စာရေးရမလား၊ ဘဝရေးရမလား
ပြောချင်နေတာ အတော့်ကို ကြာပါပြီ။ မပြောဘူးလို့ ကြံစည်နေတာလဲ ကြာလှပါပြီ။ ဒီနေ့တော့လဲ ပြောချင်ရာကို ပြောလိုက်တော့မယ်။
တစ်ချို့တစ်ချို့သောသူများသည် စာများများရေးသားကြသည်။ စာအုပ်၊ စာပေပေါင်းစုံမှ ကောက်နှုတ်ချက်များဖြင့်လည်းကောင်း၊ ၎င်းတို့၏ စိတ်ကူးကွန့်မြူးရာများကိုလည်းကောင်း ရေးသားကြခြင်းဖြစ်သည်။ အမှီသဟဲပေါင်းစုံဖြင့် ထုတ်နှုတ်ရေးသားကြခြင်းဖြစ်သည်။ အထောက်အထားကောင်းမွန်မှု၊ စကားလုံး ပြေပြစ်ချောမွေ့မှုကြောင့် ဖတ်ရှူရသူများအဖို့မှာလည်း ရသအပြည့်အဝရှိသည်။ တစ်ချိန်က ကျွန်တော်ကိုယ်တိုင်သည်လည်း ရသစာပေ အဖတ်များခဲ့သူတစ်ယောက်ဖြစ်သည်။ အတ္ထုပ္ပတ္တိများကိုမူ တော်ရုံတန်ရုံဖတ်ခဲသည်။ သူများအကြောင်း စပ်စုရာ ကျသည်ဟု ထင်မိသောကြောင့်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည်ကား ဆယ်ကျော်သက်အရွယ်မျှသာ ဖြစ်သည်။
ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်လာသောအခါ လုပ်ငန်းသဘာဝအရလည်းကောင်း၊ ပညာရှာဖွေခြင်းအရသော်လည်းကောင်း အတ္ထုပ္ပတ္တိများကိုသာ အဖတ်များလာခဲ့သည်။ ထိုသို့ဖတ်ရှူရင်းဖြင့် ကိုယ်ကိုယ်တိုင် မကျင်လည်ခဲ့ရသော အလွှာပေါင်းစုံအကြောင်း၊ ကိုယ်ကိုယ်တိုင် မသိ၊ မမြင်လိုက်ရသော ခေတ်များ၏အကြောင်း၊ အောင်မြင် ကျော်ကြား၊ ထင်ရှားခဲ့သူတို့၏ သုညဘဝမှ တန်ဖိုးရှိသော သုညများအဖြစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပုံများကို ဖတ်ရှု၊ အားကျခြင်း ဖြစ်မိသည့်အလျောက် မိမိကိုယ်တိုင်လည်း ထိုသူများကဲ့သို့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာများ ရေးသားလိုခြင်း အလျဉ်းဖြစ်မိတော့သည်။ သို့သော် လူ့သဘော၊ သဘာဝမှာ သူလိုကိုယ်လို လူသားတစ်ယောက်၏အကြောင်းကို စိတ်လိုလက်ရ ဖတ်ရှူလိုခြင်းမရှိပေ။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသကဲ့သို့ ကိုယ့်အကြောင်းကိုယ်ရေးသောသူများမှာလည်း မိမိတို့၏ချို့ယွင်းချက်များကို ဖုံးဖုံးဖိဖိ၊ သူတစ်ပါးတို့၏ ချို့ယွင်းချက်များကို ဖော်ပြရေးသား အစရှိသည်တို့ ပါပေမည်။ လူ့သဘာဝမို့ နားလည်ရန်လည်းလိုသည်။
သို့သော် ပေးလိုသည့် စေတနာရင်းကို နားလည်မှုရှိရန်လည်း လိုအပ်သည်။ လူတစ်ယောက်သည် သူ့ဘဝတွင် ဆရာဝန်လဲ ဖြစ်ချင်ခဲ့မည်၊ အင်ဂျင်နီယာလဲ ဖြစ်ချင်ခဲ့မည်၊ ကျောင်းဆရာလဲ ဖြစ်ချင်ခဲ့မည်၊ အစရှိသည်ဖြင့် ဖြစ်ချင်ခဲ့သည်များရှိကြပေမည်။ ကိုယ်ကိုယ်တိုင် အရာအားလုံးကို လုပ်နိုင်ရန် ခက်ခဲပေမည်။ လက်တွေ့ကျင်လည်ခဲ့ရသူတို့၏ ကိုယ်ပိုင် အတွေ့အကြုံများမှ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ စိတ်တက်ဖွယ်ရာ၊ စိတ်ဆင်းရဲဖွယ်ရာ အစရှိသည်တို့ကို ဖတ်ရှူခြင်းဖြင့် ကိုယ်တိုင် မကျင်လည်ခဲ့ရသော်လည်း ထိုဘဝများအကြောင်းကို အတော်လေး စေ့စေ့စပ်စပ်သိရှိပြီးသည့်နောက် အကြားအမြင်ဗဟုသုတများ တိုးပွားလာဖွယ်ရာရှိသည်ဟုမြင်မိသောကြောင့်လည်းကောင်း၊ ရသစာပေများကို ရေးသားနိုင်စွမ်းမရှိခြင်းကြောင့်လည်းကောင်း ကျွန်တော်သည်ကား စာမရေးပါ၊ ဘဝသာရေးပါသည်။
ရေးရင်း၊ ရေးရင်းနှင့်ပင် ရေးချင်စိတ်ကုန်ခမ်းလာပါတော့သည်။ လူမှန်၊ နေရာမှန်မရောက်သေးခြင်းကြောင့်ပေလော၊ အောင်မြင်ကျော်ကြားသူတစ်ယောက် မဟုတ်သေးသည့်အတွက်ကြောင့်သော်လည်းကောင်း၊ အရေးအသား ပါးနပ်လိမ္မာမှု မရှိခြင်းကြောင့်ပေလောမသိ ဖတ်ရှူသူနည်းလာသည့်အတွက် ဘဝများ ရေးသားလိုခြင်းမရှိတော့ပါကြောင်းနှင့် စာရေးရလျင်ပဲ ကောင်းလေမည်လောဟု စဉ်းစားရင်း………
11 comments
ကြောင်ကြီး
September 26, 2011 at 9:19 am
မောင်ရှုံးရေ
အပေါင်မဆုံးစေနဲ့
မထောင်နိုင်လို့
ကုန်းတောင်
ကြောင်ပြုံးပြုံးနေ..။
Shwe Ei
September 26, 2011 at 12:05 pm
ဘဝကို စာလိုရေးပေါ့ ကိုရှုံးရယ်။
mandalarthu
September 26, 2011 at 12:12 pm
ရေးချင်စိတ်ပေါ်ရင် ရေးလိုက်ပေါ ့။ ရေးချင်စိတ ်ကုန်ခမ်းလာ ရင် မရေး နဲ.ပေါ ့။
စာပဲရေးရေး ဘဝပဲရေးရေး ၊ရသပဲရေးရေး သုတပဲရေးရေး
ဖတ်ရှူသူနည်းခြင်း ၊ များခြင်း ကြောင် ့ ရေးသားခြင်းကို ရပ်ဆိုင်းလိုက်ရင်
မိမိ ရေးသားလိုသော ဘဝအကြောင်း၊ ကိုယ်တွေ့များကို အများအား
မျှဝေ ပေးလိုသည့် မွန်မြတ်သော စေတနာ အရင်းခံသည် ့ စိတ်ကောင်းစိတ်မြတ်ကို မိမိ ကိုယ်တိုင်
ဖျက်ဆီးပစ်ရာ ကျတော ့မှာပေါ.။
ဆရာကြီး ရွှေဥဒေါင်း ဆို သူ ့ရဲ. ”ဘဝတသက်တာမှတ်တမ်း” ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကြီးမှာ
သူ ့ဘဝ အကြောင်း မခြ ွင်းမချန်ရေးပြနိူင်ခဲ ့သေးတာဘဲ။
ကြိ ုက်လွန်းလို ့အကြိမ်ကြိမ်တောင် ဖတ်ခဲ ့မိတယ်။ သူပေးချင်တဲ. message ကို လဲရပါတယ်။
သူမှားခဲ. သလို အများမမှားရအောင် သူ ့ဘဝ ဇာတ်ကြောင်း မှ လူအများ သင်ခန်းစာ ယူနိုင်ဖို ့ပေါ ့။
သူ့ ့ရဲ ့အများကို ပေးချင်တဲ ့စေတနာကြောင် ့ အောင်မြင်ခဲ ့တာ ယနေ ့အထိပါ ဘဲ။
mandalarthu
September 26, 2011 at 12:50 pm
ဖတ်ရှုသူ နည်း ခြင်း၊ များခြင်း သည် မိမိဧ။်အရေးအသား ပါးနပ်လိမ္မာမှု ရှိခြင်း မရှိခြင်းနဲ ့မဆိုင်ပါ ဘူး ။
စာဖတ်သူရဲ ့taste (စိတ်ဝင်စား နှစ်သက်မှု )နဲ. သာ တိုက်ရိုက် သက်ဆိုင်ပါလိမ် ့မယ်။
ဓမ္မ ကြိ ုက်တဲ. သူက ဓမ္မ ၊ ဟာသ ကြိ ုက်တဲ. သူက ဟာသ၊
သုတ ကြိ ုက်တဲ. သူက သုတ ၊ ရသ ကြိ ုုက်တဲ. သူက ရသ၊ သုတ သမား က လည်း သုတ ၊
ဘဝ ကြိ ုုက်တဲ. သူက ဘဝပေါ ့။ စာဖတ်သူတွေက အလွှာပေါင်းစုံ လေ။ သူ တို ့နှစ်သက်ရာ ရွေးဖတ်ကြ ပြီး ဆွေးနွေးနေကြတာလေ။ သူ ့ taste နဲ. သူပေါ ့။
အဓိက က ”ကိုယ် စာဖတ်သူကို ဘာပေးချင်တာလဲ။ ဘယ်လိုပေး မလဲပေါ ့။”
စာတစ်ပုဒ် ကို ဖတ်လိုက် ရင် စာဖတ်သူ ဟာ စာရေးသူရဲ. စေတနာကို သူ.စာမှာ အထင်းသား ကြီးမြင်နိူင်တာ ဘဲလေ။
ဒါ ့ ကြောင် ့ ရေးချင်စိတ်ပေါ်ရင် ရေးသာရေးပါ။ ပေးသာပေးပါ။
စာဖတ်သူက သူယူတတ်သလောက်ရပါ လိမ် ့မယ်။အပြည် ့ အဝ အားပေးပါတယ်။
***P.S.***ဆရာကြီ း လုပ်ခြင်း မဟုတ်ပါ။ စေတနာ ဖြင် ့မျှဝေ ခြင်းသာဖြစ်ပါတယ်။
မိမိ သည်လည်း ယခုထိ ကြိ ု ုးစားနေဆဲ သူတစ်ဦးပါ။
True Answer
September 26, 2011 at 1:42 pm
ကို ရှုံးက စာရေးတဲ့ နေရာမှာပါ ထပ်ရှုံးချင် နေပြန်ပါပြီ။
ပညတ်သွားရာဓါတ်သက်ပါဆိုသလို –
ကို ရှုံး က နေ ကို နိုင် လို့ ပြောင်းရင် ပြောင်း၊
ဒါမှမဟုတ် ဦးအောင်မြင် ……….
ဒါမှမကြိုက်ရင်တော့
ကိုကြောင်ကြီးပေးတဲ့နာမည်
ကို ရှုံ့ လို့သာ ပြောင်းလိုက်တော့ း)
hmee
September 26, 2011 at 1:52 pm
ရှုံး..လူရေ မမှီတော့ အမြဲဝင်ဖတ်ဖြစ်ပါတယ်။ မမှီက ရွာထဲက စာတွေ အကုန်လိုလို ဖတ်ပါတယ်။ တချို့စာတွေဆို ဝင်ဖတ်ဖြစ်ပေမဲ့ ပြီးပြည့်စုံလွန်းလို့သော်လည်းကောင်း၊ ထောက်ပြစရာမရှိလို့သော်လည်းကောင်း ဘာမှ ဝင်မပြောပါ။ အချို့အချို့သော စာများဆို ပြောပြချင်စိတ်ကို မရှိတဲ့ စိတ်ပျက်စရာစာတွေ ဆိုလျှင်လည်း ဖတ်ပဲဖတ်ပြီး ဘာမှ မပြောပါ။ ဆက်ရေးပါ အားပေးပါတယ် ဘာပဲဖြစ်ဖြစ် ဗဟုသုတ ရပါတယ်။ ကိုယ်မတွေ့ဘူးတဲ့ အတွေ့အကြုံကို ဖတ်ရတော့ သူများအဲ့ဒီအကြောင်းလာပြောရင် ကိုယ်က သိနေလို့ မအဘူးပေါ့။ မမှီလည်း အတ္ထုပ္ပတိ္တ၊ သမိုင်း၊ ဝထ္တုတိုတွေ ဖတ်တာ ပိုအားသန်၊ ပိုကြိုက်ပါတယ်။ အားမလျှော့ပါနဲ့ ကိုယ့်စာထဲက ဖတ်သူကို တခုလောက်လေးပဲ ပေးနိုင်ရင်တောင် ကိုယ်ရေးရတာ ရေးပျော်ပါတယ်။ မမှီလည်း အတွေးတွေ အများကြီး ရှိပေမဲ့ အခုတလော မအားလွန်းလို့ တပုဒ်တောင် စာမစီနိုင်ဘူး။ ကြာရင် သဂျီးက မေ့တော့မယ်။ 🙂
ဆူး
September 26, 2011 at 6:58 pm
တယောက်တည်း ထီးထီး ကြီး မဟုတ်ပါဘူး။
အစကတည်းက သတိထားပြီး ဝင်ဖတ်ပေးနေပါတယ် အမြဲစောင့်ပြီး အားပေးပေးနေတယ်။
windtalker
September 26, 2011 at 8:16 pm
ရေးပေါ့ဗျာ
ရေးစမ်းပါဗျာ
ကိုယ်ရေးသမျှ စာတိုင်း ကို
လူတိုင်း က ကြိုက်မယ် လို ့တော့
ဘယ်ဟုတ်မလဲ
ကြိုက်တဲ့သူ ကြိုက်မယ်
မကြိုက်တဲ့သူ မကြိုက်ဘူး
လွတ်လွတ်လပ်လပ် ပဲပေါ့ ဗျာ
တစ်ခြား မပြောနဲ ့
ခင်ဗျားတောင်
ုကျုပ် ကို
ပိုးစိုးပက်စက်
ကွန်မင့် ရေးခဲ့ဖူးတာပဲ
surmi
September 27, 2011 at 12:41 am
ဘဝ တွေ ရေး တာ အား ပေး တယ် ဗျို ့ ၊ မသိ နိုင် တဲ ့ ဘဝ တွေ က အများ ကြီး ။
သိ လာ ရ တော ့ နား လည် ပေး တတ် လာ တာ ပေါ ့၊
ကဗျာ မ ဆန် ဘူး လို ့ ထင် ရ ပေ မဲ ့ ၊ ကဗျာ တစ် ပုဒ် ပါ ပဲ ့
kai
September 27, 2011 at 1:12 am
ရသစာတွေကတော့.. ဖတ်သူကိုဆွဲဆောင်စည်းရုံးတာပါတယ်လို့..ထင်မိတယ်.။
သုတစာကတော့.. အချက်အလက်နဲ့..သတင်းစကားပြန်ပြောတာ..ရေးတာပဲ..။
သုတကို ရသမွှန်းပြီး..ရေးသွားနိုင်ရင်တော့..အင်မတန်လှတယ်ထင်မိတယ်..။
ဘဝကိုရေးတာမှာ..ကွန့်ညွှန်ပြီး.. ရသထည့်ရေးလို့လည်းရတယ်..။
ကိုယ်သိခဲ့တာတွေ… ဒဲ့ အသိပေးလို့လည်းရတယ်..။
ရေးချင်တာရေး.. အားပေးနေပါ့မယ်..။ 🙂
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
September 27, 2011 at 3:09 am
ခင်ဗျားက စာရေးအရမ်းကောင်းသူပါ။ ဒီမှာက သုံးရက်တစ်ခါပဲ မီးလာလို့ မှန်မှန် ဝင်အားမပေးနိုင်တာပါ။ များသောအားဖြင့် ဘက်ထရီသုံးပြီး အွန်လိုင်းကြည့်ရတယ်။ ညမီးထွန်းဖို့လည်း ချန်ထားရဦးမယ်လေ။ အဲဒါကြောင့်ပါ။