမှာပဲနေတာ” ဟုရိရိသဲ့သဲ့အကြည့်နှင့် ပြောလိုက်သည်။ စိုးဦးတယောက်ဘာမှပြန်မပြော သူပြောသမျှ ကိုငြိမ်နားထောင်ပြီး အရက်ကို သာတခွက် ပြီး တခွက်မော့နေတော့သည်။ သာဂိကတော့ ခွက်တောင်မသုံးဘဲ ပုလင်းလိုက်မော့ပြလိုက်ပါသည်။ စိုးဦးတစ်ယောက်သူကိုကြည်ပြီးမျက်လုံးပြူးနေသည်။သို ့သော်မသိဟန်ဆောင်၍သောက်ရင်း “ငါတကယ် ထပ် မှာရမှာလား နင်တကယ်တိုက်မှာလား’’ ဟု သာဂိကိုမေးပါသည်။ သာဂိကလည်း “သောက်ချင်သလောက်သာသောက်စေဗျာ…ဒီနေ ့ငါ့မှာအစီအစဉ်ရှိတယ် နင်ကူညီ နိုင်ရင် ကူညီ မကူနိုင် ရင်လည်းနေ နင်သောက်ပြီးရင်ငါနင့်ဆီက အကူအညီတခုတောင်းမယ် ဒါပဲ ကဲအခုုတော့ သောက် လိုက်ဦး’’…ဟုပြောပြီး လေးဂွလွယ်အိတ်ထဲမှစာရွက်နဲ ့ဘောလ်ပင်ကို ထုတ်၍ အောက်ပါ အတိုင်း ရေးချ လိုက်ပါသည်။
အကြင်နာဆိုတာ ရင်မှာပေါက်ဖွားတာမှန်ပေမဲ့………
လူတိုင်းအတွက်မဟုတ်ဘူး….ချစ်သူ…
ပြီးတော့………..
အကြင်နာ ဆိုတာ လျှောက်သွားလို ့
ပေါက်ဖွားလာတာလဲ မဟုတ်ရပါဘူး………….
အမြင်ကြာလို ့ဘဝင်မှာငြိခဲ့ရတာလဲ
မဟုတ်ရပါဘူး..
ငါ့ရင်မှာ အလှထင်တာမင်းတစ်ယောက်တည်းပေမို ့
သေဖို ့သာရှိတော့တဲ့ ငါ့နှလုံးသာကို
အမုန်းမထားဘဲ အပြုံများနဲ ့ဆက်ဆံ
နက်ဖြန်မှာ လက္ခံပါတော့…ချစ်သူ……….
ထိုသို ့ချရေးပြီးနောက် “ကိုကြီး နင်အရမ်းမမူးခင် ငါ့ကိုဒါလေးပြန်ကူးပေးပါလား ငါနင့်လက်ရေးနဲ ့အမှတ်တရသိမ်းထားချင်လိ ု ့ပြီးတော့ငါကလက်ရေးမလှဘူး နင့်လက်ရေးနဲ ့ဆိုရင် ငါ့ကဗျာကတော်တော်မိုက်သွားမှာ’’ ဟုပြောပြောဆိုဆိုနဲ ့စာရွက်နှင့်ဘောလ်ပင်ကို စိုးဦးအရှေ ့သို ့ချပေးလိုက်သည်။ စိုးဦးလည်းအရှိန်ရလာတာကတစ်ကြောင်း၊ ညီဖြစ်သူရေးလိုက်သောကဗျာမပီ စာမပီနှင့် ဘာမှန်းမသိသော စာပိုဒ်လေးကိုဘာရယ်မဟုတ်သဘောကျမိသလိုလို ရှိတာကတကြောင်း၊ အရက်တိုက်ထားသည် မျက်နှာရှိနေတာကတကြောင်းကြောင့်ကူးပေးလိုက်သည်။ ပြီးတော ့”နင်ကရည်းစားထားတော့မလို ့လား’’ ဟုစိတ်ဝင်စားသည့်အမူအရာဖြင့်ပြန်မေးသည်။ သာဂိက လည်းမှင်သေသေဖြင့်ပင် “အင်း…ငါကလယ်လည်းထွန်တက်ပြီ၊ နွားတွေလည်း အများကြီး ကိုတကောင် မှ မပျောက်အောင်ကျောင်းတတ်နေပြီဆိုတော့ ဒီရွာမှာရှိသမျှယောက်ျားတို ့တတ်အပ်တဲ့ပညာ ငါ့မှာ အကုန်ရှိနေပြီလေ၊ ယူမယ်ဆိုရင်တော့အဆင်သင့်ဖြစ်နေပြီ ဒါပေမဲ့ အဲ့ဒါတွေထားလိုက်ပါ ငါစဉ်းစားနေတာက ငါသာဒါမျိုးနေ ့တိုင်းသောက်နေရင် ငါကြိုက်တဲ့ကောင်မလေးက ပြန်ကြိုက် နိုင်ပါ့မလားဆိုတာရယ် ကိုယ်ကိုယ်တိုင်ကချစ်လှပါတယ်ဆိုတဲ့သူတစ်ယောက်ကို အရက်သမားကြီး ရင်ဘတ် ထဲ စွဲထည့်သင့်၏ မထည့်သင့်၏ ကို ပေါ့” ဟုဆက်၍ပြောလိုက်ပါသည်။ စိုးဦး တယောက် အတော် စဉ်းစားပြီးငြိမ်သွားသည်။ စကားပြောခဏတိတ်နေကြသည်။ ဆိုင်ကလည်းစောစောစီးစီးမို ့ဘယ်သူမှမလာကြသေး။ ထိုစဉ် သာဂိကရုတ်တရပ်ထပြီး စိုးဦးကိုတွန်းလှဲလိုက်ပါတော့သည်။ စိုးဦးလုံးဝ
ပြန်မထနိုင်တော့။ အဲ့ဒိတော့မှ သာဂိက တရွာလုံးကြားအောင် ”လာကြပါဦးဗျို ့ဒီမှာ စိုးဦးကြီး စောစောစီးစီးမူးပြီးလဲနေပြီ”ဟုအော်ပါတော့သည်။ ဦးသာလှနှင့်ဒေါ်ရင်မှုန်တို ့ရောက်လာပါသည်။ မြမြဆိုသောမိန်းကလေးအပါအဝင်လူတော်တော်များများလည်းရောက်လာကြပါသည်။ ဦးသာလှက “ဘယ်လိုဖြစ်ကြတာတုန်း မင်းတို ့မရှက်ကြဘူးလား.. စောစောစီးစီး အရက်ဆိုင် ကိုရောက်ပြီး မူးလဲနေကြတယ်” စသည်ဖြင့်ဆူပူကြိမ်းမောင်းပါလေတော့သည်။ ဒီတော့မှ သာဂိက “အဖေ့သားက ဟိုမမြမြကိုချစ်တယ် သူ ့ကိုရည်းစားစာပေးပေးပါ ငါမပေးရဲ ဘူး ဒါပေမဲ့ သူ ့ကိုမရရင်တော့ငါသေသွားနိုင်တယ်လို ့ပြောပြီး ဒီစာကိုပေးရင်းလဲကျသွား တာပဲအဖေ့ သားဘဝကတော့ သွားပြီ အဲ့ဒါအဖေတို ့ဘယ်လိုလုပ်ကြမလဲ’’ ဟုတဆက်တည်းပြောလိုက်ပါသည်။ ပြီးတော့ စိုးဦး ကူးရေး ပေးခဲ့သောသူ ့ကဗျာကိုလည်း မြမြ၏လက်ထဲသို ့သွားပေးရင်း “ဒီမှာအမအတွက ကျနော့် အကိုကြီးရေးပေးထားတာဖတ်ကြည့်လိုက်ဦး” ဟုပြောလိုက်ပါသည်။ စိုးဦးကို ဝိုင်းပြီးထူတဲ့လူကထူ ထမ်းတဲ့လူကထမ်းနဲ ့အလုပ်ရှုပ်နေစဉ် မိုးဒီထံသို ့သွား၍ ကြောကိုအသာပုတ်ပြီး “ရော့မင်းအတွက် ရေတစ်ပုလင်းဖိုးနဲ ့ငါ့အကိုသောက်ထားတဲ့ အရက်ဖိုး ’’ တိုးတိုးတိတ်တိတ်ပြောရင်း ငွေသားအချို ့ကိုထုတ်ပေးလိုက်ပါတော့သည်။
အထက်ပါအဖြစ်အပျက်များဖြစ်ပြီးနောက်မှာတော့ သာဂိတစ်ယောက်ပျောက်ခြင်းမလှပျောက်နေပါသည်။ စုံစမ်း၍လည်းမရသဖြင့်မိဘများ၊ ညီအကိုများနှင့်
တရွာလုံးမှလည်းစိတ်ပူ၍အသဲအသန်လိုက်လံရှာဖွေကြပါသည်။ မိုးဒီ၊ဇော်ကြီး၊ ဖိုးသာထူး စသော သူ၏ နွားကျောင်းဖော်ကျောင်းဖက် များအားလုံးမှာ သာဂိအကြောင်းပြောလျှင်မသိ ဟန်ဆောင် နေတတ်ကြ သဖြင့် ကျေးရွာ လူကြီးမှ “ရိပ်မိပြီး မင်းတို ့သာဂိကိုတွေ ့အောင်မရှာပေးနိုင်ရင် မတွေ ့မချင်း နေ ့စဉ်ထိုင်ထအခါတရာလုပ်ရမယ်’’ ဟု ဘာမဆိုင်ညာမဆို်င် သူကြီးအာဏာက ိုအပြည့်အဝ သုံး၍ အသံ လွှင့် လိုက်ပါသည်။
“သာဂိရေ…….သာဂိ မင်းအကြံအောင်ပြီကွ” ဟုအဝေးမှလှမ်းအော် နေသော မိုးဒီ၏ အသံကိုကြား လိုက် ရ၍ သာဂိတယောက်အဘချိုရဲ ့တဲလေးထဲမှထွက်လာသည်။ မိုးဒီတယောက်တည်းမဟုတ်။ စိုးဦး၊မြမြတို ့သားအမိနှင့်ဒေါ်ရင်မှုန်တို ့ပါ ပါလာသည်။ မိုးဒီကတော့ “သာဂိရေမင်းအကြံအောင်ပြီ’’ ဟုသာ အတွင်တွင်အောင်ရင်း အူယားဖားယားပြေးလာပါသည်။ “ငါသိပါတယ် မိုးဒီရာ ငါ့အကို ကလည်းမမြမြကိုသွားသွားပြီးချောင်းကြည့်နေသလို မမြမြက လည်း ငါ့အကိုလာပြီဆိုတာနဲ ့အိမ်ထဲတောင်သိပ်မဝင်တော့ဘူး အပြင်မှာပဲ တနေကုန် အလုပ်လုပ် နေတော့တာ…ဒါပေမဲ့နှစ်ယောက်စလုံးက မတုန်မလှုပ် ကျောက်ရုပ်တွေဆိုတော ့ဇာတ်မျှောကြီးဖြစ်နေ
တာပေါ့ကွာ..ကြာရင်ငါ့အကိုလည်း အရက်သမားကြီးဖြစ် မမြမြလည်း အပျိုကြီးဖြစ်သွားမှာစိုးလို ့သာဝင်
လိုက်ရတာပါ။ ငါမဝင်လည်းသူတို ့ကတော့တချိန်ချိန် အစဉ်ပြေသွားကြမှာပါ’’..မိုးဒီအပါ ဝင်အားလုံး ကငြိမ်သက်နားထောင်နေကြ၍ သာဂိကဆက်လက်ပြီး “အားလုံးရဲ ့အလိုကိုငါသိပါတယ်ကွာ ငါ့အလို ကိုသာဘယ်သူမှမသိကြတာ’’ ဟု သူ ့ရဲ ့ခံစားချက်နဲ ့ဆန် ့ကျင်စွာပြေးလွှားနေသော တိမ်တိုက် များကိုကြည့် ၍ပြောလိုက်သည်။ မိုးဒီကလည်း “မဟုတ်သေးဘူး မဟုတ်သေးဘူး ငါပြောတဲ ့အောင်ပြီဆိုတာ အဲ့ဒါမဟုတ်ဘူးလေ…ဟိုဟာလေ’’…မိုးဒီပြောလက်စစကားပင်မဆုံးသေး ဒေါ်ရင်မှုန်ကကြားဖြတ်၍ “ဟုတ်ပါတယ်သားရယ် အမေတို ့ကသားရဲ ့ဆန္ဒကို အလိုလို မသိပေမဲ့မိုးဒီပြောလို ့သားက ကိုရင်ဝတ်ချင်နေတယ်ဆိုတဲ့အကြောင်း၊ ဘုန်းကြီးသင်္ကန်တွေကိုခေါက်ပေးရင်းဘုန်းကြီးတွေမမြင်အောင် သင်္ကန်းဝတ်ရုံနည်းတွေ ခိုးခိုးပြီးလေ့ကျင့်နေတယ်ဆိုတဲ့အကြောင်း ၊ပြီးတော့ကိုရင်တွေ ကျင့်ရမဲ့သီလတွေ ကိုလည်းသားကအကုန်အလွတ်ကျက်မှတ်ထားပြီးပြီဆိုတဲ့အကြောင်းတွေကိုအမေတို ့သိပြီးပါပြီ။ အဲ့ဒိအတွက် သားကိုဒီနှစ်သင်္ကြန်မှာရှင်ပြုပေးမယ်။သားကိစ္စပြီးမှ သားအကိုကြီးတို ့ရဲ ့ကိစ္စ ဆက်လုပ်ပါမယ် ..ကဲ ကြေနပ်ပြီလားသား” ဟု ခေါင်းလေးကိုပွတ်ရင်းပြောလိုက်ပါသည်။ မိသားစုများနှင့်တစ်ခါမှ နွေးနွေး ထွေးထွေး မနေခဲ့ပဲ ခပ်တည်တည်ခပ်တန်းတန်းနေလာခဲ့သောသာဂိတစ်ယောက် ဒေါ်ရင်မှုန်ရဲ ့ကရုဏာအပြည့်ဖြင့်နှစ်သိမ့်မှုကိုတဝကြီးငြိမ်သက်ခံစားရင်း မျက်ရည်ပေါက်များစီးဆင်းနေသည်ကို ပင်သတိ
မထားနိုင်ဘဲအပြုံးကြီးပြုံး အပျော်ကြီးပျော်လျှက်ရင်ထဲမှာလည်း “ဒါမှ ငါ့အမေကွ’’ဟူသော ပဲ့တင်သံများနှင့်အတူ ဂရုဏာမိခင်အား ကျစ်ကျစ်ပါအောင်ပွေ ့ဖက်ထားလိုက်ပါလေတော့သတည်း။
ဆက်လက်ရေးသားပါဦးမည်…………….
ရေးသားသူ။ ။နန်းရှင်
6 comments
monmon
September 4, 2011 at 3:32 pm
အင်း..
သာဂိ အယူအဆလေးတွေက တစ်မျိုးပဲနော်…
ဆက်လက်စောင့်မျှော်နေပါတယ်ရှင်….
ပေါက်ဖော်
September 4, 2011 at 3:32 pm
အင်မတန်ထူးတဲ့ မောင်သိဂိပေပဲဗျ
မောင်သာဂိဆိုတာ..တိုရင် ရှင်နန်းလား မသိ..ဘူးနော့
ပြန်ဆက်တဲ့အခါ..ဆက်လက်ဖတ်ပါဦးမယ်..
နော့.နော့..
မီးမီး သော်
September 4, 2011 at 3:41 pm
ဟုတ်တယ်နော် သာဂိကမလွယ်ဘူးနော်။နန်ရှင် များဖြစ်နေမလားလို ့ပါနော်။ဖတ်လို ့ကောင်းပါတယ်။ရွာဓလေ့၊ရပ်ဓလေ့လေးတွေပါ
တော့ ရွာကိုသတိရလိုက်တာနော်။
ရွှေဘိုသား
September 5, 2011 at 9:11 am
ရွာက စာဥတောင် သတိရမိတယ် ဖတ်လိုက်တာ
အခုနေ လွမ်းလို.သေသွားရင် Nan Shin တရားခံနော်
Shwe Ei
September 5, 2011 at 11:12 am
မြို့တွေမှာ ၅နှစ်လောက်ကလေးတွေ ရှင်ပြုပေးနေကြတာ သိပ်ပုံစံမကျသလိုဘဲ။ သင်ကန်းမနိုင်၊ ဝိနည်းတော် နားမလည်၊ ဥပုသ် မစောင့်နိုင်နဲ့။ တောမှာဆို ၁၅နှစ်လောက်မှ ရှင်ပြုတာဆိုတော့ တောဓလေ့က ပိုမှန်တာပေါ့ နော် ကိုနန်းရှင်။
padonmar
September 14, 2011 at 8:31 pm
သာဂိတကယ်အရက်သောက်ပြီမှတ်နေတာ၊
နန်းရှင် စာရေးတော်ပါပေတယ်၊