Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွာ အစည်းအဝေး အပိုင်း ၂

ဆူးOctober 5, 20111min101937

ကြီးမား ကျယ်ဝန်းလှတဲ့ ခန်းမဆောင်ကြီးထဲမှာ ထိုင်ခုံတွေ အများကြီး နဲ့ လူတွေ ထိုင်ခုံ အပြည့် ထိုင်နေကြပါတယ်။ ထိုင်ခုံတွေ မှာ စားပွဲလည်း ပါပါတယ်။ တနေရာတည်းကို မျက်နှာမူ ထားကြပါတယ်။ ခုံများ မျက်နှာမူထားတဲ့ နေရာရဲ့ ရှေ့တည့်တည့်မှာ ဇတ်ခုံကြီး တခုရှိပါတယ်။ ဘာတင်ဆက်မှုတွေ ရှိမလဲလို့ ခန်းမဆောင် ပုံစံကို ကြည့်ပြီး သုံးသပ်မိပါတယ်။ လွတ်နေတဲ့ ထိုင်ခုံ တခု ကို ရုပ်မြင်သံကြားမှာ မြင်လိုက်ပါတယ်။ ကင်မရာကလည်း အဲဒီ လွတ်နေတဲ့ ခုံနေရာရဲ့ စားပွဲပေါ်ကို ချိန်လိုက်တဲ့ အချိန်မှာ အလုအယက် ကြည့်လိုက်တဲ့ အခါ ခုံ မှာ နာမည် တခု ရေးထားပါတယ်။ ရွာသားတွေကို ခုံမှာ နာမည် နဲ့ တကွ နေရာ ထိုင်ခင်းပေးတယ် ဆိုတာ သိလိုက်ရပါတယ်။ စားပွဲပေါ်မှာတော့ အပြန်အလှန် ဆွေးနွေးနိုင်အောင် မိုက် ကိုယ်စီလည်း ရှိကြပါတယ်။ မိုက်ရဲ့ ဘေးမှာတော့ ရေသန့်ဗူး တဗူးနဲ့ ဖန်ခွက် တလုံးစီ ရှိကြပါတယ်။

 

ကြည့်နေရရင်းနဲ့ ရုတ်တရက် အသံတိတ်သွားကြပါတယ်။… အားလုံး တိတ်ဆိတ်စွာ စင်မြင့်ရဲ့ နေရာ တခုတည်းကို ကြည့်နေကြပါတယ်။

ကင်မရာကလည်း အားလုံး အာရုံစိုက်တဲ့ နေရာကို ချိန်ထားလိုက်ပါတယ်။ စင်မြင့်ရဲ့ အရှေ့ဘက် ဒေါင့်နားလေးမှာ အစီအစဉ်ကြေညာတဲ့ သူ အတွက် ခုံ တခုရှိပါတယ်။ ထိုခုံနေရာကို အောင်ပုတယောက် အလုအယက်ပြေးတက်သွားတာ မြင်လိုက်ပါတယ်။ မိုက်ရှေ့မှာ

ဟဲလို တက်စတင်.. တပ်စတင်..  အားလုံး မင်္ဂလာပါ အေလိုးက လူတွေ နေကောင်းကြလား။  သားက ဒီနေ့ ဒီမှာ တာဝန်ကျတယ်ဗျ..

အဲဒီ အချိန်မှာ ရုတ်တရက် အနောက်က လူတယောက် အော်ပြီး ပြေးလိုက်သွားတာမြင်လိုက်ပါတယ်။

ဟေ့ကောင် ဒါ မင်း လုပ်ရမဲ့ အလုပ်မဟုတ်ဘူး 

စင်နေရာ လုဖို့ တက်သွားတာကတော့ ဘီလူးဖြစ်ပါတယ်။

ဒီနေရာ ငါ့နေရာကွ.. သွား ။ မင်းဆင်း.. တော့.. ဘာကောင်လဲကွာ.. အသံတောင် ပီအောင် မထွက်နိုင်ပဲ ငါ့နေရာ လာလုနေတယ် ငါက အလုပ်မှာ မန်နေဂျာကွ သိပ်အားလွန်းလို့ လာတာ မဟုတ်ဘူး သဂျီး ဖိတ်လို့ လာတာ ဘာမှတ်နေလဲ..  အေလိုး မဟုတ်ဘူး A roll လို့ ထွက်တယ်ကွ..

ဘီးလူးမှ နေပြီးတော့

အားလုံး မင်္ဂလာပါ။

ဒီကနေ့ဟာ ရွာ အတွက် အဓိက ကျတဲ့ ပွိုင့် ကိစ္စတိုင်ပင် ဆွေးနွေးဖို့ အတွက် သဂျီးရဲ့ ရွာသားများ တယောက်မကျန် ဖိတ်ကြားပြီး ဆွေးနွေးတဲ့ ပွဲလေးဖြစ်ပါတယ်။

 မကြာခင်မှာတော့ သဘာပတိ နာယက ဥက္ကဌ ဂိုဏ်းချုပ်ကြီး ကြွာလာပါတော့မယ်။

အားလုံး လက်ခုပ်တီးပြီး ကြိုဆိုကြပါ ခင်ဗျာ…

 

ထိုင်ခုံ နေရာ အသီးသီးမှ ရွာသားများကလည်း လက်ခုပ်လက်ဝါးတီးပြီးတော့ ကြိုဆိုကြပါတယ်။ လက်ခုပ်သံ အဆုံးမှာတော့ စင်မြင့် ပေါ်ကို တက်တဲ့ ညာဘက် မှာရှိတဲ့ လှေကား ကနေပြီးတော့ ခပ်တည်တည် နဲ့ တောင်ရှည်ပုဆိုး (ချိပ်) နဲ့ တိုက်ပုံ ခေါင်းပေါင်းကြီးနဲ့ တည်တည် တံ့တံ့ ခြေတစ်လှမ်းချင်း ခြေဖဝါး မထပ်အောင် တစ်လှမ်းခြင်း (တောင်ရှည် မနင်းမိအောင်) တက်လာတဲ့ သူကတော့ သဂျီးဖြစ်ပါတယ်။ ထိုအချိန်မှာလည်း မြန်မာ တူရိယာ တီးဝိုင်းရဲ့ သံဇဉ်ဖြစ်တဲ့ ဘိန်းမောင်းတီးပြီးတော့ ဇတ်သဘင်တွင် မင်းခန်းမင်းနား တီးလုံးသံများ လည်း ခန်းမ အတွင်း မြည်ဟိန်းနေသည်။ သဂျီးရဲ့ အရှေ့မှာ လမ်းပြ အနေနဲ့လား ဒါမှ မဟုတ် ကိုယ်ရံတော် အနေနဲ့လားတော့ မသိပါဘူး အောင်ပု တယောက် ဝါးရင်းဒုတ် တချောင်း ပုခုံးပေါ် ထမ်းပြီး သဂျီးနဲ့ စည်းချက်ညီညီ လှမ်းပြီး ခပ်တည်တည် နဲ့ တက်လာခဲ့ပါတယ်။ တွတ်ပီ ကာတွန်းထဲကလို ဗိုက်လေး သေနပ်ထမ်းပြီး ရှေ့က လျှောက်တဲ့ နောက်မှာ တွတ်ပီ ခြေကြွပြီး ကာတွန်း အကွက်နဲ့ တော်တော် ဆင်ပါသည်။ စင်ရဲ့ အလည်တည့်တည့်မှာ ဝါးရင်းဒုတ် တင်ဖို့ နေရာလေး တခု ရှိပါတယ်။ ထိုနေရာမှာ ထမ်းလာတဲ့ ဒုတ်ကို တင်ပြီးတော့ စင်ပေါ်ကနေ ဆင်းသွားပါတော့တယ်။ စင်ပေါ်က ထိုင်ခုံ အမြင့် တခုမှာ သဂျီးကတော့ ခပ်တည်တည် နဲ့ ဝင်ထိုင်လိုက်ပါတယ်။

 

သဘာပတိ နာယက ဥက္ကဌ ဂိုဏ်းချုပ်ကြီး နေရာယူပြီးပြီ ဖြစ်တဲ့ အတွက် ရွာသားများ စိတ်ရှိ လက်ရှိ လက်ခုပ်တီးနိုင်ပါပြီ လို့ အစီအစဉ် ကြေညာသူ ဘီလူးမှ ထပ်မံ ပြောကြားလိုက်ပါတယ်။ လက်ခုပ်သံ အဆုံး အားလုံး တိတ်ဆိတ်နေချိန်မှာ..

သဂျီးက ထိုင်ခုံ နေရာက မိုက်ကို ဖွင့်ပြီး..

ယနေ့ အစည်းအဝေးကတော့ ရွာသားများ ထင်မြင်ချက်တွေကို စိတ်ရှိလက်ရှိ တိုင်ပင် အကြံပြုနိုင်ပါပြီ။ အားလုံးရဲ့ အကြံပြုချက်များကိုလည်း သေချာစွာ စာရင်းပြုစုပြီးတော့ မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။

 

ပထမဆုံး မီးနီလေး တခု လျှင်မြန်စွာ လင်းလာပါတယ်။ မီးနီ လင်းတဲ့ ရွာသား Blaze ဆီကို သဂျီးနှင့် တကွ ကင်မရာမန်း နဲ့ အတူ အားလုံးရဲ့ အာရုံများ ရောက်သွားပါတယ်။ မီးလင်းတဲ့ ရွာသားက စကားဦးသန်းလိုက်ပါတယ်။ ၂၀၁၁ မှာ စိုးမြတ်နန္ဒာကို ဘယ်လို ထင်မြင်သုံးသပ်ပါသလဲ။

သဂျီးက လက်ထောင်ပြပြီး မချိပြုံးနဲ့ ခေါင်းညိမ့်လိုက်ပါတယ်။

သဂျီးရဲ့ ခေါင်းညိမ့်မှု လိုက်ပြီးသည်နှင့် ရွာထဲက ခေါင်းလောင်းတော်ကြီးကို ဝါးရင်းဒုတ်အပြေးယူကာ အသံမြည်အောင် ပြေးစောင့်ပါတော့တယ်။ ခေါင်းလောင်းသံ ဒေါင် ဆိုတဲ့ အသံ တစ်ချက် အဆုံးမှာ….

နောက်ထပ် မီးထပ်လင်းလာပါတယ်။ ဆက်တိုက် ဆိုသလို ခပ်မြန်မြန် မီးလင်းလာတော့ ဘာများ လဲလို့ ထပ်ပြီး အာရုံစိုက်မိတာကတော့ သစ်မင်းဖြစ်ပါတယ်။ အားလုံး ကြုံတုန်းလေး အဆိုတင်သွင်းချင်ပါတယ် သစ်မင်း ဆိုပြီး မှတ် ပိုစ်ကို တင်လိုက်တဲ့ အတွက် မှတ် တဲ့ကိစ္စ နာမည်ကြီးနေလို့ မောင်မှတ်လို့ နာမည် ပြောင်းလိုက်ချင်ပါတယ်။

ရွာသားများကတော့ အာရုံစိုက်ပြီး ကြည့်နေယုံမှ ဘာမှ သိပ်ပြီး ထူးခြားတဲ့ အမူ အရာ မရှိပေမဲ့ သဂျီးကတော့ ပထမ တယောက် အတိုင်း လက်ထောင်ပြပြီး မချိပြုံးနဲ့ ခေါင်းညိမ့်လိုက်ပါတယ်။ (ဒေါင်………..)

နောက်ထပ် မီးလင်းတာလဲ့ သူကတော့ ရွာသူ မမ ဖြစ်ပါတယ်။ မမ က မိုက်နားကပ်ပြီးတော့ ရွာသားတွေ သတ်ပုံတွေ သေချာပြန်စစ်စေချင်ပါတယ်။ သတ်ပုံ စစ်နိုင်တဲ့ နေရာ ထားပေးသင့်ပါတယ်။

သဂျီးကတော့ ထုံစံ အတိုင်း…(ဒေါင်……………….)

နောက်ထပ် မီးလင်းအောင် လုပ်သူကတော့ မှီ ဖြစ်ပါတယ်။ မှီ က ရွာက ဒေသထွက်ကုန် သီးနှံတွေကို အရှေ့အလယ်ပိုင်းဒေသတွေမှာ စိုက်ခင်းနဲ့ အကြီးအကျယ် စိုက်ပျိုး ထုတ်လုပ်ရောင်းချ ချင်ပါတယ်။ နည်းလမ်းကောင်းတွေ ရှိလည်း ရှိပါတယ် အကြံပြုချင်ပါတယ်။

မှီရဲ့ စကားမဆုံးခင်မှာတင်.. သဂျီး ခေါင်းညိမ့်ပြီး (ဒေါင်…………) ဆိုပြီး အသံနဲ့ အတူ မှီလည်း စကားပြော ရပ်လိုက်ပါတယ်။

ရှူံးနိမ့်မှုများနဲ့.. လူ ကလည်း ခလုပ်နိပ်မီးလင်းအောင် လုပ်ပြီး အဆိုတင်သွင်းပြန်ပါတယ်။

သီချင်းထဲကလို မန္တလေးရောက် ရှမ်းမဟုတ်ပဲ ဘုရင့်နောင်ပွဲရုံရောက်တဲ့ ရှမ်းကလေးဘဝ အဖြစ်ဆိုးလွန်းပါတယ်။ အသည်းကွဲလို့ ဖြေဆေးမရှိကြောင်း ငြီးနေချိန်မှာ အသစ်ရလို့ ပျော်နေတာ ကြောင်ကြီး သိသွားလို့ မကျေနပ်ပါဘူး။

သဂျီးက အဆိုကို လက်ခံတဲ့ အမူအရာ နဲ့ ခါတိုင်းလိုပင် လက်ထောင်ပြီးတော့ ခေါင်းညိမ့်… ခေါင်းလောင်းကလည်း (ဒေါင်…)

ရွာထဲက ဝေဝေ ကလည်း အများနည်းတူ အကြံပြုဖို့ မီးလင်းအောင် လုပ်လိုက်ပါတယ်။ ဝေဝေ က ရွာထဲမှာ ဖောင်ကြီးဆင်း တဲ့ အကြောင်း ပြောပြတာ အားလုံးကို စည်းကမ်းကို လေးစား တန်ဖိုး ထားတတ်တဲ့ လူငယ်တွေ ဖြစ်စေချင်လို့ပါ။ အခု ဖင်ကြီးစောင်း ဆိုပြီး ပြောနေကြပါတယ်။ မှန်ကန်တဲ့ အမြင်တွေ ရှိအောင် ပြန်လည် တည့်မတ်ပေးစေချင်ပါတယ်။

သဂျီး နဲ့ ခေါင်းလောင်း ကြီးတော့…………. (ဒေါင်………….)

နောက်ထပ် အဆိုတင်သွင်းတဲ့ သူကတော့ ပဒုမ္မာဖြစ်ပါတယ်။ ပဒုမ္မာကတော့ ကျမတို့ ဆရာဝန်ဖြစ်ပြီး ဆေးမကုတာ တိုင်းပြည်ကို မချစ်လို့ မဟုတ်ပါဘူး။ အရမ်းချစ်ပါတယ်။ လူတိုင်းကို အလကား ကုပေးနိုင်အောင် ပို်က်ဆံ အရင်ရှာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့ အကြောင်း ရွာသားများ သိအောင် အစီရင်ခံစာ တင်ပါတယ်။

(ဒေါင်………)

နောက်ထပ် ဆရာဝန် တယောက်ကလည်း အားကျမခံ ထပ်ပြီး အဆိုတင်သွင်းသူကတော့ မိုးသီတာစိုး ဖြစ်ပါတယ်။

ဆေးပညာနဲ့ ပတ်သတ်တဲ့ စာမူ အဟောင်းတွေကိုလည်း ရံဖန်ရံခါ တင်ပေးဖို့ ရှိပါတယ်။ အားလုံး ဗဟုသုတ ရှိအောင် ဟောင်းပေမဲ့ ကောင်းနေတဲ့ စာမူတွေဖြစ်လို့ ဆက်လက်ပြီးတော့ တင်…………

(ဒေါင်……..) သိလိုက်တာကတော့ အဆိုကို တဝက်တပျက်နဲ့ အတင်းလက်ထောင်ပြီး ခေါင်းညိမ့်လိုက်တာ ဖြစ်ပါတယ်။

တီတီနု ကတော့ ထပ်မံ အဆို တင်သွင်းပါတယ်။ ကျောင်းဆရာမ ဆိုတာ ပုံစံက တည်တည်တံ့တံ့ ရှိရပါတယ်။ အမျိုးသမီးတိုင်းကို လုံချည်နဲ့ ရင်ဖုံး လေးးးးး…….

(ဒေါင်….)

နောက်ထပ် မီးလုံးတွေ အများကြီး ပြိုင်တူ လင်းလာပါတယ်။ တယောက်စီ မဟုတ်ပဲ ပြိုင်တူ ပုံစံမျိုးနဲ့ ပြောဖို့ ကြံစည်လာကြပါတယ်။

သံတွဲနဲ့ ရခိုင်.. ရခိုင်နဲ့ စစ်တွေ.. စစ်တွေနဲ့ ကျောက်ဖြူ.. ရမ်းပြဲ..  ဆိုတဲ့ စကားသံများ ကြားမှာ.. သဂျီးက ရုတ်တရုတ် ခေါင်း အမြန်ညိမ့်ပြီး ခေါင်းလောင်း ထိုးလိုက်ပါတယ်။ (ဒေါင်…….)

မှော်ဆရာ ကတော့  အားလုံး အသံတိတ်သွားချိန်မှာ ချက်ချင်းပင် ထပြီးတော့ အဆိုတင်သွင်းလိုက်ပါတယ်။

ညမင်းသားပါ မကပါဘူး နေ့မင်းသားများပါ မိန်ကလေးများ သတိပြုသင့်ပါတယ်။

သဂျီးနဲ့ ခေါင်းလောင်း တထပ်တည်း ကျစွာ.. (ဒေါင်….)

ပေါက်ဖော် ကတော့ အရက်ဆိုတာ သောက်ရင် မူးတတ်ပါတယ်။

(ဒေါင်…)

 

ကျန်ရှိနေတဲ့ အဆိုတင်သွင်းလွှာများကိုတော့ အပိုင်း ၃ တွင် ဆက်လက် စောင့်မျှော်ပေးပါ။……..

 

37 comments

  • ပေါက်ဖော်

    October 5, 2011 at 9:54 pm

    ဘွားတော်ဖွားဆူးက..ရွာသူားတွေ စုပြီး..ဝါတွင်း ဆွမ်းကပ်ကြ..ကြ….
    မဆုံးခင်မှာပဲ..
    (ဒေါင်………)
    ဒေါင်..

  • weiwei

    October 5, 2011 at 9:58 pm

    ဝါးရင်းဒုတ်နဲ့ ခေါင်းလောင်းထိုးတဲ့သူက ဘယ်သူတုန်း ???

    • ဆူး

      October 5, 2011 at 10:00 pm

      ထင်ချင်တဲ့ လူကို ထင်မြင်ချက် ပေးသွားနိုင်ပါတယ်။

      • weiwei

        October 5, 2011 at 10:12 pm

        ဘယ်သူမှန်းမသိလိုက်ပေမယ့် ပုံသဏ္ဍာန်ကိုတော့ သတိထားလိုက်မိတယ် …
        ပြာယာပြာယာနဲ့ အလုပ်ရှုပ်လွန်းလို့ ပုဆိုးကို ခါးထောင်းတောင်ကြိုက်ထားရတာနော် … သူ့ခဗျာ သနားပါတယ် … ရွာသူားတွေကလဲ အလုအယက် အဆိုတင်သွင်းကြတာဆိုတော့ လက်မလည်ဖြစ်နေရှာတာပေါ့ …. 🙂

  • akswe

    October 5, 2011 at 10:04 pm

    ဖွားဆူး ရယ် ပုပု ရဲ့ A roll မှလူတွေ နှုတ်ဆက်ပုံလေးကို ဘီလူးကြီး ကသောကမျော ဝင်တားရတာ မျက်စိထဲမှာမြင်ယောင်ရင်း ရီတာ အုတွေတောင်နာတယ်..

    • “ဘီလူးကြီး”ogre

      October 6, 2011 at 9:54 am

      တော်သေးတာပေါ့ကျုပ်အတားမြန်လို့ ကိုပုလုပ်ပုံနဲ့ ဆိုမလွယ်ဘူး
      မထင်ရင်မထင်သလိုလုပ်မှာလေ

  • ရာဇဝင်လူဆိုး

    October 5, 2011 at 10:38 pm

    အေလိုးက ဘူဒေတုန်း။ ဟားဟားဟား… အပြင်မှာရယ်ရတာ အားမရလို. စာရိုက်ပြီးရယ်တာ…။ အင်းရီလိုဝသွားပြီ…….တော်ပြီ ဆက်ချတော.မယ်။
    (မှတ်ချက် ။ ။ ဒေါ်ဆူးဆူး အား ရယ်ရ၍ ကျေးဇူးတင်သောအားကြောင်. သီတင်းကျွတ်လျင် အစွံထုတ်ပေးရန် )…တိန်…

  • TTNU

    October 5, 2011 at 11:04 pm

    အပိုင်း(၃) နဲ့ (၄) ဖတ်ရန် စောင့်မျှော်နေတယ်နော်။ စာရေးတာ သိပ်တော်တာပဲ။

  • xman

    October 5, 2011 at 11:06 pm

    ဆူးရဲ့မှတ်တမ်းက
    နောက်တပိုင်းဆို ရေသန့်ဗူးနဲ့ပေါက်တာတွေ အလှည့်များ ရောက်လာတော့မလားမသိ။
    ဘုရား…ဘုရား……….

  • ရွှေအိမ်စည်

    October 5, 2011 at 11:07 pm

    နေမကောင်းတာတောင်..ရီရတာနဲ ့တင်….ဆူးမမသူကြီးကိုအခန်းအနားအဝင်..အရမ်းမြင့်လွန်းနေတယ်။
    ဘဝင်တွေ အရမ်းမြင့်ကုန်တော့မယ်(အေးလေ…ရွာကလည်း..အဆင့်မြင့်ရွာဘဲဟာ)

    .

  • thit min

    October 5, 2011 at 11:28 pm

    (ကားလိပ်တင်)(ရှေးနန်းတော်ညီလာခံအခင်းအကျင်း)
    (မြန်မာ့ဆိုင်းဝိုင်းမှမြမန်းဂီရိယိုးဒယားအလိုက်ကိုတီးစေ၊ “မြမန်းဂီရိ~~သေလာတောင်~~~
    နန်းတည်ထောင်~ဘုန်းရောင်နေသို့လင်း~~အစရှိသောတေးသံခပ်တိုးတိုးထွက်ပေါ်နေစေ)

    မင်းကြီးများ-
    ဖျာ ဖျာ့-

    ငါကိုယ်တော်မြတ် ရှေ့နောက်မျှော်တွေး
    ရပ်ရေးရပ်ရွာ သာယာပါရေး
    “မှတ်” တမ်းသွင်ပြု တခုရှိခဲ့မဟုတ်ပေလား…မောင်မင်းတို့ရဲ့~~

    မှန်လှပါဖျား-

    အိမ်း~~သစ်မင်းဘုန်းကြီး ကြောင်မင်းမနေသာ တူတူပါခဲ့
    ဒါထက်အပြင် အတိုင်းတိုင်းအပြည်ပြည် ဝိုင်းဝိုင်းညီလို့
    တစ်ရာ့ တပါးမင်းအပေါင်း ကလည်း ဖြည့်စွက်ကာပေး
    ဝိုင်းကာရေးသမို့ ပြည့်စုံလို့ကျော် အတော်အားရ
    အများကလဲ ကော်မန့်တွေမစဲ သမို့…သူဂျီး ချွေးစို့ တဲ့ပွဲ လို့
    ကြားရ ပေတယ် မင်းကြီးတို့ရဲ့….

    မှန်လှပါ-

    အင်း ….. တပြန်ဆက်ရရင်ဖြင့် အကြံခက်ပုံက
    “မှတ်”မိမှတ်ရာ မှတ်တမ်းဖြာမိ ငါ့အပြစ်ရှိမို့
    သူကြီးဆွေးနွေး ဒီစည်းဝေးမှာ~~
    သစ်မင်းမည် ပျောက် မောင်မှတ် အမည် ရောက်ရမတဲ့
    ကိုင်း ကိုင်း-
    မလွှဲမချော် ကြေငြာတော်မှတ် (ရွာသားအပေါင်းသိစေဘို့)
    မောင်းကြေးနင်း ခတ်စေ မောင်မင်းများ~~~~~~~~~~~~~~~~~
    (နှဲသံအဆုံး ပလို့ဂျိ ဟု အပိတ်ချပြီးသည် နှင့် “အောင်ပါစေ” ကိုဆိုင်းဝိုင်းမှတီး၍ ကားလိပ်ချ)

    • TTNU

      October 6, 2011 at 12:33 am

      တော်လေစွ၊ တော်လေစွ။
      သီးလေးသီး လား ထင်ရတယ် ဆရာသစ်ရယ်။
      ရှင် စာရေးဆရာ ဖြစ်ရမယ်။

  • padonmar

    October 6, 2011 at 12:33 am

    ဝါးရင်းဒုတ်နဲ့ ခေါင်းလောင်းထိုးတဲ့သူကတော့ ကိုပေါက်နဲ့ ရွှေဘိုသား သားအဖနှစ်ယောက်ထဲက တစ်ယောက်ယောက်ဖြစ်ရမယ်၊ 😀

  • surmi

    October 6, 2011 at 12:38 am

    ပြာသောကောင်းကင်အောက်မှာ၊
    ပြာသောအဝတ်ကိုဝတ်ပြီး
    ပြာတီးပြာယာအမူအယာဖြင် ့
    ပြာကလပ် ပြာကလပ်ရေးထားသော
    ပြာစုတ်စုတ်စာတွေကိုဖတ်မိရာမှ
    မသာမယာစိတ်ညစ်ညူးနေစဉ် —
    ဗိုလ်ချုပ်မှုးကြီးကြောင်ကြီး
    ကီုသစ်မင်း၏ ” မှတ် ” နှင် ့
    ရွာအစည်းအဝေး ကဲ ့သို ့စာများသည်ကား
    အပူသိမ်း၍ ကူငြိမ်းပေးခဲ ့ပါသည်။
    စာဖတ်သူတို ့၏ရင်တွင်းသို ့တစုံ တရာ စူးနစ်စေခဲ့ပါပြီ ၊
    ထိုအရာသည်ကား ——- ကြည်နူးရွင်ပြ တသသ ပင်ဖြစ်ပေတော ့သည် ။

  • minmahar

    October 6, 2011 at 12:52 am

    ဖွားလေးဆူးရေ ..thit min ရဲ့ နောက်ပိုင်းဇာတ်တော်ကြီးက ဘယ့်နဲ့ ရှေးပိုင်းမှာ
    အရင်ထွက်လာရတာတုံး .. ဇာတ်တော်ကြီးက ကောင်းလွန်းလို့ ခေါင်းလောင်းသံ
    ထိုးတဲ့သူ “ ဒေါင် ”လုပ်ရမှာ မေ့သွားတယ်ထင်တယ် ။
    ရွာကို စီးလာတဲ့ကားက နေ့တိုင်းလိုလို မကောင်းလို့ အဲ အဲလေ .. ကွန်နရှင်က မကောင်းလို့
    ညနက်မှ ရောက်ရောက်လာရတော့ တခါတလေ ရွာထဲ တယောက်ထဲလား အောင့်မေ့ရတယ်
    “ ဒေါင် ”
    ဟာ – သူကတော့လုပ်ပီ…

  • မှော်ဆရာ

    October 6, 2011 at 1:42 am

    အင်း ဆူး က စာတွေကို ဖတ်ရုံမက မှတ် . မှတ် ပါ သွားတဲ့ အကျင့်ရှိတယ် ထင်တယ်
    တစ်ယောက်စီရဲ့ စရိုက်တမျိုးစီကို သူတို့ရဲ့ ထင်ရှားတဲ့ ပိုစ် တွေကိုပါ ထည့်သွင်းပြီးတော့ ကွက်တိမြင်အောင် ချပေးသွားနှိုင်တယ်။
    ကျွန်တော်ကလဲ တကယ်ပါပဲ အခုတစ်လော ဖိုးချစ်တောင် ညပိုင်းကရင် သိပ်မကြည့်ရဲတော့ဘူး ဖြစ်နေတယ်

  • kai

    October 6, 2011 at 4:01 am

    တကယ်ခေါင်းညိမ့်နေတာ.. မဟုတ်ရပါဘူးကွယ်…။
    ဟိုမှာ.. သေချာကြည့်…
    ခေါင်းလောင်းကို… ခေါင်းလောင်ထိုးတံနဲ့မထိုးပဲ…. ခေါင်းလောင်းထိုးခါနီးဝါးရင်းတုတ်.. ကျုပ်ဖက်လှည့် ထောင်ထောင်ပြနေတော့ကာ…

    ကြောက်ကြောက်နဲ့… ခေါင်းညိမ့်နေရတာပါ..။
    ဘာပဲဖြစ်ဖြစ်.. မှတ်တမ်းကျန်ရစ်.. ပြီးတာပဲမဟုတ်လား…နော…။ 🙁

    အာ..
    ချွေးတွေပြန်လာပြန်ပြီ..။ ပေးပါဥင်္ီး… ဘီယာအေးလေး..တခွက်..။ 🙂

  • etone

    October 6, 2011 at 8:52 am

    မျက်စိထဲမြင်ယောင်ပြီး ရယ်လိုက်ရတာ အူကိုလှိမ့်နေတာပါပဲ … ။ ရွာတော်ရှင်မ ဆူးက ရေးလည်း ရေးတတ်ပါ့ 😀 😀 😀

    • pan pan

      October 6, 2011 at 9:27 am

      ထို့နောက်….
      ဘီးဆံပတ်၊ ရင်ဖုံး၊ ပုံတော်ကတီ္တပါဖိနပ် ဆင်မြန်းထားသော
      ဒေါ်အီးတုံးထံမှ မီးနီလင်းလျှက် “ကျွန်မက စိတ်ဆတ်ပြီး စွာတာကလွဲရင် စေတနာကောင်းပါတယ်၊ ဒါကြောင့် AIDSရောဂါ ကာကွယ်ဖို့နဲ့ သားဆက်ခြားကျမ္မာရေးအတွက် ပညာပေးဖို့….”
      (ဒေါင်…)
      အင်တာဗျူးသူ မနွယ်ပင်ကလည်း မီးနီလေးပြပြီး အဆိုတင်သွင်းတာက
      “ရွာထဲကရွာသူားတွေကိုလည်း ဆယ်လစ်ဘရစ်တီတွေကိုဗျူးခဲ့သလို အလှည့်ကျဗျူးဖို့နဲ့ ခွေးမွေးမထားတဲ့ အိမ်ဖြစ်ဖို့နဲ့ မိသားစုက ကိုယ်စားအဗျူးမခံဖို့……”
      (ဒေါင်…..)
      တိန် :mrgreen:

      • နွယ်ပင်

        October 6, 2011 at 10:12 am

        ဟားဟား ပန်ပန်ကတော့ လုပ်ပြီ သူလုပ်မှ ခွေးကြောက်တက်တာ တစ်ရွာလုံးသိတော့မယ် 🙂

  • nozomi

    October 6, 2011 at 9:21 am

    ထို့ကြောင့် သူမကို ဆူး ဟု ခေါ်သည်

    နောက်အပိုင်းတွေ ဆက်စောင့်နေပါသည်
    မြန်မြန်တင်ပေးပါ

  • blackchaw

    October 6, 2011 at 9:26 am

    အိန်ဂျလီနာ ဆူး ရေ။
    အသားမဲ တဲ့ လူတွေကော ပွဲတက်ခွင့်ပေးလားဗျ။

  • pan pan

    October 6, 2011 at 10:07 am

    ဘွားဆူးက ရွာထဲက ရွာသူားအပေါင်းကို အားလုံးပွဲတက်ခွင့်ပေးပြီး
    အားလုံး မိမိတို့၏အဆိုကို လွတ်လပ်စွာ တင်သွင်းနိုင်ပါတယ်တဲ့
    အရမ်းတော်တဲ့ ဘွားဆူး 😀

  • နွယ်ပင်

    October 6, 2011 at 10:11 am

    မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေးပြထားတာပဲ ဆူးရယ်
    ရီရတာလဲ အရမ်းပဲ …….. နောက်အပိုင်းတွေကို ဆက်လက်အားပေးနေမယ်နော် ……..

  • ကြောင်ကြီး

    October 6, 2011 at 10:19 am

    သဂျီးကို တဒေါင်ဒေါင် စွတ်မတီးနေစေနဲ့အုံး။ ထမင်းစားချိန်ရောက်လို့ အောက်ကလူတွေ ဗိုက်ထဲက ဂွီဂွီဂွမ်ဂွမ် သံစုံမြည်သံများကိုလည်း နားစွင့်ပါအုံးလို့..။ သဂျီးပေးတဲ့ ငါးပြားနဲ့ ဘာမှလုပ်လို့ မရဘူး။ အစည်းအဝေးတက်သူ အားလုံးစု မုန့်တခုဝယ်ပြီး အနံ့ရှုကြပါ..။ roll:

  • စုံ စုံ

    October 6, 2011 at 10:31 am

    တော်လိုက်တဲ့ဆူး
    စာရေးတတ်တာများ လက်နဲ့ဦးနှောက်ကိုရွှေချထားရမယ်
    ဒီပို့စ်နဲ့တင် ပြင်ပကမ္ဘာကဆူးကဘယ်လိုဉာဏ်ပညာမျိုးရှိတယ်ဆိုတာမှန်းလို့ရတယ်
    နောက်အပိုင်းတွေလဲဆက်လက်အားပေးနေမယ်နော်

  • htoosan

    October 6, 2011 at 10:31 am

    အားပေးမူ စည်းလုံးပျော်ရွင်မူ့တွေက အတော် ပျော်စရာဖြစ်ပြီး အနီကဒ်များ မတွေ့ရ အစိမ်းကဒ်များသာ တွေ့ရတာလည်း ဒေါ်ဆူးရဲ့ အောင်မြင်မူ့ပါ။

  • intro

    October 6, 2011 at 11:26 am

    အရမ်း… ဂွတ်ထ… ဂွတ်ထ၊ တော်လိုက်တာနော်….

  • windtalker

    October 6, 2011 at 12:17 pm

    မျက်ခုံးလှုပ်နေသော သူကြီးအတွက်
    ရော့..ဒီမှာ နောက်တစ်ဘူး
    မှတ်ချက် ဘီယာအေးအေးလေး

  • chitlay

    October 6, 2011 at 12:43 pm

    ဟားဟား .. ရေးလဲရေးတတ်ပါ့ ဆူးရယ် အပိုင်း(၃)မှာ ဘယ်သူတွေ ဘာအဆိုတွေ တင်သွင်းမလဲဆိုတာ စောင့်ဖတ်နေမယ်နော် …

  • manawphyulay

    October 6, 2011 at 1:16 pm

    အဆိုတင်သွင်းတာကလည်း လွှတ်တော်ထက် ပိုကြာမယ်ထင်တယ်။ ခုမှ အစပိုင်းပဲရှိသေးတယ်။ တင်သွင်းတုန်းဆိုတော့ ပယ်ချမယ့်အခန်းတွေလည်း ဆက်ရေးပေးဦးနော် ဆူး….
    ဝါးရင်းတုတ်နဲ့ခေါင်းလောင်းထိုးတာက သူကြီးကတော် ခေါ်လာသေးတယ်မလား။ သူများ ဖြစ်နေမလား… 😛

  • hmee

    October 6, 2011 at 1:33 pm

    ရီလိုက်ရတာ အန်တီဆူးရေ….။ အိပ်ရာနိုးနိုးခြင်း ရွာထဲဝင်ပြီး အပိုင်း(၂) အရင်ရှာဖတ်ရတယ်။ သိချင်လွန်းလို့။ အမ ရွာထဲရောက်တော့ လူတောင် တော်တော်စုံနေပြီ။ တယောက်ခြင်းကို သရုပ်ဖော်ထားတာ ဖတ်ပြီး ရီနေတာ။ အဲ…ကိုယ့်အလှည့်ရောက်မှ သဘောကျလွန်းလို့ ရီလိုက်ရတာ မျက်ရည်တောင် ထွက်တယ်။ ရေးလည်း ရေးတတ်ပါ့။ သဂျီးတော့ တော်တော် ချွေးပြန်နေပြီ ငါ့ပိုက်ပိုက်တွေ ကုန်ပါပြီ ဆိုပြီး။

  • that naing oo

    October 6, 2011 at 9:55 pm

    ဆူး တို ့ကို မေ ့နေတာလားဗျာ……….ဟိဟိ

    • ဆူး

      October 6, 2011 at 10:33 pm

      အစည်းအဝေး ခန်းမ ထဲမှာ နားထောင်ပြီး ထိုင်ငိုက်နေတဲ့ လူတွေ က စကားသံ မကြားလို့ ပိုစ်ထဲမှာ မပါ ခဲ့ဘူး။

  • meelay

    October 7, 2011 at 12:58 pm

    ရွာတော်ရှင် ဖွားဆူး ပီသပါပေတယ်… ဆူးရေ …….. ရီလိုက်ရတာ … ရွာသားတွေ နောက်ဆို အနေအထိုင် အပြောအဆို ဆင်ခြင်ကျ … သဂျီး .. ပွိုင့်လဲ တိုးပေးလိုက်ရော ရွာထဲကို ဝင်လို့မရတာ (၂)ရက်ရှိပြီ … အခုမှပဲ ဝင်လို့ရတော့တယ် …..

  • GreeNSheeP

    October 7, 2011 at 1:20 pm

    ကျွန်တော်တို ့က အခုမှ
    ဂေဇက်ကို ရောက်တာဆိုတော့
    အစည်းအဝေးပွဲ ရှိမှန်းမသိလိုက်ရတာ
    နာတယ်ဗျာ
    နောက်များတော့ မပျက်မကွက်
    တက်ရောက်မယ် ဗျို ့

Leave a Reply