Hissho Sushi ၏ CEO ကိုဘုန်းလွင်( Philip Maung) နှင့်တွေ့ဆုံခြင်း
၂၀၀၆ခုနှစ်တွင်အမေရိကနိုင်ငံ၏Entrepreneur of the Year (Carolinas Region) Finalist စာရင်းဝင်ခဲ့သည့်မြန်မာဇာတိနွယ်၊Hissho Sushi ကုမ္ပဏီကို၁၉၉၈ခုဧပြီလတွင်အိမ် ခန်းကလေးမှလုပ်ငန်းကိုစတင်ခဲ့သူ၊
တနှစ်အကြာတွင် ကိုယ်ပိုင်ရုံးခန်းတခုသာငှား ရမ်းနိုင်ခဲ့သော်လည်း ယခုအခါအမေရိကန်ပြည် ထောင်စုရှိပြည်နယ်ပေါင်း၂ဝပြည်နယ်တွင်Sushi ဆိုင်ခွဲပေါင်း၃၀ဝကျော်ဖွင့်လှစ်နိုင်ခဲ့သူ …. အိတ်ကပ်ထဲတွင်အမေရိကန်၁၃ဒေါ်လာဖြင့်အမေရိကနိုင်ငံလော့စ်အိန်းဂျလိစ်မြို့သို့၁၉၈၉ခုနှစ်၌ ရောက်ရှိလာခဲ့သူ…
၁၉၆ရခု ဖေဖေါ်ဝါရီလ၌ ရန်ကုန် မြို့တွင်မွေးဖွားကြီးပြင်းလာခဲ့ကာလော့စ်အိန်းဂျလိစ်မြို့မှ ဖလောရီဒါ၊မြောက်ကယ်ရိုရိုင်းနားသို့ အဆင့်ဆင့်ပြောင်းရွှေ့ပြီး Sushi လုပ်ငန်းစတင်တည်ထောင်ကာရိုးသားမှု၊ ကြိုးစားမှုတို့ဖြင့်ယခုအခါသန်းကြွယ်သူဌေးဖြစ်လာသူ..
ကိုဘုန်းလွင်ခေါ် Philip Maung (အဘ ဦးကိုလေးနှင့်အမိဒေါ်ယဉ်မေလွင်တို့၏စတုတ္ထ သာ)နှင့်၂၀၀၈ခု အယ်လ်အေသင်္ကြန်တွင်ရတနာပုံနေပြည်တော်သတင်းစာမှတွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။မြန်မာပြည်မှာတုံးကဘယ်မှာကျောင်းတက်ခဲ့ပါသလဲ။
ဖြေ။ ။ အထက်တန်းကျောင်း၁ဝတန်းကို တော့တာမွေ(၁)မှာတက်ခဲ့တယ်၊ရန်ကုန်ဆေး တက္ကသိုလ်(၁)ကို၅လခန့်တက်ခွင့်ရခဲ့ပေမဲ့ အမေရဲ့မှတ်ပုံတင်ကဧည့်နိုင်ငံသားဖြစ်နေလို့ ဆက်ပြီးတက်ခွင့်မရလို့၁၉၈၄-၈၅စာသင်နှစ် မှာရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) မှာဓါတုဗေဒအဓိကဘာသာရပ်ကို ပြောင်းတက် ခဲ့ရတယ်။
မေး။မြန်မာနိုင်ငံကနေဘာဖြစ်လို့အမေရိကားကိုပြောင်းရွှေ့ လာသလဲ၊ ဘယ်အချိန်ကရောက်လာသလဲ။
ဖြေ။အမေရိကားကိုတိုက်ရိုက်ထွက်လာတာ မဟုတ်ပါဘူး ၊စောစောကပြောခဲ့တဲ့အတိုင်း ဆေးကျောင်းတက်ခွင့်မရလို့ ထွက်ခဲ့ရတဲ့ကျောင်းသားတွေကိုထိုင်ဝမ်ကျွန်းနိုင်ငံကနေ ထိုင်ကျောင်းတက်ခွင့်ပေးပါတယ်၊ အဲဒါမသွား ဖြစ်သေးပဲရန်ကုန်မှာပဲကျောင်းဆက်တက်နေလိုက်တာထိုင်ဝမ်ဗီဇာသက်တမ်း ထပ်တိုးလို့ မရတော့တဲ့နောက်ဆုံး ၁၉၈ရမှာ Funal စာမေး ပွဲတောင်မဖြေတော့ပဲ ထိုင်ဝမ်ကို ထွက်လာခဲ့ တယ်။
ထိုင်ဝမ်မှာ ကျောင်းတနှစ်လောက်တက်လိုက် သေးတယ်၊ တနှစ်လောက်အလုပ်လုပ်ပြီးတော့ မှ၁၉၈၉ခုဩဂုတ်လမှာ အမေရိကန်လော့စ်အိန်း ဂျလိစ်မြို့ကိုအိတ်ကပ်ထဲမှာ အမေရိကန်၁၃ဒေါ်လာနဲ့ရောက်လာခဲ့တယ်။
မေး။အယ်လ်အေရောက်တာနဲ့ Sushiလုပ်ငန်းကိုစခဲ့တာ လား။
ဖြေ။စရောက်ရောက်ချင်း Real Estate စာမေးပွဲဝင်ဖြေပြီး Century 21 မှာဝင်ပြီး အလုပ်လုပ်ခဲ့သေးတယ်။၁၉၉၄နှစ်ကုန်မှာ Sushi လုပ်ငန်းကိုစလုပ်ဘို့ဖလော်ရီဒါအို လန်းဒိုကိုပြောင်းခဲ့တယ်။၁၉၉၆ခု ဇန်နဝါရီမှာ အခုလက်ရှိနေထိုင်အလုပ်လုပ်နေတဲ့မြောက် ကယ်ရိုရိုင်းနားကိုပြောင်းရွှေ့ခဲ့တယ်။
မေး။မြောက်ကယ်ရိုရိုင်းနား Charlotte ကိုဘာကြောင့်လုပ် ငန်ရဲ့ရုံးချုပ်အနေနဲ့ရွေးချယ်ဖြစ်တာလဲ။
ဖြေ။နယူးယောက်မြို့ပြီးရင် အမေရိကားဘဏ်လုပ်ငန်းရဲ့ဒုတိယအကြီးဆုံးမြို့လဲဖြစ်၊ Bank Of America လိုဘဏ်လုပ်ငန်းတွေရဲ့ရုံးချုပ်တွေရှိတဲ့မြို့လဲဖြစ်တာကြောင့်ရွေးချယ်ဖြစ်တာပါ။ပြီးတော့ လုပ်ငန်းပြိုင်ဆိုင်မှု နည်း တဲ့နေရာလဲဖြစ်တယ်၊ပြိုင်ဆိုင်မှုနည်းတော့အ ခွင့်အလမ်းပိုရှိတယ်လေ၊ရာသီဥတုလဲမျှတတယ်၊မြန်မာပြည်တော်ကြီးမြို့လိုမပူလွန်းမ အေးလွန်းဘူး၊ ဒါတွေကြောင့်ရွေးဖြစ်တာပါ။
မေး။Sushi လုပ်ငန်းကိုဘာကြောင့်ရွေးဖြစ်တာလဲ။ဘယ် လိုစခဲ့ရသလဲ။
ဖြေ။ှ Sushi လုပ်ငန်းကိုမစခင် Real Estate မှာကျွန်တော်ပိုက်ဆံတော်တော်စုမိပါတယ်၊ဒါပေမယ့်အဲဒီအချိန်မှာ Real Estate ကဈေးကျနေတာရယ်၊ကျွန်တော်မိဘတွေက လည်းစားသောက်ဆိုင် အသိုင်းအဝိုင်းကဆို တော့ငယ်ငယ်လေးကထဲက စားသောက်ဆိုင်နဲ့ ရင်းနှီးခဲ့တာရယ်၊ကျွန်တော်ကိုယ်တိုင်ကSushi ကိုအရမ်းကြိုက်တာရယ်၊ပြီးတော့ အယ်လ် အေလောက်မှာပှဲကျ့င ကစပြီးခေတ်စား ကာစအချိန်ရယ်၊ကျွန်တော့်စိတ်ထဲမှာ ဒီလုပ် ငန်းကGrowth တိုးတက်ဖြစ်မြောက်လာနိုင် ချေရှိတယ်လို့လဲ မြင်မိတယ်လေ၊ဒါနဲ့ပဲ ကျွန် တော့်ဇနီးဖြစ်လာမယ့်ပန်းမြတ်ဝင်းရွှင်ရယ်၊ကျွန်တော်ရယ်၊ကျွန်တော့်ညီကိုမျိုးလွင်ရယ် ပေါင်းပြှီး Sushi လုပ်ငန်းကိုစခဲ့ကြပါတယ်။
စစချင်းဆိုတော့သိတဲ့အတိုင်း တပိုင်တနိုင် ကိုယ့်အိမ်မှာပဲအရင်စခဲ့ရတယ်၊ဒါပေမယ့်တနှစ်ကြာတဲ့အခါမှာတော့ရုံးခန်းလေးကိုစပြီးငှားလာနိုင်တယ်၊ ၃နှစ်စာချုပ်နဲ့ငှားခဲ့ရပါ တယ်၊ကံကောင်းချင်တော့ဒီလုပ်ငန်းက တနှစ် ထက်တနှစ်တိုးတက်လာပါတယ်၊ ၁၉၉၉မှာ တော့၅၀၀ဝစတုရန်းပေရှိတဲ့အခန်းကိုငှားလိုက် နိုင်တယ်၊၂၀၀၂မှာလုပ်ငန်းကို ဒီထက်တိုးချဲ့ပြီး ထပ်ငှားရပြန်တယ်၊၂၀၀၅မှာတော့ စုငွေလဲပိုရှိ လာပြီးပြောင်းရရွှေ့ရတဲ့ ဒုက္ခကလဲကြီးလာတာ တွေကြောင့် မြောက်ကယ်ရိုရိုင်းနားပြည်နယ် Charlotte မြို့မှာ၁၂ဧကရှိပြီး၄၆ယဝ၀ဝစတု ရန်းပေရှိတဲ့ကျယ်ဝန်းတဲ့ အဆောက်အဦနေရာ ကိုကိုယ်ပိုင်ဝယ်လိုက်ပြီးရုံးချုပ် ဖွင့်လိုက် နိုင်တယ်။
မေး။ခုလိုအောင်မြင်အောင်ဘယ်လိုကြိုးစားခဲ့ရပါသလဲ၊ Philip ရဲ့လျှို့ဝှက်ချက်ကဘာလဲ။
ဖြေ။အစားအသောက်မှာအောင်မြင်မှုရချင် ရင်တော့ Service နဲ့ Quality ကိုထိန်းရ မယ်။Hissho Sushi ကိုစားသုံးသူတွေကို ရောင်းတဲ့အခါအရည်အသွေးကောင်းကောင်း နဲ့ဝန်ဆောင်မှုကောင်းကောင်းနဲ့ ပေးနိုင်တာဟာ ကျွန်တော့်လုပ်ငန်းအောင်မြင်မှုရဲ့အဓိကအချက်နှစ်ချက်ပါပဲ။
အစားအသောက်ကိုဘယ်လိုပဲ ပျံနေအောင်လှအောင်လုပ်ထားပေမယ့် Quality ကိုမထိန်း နိုင်ရင်ရေရှည်မအောင်မြင်နိုင်ဘူး၊ ပြီးတော့ ဆိုင်ဖွင့်မယ့်နေရာကိုယ်နဲ့တွဲလုပ်မယ့်Partner တွေကလဲအရေးကြီးပါတယ်။
Sushiလုပ်ငန်းကအမေရိကန်အစားအစာ တွေဖြစ်တဲ့ပီဇာ၊ကြက်ကြော်တို့၊ဟမ်းဘာဂါတို့ ထက်ဈေးကြီးပါတယ်၊ ဒါကြောင့်လမ်းဒေါင့် တိုင်းမှာမဖွင့်နိုင်ကြပါဘူး၊ နောက်အရေးကြီးတာတခုကကျွန်တော်တို့မှာကိုယ်ပိုင် Labလဲ ရှိတယ်၊ ဒါကြောင့်ပစ္စည်းကိုသေသေချာချာစစ် ဆေးပြီး Quality ကိုထိန်းနိုင်တယ်၊ဆိုင်ဖွင့်ချင် တဲ့သူတွေကိုလဲသင်တန်းမျိုးစုံတွေကိုသေချာသင်ပေးတယ်၊ကိုယ်ပိုင်ဆိုင်ဖွင့်ချင်တဲ့သူတွေကိုလဲသင်တန်းအပြည့်ပေးပြီးမှဆိုင်ဖွင့်ခွင့်ပေး ပါတယ်၊ပြီးတော့ လိုအပ်တဲ့ကုန်ကြမ်းပစ္စည်း တွေကိုလဲဂျပန်နိုင်ငံကနေ တိုက်ရိုက်ဝယ်ယူနိုင် တာကြောင့်တွေဖြစ်ပါလိမ့်မယ်။
မေး။အမေရိကားမှာဆုတွေရခဲ့တဲ့အကြောင်း၊ကုမ္ပဏီရဲ့အောင် မြင်မှုမှတ်တိုင်တွေကိုပြောပြပေးပါဦး။
ဖြေ။၂၀၀၆ခုနှစ်Entrepreneur of the Year (Carolinas Region) Finalist စာရင်းဝင်ခဲ့ပါတယ်။ Hissho ကုမ္ပဏီအ နေနဲ့၂၀၀ရခုနှစ်မှာ Hot 500 The Fastest-Growing Business in America စာရင်းမှာနံပါတ်၄၁၂ အဆင့်ချိတ်ပါတယ်။
၂၀၀ဝပြည့်နှစ်မှံာငျ့သ ကုမ္ပဏီရဲ့တနှစ်တာ လုပ်ငန်းလည်ပတ်ငွေဒေါ်လာတသန်းကနေ ၂၀၀၃ခုနှစ်မှာဒေါ်လာ၁ဝသန်းရှိလာပြီး ၂၀၀ရခုနှစ်မှာဒေါ်လာသန်းပေါင်း၂ဝနဲ့လုပ်ငန်းလည်ပတ်နေပါတယ်။
၁၉၉၈ခုနှစ်မှာစခဲ့တဲံ့ငျ့သှကျ့င ကုမ္ပဏီဟာ၂၀၀၁ခုနှစ်မှာ ဆိုင်ခွဲ၁၀ဝဖွင့်နိုင်ခဲ့ပြီး၂၀၀၈ခုနှစ်မှာအမေရိကန်ပြည်နယ်၂ဝမှာဆိုင်ခွဲပေါင်း၃၀ဝဖွင့်နိုင်ပါပြီ။
မေး။ Hissho ဆိုတဲ့အဓိပ္ပါယ်ကဘာလဲ၊
ဖြေ။’အောင်မြင်မှု’၊’မုချအောင်ရမည်’လို့ အဓိပ္ပါယ်ရပါတယ်။
မေး။အခုလိုအောင်မြင်မှုရပြီးဘဝနဲ့ မအောင်မြင်ခင်ဘဝဘယ် လိုကွာခြားမှုရှိပါသလဲ။
ဖြေ။အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့မရပါ ဘူး၊အောင်မြင်မှုရလာပြီးရင်ဆက်လက်ထိန်းသိမ်းဖို့ကပိုခက်ပါတယ် ၊အောင်မြင်ပြီးနောက်ပိုင်းမှာတော့စီးပွားရေး၊လူမှုရေးအဘက်ဘက်ကတာဝန်ဝတ္တရားတွေအများကြီးပိုလာပါတယ်၊ အလုပ်တွေပိုလုပ်ရပါတယ်၊မအောင်မြင်ခင်ကဆိုဘဏ်မှာပိုက်ဆံချေးဘို့ကိုယ်ကလိုက်ရတာ ပေါ့၊အခုပိုက်ဆံချေးဖို့မလိုတော့တဲ့အချိန်မှာ ဘဏ်ကကိုယ့်ကိုအတင်းငွေချေးချင်နေတယ်။
မေး။အမေရိကားတခွင်မှာဆိုင်ပေါင်းဘယ်လောက်ရှိပါပြီလဲ၊အလုပ်သမားပေါင်းဘယ်လောက်ရှိပါသလဲ၊နောင်လုပ်ဖို့မှန်းထားတဲ့ ရည်မှန်းချက်ကဘာလဲ။
ဖြေ။အမေရိကားရဲ့ပြည်နယ်ပေါင်း၂ဝကဆူ ပါမားကက်ကြီးတွေနဲ့စားသောက်ဆိုင်တွေမှာ ဆိုင်ပေါင်း၃၀ဝကျော်ဖွင့်ထားပြီးပါပြီ၊တိုက်ရိုက်လခပေးတဲ့အလုပ်သမားပေါင်း ၁၂၅ကျော် ရှိပါတယ်၊လုပ်ငန်းတခုလုံးရဲ့အလုပ်သမား
ပေါင်းက၃၀ဝကျော်ရှိပါတယ်၊ ၈၀%ကမြန်မာ လူမျိုးတွေဖြစ်ပါတယ်။ လုပ်ခတနာရီ၈ဒေါ်လာ ခွဲရတဲ့အလုပ်သမားကနေတနှစ်ကိုဒေါ်လာ၄သောင်းကျော်ရတဲ့လခစားဝန်ထမ်းတွေအထိရှိပါတယ်။
အမေရိကပြည်နယ်၅ဝစလုံးမှာ ဆိုင်ဖွင့် နိုင်ပြီးနိုင်ငံခြားတွေမှာပါ ဆိုင်ဖွင့်နိုင်ဖို့ရည်မှန်း ထားပါတယ်။
မေး။လူမှုရေးအနေနဲ့မြန်မာလူမျိုးတွေကို ဘယ်လိုများကူညီ ခဲ့ပါသလဲ။
ဖြေ။အခုမှရောက်လာကြတဲ့မြန်မာလူမျိုး တွေ၊Sushiလုပ်ငန်းကို စိတ်ဝင်စားပြီးလုပ်ချင် တဲ့သူတွေကိုနေရာထိုင်ခင်းကအစ စီစဉ်ပေးပါ တယ်၊မြန်မာလူမျိုးတွေက အတတ်မြန်ကြသလိုအရမ်းလဲကြိုးစားကြပါတယ်၊ မြန်မာလူမျိုးတွေမှာအဓိကအခက်အခဲကတော့ဘာသာစကားပါပဲ၊အားလုံးတော်ကြပါတယ်။
ကိုယ်ကမြန်မာဆိုတော့မြန်မာစကားပြော ရင်၊ဖုန်းဆက်လာရင်အလုပ်လျှောက်လာရင် လက်ခံလိုက်တာပဲ။ လုပ်ငန်းခွင်သင်တန်းတွေ ကိုအင်္ဂလိပ်ဘာသာနဲ့ပို့ချပေမဲ့မြန်မာစကား ပြန်ထားပေးပါတယ်။
မြောက်ကယ်ရိုလိုင်းနားမှာဘုန်းကြီးကျောင်း ဖြစ်မြောက်ရေးမှာလှူခဲ့ပါတယ်၊ အခုလဲတောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်း ရဲ့သင်္ကြန်ပွဲတော်မှာလည်းဒေါ်လာ၁၀ဝလှူခဲ့ပါတယ်။ သင်္ကြန်လှယဉ်ကျေးမယ်ရွေးပွဲမှာကျွန်တော့်ဇနီးက အမှတ်ပေးဒိုင်အနေနဲ့ကူညီခဲ့ပါတယ်။
မေး။Philip လက်ခံကျင့်သုံးတဲ့ဆောင်ပုဒ်ကဘာလဲ။
ဖြေ။ “Follow Your Heart, Trust your Instinct”.ဘာအလုပ်ပဲလုပ်လုပ်စိတ်ကိုဒုံးဒုံးချပြီးအရှေ့ကိုလျှောက်ပါ၊ငါဒါလုပ်လို့ မအောင် မြင်ရင်တခြားဟာပြောင်းလုပ်မယ်လို့ စဉ်းစား ထားရင်မအောင်မြင်နိုင်ပါဘူး၊ဘယ်လိုပဲဖြစ်
နေဖြစ်နေအောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်ကိုထားပါ၊ စိတ်ကိုနှစ်ခွမထားပါနဲ့၊ ဘုရင့် နောင်ဖောင်ဖျက်တဲ့သဘောပေါ့။
မေး။ညီအစ်ကိုမောင်နှမနဲ့မိသားစုအကြောင်းပြောပါအုံး။
ဖြေ။ညီအစ်ကိုမောင်နှမခြောက်ယောက်ရှိ တဲ့အထဲမှာကျွန်တော်ကနံပါတ်၄ဖြစ်ပါတယ်၊ ၄ယောက်ကဒီမှာပါ ၊၁၉၉၉ခုနှစ်မှာ ပန်းမြတ် ဝင်းရွှင်နဲ့အိမ်ထောင်ပြုပါတယ်၊သား၂ယောက်ရှိပါတယ်၊ရနှစ်နဲ့၅နှစ်ရှိပါပြီ။
မေး။အားလပ်ချိန်မှာဘာလုပ်သလဲ၊ဘာဝါသနာပါလဲ။
ဖြေ။စာဖတ်တာဝါသနာပါပါတယ်၊ ရေကူး ပါတယ်၊ကလေးတွေနဲ့ တင်းနစ်ကစားပါတယ်၊ အားကစားမှာတော့တင်းနစ်ကစားတယ်၊ ဂေါက်ရိုက်ပါတယ်။
မေး။ရတနာပုံနေပြည်တော်သတင်းစာကိုဘယ်လိုမြင်ပါသလဲ။
ဖြေ။အမေရိကားမှာဒီလိုအချိန်တိုတိုအတွင်း မှာအောင်အောင်မြင်မြင်နဲ့အင်တိုက်အားတိုက် ပုံမှန်ထွက်လာတာနိုင်တာတွေကြည့်ရင်အောင်မြင်ပါတယ်၊ဒီစာစောင်ကြောင့်မြန်မာတွေရဲ့စီးပွားရေး၊လူမှုရေးတွေ၊အဆက်အသွယ်တွေပိုတိုး တက်လာကြပါတယ်၊မြန်မာကွန်မြူနီတီမှာအင်မတန်မှလိုအပ်နေတဲ့အရာတခုပါ။
ရတနာပုံနေပြည်တော်သတင်းစာ၏တွေ့ဆုံမေးမြန်း ခြင်းကိုစိတ်ရှည်လက်ရှည် အချိန်ပေးဖြေကြား ပေးသောကိုဘုန်းလွင်(Philip Maung)ကို အထူးကျေးဇူးတင်ပါသည်။
မှတ်ချက်။ ။ မန္တလေးဂေဇက် ( မေ၂၀၀၈) တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။ ကူးယူ အသုံးပြုလိုသူများ မန္တလေးဂေဇက် အမည်ထည့်သွင်းရည်ညွှန်းပေးကြစေလိုပါသည်။
==
Hissho Sushi owner among Obama’s guests
Charlotte Business Journal
Date: Thursday, September 8, 2011, 3:57pm EDT
The owner of a Charlotte-based sushi supplier will be among the guests of President Barack Obama at his speech to Congress Thursday night.
Philip Maung is founder of Hissho Sushi. In 13 years, the company has grown into “a dynamic food-service and
distribution company managing and operating more than 400 sushi bars across the U.S.,” according to the White House.
http://www.bizjournals.com/charlotte/news/2011/09/08/hissho-sushi-owner-among-obamas-guests.html
10 comments
kai
September 11, 2011 at 2:55 am
ထူးချွန်တော်တဲ့လူတွေ တော်တော်များများကို.. မွေးဖွားရာအမိမြေက တွန်းထုတ်-ထွက်သွားစေတဲ့ မြန်မာပြည်ရဲ့ နိုင်ငံသားဖြစ်မှု.. ပြုမှု ဥပေဒတွေကို… သေသေချာချာ ပြန်ပြီး ဆွေးနွေးသုံးသပ်.. ပြုပြင်သင့်တယ်လို့ ထင်မိပါတယ်..။
အခုခေတ်မှာ.. ဖွံ ့ဖြိုးပြီးနိုင်ငံကြီးတွေကတောင်.. လူတွေတော်ထူးချွန်ရင်.. နိုင်ငံသားအတင်းပေးပြီး ဆွဲယူနေတဲ့ခေတ် မဟုတ်လား…။
ဆိုတော့… ဒီအကြောင်းနဲ့ ပါတ်သတ်ပြီး.. ဆွေးနွေးလိုပါသေးတယ်..။
zaw min
September 11, 2011 at 2:01 pm
ကျေးဇူးအများကြီးတင်ပါတယ်ကိုခိုင်…ယခုလို မြန်မာနိုင်ငံသားတွေ အနေနဲ့ (လူငယ်တွေအနေနဲ့) ကြီုးစားချင်စိတ်တွေ သတ္တိတွေ နိုးကြားစေအောင် ပြန်လည်ဖေါ်ပြပေးတာကိုကျေးဇူးတင်ပါတယ်၊လူငယ်တွေအနေနဲ့ ဘယ်လိုအခြေနေမျိုးနဲ့ပဲကြုံတွေ့နေပါစေ၊ရောက်ရာနေရာမှာ စဉ်းစားတွေးခေါ်တတ်၊ဘဝရဲ့အောင်မြင်မူလမ်းစတွေကို ဘယ်လိုဖန်းတီးယူသလဲ…ဘယ်လိုကြိုးစားသလဲ…ဒါတွေဟာ အင်မတန်အဖိုးတန်တဲ့ အတုယူမူတွေ၊အတုခိုးမူတွေ၊ရရှိသွားနိုင်ပါတယ်…
ကျနော်တို့တိုင်းပြည်က ဆင်းရဲတဲ့သူတွေရော၊ချမ်းသာတဲ့သူတွေကိုရော တိုင်းပြည်ကနေမောင်းထုတ်နေတာမဟုတ်ပါဘူးမိမိတို့ ဘဝတက်လမ်းအတွက် မိသားစုဘဝရှေ့ရေးအတွက်စဉ်းစားဆုံးဖြတ်ကြပြီး တိုင်းပြည်ကိုစွန့်ခွါခဲ့သူတွေပါ။ဒီမြေမှာမွေးဒီရေကိုသောက်ခဲ့သူတွေ ဘယ်သူမှမလွမ်းဘူးမပြန်ချင်တဲ့သူမရှိပါဘူး။၊
ထုးချွန်ထက်မြတ်သူတွေကို တခြားတိုင်းတပါးက မွေးစားတာမဆန်းပါဘူး…ယနေ့ စင်္ကာပူမှာမူလတန်းအရွယ်ကတည်းက ထူးချွန်ထက်မြတ်တဲ့ ကလေးတွေကိုတခါတည်းအပြီးမွေးစားနေပြီ၊မိဘတွေက ရှေ့ရေးအတွက် ရင်အေးရပြီဆိုပြီးဝမ်းသာနေပေမဲ့၊တကယ့်မိခင်ရင်းဖြစ်တဲ့ ကျနော်တို့တိုင်းပြည်ရဲ့နောင်ရေးအတွက် အင်မတနရင်လေးစရာပါပဲ…ဘာကြောင့်တစ်ခြားတိုင်ပြည်တွေမှာ အခြေချဖို့ ရွေးချယ်ကုန်တာလဲ….ဘယ်လိုထိန်းသိမ်းမလဲ…ဘယ်လိုအာမခံချက်တွေပေးမလဲ…သေသေချာချာစဉ်းစားသင့်တဲ့အချက်တွေပါ…။
hmee
September 11, 2011 at 2:34 pm
ဦးနှောက်ယိုစီးမှုတဲ့ တခါက ဆရာတယောက်က ပြောဖူးတယ် စင်္ကာပူက ဘာအရင်းအမြစ်မှ မရှိလို့ လူသားအရင်း အမြစ်ပဲ အားပြုတာတဲ့။ တခြားနိုင်ငံက တော်တဲ့သူတွေကို ခေါ်ထုတ်သွားတာတဲ့။ ဒါကြောင့် ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် စင်္ကာပူသံရုံးဟာ ချောင်တွေမှာပဲ ဖွင့်တာများတယ်တဲ့။ နောက် သူငယ်ချင်းက ပြောပြတယ် စက်မှုတက္ကသိုလ်က အတော်ဆုံးကျောင်းသားကို (အတန်းတိုင်း ပထမ ရသူကို) ကျောင်းပြီးတာနဲ့ အကုန်တာဝန်ယူတယ် နိုင်ငံသား ခံယူခွင့်တောင်ပေးတယ်တဲ့။ ကိုယ့်နိုင်ငံက တော်တဲ့သူတွေပါသွားတာတော့ စိတ်မကောင်းဘူး။ သူတို့ကိုလည်း အပြစ်မဆိုသာပါဘူး သူတို့အတွက် ပိုအဆင်ပြေတဲ့ဘဝ ရွေးချယ်ခွင့်ရှိတာကိုး။ တကယ်လို့ အဲ့လို မထွက်သွားစေချင်ရင် ကိုယ့်နိုင်ငံကလည်း ဘဝအာမခံချက်တွေ လက်တွေ့ ပေးနိုင်မှဖြစ်မှာလေ။ အဲ့ဒီမှာလို အခွင့်အရေး တူတူရလို့ကတော့ ကုတ်နဲ့ ကော်ထုတ်တောင် မသွားပဲ ကိုယ့်ရေ ကိုယ့်မြေမှာပဲ နေကြမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ မြန်မာနိုင်ငံသားတယောက် အခုလို အောင်မြင်တာ မြင်ရ ကြားရတော့ ငါ့တို့ မြန်မာကွလို့ မုဒိတာပွါးမိပါတယ်။
R Ga
September 11, 2011 at 3:05 pm
အမေရိကန်လွှတ်တော်ရောက် မြန်မာ ဆူရှီလုပ်ငန်းရှင်
By ကိုကျော်အောင်လွင်
မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဦးဖိလစ်မောင်ဟာ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်တဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တဦးအဖြစ် သမ္မတ အိုဘားမားက ကြာသပတေးနေ့က သမ္မတ အိုဘားမား လွှတ်တော်မှာပြောတဲ့ စီးပွားရေးဆိုင်ရာမိန့်ခွန်းကို သမ္မတကတော် မစ်ရှဲလ်အိုဘားမားနဲ့အတူ တက်ရောက် နားထောင်ခွင့်ရခဲ့ပါတယ်။ ဦးဖိလစ်မောင်ဟာ အမေရိကန်နိုင်ငံက ပြည်နယ်ပေါင်း ၂၈ ခုမှာ ဆိုင်ခွဲပေါင်း ၄၀ဝ ကျော်နဲ့ ဆူရှီကုမ္ပဏီထူထောင်ပြီး လုပ်ငန်းလည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ပါ။ သူနဲ့ သမ္မတအိုဘားမား ဘာတွေပြောဆိုခဲ့ကြသလဲဆိုတာ သိရအောင် ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
သမ္မတ ဘရက်အိုဘားမား နဲ့ သမ္မတကတော် မစ်ရှဲလ်အိုဘားမားတို့က ဦးဖိလစ်မောင် ကို လွှတ်တော်ထဲအထိ ခေါ်ပြီးတော့တွေ့ဆုံတယ်။ အဲဒီအကြောင်း ကျနော့်ကို ရှင်းပြပါခင်ဗျ။ ဘာကြောင့် တွေ့ဆုံရတာလဲ။ တွေ့ဆုံတဲ့အခါမှာ ဘာတွေပြောသလဲ။ တခြား ဘယ်သူတွေနဲ့ တွေ့ခဲ့ဆုံခဲ့သလဲ ဆိုတာပါ ရှင်းပြပါခင်ဗျ။ –
“အခုချိန်မှာ ကုမ္ပဏီတော်တော်များများ စီးပွားကျနေတဲ့အချိန်မှာ ကျနော်တို့ ကုမ္ပဏီက ဘာကြောင့် စီးပွားတွေ တက်နေတယ်။ ကုမ္ပဏီတော်တော်များများ ဝန်ထမ်းတွေ လျော့နေတဲ့အချိန်မှာ ကျနော်တို့က ဘာဖြစ်လို့ ဝန်ထမ်းတွေ ထပ်ပြီးတော့ ငှားရမ်းနေလဲ။ ပြီးတော့ သူတို့ ဂုဏ်ယူတဲ့အကြောင်းနဲ့ American dream ဆိုပြီးတော့ သူတို့ ဥပမာပြချင်တဲ့သဘောလည်း ပါတာပေါ့နော်။”
ဆိုတော့ ဦးဖိလစ်မောင်က သမ္မတမေးတဲ့ မေးခွန်းတွေကို ဘယ်လို ပြန်ဖြေခဲ့ပါသလဲခင်ဗျ။ ဒီလို စီးပွားကျနေတဲ့အချိန်မှာ အောင်မြင်ရတာ ဘယ်လိုအချက်ကြောင့်ပါလဲ။ –
“ကျနော်ကတော့ အဓိက အချက်ကတော့ ကျနော်တို့ ကုမ္ပဏီရဲ့ culture လို့ခေါ်တာပေါ့နော်။ ကျနော်တို့ အဓိကရည်ရွယ်ချက်က ကိုယ့်ရဲ့ဝန်ထမ်းတွေကို ပျော်အောင်လုပ်၊ သူတို့ပျော်အောင်လုပ်ရင် သူတို့က ကျန်တဲ့အလုပ်တွေကို အောင်မြင်အောင် လုပ်သွားမယ်လို့ ကျနော် ထင်တယ်လေ။ ကျန်တဲ့ဥစ္စာတွေကတော့ သူ့ဟာသူ ဖြစ်လာလိမ့်မယ်။ သူတို့ကို မိသားစုလို ဆက်ဆံ၊ သူတို့ကို လေးစားတယ်ဆိုရင် သူတို့က သစ္စာရှိရှိနဲ့ အကုန်လုံးလုပ်လို့ အောင်မြင်တယ်လို့ ထင်တာပဲ။ တဦးနဲ့တဦး၊ တယောက်နဲ့တယောက် အကျိုးပြုတဲ့သဘောမျိုးပေါ့။”
သမ္မတ အိုဘားမား မနေ့တုန်းက ပြောသွားခဲ့တဲ့ မိန့်ခွန်းထဲမှာ အသေးစား စီးပွားရေးလုပ်ငန်းတွေကို အများကြီး ကူညီမယ်ဆိုပြီးတော့ ဘီလျံနဲ့ကိုချီပြီးတော့ ကူညီမယ်လို့ သူ လွှတ်တော်ကို တင်ပြတာရှိတယ်ခင်ဗျ။ ဦးဖိလစ်မောင် တို့ကိုရော ငွေရေးကြေးရေးအရ ထောက်ပံ့ပြီးတော့ လုပ်ငန်းတွေ တိုးချဲ့ဖို့အတွက် သမ္မတက အစီအစဉ်တွေ ဆွေးနွေးတာ ရှိပါသလား။ –
“တဦးချင်းရယ်လို့တော့ ကူညီဖို့တော့ သူ့မှာ အစီအစဉ် မရှိပါဘူး။ သူ့အနေနဲ့က အသေးစားလုပ်ငန်းတွေ အားလုံးကို အခွန်လျော့ပေးမယ်ဆိုပြီးတော့ လူတိုင်းကို ကူညီဖို့၊ အလုပ်သမားပိုငှားဖို့ အဲဒါတွေကိုတော့ အဆိုပြုထားတဲ့ အစီရင်ခံစာထဲမှာ ပါပါတယ်။”
တခြားရော သမ္မတနဲ့ ပြောဆိုတဲ့အထဲမှာ ထူးခြားချက်တွေ ဘာတွေရှိပါသလဲခင်ဗျ။ –
“အဓိက ကတော့ လုပ်ငန်းကိုင်ငန်းအကြောင်းပဲ ပြောတာများပါတယ်။ နိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ လူတွေ စီးပွားရေးလုပ်ငန်းကျနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လို ပြန်ပြီးတော့ ကောင်းအောင်လုပ်မယ် ဆိုတဲ့ အဲဒီကိစ္စတခုပဲ အဓိကထားပြီး ပြောပါတယ်။ သူကလည်း အချိန်တော့ သိပ်မရဘူး။”
မြန်မာနိုင်ငံမွေးဖွားခဲ့တဲ့ ဦးဖိလစ်မောင်က အခု အမေရိကန် သမ္မတနဲ့ သမ္မတကတော်နဲ့ပါ တွေ့တယ်၊ လွှတ်တော်ထဲမှာ နမူနာ ပြရလောက်အောင်ကို အောင်မြင်တဲ့စီးပွားရေးသမား တယောက်ဖြစ်ပါတယ်။ ဆိုတော့ ကိုယ့်ရဲ့စီးပွားရေး လုပ်ငန်းတွေကို ဘယ်လောက်အထိ အောင်မြင်အောင် ဆက်လုပ်ဖို့ စိတ်ကူးတွေ ရပါသလဲ။ –
“ကျနော်တို့ ကုမ္ပဏီ ဘယ်လောက် အောင်မြင်မအောင်မြင် တိုင်းတာတာကို ကျနော်တို့ ဆိုင် ဘယ်လောက်ချဲ့နိုင်သလဲ၊ ကျနော်တို့ ပိုက်ဆံ ဘယ်လောက်ရသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့တော့ ကျနော်တို့ တိုင်းထွာလေ့မရှိပါဘူး။ ကျနော်တို့ ဘယ်လောက်အထိ စားဝတ်နေရေး မအောင်မြင်တယ်၊ အောင်မြင်တယ် ဆိုတာကိုကြည့်ပြီးတော့ တိုင်းတာပါတယ်။ အဲဒါကိုပဲ သမ္မတကို ကျနော်ပြောပါတယ်။ နိုင်ငံတိုးတက်တာနဲ့ ကုမ္ပဏီနဲ့ အတူတူပဲ။ ကုမ္ပဏီတခု တိုးတက်တယ်ဆိုတာ ဘယ်လောက် ပိုက်ဆံရှာနိုင်သလဲ အပေါ်မှာ မမူတည်ဘူး။ ကိုယ့်ရဲ့ ဝန်ထမ်းတွေ ဘယ်လောက် ကျနော်တို့ ကြည့်ပေးနိုင်သလဲ၊ စောင့်ရှောက်ပေးနိုင်သလဲ ဆိုတာပဲ။”
ဦးဖိလစ်မောင်ကို အမေရိကန်က ဘီလျံနာ သူဌေးကြီးလို့ ပြောလို့ရပြီလား၊ မီလျံနာ လို့ပြောရမလား။ –
“ကျနော့်ကိုကျနော်တော့ အဲဒီလိုအထိတော့ မသတ်မှတ်သေးပါဘူး။ ကျနော် အလုပ်တခု လုပ်နေတာ ပိုက်ဆံတခုတည်းကြောင့် မဟုတ်ပါဘူး။ ကျနော် အလုပ်တခုကို မပျော်တဲ့အချိန်ကျရင်တော့ ကျနော် ဒီလုပ်ငန်းမှာ လုပ်တော့မယ်မထင်ဘူး။ နောက်လူတွေကိုလည်း ကျနော့်အနေနဲ့ အကြံပေးချင်တာက အလုပ်လုပ်တယ်ဆိုရင် ပျော်လို့လုပ်တာလား။ အလုပ်ကို ပိုက်ဆံကြောင့် တခုတည်းနဲ့တော့ မလုပ်စေချင်ဘူး။ ဘဝဆိုတာ တိုတိုလေးပဲ။ မပျော်တော့တဲ့အချိန်ကျရင် ဒီအလုပ်ကို ဘာလို့ဆက်လုပ်မှာလဲ။”
ဦးဖိလစ်မောင်ကို ကျေးဇူးအများကြီး တင်ပါတယ်။
http://www.voanews.com
MaMa
September 11, 2011 at 3:06 pm
အခုလို ကိုယ့်လူမျိုးတစ်ယောက် အောင်မြင်နေတာကို သိရကြားရတာ ဝမ်းသာ ဂုဏ်ယူစရာပါ။
ဂေဇက်ကတော့ မီဒီယာ ဆိုတဲ့ မီဒီယာ ပါပဲ။
(ရတနာပုံနေပြည်တော်သတင်းစာကိုဘယ်လိုမြင်ပါသလဲ။
ဖြေ။အမေရိကားမှာဒီလိုအချိန်တိုတိုအတွင်း မှာအောင်အောင်မြင်မြင်နဲ့အင်တိုက်အားတိုက် ပုံမှန်ထွက်လာတာနိုင်တာတွေကြည့်ရင်အောင်မြင်ပါတယ်၊ဒီစာစောင်ကြောင့်မြန်မာတွေရဲ့စီးပွားရေး၊လူမှုရေးတွေ၊အဆက်အသွယ်တွေပိုတိုး တက်လာကြပါတယ်၊မြန်မာကွန်မြူနီတီမှာအင်မတန်မှလိုအပ်နေတဲ့အရာတခုပါ။)
manawphyulay
September 11, 2011 at 4:03 pm
ဒီလိုအချိန်တိုတိုအတွင်းမှာ တိုးတက်အောင်မြင်လာတာ ပံ့ပိုးမှုတွေနဲ့ကော ငွေကြေးတတ်နိုင်တာတွေလည်း ပါမယ်ထင်ပါတယ်နော်။ ငွေကြေးချို့တဲ့သူတွေကျတော့လည်း ဘယ်လောက်ကြိုးစားကြိုးစား ဒီလိုအခြေအနေရောက်ဖို့ကို မနည်းဖြစ်ဖို့ဆိုတာ မလွယ်ကူလှပါဘူးရှင်။ နောက်တစ်ချက် ပညာရေးမှာလည်း တော်သလို လမ်းကြောင်းလည်းထွင်တတ်ရင်တော့ အောင်မြင်မှုရရှိနိုင်တာမြန်မယ်လို့တော့ မြင်မိပါတယ်။
thit min
September 11, 2011 at 6:02 pm
ဂျပန်မှာတော့စုရှိစားဘို့အဖော်စပ်ရခက်မှခက်….
….မလိုက်ခြင်ပါဘူးဆိုတာချည်းပဲ…တော်ပြီအမေရိကားလာစားမယ်
ဆူး
September 11, 2011 at 8:10 pm
အချိန်အခါနဲ့ စွန့်ဦးတီထွင် ဖြစ်ခဲ့လို့ များလား..
padonmar
September 11, 2011 at 10:14 pm
(၁)၊ကျွန်တော်မိဘတွေက လည်းစားသောက်ဆိုင် အသိုင်းအဝိုင်းကဆို တော့ငယ်ငယ်လေးကထဲက စားသောက်ဆိုင်နဲ့ ရင်းနှီးခဲ့တာရယ်၊ကျွန်တော်ကိုယ်တိုင်ကSushi ကိုအရမ်းကြိုက်တာရယ်၊“
မြန်မာပြည်တုံးက ဘာစားသောက်ဆိုင်လဲ သိချင်ပါတယ်၊
(၂)“ရန်ကုန်ဆေး တက္ကသိုလ်(၁)ကို၅လခန့်တက်ခွင့်ရခဲ့ပေမဲ့ အမေရဲ့မှတ်ပုံတင်ကဧည့်နိုင်ငံသားဖြစ်နေလို့ “
တစ်ချိန်က ဒီစံနစ်ဆိုးကြီးကြောင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်ခွင့်မရတဲ့ လူတော်တွေ (Geology,Physics,Chemistry စတဲ့ မေဂျာတွေရဲ့ Roll Number 1 to 10 တွေ)ဟာ ဆေး စက်မှုထက် မြင့်တဲ့အမှတ်ပိုင်ရှင်တွေပါ။
ကျွန်မရေးဘူးပါတယ်။
တော်တဲ့သူကတော့ ဘယ်နေရာရောက်ရောက် စင်တော်ကောက်ခံရမှာပါ၊
mandalaywith
September 13, 2011 at 5:30 pm
Thanks update to interview~^^