Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုးတန်းကျောင်းသား ကျွန်တော့ရဲ့ရှင်းတမ်း

BurmaOctober 11, 20111min67426

♦ ကျွန်တော့ရဲ့ ပို့စ်တစ်ခုနဲ့ပက်သက်ပြီး ကျွန်တော့ရဲ့ အသက်အရွယ်နဲ့ ကျွန်တော့ရဲ့ ပညာအရည်အချင်း နဝမတန်းကို လွန်ခဲ့တဲ့ နှစ် ၂ဝ က နဝမတန်းကျောင်းသားဖြစ်မယ်လို့ ပြောသွားတဲ့အတွက်တကယ်ကို ရယ်ချင်မိပါတယ်။ ဘာလို့လဲဆိုတော့ နဝမတန်းကျောင်းသားတစ်ယောက် ဟာ ဒီလိုမရေးနိုင်ဖူးလို့ ထင်နေတဲ့သူရှိနေသေးလားဆိုပြီး အံ့ဩမိပါတယ်။ ရှင်းလင်းပေးပါရစေ
ကျွန်တော် ဒါမျိုးရေးတယ် ဆိုတာ ကျွန်တော့ရဲ့ BLOG ရေးချင်တဲ့ဝါသနာ ကြောင့် ၊ ကျွန်တော့ကိုယ် ကျွန်တော် ယုံကြည်တာကြောင့် ကျွန်တော်ရေးပါတယ်။ ကျွန်တော်ရေးနိုင်တယ်ဆိုတာကလည်း ကျွန်တော့ရဲ့ ဖခင် ၊ ကျွန်တော့ရဲ့ ပတ်ဝန်းကျင်ရဲ့ ကောင်းကျိုးတွေ အများကြီးပါပါတယ်။ (ကြွားတယ်လို့မထင်လိုက်ပါနဲ့) ကျွန်တော် ဒီ ကွန်ပျူတာဆိုတဲ့အရာကို ကျွန်တော် 5 နှစ်သားကတည်းက စတင်အသုံးပြုခဲ့တယ်။ ဒီအတွက် ကျွန်တော် မြန်မာစာ Font ကိုထားလိုက်ဦး English Font ကို ကျွမ်းကျွမ်းကျင်ကျင်ရိုက်နိုင်တယ်။ ကျွန်တော် Internet ဆိုတဲ့အရာကို 4 တန်းမှာစသုံးတတ်ခဲ့တယ်။(ကျွန်တော့အဖေကို ကျွန်တော်ဒီကနေ ကျေးဇူးတင်ပါတယ်။ဒီကနေ ကန်တော့ပါတယ်။) ကျွန်တော်က ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါတဲ့အတွက် တစ်ပတ်ကို ဂျာနယ် နှစ်စောင် ယူတယ်။ ကျွန်တော် DVB ကို နေ့တိုင်း လိုလိုကြည့်ဖြစ်တယ်။ ဒါမျိုး ငယ်ငယ်ကတည်းက ကွန်ပျူတာနဲ့ရင်းနှီးတဲ့ ၊ စာဖတ်တဲ့ ကလေးတစ်ယောက်က ဒါမျိုးမရေးနိုင်ဖူးလို့ စာဖတ်ပရိတ်သတ်က ထင်ပါသလား။ ကျွန်တော်ရေးသားလိုက်တဲ့ Blog က ကျွန်တော့အသက်အရွယ်နဲ့ မအပ်စပ်တဲ့ Blog တစ်ခုဖြစ်ပေမဲ့ အဲဒိအတွက် ကျွန်တော် ဂရုမစိုက်ဖူး။ ကျွန်တော်ရေးချင်တာ ကျွန်တော် ထင်တာကို ကျွန်တော်ခုနှစ်တန်းကတည်းက ဒီမှာ ကျွန်တော်ရေးတာ Post 30 ကျော်နေပါပြီ။
ဒီလိုမျိုး ကိုးတန်းကျောင်းသား က လွန်ခဲ့တဲ့ နှစ် ၂ဝ က နဝမတန်းကျောင်းသားဖြစ်မယ်လို့ ပြောသွားတဲ့ တကယ်ကို ဝမ်းလည်းဝမ်းနည်းမိ ၊ တကယ်လဲ ထင်မထားမိပါဘူး။ မရှင်းတာရှိသေးရင် Comment ချန်ထားခဲ့လိုက်ပါ။
ကျေးဇူးတင်ပါတယ်။

26 comments

  • windtalker

    October 11, 2011 at 8:59 pm

    ညီလေး ရေ
    ညီလေးကို အကိုကြီး လုံးဝ အထင်မသေးခဲ့ဘူး ဆိုတာကို
    ဒီကွန်မင့် နဲ ့ဆန္ဒပြု ခဲ့ပါတယ်နော်

  • tharaye

    October 11, 2011 at 9:27 pm

    အထင်မသေးရဲပါ စာရိုက်တတ်တာ ၃ လ သာသာပဲရှိပါသေးတယ် ပို့စ်လဲ တစ်ခု သာတင်ထားဆဲပါ။
    ဒီကထက် စာရင် အများကြီးသာပါတယ်။ ဝေဖန်တာ အမျိုးမျိုးတော့ရင်ဆိုင်ရမှာပေါ့နော် ၊
    ဆက်လုပ်ပါ ။

  • ရွှေအိမ်စည်

    October 11, 2011 at 9:31 pm

    သို ့….

    သားငယ်ရေ

    ရင်ထဲ ကခံစားရခက်လာရင်…ကျောင်းသားကဒ်လေးကော်ပီတင်ပေးလိုက်…။
    ဒါဆို…ရှင်းတယ်..။

    တခုတော့ရှိတယ်…သားငယ်(ကိုးတန်းကလေးဆိုဒီလိုခေါ်မယ်နော်)
    သားငယ်ကစာရေးတာဝါသနာပါတယ်ဆိုရင်တော့ဒီလိုရေးတာစိတ်မဆိုးရဘူး၊
    ဝမ်းလည်းမနည်းသင့်ပါဘူး……ဝေဖန်တာခံနိုင်လေလေကိုယ့်အရည်သွေးတိုးတက်တယ်။
    ဝေဖန်ခံနိုင်မှဘဲ..ကိုယ်ဘာတွေလိုတယ်…သိမှာလေ..ကောင်းပါတယ်ဆိုတဲ ့စကားထက်….
    ထောက်ပြတြ ့စကားကိုတန်ဖိုးထားလိုက်ပါ…။

    ပြောတဲ ့သူတွေ ကတော့အွန်လိုင်းမှာဒီလိုတွေ တွေ ့ဘူးတာလည်းပါမယ်…အမအပါဝင်ပေါ့
    အမကြုံဘူးတဲ ့တစ်ယောက်လည်း၁၅ နှစ်သားလို ့ပြောပြီး….ဘာသာပြန်အဖွဲ ့မှာ….အသက်၁၅ နှစ်ထက်ပို တြ ့အသိတွေ ရေးတယ်…..တကယ်တော့(သိသူများကသူဟာ၂၈ နှစ်လို ့ဆိုကြတယ်)

    အမလည်းမသိချင်လို ့မမေးတော့ပါဘူး….ကိုယ်သူ ့အသက်စိတ်မဝင်စားဘူး..သူဘာသာပြန်လေးတွေ ကြိုက်တယ်လေ။

    တခုပေါ့…..သားငယ် က ကိုးတန်းလား…
    ၁ဝတန်းလား….စာဖတ်သူက .စိတ်မဝင်စားဘူး….

    ထို ့နည်းတူဘဲ……
    တခြားဘလော ့ဂါတစ်ယောက်က…..အတန်းပညာအရည်အချင်း..(ဆရာဝန်လား..ဘာညာ အမတော့စိတ်မဝင်စားဘူး)သူဘလော ့ကကောင်းရင်ဖတ်မယ်….။
    ကောမက်ရေးသင့်လောက်ရင်ရေးမယ်..မရေးချင်မရေးဘူး….

    မင်းရေးတာ..တင်ပြတာကောင်းရင်ဖတ်မယ်..အမဖတ်ဖူးတယ်.ဗူးပေါင်းအကြောင်းပါ။

    အဓီကကကိုယ်ကဘာတွေ ပေးချင်တာလည်း……
    သူများစာဖတ်တော့ကော..ကိုယ်ဘာရလည်း….
    သူရေးနည်းလေးကဘယ်လို…
    ကိုယ်လည်းနောက်ဆို..အသုံးအနှုံး ပြင်ချင်ပြင်မယ်…

    လောကမှာ…မကောင်းတာပြောလည်းအပစ်မတင်ပါနဲ ့..အခုနေသားငယ်စိတ်မကောင်းဖြစ်နေမှာစိုးလို ့အမကစာရေးပေးတာ

    မကောင်းတာတွေပြောတာကြားတော့ဝမ်းနည်းတယ်..တိုးတက်ချင်လာတယ်…..ဒါဆိုသူ ့ကိုကျေးဇူးတင်လို က်…သူကြောင့်ကိုယ့်ဝမ်းနည်းပြီးပိုတိုးတက်လာလို ့ဘဲ…ပေါ။့ဟုတ်တယ်ဟုတ်

    သားငယ်ရေ…လက်ချောင်းတွေ ကိုကြည ့် အတိုအရှည်..အပိန်အတုတ်ကွာတယ်…
    လူတွေ ရဲ ့စိတ်အတွေ းက…သေးသိမ်တာရှိသလို..ပြည့်ဝတာရှိတယ်….

    လူတွေ ကိုလူတွေဘဲမြင်ပါ….
    လူတွေ ကဘာဘဲပြောပြော..ချစ်လို ့ပြောတယ်ဘဲမှတ်ယူလိုက်နာပါ။

    ..သားငယ်တစ်ယောက်ပျော်ရွှင်စွာနဲ ့စာပေခရီးလျှောက်လှမ်းနိုင်ပါစေ

    ခင်မင်သော
    ရွှေအိမ်စည်

    ရွှေတောင်မ ှမီးနဲ နာနာထိတွေ ထိုခတ်ပေးပါမှရွှေရည်တက်ပါတယ်….
    ဘဝဆိုတာလည်းဝေဖန်ခံနိုင်လေပိုတိုးတက်လေဘဲ…ကြိုးစားးးးးးးးးးးးးးး

    • Burma

      October 12, 2011 at 8:44 am

      ♦ အခုလို လမ်းညွှန်ပေးလို့ကျေးဇူးတင်ပါတယ်။ အမ ပြောသလို ဒီ့ထက် Post တွေတင်နိုင်သလောက် တင်ပါဦးမယ်။

  • MaMa

    October 11, 2011 at 9:59 pm

    ကိုယ့်အသက်အရွယ်နဲ့ မလိုက်အောင် တော်နေလို့ မယုံကြည်နိုင်ဖြစ်ရတာမို့ (ကိုယ်ကသာ အမှန်အကန်ဆိုရင်) ဂုဏ်ယူလိုက်ပါ Burma ရေ။

  • youngcat

    October 12, 2011 at 7:06 am

    ကျွန်တော် ကွန်ပျူတာဆိုတဲ့အရာကို 5 နှစ်သားကတည်းက စတင်အသုံးပြုခဲ့တယ်။
    ကျွန်တော် Internet ဆိုတဲ့အရာကို 4 တန်းမှာစသုံးတတ်ခဲ့တယ်။
    ဟိုကြောင်လေးဆိုတဲ့အကောင်နဲ့တော့ ကွာပ။

  • thit min

    October 12, 2011 at 7:38 am

    ဒီလိုကွာ။
    အွန်လိုင်းပေါ်မှာကလိမ်ညာမှုတွေရှိနေတယ်မဟုတ်လား။
    ကလေးအဖေတွေကလည်းလူလွတ်ပုံစံနဲ့တွေ့ရင်တွေ့သလိုကြောင်ကြ။
    ကလေးအမေအိမ်ထောင်သယ်တွေကလဲ ပဲ တွေရောင်းကြ။တခြားပုံစံတွေလဲအများကြီးကွာ၊သိမှာပါ။
    အများအားဖြင့်လိမ်ကြတာအသက်ကွ။အဲဒါကြောင့်ခုလိုအထင်ခံရတယ်လို့ ယူဆရတယ်။
    ဘာဘဲဖြစ်ဖြစ်ကိုယ်မှန်နေရင်အေးအေးဆေးဆေးပေါ့ကွာ။သူမှာလဲသူထင်ချင်သလိုထင်ခွင့်ရှိတာကိုး။
    ပြီးတော့သိပ်အရေးကြီးတဲ့ကိတ်စတော့လဲမဟုတ်ပါဘူး။
    နောက်ဆိုဘားမားလေးရေးတဲ့စာတွေကိုတောင် ဟိုလိုဖြစ်တယ်၊ဒီလိုဖြစ်တယ်လို့ဝေဖန်ခံရအုန်းမှာလေ။
    ခံနိုင်ရည်ဆိုတာရင့်ကျက်တိုးတက်ဖို့အတွက်သိပ်လိုတာပေါ့ကွာ။
    ကိုယ်အလုပ်ကိုယ် ယုံယုံကြည်ကြည်နဲ့လုပ်နေဖို့ကအရေးကြီးတာပါ။
    ဘားမားလေးအတွေးအခေါ်မြင့်မားနေလို့အထင်ကြီးပီးမယုံကြည်နိုင်ဖြစ်နေတာမျိုးဆိုရင်ဘားမားလေး
    ထင်သလိုအနှုတ်လက်ခဏာမဆောင်ပဲ၊အပေါင်းလက်ခဏာဆောင်တယ်ကွ။စဉ်းစားကြည့်လိုက်နော်။

  • chitmg

    October 12, 2011 at 8:25 am

    ဒါပေါ့လေတိုက်တာမင်းအမြင့်ကိုရောက်လာလို့လေ၊လေဟုန်စီးလိုက်စမ်းပါကိုယ့်ညီရာ………………..

  • ရွှေဘိုသား

    October 12, 2011 at 8:52 am

    ကိုယ်ဝါသနာ ပါလို. ရေးတာကွာ သိပ်ဂရုစိုက်မနေပါနဲ့
    ညီလေးက အစ်ကို.ထက် အများကြီးသာပါတယ် အစ်ကိုဆို နယ်ကနေ ရန်ကုန်ကို ဆယ်တန်းလာတက်ပြီး
    စာမေးပွဲပြီးမှ ကွန်ပျူတာ ကိုစသုံးဖူးတာ အင်တာနက်ကို လည်း ထို့အတူပါပဲ 2008 ကပေါ့ မင်းလောက်တောင် သိပ်မကျွမ်းကျင်ပါဘူး ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ရလို့ ကျေနပ်တယ် သိပ်ဂရုမစိုက်ပါဘူး
    ညီလေး အဲလိုရှင်းလိုက်တော့မှ ညီလေးက အသက်ကြီးတယ်ပြောလို့ မခံနိုင်သလို ဖြစ်နေတယ်
    သိပ်ဂရုမစိုက်နဲ့

  • ကြောင်ကြီး

    October 12, 2011 at 9:00 am

    ဟိတ်ကောင် ဘားမား။ ဟိုတခါ ငါမေးတာ မင်းမဖြေသေးဘူး။ ဘာလဲ ငါ့ညီမက မင်းနဲ့မတူမတန်ဘူး ထင်နေလား။ စပွန်ဆာ မရှိသေးတဲ့ မော်ဒယ်ဂဲကွ။ မရှိတာ မလာလို့မဟုတ်ဘူးနော် မရှာတာ။ မင်းလိုကောင်မျိုး စာမပြန်ရဲဘဲ ငြိမ်နေမှတော့ ဂျော်လကီးဖြစ်ရမယ်။ မင်းအသက်က ဒေါ်ရွှေပြေသလို အသက်ကြီးနေပြီဆိုရင်တော့ ဆောရီးပဲဟေ့။ အဲဒါဆိုရင်တော့ စပွန်ဆာကြေးတင်မှရမယ်။ စာပြန်ပါ။
    ရွှေယောက်ဖလောင်းကြောင်ကြီး 👿

    • Burma

      October 12, 2011 at 9:23 am

      ♦ နားဖောက်ဖို့ Case ကတော့ ၁ဝ တန်းပြီးလို့ ကိုယ်ပိုင် အလုပ်တစ်ခု ကိုယ့်ဖာသာကို ရပ်တည်နိုင်မှ ရှင်းလင်းကြတာပေါ့ ကိုကြောင်ကြီးရယ်. .. အသက်တော့အမှန်အကန်ကို Pure 15 ပါဗျ ၊ 😀 ၊ BEHS (.) D—n က နဝမတန်းကျောင်းသားအစစ်ပါဗျ

      • မိုက်ကယ်ဂျော်နီအောင်ပု

        October 12, 2011 at 11:36 am

        လူကလေး မောင်ပု
        ဘကြီးပုကို သွားဖြဲပြဇမ်း
        သွားနော်
        သွား
        သွား

  • teacher

    October 12, 2011 at 11:30 am

    တော်တယ်ညီလေး ။
    ဘယ်သူဘာပြောပြော ဂရုမစိုက်နဲ့ ။

  • ပုံပြောသူ

    October 12, 2011 at 3:05 pm

    အင်း…အရွယ်နဲ့ မလိုုက်အောင်ပါပဲ.. မင်းအသက်အရွယ်နဲ့ပြောရရင်..ဦးလေးတော့
    ရှက်လာတယ် ။ ရှက်လွန်းလို့ သေသာသေလိုက်ချင်တော့တာပါပဲ…
    ၁၅ နှစ်လေး ရဲ့ တော်ချက် က မလွယ်ပါလား…။

  • blackchaw

    October 12, 2011 at 4:08 pm

    ရေးလိုက်တဲ့ အကြောင်းအရာတွေက အရွယ်နဲ့ မလိုက်အောင်
    ကြီးနေလို့ လျှော့မတွက်ရဲတဲ့ သဘောပါ။
    ဘာမှ စိတ်အနှောက်အယှက် ဖြစ်မနေပါနဲ့
    အားလုံးအိုကေသွားမှာပါ။

  • ရာဇဝင်လူဆိုး

    October 12, 2011 at 4:19 pm

    …တူလေး Burma အတွေးတွေ မများနဲ့…
    …ဘေးစကားတွေ ထားလိုက်စမ်းပါ..ငါ့ကိုမင်းကြည့်…
    …မင်းခုမှ မျက်နှာမလွှဲနဲ့..ငါမျက်လုံးရဲ.တည့်တည့် ကိုကြည့်….. (အဲ..ယောင်လို. စိုင်းစိုင်းသီချင်းနဲ့မှားလို့…။)

    ဘာမှ အာရုံတွေမများနဲ. ကိုယ့်တူ..။ ကို်ယ့်အတွေးအခေါ် ၊ကိုယ်ခံစားချက်၊ ကိုယ့်ဗဟုသုတ ကိုမျှဝေတာ ဘာကိုမှသိပ်မတွေးပါနဲ့။ စာဖတ်သူအပေါ်မှာ စိတ်ရင်မှန်၊ စေတနာမှန်ထားနိုင်ဖို့ပဲ အရေးကြီးတယ်။ စာရေးတာ ကောင်းကောင်းဆိုးဆိုး ဒီအရွယ်နဲ့ စာရေးစာဖတ်ဝါသနာပါတယ်ဆိုကတည်းက ချီးကျူးသင်.နေပြီ….ဆက်လုပ်..ရဲဘော်…

  • မောင်ဘလိူင်

    October 13, 2011 at 11:23 am

    အသိ ဆိုတာ အသက်နဲ့ မဆိုင်ပါဘူးကွာ..
    ဒီလို လူငယ်တွေကို အားပေးတယ်။ လေးစားပါတယ်။
    ဆက်လုပ်ဟေ့..ငါ့ညီ..

  • etone

    October 13, 2011 at 12:50 pm

    ကလေးတွေကို လျှော့မတွက်ရဲပါဘူး … တိုးတက်နေတဲ့ ဒီခေတ်မှာ … ကလေးတွ အရမ်းကို သွက်လက်ထက်မြက်ပြီး .. လူပီသတာမြန်လွန်းတယ် … ကိုးတန်းကလေး ဒါမျိုးမရေးတတ်ဘူးလို့ … ဘယ်သူပြောပါလိမ့် 😛 နောက်တာဖြစ်ပါလိမ့်မယ် … ။

    ရွာထဲက အစ်မတစ်ယောက်ရဲ့ သားလေးဆို .. နှစ်နှစ်ပဲ ရှိသေးတယ် … သူ့အမေနဲ့ ချက်တင်လုပ်နေတုန်း …။ သားလေးက ဝင်ပြောတာ .. လူတောင် ကြောင်သွားတယ် …တကယ့်ကို တတ်ပြီး .. ကွန်ပျူတာ သုံးတတ်တာ လက်ဖျားခါလောက်အောင် ချီးကျူးမိတယ် … ။ ပတ်ဝန်းကျင် ပံ့ပိုးမှုနဲ့ … ရှင်သန်ရာဒေသ ကွာတာကြောင့်လို့ပဲ ကျွန်မတော့ မှတ်ချက်ပေးချင်ပါတယ် … ။ 🙂

  • mawmyayoo

    October 13, 2011 at 3:10 pm

    အများအကျိုး ရွက်သယ်ပိုးက ခမိုးခနဲ့ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်းကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှူ့နှင်လော့။ (ရွှေဟင်္သာဆရာတော်ဘုရားကြီး)

  • cobra

    October 13, 2011 at 3:57 pm

    ဒီမှာကဒီလိုပဲကွ…..
    ကိုယ်ပြောချင်သလိုပြောလို့မရဘူး
    တိုက်ခိုက်မယ့်သူတွေအများကြီးရှိတယ်
    အကိုလည်းတူတူပဲအစတုန်းကခံရတာပဲ
    နောက်တော့အကျင့်ရသွားလိမ့်မယ်။
    ဒါပေမယ့်တချို ့ကအတည်ပေါက်နဲ ့နောက်တာလည်းရှိတယ်လေ
    အေးဆေးပေါ့နောက်ဆို ကောင်းသွားလိမ့်မယ်။

  • Shwe Ei

    October 13, 2011 at 4:34 pm

    ကိုးတန်းကျောင်းသားက ပို့စ်တွေတင် ၊ ရှင်းလင်းချက်တွေထုတ် နဲ့ လူတတ်ကြီးလုပ်နေပါပေါ့လား။
    အန်တီတို့တော့ ခေတ်နောက်ကျပါဘီတော်။ 😀

  • GreeNSheeP

    October 13, 2011 at 5:50 pm

    ညီငယ် ဘမာ ရေ
    မင်းကို အထင်သေးတယ် ဆိုကတဲက
    မင်း အနိုင်ရနေပြီကွ သိလား

  • Amilay

    March 27, 2012 at 12:01 pm

    မင်းကိုပေးထားတဲ့ ကော်မင့်တွေများတယ်နော်
    ဝေဖန်မူတွေကိုရဲရဲ ကြီးရင်ဆိုင်လိုက်ပါ
    ကြာရင်မင်းပိုပြီးအရေအသွေးတက်လာလိမ့်မယ်
    ဒီထက်ပိုအောင်မြင်ပါစေ……..

  • kaung lay

    June 18, 2012 at 12:59 pm

    မဟောသဓာဆိုပြီးကြားဘူးတဲ့ရာဇဝင်ကို
    မယုံခဲ့ချင်းအလျဉ်းမရှိခဲ့ဘူး
    လူငယ်ပေမဲ့ပညာမငယ်တဲ့လူတွေလောကမှာတစ်ပုံကြီးပါ
    ညီလေးရေ
    မင်းအတွက်အကိုဂုဏ်ယူတယ်ကွာ။

  • ရွာစားကျော်

    June 18, 2012 at 1:42 pm

    ဆက်ကြိုးစားပါ ညီငယ် Burma ရေ
    Knowledge age မှာ ရှင်သန်ရတဲ့ ပတ်ဝန်းကျင်နဲ့ နည်းပညာနဲ့ ထိတွေ့ရတဲ့ အခွင့်အလမ်း၊ ဝါသနာ ပါမပါပေါ်မူတည်ပြီး ကျွမ်းကျင်မှု ကွာမှာပါ.. အသက် ကြီးတာ ငယ်တာ မဆိုင်ပါဘူး..
    အစ်ကိုဆိုရင် အသက် ၂၅ ကျော်မှ ကွန်ပျူတာကို ကောင်းကောင်းထိတွေ့ခွင့်ရခဲ့တာ
    ခု အစ်ကို့သား ၃ နှစ်သားက address bar မှာ http://www.y8.com ရိုက်ပြီး အွန်လိုင်းဂိမ်းကစားလို့ရတာ သိနေပြီ။ http://www.123kidtv.com ရိုက်ပြီး အေဘီစီ ကလေးသီချင်းလေးတွေ ကြည့်တတ်နေပြီလေ..
    ဘာမှ တွေးမနေပါနဲ့ညီငယ်ရေ
    ကိုယ့်သမိုင်း ကိုယ်ရေးကြရမှာပါ.. ကြိုးစားကွာ

Leave a Reply