Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီနေ့ ဗျူးကြမယ်။

who whoOctober 8, 20111min41413

ဒီနေ့တော့ ကျနော့ခန္ဓာအိမ် ခန်းမထဲမှာ အင်တာဗျူးပွဲလေး တစ်ခု လုပ်ဖြစ်ပါတယ်။ လုပ်မယ့်အချိန်က နံက် (၁၀)နာရီ တိတိမှာပါ။ အင်တာဗျူး အစီအစဉ်အရ စိတ်ကလေးကို အင်တာဗျူးလုပ်ရမှာပဲ ဖြစ်ပါတယ်။ ကျနော်က အင်တာဗျူးမယ့်သူ ဆိုတော့ ကြိုရောက်နေနှင့်တာပေါ့။ အင်း (၁၀) နာရီ ထိုးပြီး ငါးမိနစ်လောက်ကျမှ စိတ်ကလေးက ခန်းမထဲကို အမောတကော ပြေးဝင်လာပါတယ်။ ကျနော်တို့ရဲ့ အင်တာဗျူးခြင်း စတင်ပါပြီ။
ဗျူး – စိတ်ကလေးရေ မင်း ကြည့်ရတာ တော်တော်လေး မောနေပုံပဲ။ ဘယ်တွေသွားနေလို့ နောက်ကျပြီး ခုလိုတွေ မောနေရတာလဲ။ ပြောစမ်းပါဦး။
စိတ် – ဟုတ်ကဲ့ပါ။ ကျနော်ကတော့ အမြဲလိုလို အာရုံခင်းသောလမ်းမှာ လျှောက်နေရသူမို့ ခုလည်း အာရုံတွေရဲ့ နောက်ကို လိုက်နေရင်းက ပြေးလာရ ခြင်းဖြစ်ပါတယ်။
ဗျူး – ဒါဆို မင်းက ဘယ်လို အာရုံတွေနောက်ကို လိုက်တာလဲ။ ပြောစမ်း ပါဦးကွာ။
စိတ် – ကျနော်ကတော့ အဆင်းအာရုံ၊ အသံအာရုံ၊ အနံ့အာရုံ၊ အရသာအာရုံ၊ တွေ့ထိစရာ အာရုံတွေနောက်ကို လိုက်နေရပါတယ်။
ဗျူး – မင်းကွာ ကိုယ့်ဘာကိုယ် အေးအေးမနေပဲ ဘာလို့များ အဲလိုတွေနောက် လိုက်နေရတာလဲကွာ။ မမောပေဘူးလား ။ ပြောစမ်းပါဦး။
စိတ် – အင်း ဖြေရမယ်ဆိုရင်တော့ ရှက်တော့လည်း ရှက်စရာပါပဲ ။ ကျနော်က အဆင်းလှလှလေးမြင်ရင် လိုချင်လိုက်တာပဲ။ အသံ ကောင်းကောင်းလေး လည်း ကြားချင်လိုက်ပြန်ရောဗျာ။ နောက် အနံ့မွှေးမွှေးလေးဆိုလည်း ရှုချင် ပြန်တာကိုးဗျ ။ အဲလိုပဲ အရသာကောင်းကောင်းဆိုလည်း စားလိုက်ချင်တာပါ ပဲ ။ နောက် အထိအတွေ့လေးလည်း ခံစားချင်သေးတယ်ဗျ။ အဲဒီတော့ ကျနော့မှာ ဘယ်တော့မှ အားရ နားရတယ်ကို မရှိပါဘူးဗျာ။ ဘယ်ဟာမှလည်း အလွတ်မပေးချင်ဘူးလေ။ ဒီတော့ ဒီအာရုံတွေ ခင်းပေးလိုက်တဲ့ အဆုံးမရှိ သော ပြေးလမ်းမှာပဲ ပြေးနေရပါတယ်လေ။
ဗျူး – အော် မင်းက အဲလိုကြောင့် အလုပ်တွေ မအားဖြစ်နေရတာပေါ့နော်။ နို့ နေစမ်းပါဦး။ မင်းအဲလို လိုက်နေ ၊ ပြေးနေတော့ ဘယ်လိုခံစားရလဲ ပြောပါဦး။ ပျော်ပဲပျော်နေသလား။ မောပဲမောနေသလား ဆိုတာလေးလေ။ ဆက်စမ်း ပါဦး။
စိတ် – အင်း ပြော မပြောချင်ပါဘူးဗျာ။ ကျနော်ထင်တာက အဲလို အာရုံလေးများ ရခဲ့ရင် ပျော်ရွှင်ရလိမ့်မယ်။ ချမ်းသာရလိမ့်မယ်လို့ ထင်နေ တာလေ။ ..
ဗျူး – အင်းလေ အဲလိုမဟုတ်ဘူးလား။ (ကြားဖြတ်ပြီး ဝင်ထောက်လိုက်သည်)
စိတ် – ဘယ်ကလာ ဆရာရယ်။ ကျနော်ဖြင့် နောက်ဆုံးတော့ လိုက်ရင်း ပြေး ရင်း ဖတ်ဖတ်မောပြီး ကျန်ခဲ့ရတာပါပဲ။
ဗျူး – ဘယ်လိုလဲကွ ။ ငါ နားမလည်လို့ ရှင်းစမ်းပါဦး။
စိတ် – ဒီလိုလေ ဆရာရေ..။ ကျနော်က အဲဒီ အာရုံတွေနောက်ကို လိုက်တယ် ဆိုကတည်းက လိုချင်၊ ရချင်စိတ်နဲ့ လိုက်နေရတာကိုး။ အဲဒီတော့ လိုက်နေ ရင်းကနေလည်း ကိုယ်လိုသလိုမှ ရလာပါ့မလားရယ်လို့ တွေးပူပြီး အပူတန်း လန်းနဲ့ လိုက်နေရတာကိုးနော်။ အဲဒီတော့ ရှေ့က လောဘတဏှာရဲ့ ဦးဆောင်ရာနောက်ကို နောက်က သောကတွေ ပရပွနဲ့ လိုက်နေရမှတော့ မောရောပေါ့ဗျာ။
ဗျူး – အင်း မင်းရဲ့ဘဝကလည်း တော်တော်လေး စိတ်ပျက်စရာပဲနော်။ ဒါဆို မောအလကားပဲပေါ့နော့။ မင်းလိုချင်တာက သုခလေ၊ လိုက်ရင်းကနေ ရနေတာက ဒုက္ခ ဆိုတော့ ….ဟူး ..ငါတောင် မင်းအစား မောလာပြီ။ မင်းအဲလို သိရင် နောက်မလုပ်နဲ့တော့ပေါ့ကွ။ ခုက သိပြီးဆက်လုပ်နေမှတော့ ဘယ် သက်သာတော့မလဲကွာ။
စိတ် – ဆရာရယ် တကယ်တော့ ကျနော်လည်း ချမ်းသာချင်လို့ လိုက်နေတာပါ ပဲ။ ချမ်းသာလာမှာပဲလို့ မျှော်လင့်ရင်း ဆိုတော့ ရနိုး ရနိုးနဲ့ ပဲ ….ခုဆို စိတ်မှာ ဒဏ်ရာ ဒဏ်ချက်တွေပဲ ပြည့်နေပါပြီ။
ဗျူး – အော…အဲဒါနဲ့ပဲ မင်းက ငါ့ရဲ့ “ချမ်းသာလိုသူများအတွက်သာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဒီအင်တာဗျူး အစီအစဉ်မှာ ရောက်လာတာပေါ့လေ။
အဲလိုလား ပြောပါဦး။
စိတ် – ဟုတ်…ဟုတ်..ပါ…တယ် ဆရာရယ်။ ကျနော် ဘယ်လို နေရင် ချမ်းသာ မှု အစစ်ကို ရမှာပါလဲ ဆရာ။ အမိန့်ရှိပါဦး ဆရာရယ်။
ဗျူး – ကဲ ဟုတ်ပါပြီ ။ ဒါဆိုရင်တော့ မင်း မနက်ဖြန်ကစပြီး သင်ပြပေးမယ့် ချမ်းသာရေး လမ်းညွှန် သင်တန်းကို တက်ခွင့်ရသွားပါပြီ။
စိတ် – တကယ်လားဆရာ..။ ကျေးဇူးတင်လိုက်တာ ဆရာရယ်။ ကျနော်က တကယ်ကို ချမ်းသာချင်လို့ပါ ဆရာရယ်။ ကျနော့ကို ပြန်ခွင့်ပြုပါဦးနော်။

13 comments

  • TTNU

    October 9, 2011 at 12:42 am

    ခန္ဓာအိမ်ထံ စိတ်ပြန်ဝင်လာပုံရေးပြတာ စိတ်ဝင်စားစရာကောင်းတယ်။
    အာရုံခင်းသောလမ်းမှာလျှောက်ပြေးနေတဲ့ စိတ်ကလေး ကြည့်ပြီး ကိုယ်တောင် မောလာမိတယ်။

    • whowho

      October 9, 2011 at 10:30 am

      ဟုတ်ပါ့။ သူ့ခမျာလည်း ဘယ်တော့များမှ နားရမယ်မသိ။
      သမာဓိမဂ္ဂင်လေးနဲ့ ငယ်ထိပ်က အုပ်ကိုင်ပြီး ထိန်းမှငြိမ်မယ်နော်။

  • minmahar

    October 9, 2011 at 1:03 am

    “ ဘယ်ကလာ ဆရာရယ်။ ကျနော်ဖြင့် နောက်ဆုံးတော့ လိုက်ရင်း ပြေး ရင်း ဖတ်ဖတ်မောပြီး ကျန်ခဲ့ရတာပါပဲ။ ” ဆိုတဲ့ စာသားလေး သဘောကျတယ်ဗျာ ..
    ဆက်ဖက်ရင်း ဖက်ရင်းနဲ့ ၂ – လုံးထီ ထိုးတဲ့သူရဲ့ စိတ် နဲ့ ခန္ဓာ ကို ပြေးမြင် မိပါတယ် ..
    ခေါင်စဉ်ကလဲ “ ချမ်းသာလိုသူများအတွက်သာ ” ဆိုတော့ ပိုလို ဂွင်ကျ သွားတယ် ..

    • whowho

      October 9, 2011 at 10:35 am

      ဟုတ်ပါရဲ့။ သူက ချမ်းသာချင်ရှာလို့ အာရုံတွေနောက် လိုက်ရှာတာပါ။ ခက်တာက လိုက်လေ ဝေးလေဖြစ်နေရှာတဲ့အကြောင်းလေး မြင်မိလို့ ချရေးလိုက်တာပါ။

  • ညီလေး

    October 9, 2011 at 6:01 am

    နံက်စောစောအိပ်ရာကနိုးနိုးချင်းဗြူးကြည့်ပေးပါလားဆရာရယ်…. ကျွန်တော်လည်းအဲဒီသင်တန်းကိုစိတ်ဝင်စားလို ့ပါ။

    • whowho

      October 9, 2011 at 10:32 am

      ကျနော် ဒီစိတ်ကလေးကို သင်တန်းပေးဖြစ်ပါတယ်။
      သင်တန်းမှာက သူ့ကို အဆင့်ဆင့် သင်ခန်းစာလေးတွေ တိုးတိုးပြီး လေ့ကျင့်သင်ကြားပေးသွားမှာမို့ စိတ်ပါဝင်စားတယ်ဆိုရင်တော့ နောက်နေ့မှာ ဆက်လက် ဖော်ပြသွားပါ့မယ်။

  • blackchaw

    October 9, 2011 at 10:45 am

    whowho ရေ။
    ကျွန်တော် whowho ရဲ့ ပို့စ်တွေကို အမြဲဝင်ဖတ်ပါတယ်။
    ဝင်တော့ မမန်းဖြစ်ပါ။ မန်း ရလောက်အောင်လည်း အရည်အချင်းမမီလို့ပါ။
    စိတ်ဝင်စားကြောင်းတော့ ဝင်ပြီး အားပေးပါရစေ။ ဆက်လက်ဖေါ်ပြနိုင်ပါကြောင်း။

    • whowho

      October 9, 2011 at 10:46 am

      ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ လိုအပ်ချက်များရှိပါက ပြုပြင်လမ်းညွှန်နိုင်ပါကြောင်း…

  • windtalker

    October 9, 2011 at 12:20 pm

    စိတ်ကလေး ကို ချမ်းသာစေချင်ပါတယ်
    စိတ်ကလေး ချမ်းသာဖို ့အတွက်
    ခါနာ ချမ်းသာဖို ့၊ အာကေ ချမ်းသာဖို ့အတွက်နောက်ကို
    အမြဲတမ်း အပြေးလိုက်နေရတာမို ့
    စိတ်ကလေး ချမ်းသာဖို ့အရေး
    ဝူဝှူး ရဲ ့စာတွေ ပဲ လာဖတ်တော့မယ်
    ဝူဝှူးရေ

  • manawphyulay

    October 9, 2011 at 12:53 pm

    ဒီလိုပါပဲ လူ့ဘဝဒီလောကက မလွတ်မြောက်မချင်း စိတ်ချမ်းသာတယ်ဆိုတာ အမြဲမရှိနိုင်ပါဘူး။ လောဘ၊ ဒေါသ မောဟတွေကို တတ်နိုင်သရွေ့ နှိမ်နင်းနိုင်မှသာ စိတ်ကို ခဏတာ အေးချမ်းမှုကို ခံစားရရှိမယ်လို့ မြင်မိပါတယ်။ တဒင်္ဂချမ်းသာရရှိရင်တောင် အတော့်ကို နေသာထိုင်သာရှိတဲ့ စိတ်ချမ်းသာမှုတစ်ခုပါပဲရှင်။

  • whowho

    October 9, 2011 at 3:50 pm

    ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။
    ဒီနေ့ကစလို့ စိတ်ကလေး ချမ်းသာစေဖို့ အမြန်ဆုံး ကယ်တင်ကြပါစို့လား။
    တို့တာဝန်အရေးထဲမှာ ကိုယ့်စိတ်ချမ်းသာစစ်နဲ့ ချမ်းသာစေရေးဆိုတာလေးပါ ထပ်တိုးထည့်လို့ သူ့ကို စနစ်တကျ သင်တန်းပေးဆုံးမပြုပြင်သွားကြပါစို့လို့ တိုက်တွန်းအားပေးလိုက်ရပါတော့တယ်။

  • nature

    October 9, 2011 at 9:46 pm

    ကောင်းလိုက်တာ whowho ရေ။ ရေးလဲရေးတတ်ပါပေတယ်။ ချမ်းသာရေးလမ်းညွှန်သင်တန်းမှာ ကျနော့်ကိုစာရင်းသွင်းထားပေးပါ။ လူတွေက ကောင်းရာသုဂတိရောက်ရပါလို၏ လို့ ဗုဒ္ဓဘာသာဝင်တွေတော်တော် များများ ဆုတောင်းကြတယ်။ ကောင်းရာသုဂတိဆိုတာ အခုလို သာသနာနဲ့ တွေကြုံတဲ့အချိန် ကိုယ်ကလည်း ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူ ဖြစ်နေချိန် ကောင်းရာသုဂတိကို ရောက်ရပါလို၏ လို့ဆုတောင်းတဲ့သူတွေဟာ ဆင်ကောင်ကြီးတွေ့ပြီးမှ ဆင်ခြေရာ လိုက်ရှာနေတဲ့သူတွေလို့ထင်မိတယ်။ ဗုဒ္ဓက ဓမ္မသည်သာထာဝရအားကိုးရာအစစ်လို့ ဟောခဲ့ပါတယ်။
    http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/MP3Disc01/030-DrNandamalabhivamsa-DhammaTheeTharKoeKawelYar.mp3

    • whowho

      October 11, 2011 at 9:45 am

      ဟုတ်ကဲ့။
      ကျနော်တို့ရဲ့ ချမ်းသာရေးလမ်းညွှန်သင်တန်းကတော့ စိတ်ကလေးကို ဒိုင်ခံပြီးဒုက္ခပေးနေတဲ့ တရားခံတွေကို ရှာပြီးမှ သင်တန်းပေးရင်ပိုကောင်းလိမ့်မယ်လို့ တွေးမိတာမို့ ရန်သူစေတသိတ် တွေက ဘယ်သူများလည်းဆိုတာလေး ဆက်လို့ရှာဖွေကြပါစို့လား။ ရန်သူအကြောင်း ကောင်းကောင်းသိမှ တိုက်ကွက်စဉ်းစားလို့ သင်တန်းပေးကြမယ်လေ။

Leave a Reply