Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပင်လယ်ကမ်းခြေသွား Conference ခရီးစဉ် နှင့် ဆင်ခြင်တွေးတော ပုံလေးတွေ အပိုင်း ( ၂ )

Foreign ResidentOctober 17, 20117min44213

ပင်လယ်ကမ်းခြေသွား

Conference ခရီးစဉ် နှင့်

ဆင်ခြင်တွေးတော ပုံလေးတွေ

အပိုင်း ( ၂ )

 

အဲဒီ Terrigal Conference မှာ

ဆရာဝန် တစ်ယောက်က မေးပါတယ် ။

 

သူ့လူနာ ယောက်ကျား တစ်ယောက်ဟာ

သူ့မိန်းမ အပြင် တခြား မိန်းမ နှင့် ဆက်ဆံတဲ့အတွက်

Minor STD ( Sexually Transmitted Disease ) ရသွားပါတယ်တဲ့ ။

 

Australia ဆရာဝန် Ethnic ( ကျင့်ဝတ် ) အရ

Communicable Disease ကို အမြစ်ပြတ်တဲ့အထိ

တာဝန်ယူ ရှင်းရပါတယ် ။

 

အဲဒီတော့ သူက

ယောက်ကျား ကော မိန်းမ နှစ်ယောက်စလုံး အတွက်ပါ ဆေးပေးပြီး ၊

ယောက်ကျားကို သေချာမှာလိုက်ပါတယ်

မိန်းမကိုပါ အဆင်ပြေအောင် ရှင်းပြပြီး ဆေးတိုက်လိုက်ပါပေါ့ ။

 

တိုက်တိုက်ဆိုင်ဆိုင် ၊ နောက်တစ်ပတ်လောက်မှာ

သူ့မိန်းမ တခြားအကြောင်းတစ်ခုနှင့်

ဆေးခန်းရောက်လာတယ်ပေါ့ ။

အဲဒီမှာ သူ့မိန်းမကို မသိမသာ အစ်အောက်မေးကြည့်တော့ ၊

သူ့ ယောက်ကျားက ဘာမှလဲမပြော

ဆေးလဲမတိုက်တာ သိရတယ်ပေါ့ ။

 

အဲဒီ ဆရာဝန်က သူ့ တာဝန်ုအရ ရောဂါကို အမြစ်ပြတ်တဲ့အထိ

မိန်းမကို တာဝန်ယူ ဆေးကုချင်ပါတယ်ပေါ့ ။

 

ဒါပေမယ့် နောက် ဆရာဝန် Ethnic ( ကျင့်ဝတ် ) တစ်ခု အရ ၊

သူ့ရဲ့လူနာ ယောက်ကျား ရဲ့လျှို့ဝှက်ချက်ကို

ထုတ်ဖေါ်ခွင့် မရှိပါဘူး ။

အဲဒီအခါ ဒီ Ethnic (ကျင့်ဝတ်) နှစ်ခုအနက်

ဘယ်ဟာကို ဦးစားပေး ရမလဲပေါ့ ။

 

အဲဒီမှာ ဥပဒေကျွမ်းကျင်ဆရာဝန ်ရဲ့ ဖြေကြားချက်က

 

Australia နိုင်ငံမှာ Adultery ( လင်ခိုးမှု / မယားခိုးမှု )

ဆိုတဲ့ ပြစ်မှုမရှိပါဘူး ။

လူ့အခွင့်အရေး အမြင်နှင့်ကြည့်ပြီး

ကိုယ့်ခန္ဓာကိုယ် ကိုယ်ပိုင်တယ် ၊

သူတစ်ပါးကို မထိခိုက်သရွေ့ ကိုယ့်ခန္ဓာကိုယ်

ကိုယ်ကြိုက်တာ လုပ်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆပါ ။

 

အဲဒီတော့ သူ့မိန်းမ ဟာလည်း

တခြား ယောက်ကျား / မိန်းမ တွေနှင့်

ဆက်ဆံနိုင်မယ်လို့ ယူဆပါတယ် ။

 

Australia လက်ရှိ ဥပဒေအရ ၊

ယောက်ကျား / မိန်းမ တစ်ဦးဦးဟာ သူ့မှာ STD ရှိမှန်းသိရင်

သူဆက်ဆံမယ့် နောက် ယောက်ကျား / မိန်းမ ကို

မဆက်ဆံခင်မှာ ကြိုတင် အသိပေးပြီး ခွင့်ပြုချက် ယူရပါမယ် ။

 

အသိ မပေး ခွင့်ပြုချက် မယူပဲ ဆက်ဆံရင်

ရောဂါကို တမင်ဖြန့်ဖြူးသလိုဖြစ်တဲ့အတွက်

Criminal Offence ဖြစ်ပြီး

ရာဇဝတ်ကြောင်း နှင့် တရားစွဲဆို ထောင်ချနိုင်ပါတယ် ။

 

အဲဒါကြောင့် ယခုကိစ္စမှာ

ဆရာဝန် Ethnic ( ကျင့်ဝတ် ) နှင့်တင်မကပဲ

Criminal Offence ရာဇဝတ်မှု နှင့်ပါ

ဆက်စပ်နေတဲ့အတွက်

မိန်းမကိုပါ အသိပေး ဆေးကုရမှာ ဖြစ်ကြောင်း ။

 

မိန်းမက သူ့ယောက်ကျားကို

တရားစွဲဆို ထောင်ချမချ ကတော့

သူတို့ကိစ္စ ဖြစ်ကြောင်း

ဖြေကြားသွားပါတယ် ။

 

ရွာသားများ ဆင်ခြင်တွေးတောနိုင်ဖို့

သူတို့နိုင်ငံ ( Australia ) ရဲ့ အယူအဆ နှင့်

ဆင်ခြင်တွေးတောပုံလေးပါ ။

 

တနင်္ဂနွေ မနက်စောစော

နေထွက်ကာစ လလည်းမပြောက်သေးခင်

ဟိုတယ်ခန်း ဝရံတာကနေ ရိုက်ထားတာပါ ။

 

နေထွက်ကာစ လလည်းမပြောက်သေးခင် ဟိုတယ်ခန်း ဝရံတာကနေ ရိုက်ထားတာပါ ။

နံနက်စောစော သဲသောင်ပြင်ပေါ်

လမ်းထွက်လျှောက်ဖြစ်တယ် ။

လ လေးကိုမြင်နေရတုန်းပဲ ။

သဲသောင်ပြင်ပေါ်မှာ တန်းစီချထားတဲ့

အမှိုက်ပုံးလေးတွေက သတိပြုမိစရာပါ ။

 

လမ်းထွက်လျှောက်ဖြစ်တယ် ။ လ လေးကိုမြင်နေရတုန်းပဲ ။

ဘာပင်မှန်းတော့မသိတဲ့

အပင်အမြင့်ကြီးတွေ တန်းစီစိုက်ထားတယ် ။

တံတိုင်းလည်း တောက်လျှောက်

သေသေခြာခြာ ကာထားတယ် ။

ဘာပင်မှန်းတော့မသိတဲ့ အပင်အမြင့်ကြီးတွေ တန်းစီစိုက်ထားတယ် ။

 

အဲဒီအပင်ကြီးတွေအောက်မှာ ၊

မြက်မပေါက်အောင် နှင့် သေသပ်လှပအောင် ၊

Wood Chip / သစ်သားဖြတ်စတွေ

အပြည့်ခင်းထားတယ် ။

တော်တော်ငွေကုန်ခံပြီး လုပ်ထားတာပဲ ။

 

Wood Chip / သစ်သားဖြတ်စတွေ အပြည့်ခင်းထားတယ် ။ တော်တော်ငွေကုန်ခံပြီး လုပ်ထားတာပဲ ။

သူငယ်ချင်းတစ်ယောက် ပြောတဲ့စကားကို အမှတ်ရမိတယ် ၊

 

” ဒီလို Facility မျိုး ၊ ဒီလို Infra Structure မျိုး ၊

ဒီလို သဘာဝပါတ်ဝန်းကျင် မျိုး ၊

ဒီလို စည်းကမ်း မျိုး ၊ ဒီလို တွေးပုံခေါ်ပုံ မျိုး ရဖို့ ၊

မြန်မာနိုင်ငံဟာ

ခေါင်းဆောင် နှင့် ဦးတည်ချက် မှန်ရင်တောင် ၊

အနဲဆုံး နောက်ထပ် နှစ် ငါးဆယ်လောက်

ထပ်တည်ဆောက်ရအုံးမယ် ။

 

ငါ မသေချာတဲ့ဟာကို

နောက်ထပ် နှစ် ငါးဆယ် မစောင့်နိုင်ဘူး ။

အထူးသဖြင့် ငါ့သားသမီးတွေရဲ့ ရှေ့ရေးကို  

လောင်းကြေးမထပ်နိုင်ဘူး ။

 

ငါ မြန်မာနိုင်ငံသား ဘဝကို စွန့်လွှတ် ပြီး ၊

Australia Citizenship ဘဲခံယူလိုက်ပြီ ” တဲ့ ။

 

ဟင်းးးးးးးးးးးးးး

ကျွန်တော်ကော ဘယ်လောက်တောင့်ခံနိုင်မှာလဲ ။

 

နံနက်စောစော သန့်ရှင်းရေး လုပ်နေကြတာ ။

 

နံနက်စောစော သန့်ရှင်းရေး လုပ်နေကြတာ ။

ဝမ်းနည်းမိတာက အလုပ်ဆိုးဆိုရင်

အာရှသားတွေပဲ ဖြစ်နေတတ်တယ် ။

ဝမ်းနည်းမိတာက အလုပ်ဆိုးဆိုရင် အာရှသားတွေပဲ ဖြစ်နေတတ်တယ် ။

 

တနင်္ဂနွေ Holiday ဆိုတော့

ကလေးတွေ ပြိုင်ပွဲ နှင့် သင်တန်း ရှိတယ် ။

တနင်္ဂနွေ Holiday ဆိုတော့ ကလေးတွေ ပြိုင်ပွဲ နှင့် သင်တန်း ရှိတယ် ။

 

ကလေးတွေ ပြိုင်ပွဲဝင်ဖို့ တန်းစီနေတာ ။

ကလေးတွေ ပြိုင်ပွဲဝင်ဖို့ တန်းစီနေတာ ။

 

ရေကူးရင် လိုက်နာရမယ့် စည်းကမ်းတွေ နှင့်

Signal တွေ ရှင်းပြနေတာ ။

 

ရေကူးရင် လိုက်နာရမယ့် စည်းကမ်းတွေ နှင့် Signal တွေ ရှင်းပြနေတာ ။

ဒီလို တောမြို့ငယ်လေးရဲ့

ကလေးတွေရဲ့ ရေကူးဝတ်စုံမှာတောင်

Sponsor Company အပြည့်နှင့် ။

 

ကလေးတွေ ရေထဲဆင်းတော့မယ်

မိဘတွေကရေထဲမှာ အသင့်ပေါ့ ။

ကလေးတွေ ရေထဲဆင်းတော့မယ် မိဘတွေကရေထဲမှာ အသင့်ပေါ့ ။

 

Surf Rescue တွေကလည်း Ready ပါပဲ ။

 

Surf Rescue တွေကလည်း Ready ပါပဲ ။

ကလေးတွေ ရေထဲမှာဆော့နေကြတယ် ၊

ငယ်တော့လဲ အမြဲတမ်း နှင့် အစွမ်းကုန် ပျော်နိုင်တာပေါ့လေ ။

ကလေးတွေ ရေထဲမှာဆော့နေကြတယ် ၊ ငယ်တော့လဲ အမြဲတမ်း နှင့် အစွမ်းကုန် ပျော်နိုင်တာပေါ့လေ ။

 

တချို့ကတော့ Surfing လုပ်ကြမယ် ။

 

တချို့ကတော့ Surfing လုပ်ကြမယ် ။

 

ကျေးဇူးတင်ပါတယ် ။

 

Foreign Resident.

13 comments

  • weiwei

    October 17, 2011 at 9:36 am

    ဆင်ခြင်တွေးတောစရာတွေ အများကြီးပေါ်လာပါတယ် …
    အထူးသဖြင့် ကလေးတွေအတွက်ပေါ့ …
    ဒီပို့စ်ထဲက ကလေးတွေ ရေထဲဆင်းတာကိုတွေ့မိတော့ ဟိုတလောက ချောင်းသာမှာ ရေနစ်ပြီး ၁ဝ တန်း ကလေး ၂ ယောက် သေဆုံးသွားတာလေးကို သတိရသွားမိတယ် …
    ကျွန်မတို့တွေလဲ နေ့စဉ် ကောင်းကောင်းနေထိုင် စားသောက်နိုင်ပေမယ့် ကလေးတွေအတွက် အမြဲတမ်း စိတ်ပူပန်နေရတာ စိတ်ပင်ပန်းလွန်းပါတယ် … ဒါပေမယ့်လဲ ဘယ်တတ်နိုင်မလဲ …. လုပ်နိုင်တဲ့အတိုင်းအတာထဲက အကောင်းဆုံးလုပ်ပြီး ဖြေရှင်းရတာပဲ …

  • zoe

    October 17, 2011 at 10:43 am

    သိသလောက် တော့ ထိုင်ဝမ်မှာ သန့်ရှင်းရေးအလုပ် ကိုအသက်ကြီးတဲ့ ထိုင်ဝမ်သားတွေ လည်းလုပ်တယ် ။ ဆောက်လုပ်ရေးလို 3Dအလုပ်တွေ တော့ ဖီလစ်ပိုင်နဲ့ ထိုင်း လူငယ် အလုပ်သမား contract နဲ့ ခန့်တာများတယ် ။ တရုတ်လို 外勞လို့ခေါ်တယ် ။

  • pooch

    October 17, 2011 at 11:28 am

    အဘဖောကြီး ပြောပြတဲ့ အထဲကနေ ဆင်ခြင်တွေးတောစရာတွေ အများကြီး ရလိုက်တယ်.
    အတွေးတွေလည်း အများကြီး တွေးမိတယ်…

    နှစ် ၅ဝ ထိ မစောင့်နိုင်လို့ သူများ နိုင်ငံသား ခံယူသွားတဲ့ သူများကိုလည်း အပြစ်မမြင်ပါဘူး..
    သူတို့ နေရာမှာ ကိုယ်သာဆိုလည်း ဒီလိုပဲတွေးမိကောင်း တွေးမိနိုင်ပါတယ်…
    ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင်ငံရဲ့ အကြီးဆုံး အဆိုးရွားဆုံး အပျက်စီးဆုံး စနစ်တခုကို ခုချိန်မှာ သူပြောသလို ပြင်လို့ ရလို့ လုပ်လို့ ရလို့ လုပ်မယ်ဆိုရင်တောင် ရှေ့ရေးက သိပ်မသေချာတာက်ို တွေ့နေမိလို့ပါ…

    သူများနိုင်ငံမှာ အသေးအဖွဲက အစ လုံခြုံမှုအပြည့်( facility) ရှိနေပေမဲ့ …ကိုယ့်ဆီမှာက
    ရပ်ကွက်ထဲက ဆယ်အိမ်မှုးတောင် ပညာမတတ်တဲ့သူ ကျန်းမာရေး အသိ မရှိတဲ့သူ ပတ်ဝန်းကျင်ဆိုတာကို ဘယ်လို ထိန်းသိမ်းရမှန်းတောင် မသိတဲ့သူတွေပါ .. စနစ်ဆိုး တခုရဲ့ သားကောင်ဟာ တတိုင်းပြည်လုံး ကျိန်စာတိုက်ခံထားရတာပါ..

    ကိုယ်တိုင်ကတော့ ကောင်းချင်ကောင်းမကောင်းချင်နေ နှစ် ၅ဝ မကလို့ နှစ် ၁၀ဝ ပဲ စောင့်ရ စောင့်ရ သူတို့ လို ဖွံ့ဖြိုးတိုးတက်နေတဲ့ တိုင်းပြည်လိုမျိုး ကို မြင်ရဖို့ အုတ်တချပ် သဲတပွင့်အနေနဲ့ ပဲ ပါရပါရ လုပ်ပေးချင်မိပါတယ်..

    အနည်းဆုံး ကိုယ့်ရဲ့ သဘောကို မဲတခုနဲ့ ပဲပေးနိုင်ပေးနိုင်၊ ဒီလို နေရာမျိုးကနေ ကိုယ်တွေရဲ့ အသံကို ဆိုင်ရာတွေ ကြားအောင် အော်နေရတာမျိုးပဲ ဖြစ်ဖြစ်၊ ယုံကြည်ချက်ကြောင့် ပေးဆပ်နေတဲ့သူတွေကို ဘေးကနေ အနည်းဆုံး အားပေးပြီး အသံတွေနဲ့ ရပ်တည်ပေးရတာမျိုးပဲဖြစ်ဖြစ် ၊ လုပ်ပေးရင်းနဲ့ နေချင်ပါတယ် ။

    အနည်းဆုံးကိုယ်တိုင် မမြင်ရရင်တောင် နောက်မျိုးဆက်တွေတော့ မြင်ရနို်င်ကောင်းပါရဲ့ ဆိုတဲ့ မျှော်လင့်ချက်ကို မျှော်လင့်ရင်းနဲ့ပါ။

    ှုအဘဖောတို့ လို သူများနိုင်ငံမှာ မော်ကြွားနိုင်တဲ့ ကိုယ့်နိုင်ငံသားတွေ ရှိနေတဲ့အတွက် လည်း ဝမ်းသာပါတယ်။ သူများကို ကြည့်ပြီး ကိုယ့်အိမ်ကို သာယာစေချင်လို့ အမုန်းခံပြောပေးနေတဲ့သူတွေ ကြောင့် အမြင်တွေပွင့်ပြီး အတွေးတွေ ပွားနိုင်တာပါ။ ဒါလည်း အကျိုးပြုနည်းတမျိုးပါပဲ။

    • weiwei

      October 17, 2011 at 11:40 am

      pooch မန်းလိုက်သလို ရေးချင်တာကို ရေလည်အောင်ရေးမလို့ စဉ်းစားနေတုန်း pooch က ရေးလိုက်တော့ အားရဝမ်းသာနဲ့ ထောက်ခံလိုက်ပါတယ် … နိုင်ငံတိုးတက်ဖို့အတွက် တစ်တပ်တစ်အားပါပဲ …

    • kai

      October 17, 2011 at 3:05 pm

      ရွေးထားတဲ့ ..ကောမန့်မို့.. ထပ်ဖြည့်လိုက်ပါတယ်နော…။
      တကယ်တော့.. ဒီဝက်ဘ်ဆိုက်ထဲ..လာရေးနေတဲ့.. နိုင်ငံခြားနေသူတွေကို… အထင်မမှားစေချင်တာပါ..။
      အာမခံရဲပါတယ်..။ ❗
      ဒီထဲရေးနေသူ..ဖတ်နေသူတွေတယောက်မကျန်ဟာ.. မြန်မာပြည်အပေါ်စေတနာ အပြည့်ရှိသူတွေချည်းပါပဲ..။
      တဦးတယောက်ကမှ (တဦးတယောက်ကမှ) နှိမ်ချနစ်နာစေလိုတဲ့..စိတ်မရှိတာအမှန်ပါ…။
      ဘာဖြစ်လို့ အာမခံပြောရဲသလည်းဆိုတော့… အဲဒီလိုမြန်မာတွေကို နှိမ်ချနှိမ့်ချစိတ်ရှိသူတွေက.. မြန်မာလိုရေးနေတဲ့..ဒီဝက်ဘ်ဆိုက်.. ယောင်လို့တောင်… မလှည့်လို့ပါပဲ..။
      သူတို့က..မြန်မာဝက်ဘ်ဆိုက် ကြည့်ဖို့မပြောနဲ့.. မြန်မာ့သွေးပါတယ်လို့တောင် လူသူအသိခံချင်တာမဟုတ်ဖူးလေ…။
      ကိုယ်တွေ့..ကိုယ်တွေ့….။ :mrgreen:

      ဖတ်နေသူတွေထဲ.. မြန်မာစာတတ်တဲ့ လူမျိုးခြားတွေပါနေလောက်တာမို့.. ပြန်ဖျက်လိုက်ပါတယ်..။ 😉

      • kocho

        October 17, 2011 at 4:42 pm

        ဒါမှဒို့တဂျီးကွ(ဖားတာ) 😀

    • ကြောင်ကြီး

      October 18, 2011 at 10:20 am

      တမီးလေးပုရှ်ရေ နောင်နှစ်ငါးဆယ်ကြာရင် မပြောင်းလဲဘဲ ရှိနေအုံးမှာ ဦးကြောင်ကြီးပါကွယ်၊ လတ်လတ်ဆတ်ဆတ် အကောင်ကြီးရှိနေအုံးမှာပါ။ အဲဒီကျရရင် ဘွားတော်ပုရှ်ကို မြေးမလေးပုရှ်နဲ့ မြေးသမက်လေးမောင်ကြောင် လာကန်တော့ပါမယ်။ အခုတော့ သိပ်မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့ ပုရှ်လေးကို ဦးကြောင် စိတ်မချဘူးကွယ်။ တိုင်းတပါးကို လိုင်းကားစီး ထွက်ခဲ့ပါနော်…။ 😳

  • Foreign Resident

    October 17, 2011 at 2:07 pm

    သမီး Pooch ရေ

    ” အဘဖောကြီး ပြောပြတဲ့ အထဲကနေ ဆင်ခြင်တွေးတောစရာတွေ
    အများကြီး ရလိုက်တယ် အတွေးတွေလည်း အများကြီး တွေးမိတယ်…”

    အဘတို့အခုလိုရေးတင်နေတာတွေကလည်း
    သမီးတို့တွေ အခုလို ဆင်ခြင်တွေးတောစေချင်လို့ပါပဲကွယ် ။
    အဘကိုယ်ကျိုးအတွက် ဘာမှမပါပါဘူး ။
    အဘကိုယ်ကျိုးအတွက်လည်း မလိုအပ်တော့ပါဘူး ။

    အဘတို့တာဝန်မကျေခဲ့မိတဲ့
    အဘတို့တကယ်ချစ်မြတ်နိုးရတဲ့ အမိမြန်မာနိုင်ငံကြီးကို
    မကြာခင် သမီးတို့လက်ထဲကို အပ်ရတော့မှာပါ ။

    အဘတို့နောက်နှစ် ၅ဝ ထိစောင့်ဖို့ နေနေသာ ၊
    နောက်နှစ် အစိတ်ဆိုရင်ကိုပဲ ၊
    အဘတို့ အိုမင်းမစွမ်း ဖြစ်နေပါပြီ ။

    သမီးတို့ကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းပြီး မျက်စိပွင့် နားပွင့်စေချင်တာပါ ။
    သမီးတို့ကို နိုင်ငံတကာအဆင့်မှီ အတွေးအခေါ်တွေ မှန်ကန်စူးရှစေချင်တာပါ ။

    ပြောရမယ်ဆိုလို့ရှိရင် အဘတို့တာဝန်မကျေခဲ့မိလို့
    ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အမိမြန်မာနိုင်ငံကြီးဟာ ၊
    သမီးတို့ လက်ထက်မှာ သမီးတို့ မျက်စိမပွင့် နားမပွင့်လို့ ၊
    နောက်တစ်ခါထပ် လမ်းလွဲရောက် နှောက်နှေးရအုံးမယ်ဆိုရင် ၊
    အဘတို့ ဖြစ်ချင်တဲ့ ရွှေနိုင်ငံကြီးကို ၊
    အဘတို့ တစ်သက် မြင်ရတော့မှာ မဟုတ်ပါဘူး ။
    အဲဒါဆို အဘတို့ ရင်ကျိုးရချေရဲ့ ။

    ” သူများကို ကြည့်ပြီး ကိုယ့်အိမ်ကို သာယာစေချင်လို့
    အမုန်းခံပြောပေးနေတဲ့သူတွေ ကြောင့် ”

    သမီး အဘတို့ကို အဲဒီလိုမြင်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ။
    တချို့အစပိုင်းမှာ အမြင်ကွဲလွဲခဲ့တဲ့သူတွေတောင် ၊
    တဖြေးဖြေး အသိအမှတ်ပြုလာတယ်လို့ အဘ ခံစားရပါတယ် ။
    အမုန်းခံပြောပေးနေရကျိုး နပ်ပါတယ် ။

    အဘ နှစ် ၅ဝ ဆိုတာ အလကားရေးတာ မဟုတ်ပါဘူး ၊
    သမီး ပုံထဲက သစ်ပင်တွေကို သေချာကြည့်ကြည့်ပါ ၊
    လူကြီး လက်နှစ်ဖက် ကျော်ပါတယ် ။
    နှစ် ၅ဝ လောက်ရှိပြီလို့ထင်ရပါတယ် ။
    သဘာဝပါတ်ဝန်းကျင် ကောင်းတစ်ခုကို ထူထောင်ဖို့က ၊
    တစိုက်မတ်မတ် နှင့် အချိန်အများကြီးပေးရတာပါ ။

    ” အဘဖောတို့လို သူများနိုင်ငံမှာ မော်ကြွားနိုင်တဲ့ ”

    လုံးဝ မ မော်ကြွားနိုင်ပါဘူး သမီးရယ်
    သာမာန်အဆင့်ပဲရှိတာပါ ။ တကယ်ပါ ။

    ” အနည်းဆုံး ကိုယ့်ရဲ့ သဘောကို မဲတခုနဲ့ ပဲပေးနိုင်ပေးနိုင်၊
    ဒီလို နေရာမျိုးကနေ ကိုယ်တွေရဲ့ အသံကို ဆိုင်ရာတွေ ကြားအောင် အော်နေရတာမျိုးပဲ ဖြစ်ဖြစ်၊
    ယုံကြည်ချက်ကြောင့် ပေးဆပ်နေတဲ့သူတွေကို ဘေးကနေ
    အနည်းဆုံး အားပေးပြီး အသံတွေနဲ့ ရပ်တည်ပေးရတာမျိုးပဲဖြစ်ဖြစ် ၊ လုပ်ပေးရင်းနဲ့ နေချင်ပါတယ် ”

    ကျေးဇူးတင်ပါတယ် ။

  • windtalker

    October 17, 2011 at 2:21 pm

    အန်ကယ်ဖောကြီး ရဲ ့ပို စ် ထဲ မှာ
    တစ်ကယ့် ဗဟုသုတ အကြီးစားကြီး တစ်ခု ကို ရမိတာကတော့
    “ Australia လက်ရှိ ဥပဒေအရ
    ယောက်ကျား / မိန်းမ တစ်ဦးဦးဟာ သူ့မှာ STD ရှိမှန်းသိရင်
    သူဆက်ဆံမယ့် နောက် ယောက်ကျား / မိန်းမ ကို
    မဆက်ဆံခင်မှာ ကြိုတင် အသိပေးပြီး ခွင့်ပြုချက် ယူရပါမယ်
    အသိ မပေး ခွင့်ပြုချက် မယူပဲ ဆက်ဆံရင်
    ရောဂါကို တမင်ဖြန့်ဖြူးသလိုဖြစ်တဲ့အတွက်
    Criminal Offence ဖြစ်ပြီး
    ရာဇဝတ်ကြောင်း နှင့် တရားစွဲဆို ထောင်ချနိုင်ပါတယ် ။ ” ဆိုတာပါပဲ
    ကျွန်တော်တို ့နိုင်ငံမှာလည်း ဒါမျိုးရှိလာရင် ဘယ်လောက်ကောင်းလိုက်မလဲ လို ့စဉ်းစားမိပါတယ် ။
    နောက်ထပ်ပြောချင်တာကတော့
    ကလေးမ ပေါက်စနတွေကိုကြ သေချာ အနီးကပ်ရိုက်ပြထားတယ်
    ဟင်းဟင်း..ရိုက်ပြပါဂျ..ဆယ်ကျော်သက်လေးတွကိုလဲ
    မမြင်ဖူးလို ့မှ ၊ ကြည့်ချင်လို ့ပါဆို…ဆို

  • hmee

    October 17, 2011 at 2:56 pm

    ဖတ်ရင်း စိတ်ထဲမှာ တမျိုးပဲ။ နောက်အနှစ်(၅၀)။ သားသမီးဘဝကို မရင်းရဲဘူး ဆိုတာ ဖတ်ရတော့ စိတ်မကောင်းဘူး အန်ကယ်ကြီးေ၇။ ကိုယ်ကတော့ အဲ့လောက်ထိ မနေရတော့ပေမဲ့ သားသမီး ဘဝ အတွက် စွန့်ခဲ့တဲ့သူတွေ ဘယ်လောက်တောင် များနေပြီလဲ မသိဘူးနော်။ သူများအိမ်တွေ လှနေတာ မြင်တော့ ကိုယ့်အိမ်လေးကို စနစ်တကျနဲ့ တကယ်ကို လှစေချင်တာ စိတ်ရင်းအမှန်ပါ။ လေးဖောကြီး ပြောသလိုပဲ အလုပ်ဆိုးဆို အာရှသားကြည့်ပဲမို့လည်း စိတ်မကောင်းဘူး။

  • MaMa

    October 17, 2011 at 3:54 pm

    (ဟင်းးးးးးးးးးးးးး
    ကျွန်တော်ကော ဘယ်လောက်တောင့်ခံနိုင်မှာလဲ ။)

    FR ရဲ့ ပိုစ့်ကို ဖတ်ကြည့်ပြီး မျက်ရည်တောင် ကျချင်တယ်။ ကိုယ့်တစ်သက်မဟုတ်ပဲ နောက်မျိုးဆက်တစ်သက်တောင်မှ ကိုယ့်ခြံကြီးကို အသီးအပွင့်တွေ ဝေဝေဆာဆာနဲ့ မြင်နိုင်ဖို့ မလွယ်ဘူး။ ဟူးးးးးးးး မောလိုက်တာ။

  • kocho

    October 17, 2011 at 4:48 pm

    ှမှန်ကန်မှုဖြင့် ရပ်တည်တတ်သော ကိုရင်ဖောအား လေးစားပါ၏

  • padonmar

    October 21, 2011 at 12:09 am

    ” ဒီလို Facility မျိုး ၊ ဒီလို Infra Structure မျိုး ၊
    ဒီလို သဘာဝပါတ်ဝန်းကျင် မျိုး ၊
    ဒီလို စည်းကမ်း မျိုး ၊ ဒီလို တွေးပုံခေါ်ပုံ မျိုး ရဖို့ ၊
    မြန်မာနိုင်ငံဟာ
    ခေါင်းဆောင် နှင့် ဦးတည်ချက် မှန်ရင်တောင် ၊
    အနဲဆုံး နောက်ထပ် နှစ် ငါးဆယ်လောက်
    ထပ်တည်ဆောက်ရအုံးမယ် ။”

    သရက်ပင်စိုက်တဲ့ အဖိုးအိုလိုပေါ့ FR ရယ်၊ကိုယ်မစားရဘူးဆိုတာသေချာပေမယ့် နောင်လာနောင်သားတွေအတွက် ကျွန်မတို့ ကြိုးစားကြပါမယ်။

    ပထမဆုံးကတော့ စိတ်ဓာတ်တွေ ပြုပြင်ကြဖို့ပါဘဲ၊
    သူများကိုပြင်ချင် ကိုယ့်ကိုကိုယ်အရင်ပြင်တဲ့။

    ဒီနေ့ကစပြီး အမှိုက်ကို အမှိုက်ပုံးထဲ ရောက်အောင်ထည့်မယ်။
    ဘတ်စကားကို မီးပွိုင့်မှာ အဆင်းအတက်မလုပ်ဘူး၊
    ကားကို လမ်းပြောင်းပြန်မမောင်းဘူး။

Leave a Reply