ကံဆိုးမသွားရာ မိုးလိုက်လို ့ရွာ (၁၀) ဇာတ်သိမ်း
(၂၁)
” သမီး …လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ ဆိုပေမဲ့ … အသက်ရှင်စဉ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် သေတဲ့အခါ ကျန်ခဲ့တဲ့ က ိုယ်နာမည်အပေါ် ညစ်နွမ်းစေတာပဲ သမီး … အန်တီစိုးပြောရလျှင် ဒီမှာ လူသားအားလုံး လက်ခံထားတဲ့ ကုရာနတ္တိ ဆေးမရှိဆိုတဲ့ ရောဂါဆိုးကြီးရှိတယ် … ။ အရင်ကလူတွေ ပြောကြတာ … ကုရာနတ္တိတဲ့လေ… ဟိုးတုန်းကပြောကြတာပါ … ရောဂါက တကယ်ဖြစ်လျှင် … သေတာများတာကိုး ……………..တကယ်တော့ ဒီခေတ်မှာ မကုနိုင်လျှင်တောင် ထိန်းပြီး လူတန်းစေ့ နေနိုင်နေပါပြီ …. ”
” ဟင် ဟုတ်လား အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့ ရောဂါစိုးကြီး ရှိတယ်ပေါ့ … သမီးကိုပြောပြပါနော် အန်တီစိုး …. ”
” ဒီလို သမီးရဲ့ …အေ အိုင် ဒီ အက်စ် လို့ ခေါ်တဲ့ ရောဂါကြီးပေါ့ ….. သူက ချက်ချင်း လက်ငင်း ရောဂါကြီး ထဖြစ်တာ မဟုတ်ဘူးနော် … HIV ပိုးဝင်လို့ ဖြစ်ရတာ … ”
” AIDS …. HIV ဟုတ်လား … ဘာတွေလဲဟင် သမီးက အေဘီစီဒီလောက်ပဲ သေချာမှတ်မိတော့တာ ကိုးတန်းထိသင်ခဲ့ရတာ အဲ့ဒါကိုး … ”
” မသိလျှင် သေချာနားထောင် အန်တီစိုးရှင်းပြမယ်… AIDS ရောဂါမဝင်ခင် …. HIV ပိုးအကြောင်းပြောပြမယ် … ”
” AIDS ဆိုတာ တို့တွေ သိထားကြတာ ခုခံအား ကျဆင်းမှူရောဂါ လို့လေ… သူဖြစ်ဖို့ရာ HIV လို့ခေါ်တဲ့ ပိုးတမျိုး ဝင်မှသာ ဖြစ်တာ… HIV ပိုးဆိုတာ အရမ်းကြောက်ဖို့ကောင်းတယ် ..…. သွားလာ လှုပ်ရှားနေတဲ့ လူတွေကြားထဲ ဘယ်သူဆီမှာ ရှိလည်း သေချာမသိဘူး … ပိုးကိုသွေးစစ်ကြည့်မှပဲ သိနိုင်တာ… … HIV ပိုးကူးစက်ထားတဲ့ လူတယောက်နဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမိလျှင် ကူးနိုင်တယ် … ။ တခြားနည်းတွေနဲ့လည်း ကူးနိုင်သေးတယ် …HIV ပိုးရှိတဲ့ လူတယောက်ကထွက်တဲ့ …သွေးနဲ့ ကိုယ်ခန္ဓာက ၊ လိင် အင်္ဂါ က ထွက်တဲ့ အရည်တွေမှာ HIV ပိုး အများဆုံးပါတယ် … ။ ဒါကို မသိပဲပိုးရှိတဲ့လူရဲ့ … သွေးသွင်းမိမယ် … လိင်အင်္ဂါက အရည်တွေနဲ့ ထိတွေ့မိမယ်ဆိုလျှင် … အန္တရာယ်များပြီး ကူးစက်နိုင်တယ်… ။ ”
” ဒီအတိုင်းကိုင်မိယုံနဲ့ ကူးတာလားဟင် အန်တီဝေ .. ”
” မဟုတ်ဘူး သမီးရဲ့ … သွေးတွေ ၊ လိင်အင်္ဂါက ထွက်တဲ့ အရည်တွေနဲ့ ကိုင်မိတဲ့အခါ …ကိုယ့်မှာ ရှိနေတဲ့ အရေပြားပေါက်ပြဲမှ သာ ကူးနိုင်တာပါ … ။ ကူးစက်အများဆုံးကတော့ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း နဲ့ သွေးသွင်းခြင်းတို့ အပြင် …ဆေးထိုးအပ်မျှ ဝေသုံးဆွဲတာမျိုး … ထိခိုက်ရှနာမျိုးတွေကလည်း ကူးနိုင်တယ်…. ”
“ကြောက်စရာကြီးနော် … စကားပြောလျှင်ရောလေထဲက ကူလားဟင် …”
“အဲ… ပေါက်ပေါက်ရှာရှာ စကားပြောလျှင် မကူးပါဘူး သမီးရယ် … ဒါတင်ဘယ်ကမလဲ လက်ဆွဲနှုတ်ဆက်တာတို့ … ပွေ့ဖက်နမ်းရှိုက်တာတို့ … ထမင်းပန်းကန် ၊ ခွက်ယောက် အတူသုံးတာတွေကလည်း လုံးဝမကူးဘူး …. အိမ်သာ အတူသုံးတာတို့ … တံခါးလက်ကိုင်တို့ ကနေလည်း မကူဘူး … ”
” အော ဟုတ်လား .. သမီးက မသိဘူးလေ … ဒါဆိုလည်း သိပ်တော့ ကြောက်စရာမကောင်းပြန်ဘူး…ဒါနဲ့ ..နှပ်ချေးညှစ်တာတွေ… ၊ တံတွေးတွေ ..မျက်ရည်တွေကရော ကူးလားဟင်..သူလည်း ကိုယ်ထဲက ထွက်တဲ့ အရည်ထဲပါတယ်လေ … ”
” ကြောက်စရာမကောင်းတာတော့ မဟုတ်ဘူးလေ… ကြောက်စရာကောင်းတာပေါ့ … ဒါပေမဲ့ကိုယ်က ကူးစက်တဲ့ နည်းတွေနဲ့ မကူးစက်တဲ့ အခြေနေကို သိထားမှ ဆင်ခြင်လို့ ရမှာလေ … နှပ်ချေးတွေ ၊ တံတွေးတွေ၊ မျက်ရည်တွေမှာလဲ ပိုးတွေ ရှိနေနိုင်ပါတယ် .. ဒါပေမဲ ့ ပမာဏအားဖြင့် နည်းတော့ … တဆင့်ကူးဖို့ဆိုတာ မလွယ်ဘူးလေ… ။ ”
” ဒီလို သမီးရဲ့ … HIV ကူးစက်ဖို့ လူတယောက်ရဲ့ သွေးထဲကို ပိုးကောင်ရေ တစ်သောင်းခွဲကနေ …နှစ်သောင်းလောက်ဝင်မှ ကူးတာ … ဒီအတိုင်း ကူးတာ မဟုတ်ဘူး … တစ်ကောင် ၊ နှစ်ကောင်လောက်နဲ့ ကူးတာ မဟုတ်ဘူး … ”
“ခုနက အန်တီဝေပြောတဲ့ အထဲမှာ ပါတယ်နော်…ပိုးရှိတဲ့လူကို သာမန်မျက်စိနဲ့ ကြည့်လျှင် မမြင်နိုင်ဘူး ဆိုတာလေ … ”
” အင်း ဟုတ်တယ် သမီးရဲ့… သွေးစစ်ကြည့်မှ သိတာ … သွေးစစ်ကြည့်လျှင်တာင်မှ … HIV ပိုးဖြစ်စေနိုင်တဲ့ အပြုမူလုပ်ပြီး ချက်ချင်း စစ်လျှင် မပေါ်သေးဘူး … သုံးပတ်ကနေ ခြောက်လကြာတော့မှ စစ်ကြည့်လျှင် သေချာ သိတော့တာပေါ့ … ။ ”
“အော … ဒီလိုကိုး …. ဒါဆို အန်တီစိုးရေ… အကာကွယ်မဲ့ လိင် ဆက်ဆံလျှင် ကူးနိုင်တယ်ဆိုတော့ ….. အကာကွယ်နဲ့ လိင်ဆက်ဆံဖို့ကို ကွန်ဒုံးသုံးတဲ့ တစ်နည်းပဲ ရှိတာပေါ့နော် … အဲ့ဒါကရော စိတ်ချရရဲ့လား … ။”
” ၁၀၀%တော့ စိတ်ချလို့ မရပေမဲ့ … ၉၈%လောက်ထိ စိတ်ချရတယ်လို့ ပြောတယ် …. ဒါပေမဲ့လည်း … ကွန်ဒုံးသုံးတဲ့အခါ … ရက်လွန်ပစ္စည်းမဖြစ်ဖို့နဲ့ …သုံးဆွဲတဲ့ပုံစံ …တပ်ဆင်တဲ့ပုံစံတွေ မှန်ကန်ဖို့ အရေးကြီးတယ် ….မဟုတ်လျှင် ပေါက်ပြဲပြီး …သုံးသာသုံးတယ်… ပိုးကူးသွားနိုင်တယ် … “”အော … ဒီလိုကိုး … အန်တီစိုးက ဗဟုသုတစုံတယ်နော်… ။ ”
” မစုံလို့လည်း မရဘူး သမီးရေ… အန်တီစိုးတို့ ဒီအလုပ် တည်ထောင်ကတည်းက အန္တရာယ်မရှိအောင် ရောဂါပုးိ မကူးစက်အောင် … ဒီလိုပဲ ကျင့်သုံးကြရတာပဲ … ။ ”
” နောက်တစ်ခုက HIV ပိုးရှိတာနဲ့ … တတ်သိနားလည်တဲ့လူတွေနဲ့ တိုင်ပင်ပြီး ပိုးမွှား ပျံ့ပွားမှူကို ထိန်းချုပ် ၊ ဟန့်တားပေးတဲ့ ARV လို့ ခေါ်တဲ့ ဆေးတွေ သောက်ရတယ် … ။ အဲ့ဒီဆေးတွေ သောက်တဲ့အခါ ရက်ပျက်လို့ မရပါဘူး …. ။ မှန်မှန်သောက်ရတာပါ … မသောက်ခင်ကတည်းက ကျန်းမာရေး ဝန်ထမ်းတွေက … ARV သောက်ဖို့ လိုတဲ့ အချိန်ဟုတ်မဟုတ်ဆိုတာ CD4 လို့ခေါ်တဲ့ ကလပ်စည်းလေးတွေကို စစ်ဆေးပြီးမှ ဆေးသောက်ဖို့ လိုမလို စမ်းစစ်တာ ပါ…. ဆေးသောက်ဖို့ လိုတဲ့လူဆိုလျှင် …ဆေးစသောက်ကတည်းက မပျက်မကွက်သောက်ရတာ … နှစ်ရက်ခွဲထက်ပိုပြီး ဆေးသောက်ဖို့ မေ့လျှော့တာနဲ့ …. ကိုယ်ထဲက HIV ပိုးက ဆေးယဉ်သွားပြီး … ဆေးမတိုးတော့ပါဘူး … အဲ့ဒီအချိန်ဆို ထိန်းချုပ်ရခက်ခဲပါတယ် …. ။ ”
“” ဒါဆိုလျှင် ပိုးရှိလည်း ကြောက်စရာမလိုဘူးပေါ့ … ပိုးမွှားဖြစ်ပွားမှူကို ဟန့်တားပေးတဲ့ ဆေးတွေရှိနေတယ်ဆိုတော့လေ …. ။ ”
” အဲ့ဒီလိုလည်း မဟုတ်ဘူးလေ … HIV ပိုးမွှားတွေထိန်းချုပ်မှူကို မဟန့်တားနိုင်တော့လျှင် … ခြောက်လကနေ နှစ်နှစ်အတွင်း AIDS ရောဂါအသွင်ပြောင်းသွားတော့တာပေါ့ … ။ ခုခံအားကျဆင်းမှူရောဂါလို့ ဆိုကတည်းက ကိုယ်ခန္ဓာထဲက အားတွေကိုလျှော့ကျစေပြီး တခြား ရောဂါတွေ ဝင်ရောက်ဖို့ လွယ်ကူတာပေါ့ … ။ အဖုပိန့်တွေ ပေါက်လာမယ်… တီဘီလိုမျိုးတွေ ဝင်လာမယ်ဆို … စိတ်ပျက်စရာကြီး … ။ ”
” HIV ပိုးမရှိသေးသူတွေကတော့ … အန္တရာယ်ရှိတဲ့ အပြုမူမျိုး ရှောင်မယ်ဆိုလျှင် ကူးစက်ခံရတာ မရှိဘူးပေါ့ … ”
” အေး ဒါပေါ့ စန္ဒာရယ်… အသွားမတော် တလှမ်း အစားမတော် တလုပ်တဲ့ … ကြည့်နေထိုင်ရမှာပါပဲ … ။ ကိုယ်တွင်မကပဲ ကိုယ့်အိမ်ထောင်ဘက်ကိုလည်း အမြဲ ကြည့်နေသင့်တာ … သူက ပွေရှုပ်သူမျိုးဖြစ်လျှင် …သူ့ဆီကတဆင့် ကိုယ်ပါ ကူးလာနိုင်တယ်လေ … ဒါကြောင့် ဆင်ခြင် သမီး … ယောကျာ်းယူတော့မယ်ဆို အဲ့ဒါလေး အရင်စစ်လိုက်ဦးနော် … ”
“HIV / AIDS ရှိတဲ့လူတွေနဲ့ တွေ ့တဲ့အခါ .. ကူးစက်ပုံတွေ သိနေတော့ … ကြောက်စရာမလိုဘူးပေါ့…သူတို့လည်း လူပါပဲ ။ ပစ်ပယ်ထားတာမျိုးမလုပ်သင့်ဘူးလေ… လူသားချင်းစာနာရမယ် စန္ဒာရဲ့ … ကဲ အန်တီစိုးပြောတွေမှတ်ထားနော်… ”
“ဟုတ်ကဲ့အန်တီစိုး … ဒါဆို သမီးသွားတော့မယ်နော် … ။ ”
(၂၂)
နှစ်အတန်ကြာ ထိုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုပြီးသော အခါ … သင့်တင့်လျှောက်ပတ်သော ဥစ္စာဓနများ စုဆောင်းမိတော့သည်… ခြောက်လတစ်ခါ သွေးမှန်မှန်စစ်သလို … ကျန်းမာရေးကိုလည်း အထူးဂရုစိုက် ခဲ့သည်… ဆောင်ရန် ၊ ရှောင်ရန်များ လိုက်နာပြီး ….စီးပွာဖြစ်ထွန်းချိန် ….. အလှမ်းကျယ်သော စန္ဒာတစ်ယောက် ….. လူကုန်ကူးခြင်း ကိုပါ လုပ်ဆောင်ခဲ့သည် …. ။ မြန်မာနိုင်ငံအတွင်း ရွာများမှ အမျိုးသမီးများကို မက်လုံးပေးကာ စည်းရုံးပြီး …တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သည် … ။ ငယ်စဉ်က ဆင်းရဲမွဲတေမှူကြောင့် ခံစားခဲ့ရသဖြင့် စီးပွားကုန်းကြုံးရှာရာတွင် မသမာမှူများ ပြုလုပ်ခဲ့မိပြီး …ပွဲစား တစ်ဦးနှင့်အိမ်ထောင်ကျခဲ့သည် …. ။
သူမကိုယ်တိုင် လူလွတ်အချိန်ကသာ ခြောက်လတစ်ခါ သွေးစစ်သော်လည်း …. အိမ်ထော်မပြုခင် သွေးစစ်ဖို့ကို မေ့လျှော့ခဲ့သည်…သူမဧ။် အိမ်ထောင်ဘက်မှ တဆင့် HIV ပိုး ကူးစက်ခံရချိန် မသိလိုက်သဖြင့် … ကိုယ်ဝန်ဆောင်ခဲ့မိသည် … ။ မိခင်မှ သန္ဓေသားသို့ ကူးစက်နိုင်ချေ … ၂၀% ~ ၃၀% အထိရှိသည် … သို့သော် …ကံကောင်းသော ကလေးမှာ မွေးဖွားလာချိန်တွင် … စနစ်တကျလေ့ကျင့်ပေးထားသော ကျန်းမာရေး ဝန်ထမ်းများ ဧ။် ကူညီမှူကြောင့် မိခင်နို့ တိုက်ကျွေးနေသော်လည်း … ကူးစက်ခံရခြင်း မရှိပေ … ။
ခင်ပွန်းသေဆုံးပြီး သားဇောဖြင့် ဒုစရိုက်လုပ်ငန်းများ ဆက်လုပ်ကိုင်ခဲ့သည်… ။ အကြောင်းမလှချိန်တွင် လူကုန်ကူးခြင်းကြောင့် အဖမ်းခံခဲ့ရသည် … ထို့နောက် … စိတ်ရော ၊ ကိုယ်ပါ ကျဆုံးချိန်တွင် AIDS ရောဂါ ခံစားရပြီး … ထောင်ထဲတွင်ပင် … ကွယ်လွန်ခဲ့သည် … ။ ။
26 comments
etone
September 9, 2011 at 10:58 am
ဇာတ်သိမ်းပိုင်းအထိ တင်ပြီးပါပြီ … စာဖတ်သူတွေရဲ့ ဝေဖန် အကြံပြုသံလေးတွေ ကြားချင်ပါတယ် … ။
အိမ်ကဖတ်ပြီးတဲ့ လူတွေကတော့ ဝေဖန်ကြတယ် .. ဇာတ်လမ်းအစလေးက ဟုတ်မလိုလိုနဲ့ … ဇာတ်သိမ်းကျတော့လည်း ဒုံးပျံနဲ့ ကို ပြန်ထွက်သွားတာ ချာသွားတယ်တဲ့ .. ဟီးဟီး 😛
နွယ်ပင်
September 9, 2011 at 11:34 am
etone ရေ ဇာတ်သိမ်းက မြန်မြန်ပြီးသွားသလားလို့
အမှန်ဆို နောက်ထပ် နှစ်ပိုင်း ၊ သုံးပိုင်းလောက် ထပ်ရေးလို့ ရနေသလိုပဲနော်
တမင်သက်သက်ဆွဲဆန့်တာမျိုး မဟုတ်ပင်မယ့် ” ပွဲစားနဲ့ ဆုံတွေ့တာတို့
နောက်ပိုင်းလူကုန်ကူးတာတို့ကို” သိပ်ရှည်ရှည်မဟုတ်တောင် ဒီထက် ဇာတ်ကွက်များများလေးနဲ့
ရေးရင် ပိုပြီးပြည့်စုံတဲ့ ဇာတ်လမ်းလေး ဖြစ်လာမယ်ထင်တယ်နော် …………..
etone
September 9, 2011 at 11:54 am
အကြံပေးတာ ကျေးဇူးတင်ပါတယ် …။ နွယ်ပင်ပြောသလိုပဲ … ဇာတ်ကွက်များများလေး ထပ်ထည့်ချင်ပေမဲ့ .. အချိန်သိပ်မလောက်တော့တာရယ် ..ကိုယ့်ဘာသာ ကိုယ် ပြန်ဖတ်ပြီး အီလည်လည်ဖြစ်နေတာနဲ့ ဆက်မရေးချင်တော့တာရယ်ကြောင့် ဖျက်ချပစ်လိုက်တာပါ … ။
(နောက်မှ တွေးကြည့်မိတော့ … စာတပုဒ်ပေါ်ထားတဲ့ ကိုယ့်စေတနာ မမှန်သလိုမျိုး ခံစားမိတယ် … 🙁 )
weiwei
September 9, 2011 at 11:42 am
ဟုတ်ပ အီးတုံးရေ … ဇာတ်သိမ်းက မြန်လိုက်တာ …
ပညာပေးတွေများနေလို့ ရသ မပါတော့သလိုဖြစ်နေပြီး ဆောင်းပါးတစ်ခုလိုဖြစ်သွားတယ် …
ဘာပဲဖြစ်ဖြစ် ချီးကျူးပါတယ် …. နောက်တစ်ခါရေးရင် ပိုကောင်းလာမှာပါ …
etone
September 9, 2011 at 11:50 am
ဟီးဟီး .. ဟုတ်ပါတယ် မဝေရေ … ဇာတ်သိမ်းကို မပြ ီးပြီးအောင် ဆွဲသိမ်းလိုက်မိတာပါ … ။
ရေးရင်း ရေးရင်း … ဇာတ်သိမ်းတော့မဲ့ အချိန် အပြင်က ကိစ္စတွေလိုင်းက ပူးလာတာနဲ့ … မြန်မြန်ပြီးအောင် တိုတိုဖြတ်မိသွားတာ…အစပိုင်း … ရသကို အခြေခံပြီးရေးခဲ့ပေမဲ့ … နောက်ပိုင်း ပိုပိုချာသွားတယ် .. ဟီးဟီး … ။ 🙂
နောက်တခါ အဲ့ဒီလို စာတွေရေးဖို့က သိပ်မလွယ်တော့ပါဘူး … ကိုယ်မကျွမ်းကျင်တဲ့ ပညာရပ်မို့ …. လေ့လာရတာ စိတ်ဖိစီးမှူများတယ်လေ … ။ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပေးတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်နော် … မတူညီတဲ့ အတွေးနဲ့ .. ဝင်ပွားပေးကြပါဦး ။ 🙂
chitlay
September 9, 2011 at 11:49 am
ဖတ်လို့တောင် မဝသေးဘူး ဇာတ်ကို အလောသုံးဆယ် သိမ်းလိုက်သလိုပဲ …. 🙁
ဆေးပညာ ဗဟုသုတတွေ ရတဲ့အတွက် ကျေးဇူးပါ etone ရေ ….
ဒီထက်ပိုကောင်းတဲ့စာတွေ အများကြီးရေးနိုင်ပါစေ။ 😛 😛
pooch
September 9, 2011 at 12:09 pm
တုန်တုန်ရေ … အမအမြင်လေးကို ပြောရရင် အခုခေတ်မှာ အမတို့ ဆီမှာ sexual reproduction နဲ့ ဆိုင်တဲ့ ဆောင်ရန် ရှောင်ရန် ၊ ပညာပေးတွေကို ကျောင်းတွေမှာ အလယ်တန်းလောက်( ၈ တန်း ) က စလို့ ထည့်သင့်နေပြီလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်မှာ လူငယ်တွေကို တားလို့ မရတော့ပါဘူး။ ခေတ်ရေစီးကြောင်း အပြောင်းအလဲကို အမတို့တွေ မလွန်ဆန်နိုင်တော့တဲ့အခါ သူတို့ဘဝလေးတွေကို အချိန်မတိုင်မှီ မနစ်မွန်းအောင် ဆောင်ရန်ရှောင်ရန်လေးတွေကို သာ အမတို့တွေ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရတော့မှာပါ။ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ ဒီလိုရောဂါ တွေ ကူးစက်နှုန်းနည်းတယ်ဆိုတာ သူတို့ကျောင်းမှာ ကတည်းက ပညာပေးတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာ သင်ကြားခဲ့ကြရလို့ပါ။ အမတို့ဆီမှာလည်း လိုအပ်နေပါပြီ။
etone
September 9, 2011 at 12:18 pm
ဟုတ်တယ် အစ်မ poochရေ … ဒီနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်သေးတော့ .. ဒီကိစ္စကိုရှက်စရာလို့ပဲ လူထုက တွေးနေတုန်း… ။
လူငယ်တွေကို တားလို့ ဆီးလို့ မရတော့လည်း … ပညာပေးတွေ လုပ်ပြီး ကာကွယ်မှပဲ ရမယ် … ။
ဝင်ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ် အစ်မရေ ။ 🙂
မီးမီး သော်
September 9, 2011 at 12:17 pm
စုံစုံလင်လင်ရေး မက်ဆေ့ချ်ကောင်းလေးပေးတဲ့ မမအိတုံကိုကျေးဇူးပါ
etone
September 9, 2011 at 12:19 pm
ပို့စ်ဆုံးမှ ဝေဖန်မယ်ဆိုတဲ့ ရွာထဲက ဒေါက်တာ မိုးသီတာစိုး … ပျောက်နေပါသေးတယ် … ။
ဒေါက်တာ့ရဲ့ ဝေဖန်သံလည်း ကြားချင်ပါသေးတယ် .. 🙂
windtalker
September 9, 2011 at 1:47 pm
ရှက်စရာ ကောင်းတယ် ဆိုတာနဲ ့ပတ်သက်ပြီး
ကိုယ်တွေ ့လေး ကို ဒီမှာ ပြောပြချင်တယ် ဗျာ
တစ်ရက် က
ဆေးဆိုင် တစ်ဆိုင် မှာ
ကွန်ဒုံး ဝင်ဝယ်ပါတယ်
ကွန်ဒုံး ဝယ်တယ် ဆိုလို ့လဲ
မိန်းမ လိုက်စား ဖို ့လို ့မထင်ကြပါနဲ ့ဦး
ကိုယ့်မိန်းမ နဲ ့ကိုယ်ပါ
တားဆေး မသုံးချင်ဘူး
မသောက်ခိုင်းရက်ဘူးလေ
ယူတာမကြာသေးတော့ လဲ
ကလေး မလိုချင်ကြသေးဘူးလေ
ကွန်ဒုံး ဝင်ဝယ်တော့ ဗျာ
ဖြစ်ချင်တော့
ဆေးဆိုင်ထဲ မှာ မိန်းမ သုံးယောက်ပဲ ရှိတာ ဗျာ
ကိုယ်လဲ ဝယ်ဖို ့သွားတာ ဆိုတော့
မေးရတော့တာပေါ့
ကွန်ဒုံး လိုချင်လို ့ဆိုပြီး
ဆရာမ များ က
“ ဟမ် ”
“ ဟမ် ”
“ ဘာ ”
ဆိုပြီး
အထူးအဆန်း
ကမ္ဘာဦးက ဂေါ်ဇီလာ ကို တွေ ့ကြသလို
မျက်လုံးပြူးတွေ နဲ ့ဝိုင်းကြည့်သဗျ
ရှက်တာကိုး ဗျာ
ကျုပ် မှာ
သောက်မြင် က လဲ ကပ်လာပြီး
အကျယ်ကြီး အော်လိုက်တယ်
“““““ကွန်ဒုံး”””””” ရောင်းလား
ဆိုတော့ မှ
တစ်ယောက် က
ရှိတယ် ရှိတယ်
ဆိုပြီး
ကပျာကယာ နဲ ့ထုတ်ရောင်းပေးတယ်
ကြုံရပုံ များ ပြောပါတယ်
etone
September 9, 2011 at 3:08 pm
အကျယ်ကြီး အော်လိုက်တော့ .. ဆိုင်ထဲက မိန်းမတွေအပြင် ဆိုင်ပြင်က လမ်းသွားလမ်းလာပါ ပြူးပြဲ မကြည့်ကြဘူးလား … ။ 😛 ဟား ဟား ဟား ဟား .. ကိုပေသွားမေးတဲ့ဆိုင်က အပျိုကြီးမမတွေ ရောင်းတဲ့ဆိုင်များ ဖြစ်နေမလာပဲ 😀
manawphyulay
September 9, 2011 at 3:31 pm
ဘယ်လိုပုံစံနဲ့ ဝင်ဝယ်လဲမှမသိတာ။ သူတို့လည်း ပြူးပြဲကြည့်တော့မှာပေါ့ဟဲ့။
windtalker
September 10, 2011 at 12:57 am
သိချင်တယ်ပေါ့ လေ
မမနောဖြူ က
ပြချင်တယ်ဗျာ
လက်တွေ ့ပြ မှ
သဘောပေါက်နိုင်မှာဗျ
အင်း…
Shwe Tike Soe
September 9, 2011 at 2:07 pm
ဘယ်လိုပဲ သိမ်းသိမ်း ကောင်းပါတယ် ဗျာ မအိတုံ.. ဒီလို ဗဟုသုတ ရစေမယ့် အကြောင်းလေးတွေ ဇာတ်လမ်း ရေးပေးတော့
မသိသူလဲ သိ သိသူလဲ သတိ ဖြစ်စေတာပေါ့
အားပေးပါတယ် ဗျာ….
စာမေးပွဲ ဂုဏ်ထူးတွေနဲ. ထူးထူးချွန်ချွန်အောင်ပါစေ…………. ဟဟဟဟဟ
etone
September 9, 2011 at 2:37 pm
မင်းကဒေါ့နော် ယွာဒဲဝင်ပီး ဖွပြန်ဘီ ။
စာမေးပွဲ ဖြေယအောင် နာက ဆယ်ဒန်းလား ၊ တက္ကသိုလ်တက်တုန်းလားပြော ……. ဟွန်း 🙄
nozomi
September 9, 2011 at 3:02 pm
ဒီဇာတ်လမ်းလေးကို အခြေတည်ပြီး ဇတ်ညွှန်းလေးခွဲ ရုပ်ရှင်ရိုက်လိုက်ရင်ကောင်းမယ် ကိုကြောင်တို့ ကိုအောင်ပုတို့ကတော့ ဇတ်လိုက်ပေါ့..
“ဇာတ်ကွက်များများလေး ထပ်ထည့်ချင်ပေမဲ့ .. အချိန်သိပ်မလောက်တော့တာရယ် ..” ဆိုတော့ ဒေါက်တာကြီး ကများ မြန်မြန်အပြီးရေးခိုင်းနေတာလား..
ပညာပေးလေးကောင်းတယ် မသိသေးတာလဲ သိ၊ သိတာလဲ မှတ်မိပေါ့ ၊ ပညာပေးတာဆိုလို့ ဟာသလေး တစ်ခုကြားဖူးတယ် သားဆက်ခြားတာနဲ့ပတ်သက်လို့ နယ်ဘက်မှာ လိုက်ပညာပေးကြတယ် ကွန်ဒုံကို ဟောဒီလိုထုတ်၊ ဟောဒီလိုစွတ် ပြီး မိန်းမနဲ့ အတူနေရင် ရောဂါလဲ ကာကွယ်ပြီးသားဖြစ် ကိုယ်ဝန်လဲ မရနိုင်ဘူး လို့ ပညာပေးတယ် အောက်ကလူတွေကလဲ ပြုံးဖြဲဖြဲနဲ့ သေချာမှတ်ထားတာပေါ့ ၊ လနဲနဲကြာတော့ ရွာသား တစ်ယောက်က ပညာပေးတဲ့ ဆရာဝန်ကို ကွန်ပလိမ်းတက်တယ် ဆရာတို့ပြောတဲ့အတိုင်းလုပ်တာပဲ ဒါပေမဲ့ ကျွန်တော့မိန်းမ မှာ ကိုဝင်းကြည် နဲ့ ဆိုတော့ ဒါ မဖြစ်နိုင်ပါဘူးကွာ မင်းဘယ်လိုလုပ်လဲ ပြန်ပြောပြဆိုတော့ ကွန်ဒုံ တစ်ခုကို နမူနာ ယူပြီး ဒီလိုထုတ်တယ်၊ ဒီလိုစွတ်တယ်ဆိုပြီး လက်မမှာ စွတ်လိုက်တယ် ပြီးတော့မှ အတူနေတာပါဗျာ တဲ့
ဟာသလေး ဆိုပေမဲ့ ပညာပေးတဲ့ နေရာမှာ လစ်ဟာချက်တွေ ကို သတိပြုနိုင်တာမို့ သဘောကျမိတယ် တစ်ယောက် နဲ့ တစ်ယောက် ပညာ၊ဆင်ခြင်ဉာဏ်၊ဗဟုသုတ ဘယ်တူနိုင်မလဲ အခုလို ရှက်စရာ ကိစ္စလို့ထင်တာမျိုးဆို ပိုဆိုးပေါ့
etone
September 9, 2011 at 3:17 pm
အဖြောင်ယူရေ … ဇာတ်လမ်းရေးဖို့ … စာအုပ်တွေဖတ်နေရတာနဲ့ … ရေးချိန်သိပ်မကျန်သွားတာပါ … ဇာတ်လမ်းက အကန့်သတ်ပေးထားတဲ့ အချိန်နဲ့ ရေးရလို့ပါ …။ ဒါတောင် ကန့်သတ်ချိန်ကို ထပ်တိုးပေးထားသေးတာ … မပြီးသေးဘူးလားလို့ … နှိုးဆော်ပေးတဲ့ လူတွေကို … သစ်ပင်တစ်ပင်ခုတ်လှဲဖို့ အချိန် ဘယ်လောက်ရလျှင် ပေါက်ဆိန်သွေးဖို့ အချိန်ဘယ်လောက်ယူရတယ် စသဖြင့်လေကန်နေတာနဲ့ … တကယ်လည်း ရေးရော အချိန်မလောက်ဘူး ဖြစ်သွားတယ်… ။ 🙂
ရွာတွေက ပညာပေးက အတော်ရယ်ရတယ်နော် .. အူလည်လည်နဲ့ … 🙄
hmee
September 9, 2011 at 3:57 pm
ဒေါ်တုံတို့ကတော့ အပြီးသတ်မှ ဒုံးပျံ စီးသွားရလား။ စိတ်ဝင်တစား ဖတ်ပြီး သေချာ ဝေဖန်ပါ့မယ်။ စိတ်မဆိုးဘူးလို့ ပြောပြီးသားနော် မမှီ အားမနာတန်း ထောက်ပြမယ် တတ်လို့တော့ မဟုတ်ပါဘူး။ ဘောလုံးကန်ပွဲလိုပေါ့ ကန်တော့ မကန်တတ်ဘူး ဟာကွက်တော့ မြင်မိသလိုပေါ့နော့်။ အပိုင်းတစ်မှာ ကလေးက (၄)ယောက် တဗိုက်လို့ ဆိုထားတယ်။ ကိုးတန်းကျောင်းသူနဲ့ နောက်နှစ်ကျောင်းတက်မဲ့တစ်ယောက်၊ အမွှာ နှစ်ယောက်၊ ဗိုက်က လေးလ။ ကိုးတန်းကျောင်းသူမို့ အသက်က (၁၄၊ ၁၅) ပေါ့။ သူ့အောက်က တယောက်က နောက်နှစ်ကျောင်းတက်မှာမို့ (၅)နှစ်ထား။ အမွှာက (၃)နှစ်။ အကြီးမနဲ့ (၅)နှစ်ကလေး အသက် ကွာလွန်းတယ်။ ကလေးဆက်တိုက်ရတယ်လို့ ဆိုတာကိုး။ ကလေးဆက်တိုက်ရသူတွေက အပြင်မှာ အလွန်ဆုံးကွာလှ ၂နှစ်ပဲ တချို့ဆို ၁နှစ်ခွဲလောက်ပဲ ကွာလို့ ရွယ်တူတွေလို ဖြစ်ပြီး ဗုံတီးလို့ရတယ်။ ဒါကတော့ နောက်တခါ ရေးရင် အသက် တွက်ပြီး ရေးလို့ ရအောင်လို့ ပြောပြတာပါ။ နောက်တခုက နောက်အပိုင်းတွေမှာ ၅နှစ်ကလေး မပါတော့ဘူး ပျောက်သွားတယ်။ ကလေးအဖေကလည်း အစမှာပဲ ပါလာပြီး နောက် နိုင်ငံခြားသွားတယ် ဆိုပြီး ပျောက်သွားတယ်။ ကလေးတွေသာ အိမ်ထောင်ကျတယ် ပေါ်မလာတော့ဘူး။ တောရွာမှာ အလုပ်ဆိုတာက လက်တို လက်တောင်း ခိုင်းဖို့ မနက်မှ လိုက်ရှာလို့မရဘူး။ မနက်ဖြန်လုပ်မယ်ဆို အလုပ်ရှင်က ညနေကတည်းက လိုက်ခေါ်တယ်။ အဲ့လိုမှ မဟုတ်ရင် ရှာလည်း လုပ်စရာမရှိဘူး။ ဖြစ်နိုင်တာက လုပ်နေကျ အိမ်က ကြိုတင်ငွေ ယူစားလို့ပဲ ရမယ်။ တောမှာ အဝတ်အဌါးလျှော်တာတွေ ဘာတွေ မရှိဘူး နေ့စားလိုက်စားတာပဲ ရှိတယ်။ ၁၄ နှစ်သမီးဆို နေ့စားလိုက်စားလို့ ရပြီ။ ၁၂ နှစ်လောက်ဆိုရင်ကို ပေါင်းနှုတ်တာတွေ လိုက်လို့ရပြီ။ တောမှာ ကျောင်းဆိုတာ အလွန်ဆုံးရှိမှ အလယ်တန်းကျောင်းပဲ ရှိတယ်။ အထက်တန်းကျောင်း မရှိသလောက်ရှားတယ်။ ပြီးတော့ အဲ့လောက် ဆင်းရဲရင် အတန်းကျောင်း မထားနိုင်လို့ ဘုန်းကြီးကျောင်းပဲ စာဖတ်တတ်ရုံအပ်တယ်။ နောက် သမီး အပျိုလေးကို ကျောင်းအိပ် ကျောင်းနေ ဘုန်းကြီးကျောင်းက လက်မခံပါ။ အလှုရှိလို့ တခါတရံ ဝေယာဝစ္စ လုပ်တာက တပိုင်းပါ။ ဘုန်းကြီးကျောင်းကို အပ်ထားလို့ စောင့်ရှောက်တယ် ဆိုရင်လည်း ကိုယ့်အိမ်ကို နေရပြီး ကျောင်းက ထမင်းပို့ပေးတယ် ရပ်ရွာ အိမ်နီးခြင်းကပဲ စောင့်ရှောက်လေ့ရှိတယ်။ ၁၄နှစ်ဆို အပျိုဖြစ်ပြီးတာ သေချာလို့ စိတ်ကစားတတ်တဲ့ အရွယ်မို့ သာလို့တောင် လက်မခံပါ။ အမေက အဖြစ်ဆိုးပြီးလို့ ကျန်းမာရေး ဗဟုသုတအကြောင်း ရေးတာမှာ လက်ထိကာ ဖုန်သိပ်ရတာ မထည့်သင့်ဘူး။ အကြောင်းအရာ နှစ်ပိုင်း ကွဲသွားလို့ ဦးတည်ချက် နှစ်ခုရှိရင် နှစ်ပုဒ်တောင် တင်လို့ရသေး။ နောက် သားဆက်ခြားတာတွေ ရေးတာတော့ ကောင်းတယ် ဗဟုသုတ ရလို့ပါ။ နောက်ဆုံးတခု ပြောချင်တာကတော့ ကာရာအိုကေဆိုတာ၊ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ သူတွေဟာ တိုက်ပိုင် ကားပိုင် ချမ်းသာတာ မမြင်ဖူးဘူး။ သူချမ်းသာသွားတယ် ဖြစ်စေချင်ရင် ချမ်းသာသူကို အပိုင်ချိုင်ပြီး ဂွကောင်းကောင်း ထိုင်မိတာမျိုး ဖြစ်သင့်တယ်။ နောက် လူကုန်ကူးတာ မထည့်သင့်ဘူးထင်တယ် ဇတ်ကွက်တွေများပြီး တုံရေးရတာ ဇတ်ကွက်ကျယ်ပြီး ဇတ်လိုက်ကို မထိန်းနိင်တော့ဘူး ဖြစ်သွားတယ်။ ဒါကြောင့် အဆော်တလျှင် ဇတ်သိမ်းလိုက်ရတာ ဖြစ်မယ် ဒါက မမှီထင်တာပြောတာ။ ပညာပေးချင်တာတွေ အားသန်သွားလို့ ရသပိုင်းမှာ လွတ်သွားတယ် ထင်တာပဲ။ ဆေးပညာကတော့ မမှီ သိပ်မသိလို့ ပြောတော့ဘူးနော်။ သူများသာ လျှောက်ပြောတာ ကိုယ်ကတော့ စိတ်ကူးယဉ်ပြီး အဖြစ်ရှိအောင် လုံးဝ လုံးဝ မရေးတတ်သေးပါ။
( ဒေါ်တုံမမကို အားမနာတန်း ဝေဖန်လျှင် စိတ်ဆိုးမှာလား မေးပြီးလို့ စိတ်မဆိုးကြောင်း ဝေဖန်နိုင်ပါကြောင်း ခွင့်ပြုချက်ရပြီးလို့ ဝေဖန်တာပါ။ တော်ကြာ နင်ကရော ဘယ်လောက်တတ်လို့တုန်း ဆိုပြီ ရန်ရှာနေမှာ စိုးလို့ ကြိုရေးထားတာ တုံရေ။)
etone
September 10, 2011 at 11:39 am
မမှီရေ .. ကျေးဇူးတင်ပါတယ် .. သေးစိတ်ထောက်ပြထားတာ .. ။
ဟီးဟီး .. ဟာကွက်တွေ အများကြီးရှိသွားတယ် … ကလေးကလည်း ကာရိုက်တာစုံလေးထည့်မလို့ .. မရေးဖြစ်လိုက်ဘူး … ကလေးတွေကြီးသွားမယ် .. ဘဝရှင်သန်မှုအတွက် တစ်ယောက်တမျိုး ရုန်းကန်မယ် နောက်ဆုံး သူတို့ အဖေကုန်ကုူးတဲ့လူနဲ့ တွေ့မယ် .. စသဖြင့်ပေါ့ နော် တွေးထားတာ .. တကယ်တမ်း ရေးတော့ အဲ့လိုမဟုတ်တော့ပဲ … ဟာကွက်တွေ အများကြီးနဲ့ … ဟိဟိ 😛 😛
နီလေး
September 9, 2011 at 4:50 pm
ဇာတ်လမ်းကဖတ်နေရင်းနဲ့ တိခနဖြတ်လိုက်သလိုပဲ ဒါပေမယ့်ဖတ်လို့ကောင်းပါတယ် ဟာကွက်လေးတွေနဲနဲရှိပေမယ့် အားလုံးကဝေဖန်ပေးပြီးသားဆိုတော့ မဝေဖန်ပေးတော့ပါဘူး ဆက်ရေးပါ အားပေးနေပါ့မယ်နော်
Shwe Ei
September 9, 2011 at 5:20 pm
သားဆက်ခြားနည်းတွေထဲမှာ ဆက်ဆံပီး ၇၂နာရီအတွင်းသောက်ရတဲ့ Emergency Pills ရယ်၊ အမျိုးသမီးသုံးကွန်ဒုံးအကြောင်းရယ် ကျန်နေသေးတယ်မှတ်တယ်။ ဒီပို့စ်နဲ့သိပ်မဆိုင်လို့ မထည့်တာဆိုရင်တော့ စာဖတ်သူအပေါင်း ဗဟုသုတရရန်အလို့ငှာ မှတ်ချက်ပေးလိုက်ရပါတယ်။
etone
September 10, 2011 at 8:23 am
Shwe Ei ရေ ဝေဖန်ပေးတာ ကျေးဇူးပါ … သားဆက်ခြားနည်းထဲ သိပ်တွင်တွင်ကျယ်ကျယ် အသုံးမပြုတဲ့ အဲ့ဒီနှစ်ခုကို မပြောပြခဲ့တာပါ … ။ 72 နာရီဆေးတွေက လက်မထပ်ရပဲ လွန်လွန်ကျူးကျူးဖြစ်တဲ့ စုံတွဲတွေလောက်သာ သုံးတာပါ … အိမ်ထောင်ရှင်တွေ သားဆက်ခြားတဲ့အခါ အဲ့ဒီနည်း သုံးတာ နည်းကြောင်း တွေ့ရပါတယ် … သူ့ရဲ့ ဆေးအာနိသင်ကြောင့် ကိုယ်လက်မအီမသာဖြစ်တာတွေ ၊ ရာသီရက်ပြောင်းတာတွေ ဖြစ်တတ်တယ် … ။ အမျိုးသမီးကွန်ဒုံးကလည်း … တွင်တွင်ကျယ်ကျယ်ကို မသုံးကြဘူး … အားနည်းချက် ..အားသာချက်လေးတွေရှိပေမဲ့ … တချို့အမျိုးသမီးတွေ … အဲ့ဒါရှိမှန်းတောင် မသိလောက်အောင်ပဲ လူထုထဲ သတင်း ပျံ့ နှံ ့နှုန်းနှေးနေတယ် … 🙂
MaMa
September 10, 2011 at 8:42 am
ပညာပေးဆောင်းပါးလေးမို့ အားပေးပါတယ် အီတုံးရေ။ ဒီလို အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ရေးနိုင်တာ သေသေချာချာ လေ့လာထားလို့ပဲ။ ဇာတ်သိမ်းမှာ ဒုံးပျံစီးသွားတာတော့ ဆိုးတယ် နော်။ 🙂
စုံ စုံ
September 10, 2011 at 11:06 am
etone ရေ အပိုင်း(၁၀) ပိုင်းလုံးလဲဖတ်ပြီးသွားပြီ
သူများတွေလဲ ဝေဖန်ထားတယ်ဆိုတော့ ဘာမှတော့ထပ်မပြောတတ်တော့ဘူး
ဒါပေမယ့် ဒီပို့စ်ကိုရေးထား စေတနာအပြည့်အဝနဲ့ရေးထားတယ်ဆိုတာ
မြင်သာပါတယ် နောက်ပိုင်းလဲဒီ့ထပ်ပိုကောင်းမွန်တဲ့ပို့စ်တွေရေးနိုင်ပါစေလို့
မဝေဖန်တတ်ပေမယ့် အားပေးတတ်ပါတယ်နော်
အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း
September 10, 2011 at 4:23 pm
အေးဗျာ လူကုန်ကူးတာတော့ကျုပ်သိပ်မုန်းတယ်။နောက်ဆုံးတော့ထောင် ထဲမှာအေ့ဒ်စ်နဲ့ဆုံးသွားတာကောင်းသေးတယ်။တချို့များ ငါ့လိုဘဲရောဂါရစေဆိုပြီး ိလုက်ဒုက္ခပေးကြတာတော့ကြားဖူးပါရဲ့။မဖြစ်သင့်ဘူးပေါ့ဗျာ။