ကိုပေါက်ရေ။ ကိုပေါက်က ကျွန်တော်တို့ကို အင်းလေးလိုက်ပို့တော့ ကျွန်တော်က
ကိုပေါက်နဲ့ ရွာသူရွာသားတွေကို ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ ဆာကူရာတာဝါပေါ်က
နံနက်ခင်းရိုက်ချက်လေးများနဲ့ ဧည့်ခံချင်ပါတယ်ဗျာ။ ဒီလိုမျိုး တစ်ယောက်ယောက်က
တင်ပြီးသွားပြီဆိုရင်လည်း ခွင့်လွှတ်ပြီး ကြည့်ပေးကြပါလို့။ အရသာတော့ ကွဲမယ်ထင်ပါတယ်။
အရသာတစ်မျိုးရတယ်ဆိုရင်ပဲ ကျွန်တော် ကျေနပ်ပါတယ်ခင်ဗျား။
Post Views: 344
21 comments
ပေါက်ဖော်
October 19, 2011 at 11:43 am
ဟုတ်တယ်ဗျ
ခိုမောင်နှံနဲ ့..ဆူးလေဘုရားပုံလေး….ကြည့်ကောင်းတယ်…
8)
မီးရထားဟော်တယ်မှာ..မာဆက်ရှိတာ..ဦးချောပြောမှသိတာနော့..
ဟီး. ဟီး.. 😆
အမြင့်ပျံ ရိုက်ချက်တွေ..လန်းသဗျာ..
ရေလည်ဂွတ်ဒယ်..
😀
စုံ စုံ
October 19, 2011 at 11:46 am
ကိုဘလက်ချောရေ ကော်ဖီသောက်ရင်းကြည့်လို့လားမသိဘူး
ကော်ဖီအရသာရတယ် (အဟီး စတာနော် စိတ်ဆိုးနဲ့)
ကိုယ်နေတဲ့ရန်ကုန်မြို့ကိုဒီလိုရိုက်ချက်မျိုးနဲ့ကြည့်တော့လဲ လှသားဘဲ
ခို၂ကောင်ပါတဲ့ပုံလေးတွေလဲသဘောကျတယ်
ပုံတော်တော်များများကကြည့်ရတာစိမ်းစိမ်းစိုစိုတွေဘဲနော်
windtalker
October 19, 2011 at 11:47 am
အားလုံးဂူးတယ်ဗျို ့
ကိုဘလက် ကိုင်တဲ့ ကင်မရာ ကို လည်း
ဓါတ်ပုံရိုက်တင်ပြပါဦး
တစ်ကယ့်ရှယ်အမျိုးအစားပဲ ဖြစ်ရမယ်
pan pan
October 19, 2011 at 12:04 pm
ဦးချောရေ
ခိုလေးနှစ်ကောင်ပါတဲ့ပုံ တော်တော်ကြိုက်တယ်ဗျို့
ရန်ကုန်မြစ်အထိပါတဲ့ပုံကို ပိုကြိုက်တယ်
ဦးချောက တကယ်ဓါတ်ပုံရိုက်ကောင်းတာပဲ
(ကြုံတုန်းမြှောက်တာ၊ ဂျနီဖာလိုပက်နဲ့တူအောင် ရိုက်ပေးမလားလို့) 🙄
windtalker
October 19, 2011 at 12:29 pm
ဟိတ် ပန်လေး
ကိုချော ကို မရိုက်ခိုင်းနဲ ့
ကိုကြီး ရိုက်ပေးမှာပေါ့
စိမ်းကားသကွာ
ပြေးကြည့်မှ
ဒီမောင်နှမတွေ ရှိတာရယ်
ဒီတခါ ရန်ကုန်ကို ရောက်ရင်
သေချာလေး ရိုက်ပေးမယ်နော်
ဝိတ်ချပြီး အလှပြင်ပြီး
စောင့်နေနော်
pan pan
October 19, 2011 at 12:56 pm
အမလေး
ီဒီဝိတ်ကလေးချလိုက်ရင် ကမဌာန်းရုပ်ပေါက်သွားပါ့မယ်
မလုပ်ပါရစေနဲ့ကိုပေရေ
ပိန်လွန်းလို့ ဝအောင်လုပ်နေတာ 😀
blackchaw
October 19, 2011 at 12:10 pm
pan pan ပုံကိုတွေ့ သွားရင်
ဂျေလို ထိုင်ငိုသွားမယ်…။ ဟားးးဟားးး။
pan pan
October 19, 2011 at 12:57 pm
ဂျေလိုတင်မက ဟောလီးဝုဒ်က မင်းသမီးအကုန်
မျက်ရည်ချောင်းစီးသွားမယ်ထင်ရဲ့ 😳
lone
October 19, 2011 at 12:37 pm
ခိုမောင်နှံနဲ့ဆူးလေဘုရားပုံက good တယ် … ဓါတ်ပုံပြိုင်ပွဲမှာ ထည့်လိုက်ပါလား…
မောင်သန်းထွဋ် ဦး
October 19, 2011 at 12:46 pm
မြို ့တော်ရန်ကုန်ကို အဆင့်မြှင့်တင်ဖို ့ကောင်းနေပီ။တိုက်တာအဆောက်အအုံတွေ ဘယ်လောက်ဘဲလှလှပေါ့ဗျာ. အခြေခံဖြစ်တဲ့ လမ်းတွေမှာ အဖု၊အပိန် ့၊အနာ တွေဗလပွနဲ ့နေမကောင်းဖြစ်နေတာကြာပီနော်။
ကိုပေါက်ဖော်ကြီးက ဂရင်းမီးရထားမှာ မာဆက်ရှိတာခုမှ သိတယ်ဆိုပြီးငြင်းနေလေရဲ ့ဗျာ။
windtalker
October 19, 2011 at 1:05 pm
အော်
ရန်ကုန်သားတွေများ
ကုသိုလ်ကံ ထူးလှသနော်
ဟိုနေရာမှာလဲ မာ
ဒီနေရာမှာလဲ မာ
အားကျပါ၏
Diamond Key
October 19, 2011 at 1:05 pm
blackchaw ရေ၊ bird’s eye view လေးတွေက very nice ဗျ။
ခိုမောင်နှံ နဲ့ ပထမ ပုံလေးက တော့ အကြိုက်ဆုံးပါ။
blackchaw
October 19, 2011 at 1:10 pm
ကိုစိန်သော့လိုလူက ကြိုက်တယ်ဆိုတော့
ရိုက်ရကျိုးနပ်သွားပြီဗျာ။
အဆင်းကို ဘီးတတ်ပေးသော ကိုစိန်သော့ပါခင်ဗျား။
ကိုပေ
မန္တလေးက ပိုပေါတယ်လို့ ပြောကြတာပဲဗျာ။
kocho
October 19, 2011 at 1:24 pm
good တယ်ဗျိုး 😀
“ဘီလူးကြီး”ogre
October 19, 2011 at 1:35 pm
ရန်ကုန်
မြင်ကွင်းတွေကောင်းပါတယ်
လမ်းတွေပါကောင်းရင်..ပိုလှမယ်ဗျ..။။
blackchaw
October 19, 2011 at 1:45 pm
ကျေးဇူးဗျာ ကိုချိုနဲ့ ဘီလူးကြီး။
lone ရေ။ နောက်နေတာလားကွယ်။
စုံ စုံ ရေ။ မနက်အစောကြီး ကော်ဖီဆိုင်က မဖွင့်သေးဘူးလေ။
ကော်ဖီမသောက်၊ မုန့်မစားပဲ၊ တစ်ပြားတစ်ချပ်မှ မကုန်ကျခဲ့ပါသော
ဓါတ်ပုံများပါဗျာ။
lone
October 19, 2011 at 4:21 pm
တကယ်ပြောတာပါ ကိုဘလောချက် ရယ်… နဲနဲလေး ထင်းထင်းလေးဖြစ်ရင်ပိုကောင်းမယ်…. 🙂
weiwei
October 19, 2011 at 1:57 pm
ရန်ကုန်မြို့ကြီးက အခုလို ခပ်ဝေးဝေးကကြည့်လိုက်တော့လဲ လှသားပဲ … 😛
ခို ၂ ကောင် ပါတဲ့ပုံတွေ သဘောကျတယ် … ဒါပေမယ့် ခို ၂ ကောင်ကြည့်ရတာ လိင်တူချစ်သူတွေများလားလို့ … 🙂
koyinmaung
October 19, 2011 at 2:00 pm
အရမ်းကောင်းတဲ့ဓါတ်ပုံတွေပါ…..
မန်းလေးထဲမှာဓါတ်ပုံဆရာတွေများလာတာဝမ်းသာစရာပါ..
တချို့ပုံတွေဆိုပြိုင်ပွဲဝင်ယင်ဆုရနိုင်လောက်အောင်
ကောင်းမှကောင်းပါဘဲ….
thit min
October 19, 2011 at 7:24 pm
ကြည့်ရင်းတွေး
တွေးရင်းကြည့်
သိတာလဲရှိ
တချို့
ရှိတာလဲမသိ
ဘာဘဲဖြစ်ဖြစ်ကောင်းပါ၏။
တော်တော်လှပါ၏။
စေတနာကတော့ ပိုလှ တယ်ဗျာလို့ ထပ်ပြောချင်ပါတယ်။
oakermg
October 19, 2011 at 7:58 pm
ရှယ်ဂွတ်တဲ့ ဓါတ်ပုံ တွေပါပဲကလား….. ယိုယွင်းနေတဲ့ အရောင်ပျက်နေတဲ့
အဆောက်ဦးတွေကို ရှောင်ရိုက်ထားတယ်ထင်ပါတယ်… ကြည့်ရတာ
အရမ်းလန်း ဗျာ….။