Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

etone ပြောတဲ့ ကျွန်မအကြောင်း

etoneSeptember 22, 20111min62418

ရွာထဲမှာကျွန်မအစ်ကို ဆော့တဲ့အကြောင်း တင်တော့ ….. etone တစ်ယောက်ဘယ်လိုများ ပေါက်ကျော်လုပ်ခဲ့သလဲ သိချင်တဲ့ လူတွေရှိနေလို့ …. ဒီတစ်ခါ အဆော့မက်တဲ့ etone အကြောင်းလေး နည်းနည်းဖွပါမယ် …. ကျွန်မပြောတဲ့ ကျွန်မ အကြောင်းပေါ့ … ။ ငယ်ငယ်က အရမ်းဆော့လွန်းလို့ … ဖိုးဖိုးက နောက်ပြီးနာမည် ပေးခဲ့ဖူးတယ် မိငိုတဲ့လေ … မိငိုဆိုလို ့…. ကျွန်မက ငိုတာ မဟုတ်ပါဘူး … ကျွန်မကို ထိန်းတဲ့ လူတွေ ငိုချင်လောက်အောင် စိတ်ညစ်ရတာမျိုးပါ … သူများကို ငိုချင်အောင် စိတ်ညစ်အောင်လုပ်လို့ မိငိုဆိုပြီး နောက်ခေါ်ခဲ့တာ … ။ ကလေးသဘာဝတုန်းကတော့ ဘာအပူပင်မှ မရှိပါဘူး … အဖေနဲ့အမေက ဘာပြသနာဖြစ်ဖြစ် မားမားမတ်မတ်ရပ်တည်မယ်လို့ ခံယူထားတာကြောင့်ပါ … ။ ပြသနာ ဖြစ်တိုင်းလည်း မိဘတွေရှိတာပဲဆိုတဲ့ အတွေးတွေနဲ့ .. .အရမ်းဆော့ခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ် … ။ ကျွန်မတို့ အိမ်ရှေ့မှာ အပျိုကြီးနှစ်ယောက်နေ့တယ် … သူတို့က ဝဝကြီးတွေဖြစ်ပြီး အရမ်း သနပ်ခါးကြိုက်ကြတယ ်… သူတို့အိမ်သွားတိုင်းလည်း …. သနပ်ခါးတုံးသွေးနေတာ အမြဲလိုလိုတွေ့ရတယ်… ညီမနှစ်ယောက်စလုံး သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လိမ်းကြတယ်လေ … ။ သွေးပြီးလို့ အပွေးကုန်သွားတဲ့ သနပ်ခါးတွေဆိုလျှင် … အတုံးကိုစက်နဲ့ ..သွားကြိတ်တယ် …. ပြီးတော့ လက်တစ်ဆုပ်စာ အတုံးလေးတွေလုပ်ပြီး နေပူပူမှာ လှမ်းတတ်ကြတယ် …။ တပတ်လောက်လှမ်းပြီး သနပ်ခါးတုံးလေးတွေ မာခဲလာမှ ပုလင်းသန့်သန့် နဲ့ ထည့်သိမ်းတတ်ကြတယ် … ။ လိုလျှင် လိုသလို လိမ်းတယ်လို့တော့ ပြောတာပဲ … ။ အမြဲလိုလို သနပ်ခါးတွေစုနေတတ်တဲ့ ညီအစ်မကို ကျွန်မတို့ မအံ့ဩတော့ပါဘူး .. ဝါသနာပါလို့ပဲ မှတ်ယူထားပါတယ် … ။ တစ်နေ့ .. အိမ်မှာ မျောက်ရှုံးအောင် ဆော့ပြီးလို့ … ဘယ်လိုထပ်ဆော့လျှင်ကောင်းမလဲ တွေးနေတုန်း နေခြောက်လှမ်းထားတဲ့ … သနပ်ခါးဗန်းကြီး လှမ်းထားတာတွေ့တော့ … ယူဆော့ချင်စိတ်ပေါက်လာခဲ့တယ်လေ … ။ ဒါနဲ့ပဲ … အိမ်ရှေ့အိမ်က မသိအောင် သနပ်ခါးကြိတ်ဖတ်အတုံး တတုံး … လစ်ယူလာခဲ့ပါတယ် … လိုချင်တာပဲ သိပြီး သူများပစ္စည်းမသိအောင် ယူတာ ခိုးယူခြင်းအပြစ်ရှိတယ်ဆိုတာမျိုး … တွေးတောင် မတွေးခဲ့မိဘူး … အဲ့ဒီအချိန်က ဆော့ရဖို့အရေ း.. ဒို့အရေးဖြစ်နေချိန်ကိုး .. ။ သူများအိမ်ရှေ့မှာ လှမ်းထားတာကို တိုလာတဲ့ ကျွန်မက အိမ်ရောက်တော့ လူကြီးတွေ မသိအောင် တိတ်တိတ်လေးဖွက်ပြီး အိမ်ခန်းထဲက ကျောက်ပြင်မှာ ရေစက်လေးချပြီး မပျစ်မကျဲလေးသွေးပါတယ် … ။ ပြီးတော့ … ရှိသမျှ အရုပ်တွေကို တန်းဆီပြီး သနပ်ခါးလိမ်း ပါးကွက်ကွက်ပေးပါတော့တယ်… ငယ်ငယ်က အရေမရ အဖတ်မရ အရုပ်တွေကို ပါးကွက်ကွက်ပေးတာ အတော်ဝါသနာပါခဲ့တယ် 😛 အရုပ်တွေက အများကြီး သနပ်ခါးတုံးလေးက လက်တစ်ဆုပ်စာဆိုတော့ .. ကုန်သွားတာပေါ့ … ဒါနဲ့ ပထမနည်းအတိုင်း နောက်တတုံး သွားခိုးပါတော့တယ် … ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ … လမ်းမမှာ ချလှမ်းထားတာဆိုတော့ .. နေပူတဲအခါ ဗန်း အရိပ်လေးကျနေတဲ့နေရာက အိုအေစစ်လေးဖြစ်နေတာပေါ့… အဲ့ဒီအရိပ်အောက် ခွေးသေးသေးလေး တစ်ကောင်လှဲအိပ်နေပါတယ် … ။ အဲဒီခွေးကို ကျွန်မမမြင်ပဲ သနပ်ခါးတုံးလိုချင်စိတ်ပြင်းပြနေတာကြောင့် .. ခွေးကို တက်နင်းမိပါတယ် … ။ ခွေးလည်း အိပ်မက်ထဲမှာ ခေါင်းဆင်နင်းခံရတာ မက်သမို့ လန့်ဖျန့်ပြီး ခုန်လိုက်တာ … သနပ်ခါးဗန်းကြီး မှောက်ပါတော့တယ် … ဗန်းမှောက်တယ်ဆိုတဲ့အသိနဲ့ ပြေးရမယ်ဆိုတဲ့ အသိ တသားတည်းကျတာကြောင့် .. ဖနောင့်နဲ့ တင်ပါး တသားထဲ ကျအောင် အိမ်ပေါ် ပြန်တက်ပြေးပါတော့တယ် …. ။ အဲ့ဒီညက အဗျင်းခံလိုက်ရတယ် .. အိမ်မှာ လက်ဆောင်ရတဲ့ သနပ်ခါးတုံးလည်း တောင်းပန်ပြီ အလျှော်သဘောမျိုး ပြန်ပေးလိုက်ရတာ ဘဝမှာ မှတ်မှတ်ရရပါပဲ ..ဘယ်ကနေ ချောင်းနေမှန်းမသိတဲ့ .. သနပ်ခါးကြိုက်တဲ့ ညီအစ်မက ကျွန်မကို မြင်မိသွားပြီး အိမ်ထိလာ တိုင်လိုက်တာကြောင့်ပါ … 😛 နောက်တစ်ခု အဖြစ်ပျက်လေးကတော့ … မှတ်မှတ်ရရပါပဲ …အဲ့ဒီအကြောင်းလေး အရင် ပို့စ်တစ်ခုမှာ တစ်ခါရေးဖူးတယ် … 😛 စောင်ကြီးပတ်ပြီး ကတာ …. လှမ်းထားတဲ့ အဖွားထီးပေါ် ဖင်ထိုင်လျှက်ချော်လဲလို့ …. ထီးကျိုးသွားရတဲ့အဖြစ်လေးပါ … 😀 အခုအဖြစ်ပျက်လေးကတော့ … အိမ်ရှေ့အိမ်က အတိုင်ခံထားရလို့ … အိမ်ရှေ့ထွက်မျက်နှာ မပြရဲတဲ့ ကျွန်မ … အိမ်နောက်ဖေးတံခါးဖွင့်ပြီး အင်္ဂတေပြင်ညီခင်းထားတဲ့ အပေါ်မှာ ဘေးအိမ်က အသက်တူ သူငယ်ချင်းကောင်မလေးနဲ့..ကွမ်းယာရောင်းတိုင်း ဆော့နေခဲ့တာပါ …. ခူးထားတဲ့ သစ်ရွက်တွေကို ကွမ်းရွက်လုပ်ပြီး ၊ ထုံးအနေနဲ့ …. ရွံ့တွေရေဖျော်ပြီး ဆော့ခဲ့တာပေါ့ … ။ ဖြစ်ချင်တော့ ….. ငယ်ငယ်တုန်းက ကျွန်မတို့အိမ်နားမှာ ကွမ်းယာဆိုင်ရှိပါတယ် … နောက်ဖေးလမ်းကြားကနေလှမ်းကြည့်လျှင် မြင်နေရပါတယ် … ။ သူငယ်ချင်းနှစ်ယောက် ဆော့နေတုန်း … ကျွန်မသူငယ်ချင်းကပြောတယ် .. ထုံးက ရွံ့လို နီနီမှ မဟုတ်တာတဲ့.. အဖြူရောင်ဖြစ်သင့်တယ်တဲ့လေ … ။ ငါတို့ ဟို ကွမ်းယာဆိုင်က ထုံးသွားခိုးမယ်တဲ့… ကျွန်မကလည်း တစ်ခါ အတိုင်ခံရထားတာမို့ … နင်ယူရဲလျှင် သွားယူလို့ မြှောက်ပေးတော့ .. ကျွန်မသူငယ်ချင်းက ကွမ်းယာဆိုင်နောက်ဘက်မှာ အသင့်ဖျော်ရင်ထားတဲ့ ထုံးပြစ်ပြစ် ပုံးကို … ပုံးလိုက်မ လာပါတယ် … (တခြား ကွမ်းယာဆိုင်တွေကတော့ တနေ့ရောင်းကုန်သလောက်ပဲ ဖျော်တယ်ထင်တယ် .. ကျွန်မတို့နားက ဆိုင်ကတော့ … တပတ်စာများကြိုဖျော်ပြီး ခွဲခွဲသုံးသလား မှတ်တယ်  ) သူငယ်ချင်းပုံးလိုက်မပြေးလာတာကို …ကွမ်းယာဆိုင်ကလူမြင်တော့ … အော်ရင်းနောက်ကလိုက်ပါတယ် ….. သူငယ်ချင်းကလည်း ဒီလောက်လမ်းအရှင်းကြီးကို ဘယ်လိုများကြောက်ပြီး ပြေးသလဲမသိ ကျွန်မနားမရောက်ခင်မှာ မှောက်ထိုးလဲပါတယ် … ဒီတော့ ထုံးပုံးလည်း မှောက်တယ်ပေါ့… နောက်ဆုံးတော့ မိအေး ပဲ နှစ်ခါနာပါတော့တယ် … ။ မိအေးအိမ်ကို လာတိုင်ခံရပြီး အလျှော်ပေးလိုက်ရပါတယ် …. ။ မိအေးလည်း အဗျင်းခံလိုက်ရတယ် …  ဒါပေမဲ့ ထုလေမာလေ ငါးဖယ်အမျိုးမို့ … အမှတ်မရှိသေးပါဘူး… ။ မိအေးတို့ နှစ်ခါခံရပြီး သုံးခါမခံရတော့ဘူးများ မှတ်သလား … မထင်နဲ့နော် … နောက်တခါ ကြုံပါသေးတယ် … ဒီတစ်ခါတော့ ဘယ်သူမှ အလျှော်မတောင်းတဲ့ အပြင် သဘာဝတရားက ဒဏ်ခတ်တာကိုပဲ အလျှော်အဖြစ်ပေးလိုက်ရပါတယ် … ။ အဲ့ဒီအဖြစ်ပျက်လေးကတော့ …ကျွန်မအဖွား အသစ်ဆောက်ထားတဲ့ … ဒဂုံမြို့သစ်မြောက်ပိုင်း ၂၉ ရပ်ကွက်က တိုက်မှာပါ … အသစ်ဆောက်ပြီးပြီးချင်းလူမနေသေးတာမို့ … အလှဆင်နေတဲ့ အချိန်ပေါ့ …. ။ ထိန်းရတာ ခက်တယ့်အတူတူ … ကျွန်မကိုလည်း အိမ်သစ် ပြင်ဆင်ခြင်း …လုပ်ငန်းခွင်ကို ခေါ်သွားပါတယ် … အိမ်က နှစ်ထပ်တိုက်လေးပါ … လှေခါးက အတွင်းလှေခါးလေးကို နှစ်ဆစ်ချိုးကြောင်လိမ် ပုံစံမို့ … လျှောစီးချင်စရာကောင်းပါတယ် (လှေခါးလက်ရမ်းကို ခွပြီး 😛 ) လူကြီးတွေအလစ်မှာ ကျွန်မအစ်ကိုက လှေခါးလက်ရမ်းကို ခွခွစီးတာ မြင်ဖူးတာမို့ .. တစ်နေ့ လူကြီးတွေ အလစ် ကျွန်မလည်း သူ့လို လိုက်ခွစီးပါတယ်… တစ်ခါဆိုလျှင် ဆိုသလို ကျွန်မမှာ ကံမကောင်းခဲ့ပြန်ဘူး … ကျွန်မအစ်ကိုကတော့ ခြေထောက်မှီတော့ .. ထိန်းဆင်းလို့ ရပေမဲ့ . ကျွန်မအရပ်နဲ့ ..ခွထိုင်လျှင် ခြေထောက်ကလွတ်နေလို့ …ထိန်းရခက်နေပါရဲ့ …. ။ ဒါကို သတိမထားမိပဲ … ကျွန်မအစ်ကို လုပ်တဲ့အတိုင်းလိုက်ခွစီးတဲ့အခါ … အမြင့်ကနေ တအိအိလျှောချတုန်း ..လေးငါးစက္ကန့် အကြာ ကိုယ့်ဝိတ်ကိုယ် မထိန်းနိုင်ပဲ … ဘေးကို ယိုင်ကျပါတယ် .. ကံဆိုးစွာပဲ ယိုင်ကျတဲ့ဘက်က လှေခါးထစ်ဘက်မဟုတ်ပဲ … အမြင့်ဘက်မို့လို့ … အောက်ထပ် တမံသလင်းပေါ်ကို ပြုတ်ကျပြီး ညာဘက်မျက်ခုံးကွဲသွားခဲ့တယ် … ။ မှတ်မှတ်ရရ ..ငယ်ငယ်က ဆော့လွန်းလို့ ရခဲ့တဲ့ ဒဏ်ရာ အခုထိတောင် မပျောက်သေးပါဘူး … ။အမာရွတ်ထင်ကျန်နေခဲ့တယ် ….  အဲ့ဒီနောက်ပိုင်း ကိုယ့်သွေးကိုယ်မြင်ပြီးမှ ကျွန်မသိပ်မဆော့တော့ဘူးလေ … မှန်ကြည့်တိုင်း ကိုယ့်မျက်ခုံးပေါ်ကဒဏ်ရာက ငယ်ငယ်က ဆော့လွန်းခဲ့တဲ့ အထိမ်းအမှတ်အဖြစ် … နောင်တတွေရနေတုန်းပါပဲ… ။ ။

18 comments

  • နွယ်ပင်

    September 22, 2011 at 4:37 pm

    etone ရဲ့ ငယ်ငယ်တုန်းက အကြောင်းက အခုချိန်မှာ ဖတ်ရတော့ ရီစရာလဲကောင်းသလို
    တော်တော်လေးလဲ ရှာရှာကြံကြံ ဆော့ခဲ့တဲ့ပုံပါပဲ
    နွယ်ပင်လည်း ငယ်ငယ်တုန်းက တော်တော်လေး ဆော့ခဲ့တာပေါ့
    မှတ်မှတ်ရရကတော့ လေထီးစစ်သမီးလုပ်တာ သစ်ပင်ပေါ်က ပြုတ်ကျလို့ ဒူးခေါင်းကွဲခဲ့တာလေးပေါ့ … 😀

  • pooch

    September 22, 2011 at 6:56 pm

    တော်သေးတာပေါ့ ခွေးကိုက်မခံရတာ ဟိုက ယောင်ယမ်းပြီး ကိုက်လိုက်လို့ကတော့ သွေးသံတရွှဲရွှဲနေမှာ တူမလေးတစ်ယောက် ခွေးကိုက်ခံရတာ ခေါင်းကို ၁ဝ ချက်လောက်ချုပ်လိုက်ရတယ်။ ကလေးကအကြောက်လွန်ပြီး မပြေးပဲ ငုတ်တုတ်လေးသူ့လက်လေးနဲ့ ကာရှာတာ လက်မှာ သွားခြစ်ရာတွေနဲ့ ။ တုန်မမ လည်း သူ့အကို စံချိန်ကို အမှီလိုက်ခဲ့ပုံ ရတယ်… 🙂

  • MAUNG

    September 22, 2011 at 7:15 pm

    ဪ မိအေး မိအေး ၊ အဲ … ဟုတ်ပေါင် ..အိတုံ အိတုံ းD

  • zaymdy

    September 22, 2011 at 8:35 pm

    တူတူပဲ ကျွန်တော်လည်း ညာဘက်မျက်ခုံးကွဲဖူးတယ် ကျွန်တော်ကွဲတာကကြောင်ကို လွတ်ပြစ်လိုက်တာ ကြောင်ကအင်္ကျီကို ကုတ်ထားတော. ကျွန်တော်လည်း ကိုယ်ကို.ကို မထိန်းနိုင်ပဲ တစ်ခါတည်း လှေခါးအောက်ပါသွားတာ နည်းနည်းလေးပါ လေးချက်တည်း အစိမ်းချူပ်တာ ဟီး…

  • small cat

    September 22, 2011 at 9:51 pm

    ကျွန်တော်ကတော့အိမ်အလယ်က တိုင်ကို ပတ်ပြေးနေတုန်း..
    ဗြုန်းဆို မီးကပျက်သွားတော့ ဘာကိုတိုက်မိတယ်မသိ
    ခြေချော်ပြီး ရေအိုးကိုခေါင်းနဲ့ပြေးဆောင့်လိုက်တယ်…
    အဲဒါက အကျိုးရှိပါတယ်
    အရွယ်ရောက်လို့မှတ်ပုံတင်လုပ်တော့
    ကိုယ်တွင်ထင်ရှားသည့်အမှတ်အသားကိုဖြည့်တဲ့အခါ …..
    ယာနဖူးအမာရွတ်ရှိ ဆိုပြီးဖြည့်လို့ရသွားတယ်လေ။ ။

  • windtalker

    September 22, 2011 at 11:45 pm

    အခုတော့….ပေါ့နော်
    အဲဒီ ဒဏ်ရာလေးပဲပေါ့
    မောင့် ရဲ ့( ကိုကိုဒေါက်တာ ) ရဲ ့
    စွဲတမက်မက် နဲ ့
    အာပွားပေးတဲ့
    နေရာလေး ဖြစ်လာတာပေါ့နော်
    ဟီဟိ

    • etone

      September 23, 2011 at 8:15 am

      အဲ … ကိုပေတော့ ဖွပြီ 🙄 အဲ့ဒီ အမာရွတ်ရှိတဲ့နေရာ မျက်ခုံးမွှေးမပေါက်လို့ …. ခဲတံအားကိုးနဲ့ ဖုံးကွယ်ထားပါတယ် ဟဲဟဲ 😛

  • surmi

    September 23, 2011 at 12:21 am

    ဘစ် ကား ပေါ် ၊ ရထား ပေါ် ၊ ပန်း ခြံ ထဲ မှာ မဟုတ် တာ လုပ် မည့် သူ များ ညာ ဘက် မျက် ခုံး တွင်
    အ မာရွပ် ရှိ သူ အမျိုး သမီး ကို ရှောင် ကြ ပါ ။ မရှောင် လျှင် M G တွင် ဓတ် ပုံ ပါ သွား မည် ။၊၊၊၊၊
    နောက် တာ နော် —ဒီ ပို ့စ် ကို ဖတ် ပြီး ကျုပ် နည် း နည်း ပြန် ငယ် သွား တယ် ဗျ ။

  • etone

    September 23, 2011 at 7:58 am

    ဖတ်ပြီးပျော်ရတယ်ဆိုလျှင် ကျေးဇူးတင်ပါတယ် … ပို့စ်ရဲ့ အပေါ်ဆုံးမှာ Rating ပါပါတယ် …စမ်းကြည့်ကြပါဦးနော် … ။

    • နွယ်ပင်

      September 23, 2011 at 9:20 am

      စမ်းကြည့်လိုက်ပါပြီ လက်မထောင်ထားတာလေးနဲ့ ….. 😛

  • ကြောင်ကြီး

    September 23, 2011 at 8:12 am

    ပို့စ်ထဲက အီးတုံမ်းရဲ့ ကြောင်ပုံက ဂီတာပါနေလို့ပေါ့၊ နို့မို့ရင် သဂျီးဆင်ဆာ အဖြတ်ခံထိမယ်။

    • etone

      September 23, 2011 at 8:16 am

      မြင်လည်း မြင်တတ်ပါပေ့ ကိုကြောင်ကြီးရေ 😛

  • စုံ စုံ

    September 23, 2011 at 8:51 am

    etone ရေ ငယ်ငယ်ကအဖြစ်တွေကလဲခုချိန်မှာအမှတ်တရတွေပေါ့
    ဒါတွေပြန်ရဖို့မဖြစ်နိုင်တော့ဘူးနော်
    ငယ်ငယ်ကအပူအပင်ကင်းကင်းနဲ့ဆော့ချင်တိုင်းဆော့ခဲ့တာတွေ
    အခုချိန်မှာတော့ ကိုယ်တကယ်ဆော့ခဲ့ရဲ့လားဆိုတာပြန်တွေးမိတဲ့အထိ
    ပူပင်သောကတွေနဲ့ရှိနေတာလူတိုင်းလိုလိုပါဘဲ
    ဒီပို့စ်ကိုဖတ်ပြီးငယ်ဘဝကိုပြန်တွေးမိပါတယ်

  • manawphyulay

    September 23, 2011 at 10:17 am

    etone အကြောင်းက ဦးကြောင်ကြီးက ဘယ်ကပါလာရတာလဲ ပြောပြပါဦး ဦးကြောင်ကြီးနဲ့ ငယ်သူငယ်ချင်းလား။
    လူတိုင်းမှာ ငယ်ဘဝဆိုတာတွေက မမေ့နိုင်စရာတွေများပါတယ်။ ကျွန်တော့်ချစ်သူပြောသော သူ၏ချစ်သူအကြောင်းကို အားကျနေမိလို့လားညီမလေး…
    ငယ်ဘဝကို ပြန်စဉ်းစားရင် ပြန်မရနိုင်မှန်းသိပါတယ်။ ဒါပေမယ့် အပူအပင်ကင်းတဲ့ဘဝကို ပြန်လိုချင်နေမိတာတော့အမှန်ပါပဲ။

    • etone

      September 23, 2011 at 10:22 am

      အစ်မမနော အိပ်ချင်မူးတူးနဲ့ .. ဘာတွေပြောနေတာလဲနော် 😀
      ဦးကြောင်အကြောင်းလည်း မရေးထားပဲနဲ့ လျှောက်ပြောတယ် 😳

      (((ကျွန်တော့်ချစ်သူပြောသော သူ၏ချစ်သူအကြောင်းကို အားကျနေမိလို့လား ))) ဆိုတော့ …အ ဲ့ဒါဘာလဲဟင် .. စာအုပ်နံမည်လား သိတောင် သိဘူး အဟီး 😛 😛

  • weiwei

    September 23, 2011 at 10:24 am

    ငယ်ငယ်တုန်းကဆိုလို့ ၅ တန်းနှစ်တုန်းက အဆော့မက်ပြီး စကတ်ပျောက်ခဲ့တာ မှတ်မိသေးတယ် ….
    ကြိုးခုန်တန်းကစားတော့ စကတ်က တုတ်နေတာနဲ့ ချွတ်ပြီး ကစားတာလေ … အဲဒီခေတ်တုန်းက အတွင်းခံဘောင်းဘီက ပိတ်စနဲ့ခပ်ကြီးကြီးဘောင်းဘီနော် (အခုလို အတွင်းခံမဟုတ်) … ကစားပြီးမှ စကတ်ရှာမတွေ့တော့လို့ ငိုပြီး အိမ်ပြန်လာတာ မှတ်မိသေးတယ် …. ကျောင်းထဲမှာလဲ တော်တော်နံမည်ကြီးသွားတာပေါ့ … 😛

  • moethidasoe

    September 24, 2011 at 11:40 am

    ဝေဝေရယ် အဲဒီတုန်းက ငါးတန်း ဆိုတော့ ၁၁ နှစ်ပေါ့ .. တော်သေးတာပေါ့ ..
    အီးတုံး ခေါင်းပေါက်အောင် လျှောစီးတာရေး ဘယ်နှနှစ်ကလဲ (ဘယ်အရွယ်ထိ ဆော့သလဲ သိချင်လို့)

    အခုခေတ် ကလေးတွေက ငါးတန်းဆိုရင် ဖီးလိမ်းပြုပြင်နေကြပြီ .. ကိုးတန်းဆို ရည်းစားနဲ့
    ဆယ်တန်းဖြေပြီးရင် xxxxxxx

    • etone

      September 26, 2011 at 8:24 am

      ဒေါက်တာရေ ကျွန်မက မှတ်မှတ်ရရ မျောက်ရှုံးအောင်ဆော့တဲ့ အရွယ်က သုံးနှစ်ကနေ ခုနှစ်နှစ်ကြားပါ … ။(လူကြီးတွေ ပြောလို့ 😛 ) အိမ်မှာ အခန်းတစ်ခန်း သီးသန့် လုပ်ပေးရတယ် …အန္တရာယ်ကင်းကင်းနဲ့ … ဆော့ဖို့ အခန်းပါ အထဲမှာ ကစားစရာတွေက အစ စက်ဘီးလေးပါ ထည့်ထားပေးတယ် … 😛

      လှေခါးကိုလျှောစီးတဲ့ အရွယ်က ဆယ့်သုံးနှစ်လောက်ပဲရှိသေးတယ် 😛
      (ဆော့တာကတော့ အခုလည်း ဆော့တုန်းပဲ … တူလေးကို ထိန်းရင်းနဲ့ တစ်ခါတစ်လေ ကိုယ်ပါ ငပေါကြီးဖြစ်သွားတယ် 😀 )

Leave a Reply