အစားအစာ နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့ကြီးသို့———။
အသုပ် နှင့် ကျွန်တော် (1)
မနေ့ကအလုပ်ကိစ္စနှင့် ဌာနခွဲတစ်ခုသို့အသွားထမင်းစားချိန်တော်တော်လွန်မှထိုနေရာကိုရောက်တော့၊ထိုဌာနမှ တာဝန်ခံဂျာကလေးကဧည့်ဝတ်ပြုကာဘာစားမလည်း
မေးလာသဖြင့်၊ ထ္မင်းလည်းမစားချင်တော့သည်ဖြစ်ရကား၊ မင်းလမ်း(ဂွတ္တလိတ်)မှ ရခိုင်မုန့်ဖတ်သုပ်ကိုမျက်စိထဲပြေးမြင်ကာမှန့်ဖတ်သုတ်မှာ လိုက်ပါ၏၊ ၊
ကျွန်ုပ် ၏ရှေ့မှောက်သို့ရောက်လာသော မုန့်ဖတ်သုပ်ပွဲနှင့် မုန့်ဟင်းခါးဟင်းရည်တစ်ပွဲကိုကြည့်ကာ၊( ကိုယ်စားချင်သောဆိုင်ကိုမပြောလိုက်မိလေခြင်း)ဟုထိုအခါမှ သတိယမိသည်၊ ကဲ ရှိစေတော့ ငတ်ကြီးကျပြီးစားချင်ဇောကမေ့ရော့စေပြီတည်းဟုစိတ်ထဲမြီုသိပ်ကာ လွှေး လိုက်ပါတော့သည်၊ အောက်မလေးဟု စိတ်ထဲမှပဲ တမိသည်၊ အောက်သိုးသိုးအနံ့နှင့်ရောပြီး ရယ် ဒီမိတ်ငြုပ်အချဉ်စူးစူးအနံ့ကအာခေါင်ထဲဝင်မွှေတော့သည်၊ဝါးမိသောမုန့်ဖတ်မှဂျလိဂျလိမြည်သံထွက်လာတော့ သဲတွေကပါနေသေးသည်၊ ကျန်ုပ် ၏မျက်နှာအမူအရာကိုကြည့်နေသော ဂျာကလေး မှ ပျာပျာသလဲနှင့် ထလာပြီးသွားဝယ်သူ ကလေးကို ဆူတော့မည်အလုပ် ၊ကျုပ်ကလက်ကာပြပြီး(နေနေမဆူပါ နှင့် ) ဟုတားကာ၊ ရေတစ်ခွက်ယူလာစေပြီး ခပ်မြန်မြန် ပါးစပ်ထဲရှိတာထွေးထုတ်၊ အာလုပ်ကျင်းလိုက်ရသတည်း။
အသုတ်အလွန်ကျိုက်သော ကျွန်ုပ၊် သည်တစ်ကြိမ်တည်းခံရသည်မဟုတ်၊ တစ်ခါတုန်းကလည်း မြိုထဲမှာ Printing ကိစ္စ နှင့် ပုံနှိပ်တိုက်တစ်ခုတွင် ညတော်တော်မှောင်
တော့ ဗိုက်ကစာလာပြးီ၊ဝါသနာအတိုင်းရှေ့မှဖြတ်သွားသော အထမ်းသ္မား တို့ဖူးသုပ်သည်ကို ထုံးစံအတိုင်း လက်ယပ်ခေါ်လိုက်မိသည်၊ တော်တော်စားကောင်းပါသည်၊ ဟင်းခါးလေးကလည်းငြုပ်ကောင်းနံ့လေးတစ်သင်းသင်းနဲ့၊ ဟင်းခါးလေးနောက်ထပ်တောင်းမည်အလုပ်မှာ အထမ်းသ္မား ဘသားချောက ဟင်းခါးအိုးထဲကို လူလစ်ပြီ အထင်နှင့်
ပုကန်ဆေးသောပုံးထဲမှ ရောင်စုံ ပုကန်ဆေးရည်များသွန်ထည့်လိုက်ပါသတည်း။ကျွန်ုပ်လည်း မျက်လုံးပျူးကြောင်ကြောင်နှင့်ထို သကောင့်သားကိုကြည့်လျှက်- လျှာကိုဖြတ်ပြီး ဗိုက်ထဲရောက်သွားသော ဟင်းခါး၏အရသာကို တစ်လှည့်၊ လက်ဆေးရည်ပုံးကြီးကို တစ်လှည့် စိတ်ဂရောက်ဂယက်နှင့်ဖြစ်ရပါလေတော့သတည်း။ ထိုသကောင့်သားကပြောလိုက်သေးသည်—- အရသာပိုစုံသွားတာပေါ့— မီးဖိုပေါ်တင်လိုက်ရင်ဆူပြီးကျက်သွားတာပါပဲ တဲ့——။ ကဲ အဲဒါ အသုပ်နှင့် ကျွန့်တော့် အတွေ့
အကြုံ ပါပဲ———————————————–။
ရေသန့် နှင့် ကျွန်တော် (2)
ကျွန်ုပ် နေထိုင်ရာအရပ်သည်ကား ၊ နဝတ အစိုးရမင်းလက်ထက် အိမ်ယာစီမံကိန်းအရ(တဲ မှတိုက်ပေါ်အရောက်ခေါ် မည်ဟုကြုံးဝါးလျှက်) ရွှံ့ညွံ ဗွက် ရှင်း ချက်ချင်း ပြီးစေ စံနစ်ဖြင့် ဆောက်ချင်သလိုဆောက် ရုပ်လုးံပေါ် TV ထဲပါပြီးရောခေတ်၏ စီမံကိန်းတိုက်ဖြစ်သည်နှင့်အညီ၊ ကိုယ်ထူကိုယ်ထ တူးထားသော အဝီစိ တွင်းရေမှာလည်း သောက်ရ ဖို့နေနေသာသာ အထည်လျှော်ရာတွင်ပင် ဆပ်ပြာမတိုးချေးမကျွတ်သော ရေဖြစ်ရကား၊ ချက်ပြုတ်ရန်နှင့် သောက်ရေအတွက် ရေသန့်သည်တွေကို အားကိုးရပါ တော့သည်။ သို့နှင့် ရေသန့်သည်များအားကြီးအလုပ်ဖြစ်ကြပါ၏၊ တစ်နေ့တစ်နေ့ များပြားစွာသောရေသန့်သည်တွေ၊ တံဆိပ်မျိုးစုံ၊ လူပေါင်းစုံ၊ တစ်နေ့ အပြင်မှ ပြန်အလာ မော
မောနှင့် ရေသောက်ရန် ရေသန့်ဗူး(တက်) တွင် ဖန်ခွက်ကိုတေ့ ပြီးရေသန့်ဖွင့်ချကာဖန်ခွက်တွင်ရေဖြည့်ပြီး အားရပါးရသောက်မည်အလုပ်၊ သားငယ်လေး ၏ အော်သံကြောင့်
ရေခွက်ထဲ ကြည့်လိုက်ရာ အမဲမှုန်တွေ ကို ရေဖန်ခွက်ထဲတွင် ချာလည်ချာလည်ဖြင့် တွေ့လိုက်ရသည်။ ရေမသန့်သည်လား၊ ရေဗူးမသန့်သည်လားမသိ၊ရေသန့်သည်တွေကတော့
တစ်နေ့တစ်နေ့လုံးချာလည်လိုက်နေပြီ၊ ရေဗူးအားလုံးမှာတော့ ရေသန့်ထုတ်ခွင့်လိုင်စင်အမှတ်တွေပါပြီးသား——————-။
တရုတ်မုန့်ထုပ် များနှင့် ကျွန်တော် (3)
ကုမ္ပဏီ ကိစ္စနှင့် နယ်တွေတော်တော်ရောက်ဖူးသည်၊ လမ်းတစ်ကာ နယ်တစ်ကာအဆုံးကျေးရွာအနှံ့ဆီ— အရောင်စုံ၊တံဆိပ်စုံ၊ အရွယ်စုံ၊ ဈေးနှုန်းစုံစွာဖြင့် တရုတ် ပြည်မှလာသော ရယ်ဒီမိတ် မုန့်ထုပ်များကား- မြန်မာပြည်အနှံ့ ဆိုင်အနှံ့ တွင်နေရာယူမင်းမူလျှက်ရှိကြပေရာ PASSPORT မလို၊ Visa မလို၊ ဈေးနှုန်းသင့်ပြီး၊ အရသာ ကောင်း သည်ဆိုပြီး၊ မြန်မာတွေ အားပေးကြသည်၊ သီတင်းကျွတ် ၊တံဆောင်တိုင်ဆို ဘာပြောကောင်းမလည်း၊ အလွန်မျက်နှာပန်းလှလေသည်။ တစ်နေ့ တရုတ်ပြည် ရွှေလီ ထိုမှ ကူ မင်း မြို့သို့ရောက်ခဲ့ပြီး၊ အပြန်တွင် မိတ်ဆွေတစ်ယောက်ရှိရာ နန်းခမ်း သို့အလည်ဝင်ဖြစ်သည်၊ သူနှင့်မတွေ့သည့် (3)နှစ်တာကာလအတွင်း တွင် သူတော်တော် ကြီးပွါး ချမ်းသာနေပြီ၊ ဟို တုန်းက လမ်းဘေးတွန်းလှည်းလေးနှင့် တရုတ်မုန့်ထုပ်တွေရောင်းရင်းတော်တော်ရုန်းကန်ရသည်။ ခုတော့ တိုက်ကြီးတာကြီး၊ကားတွေပါပိုင်နေပြီ၊ တရုတ် မုန့်ကိုပဲရောင်းသည်၊ လှည်းနှင့်မဟုတ်တော့– ကားအစီးတိုက်ရောင်းနေပြီ၊ တရုတ်ကုန်သည်မှ ယုံကြည်မှုအရ တစ်ခါယူလျှင် သိန်း(500)ကျပ်ဘိုးအထိ ပင်အကြွေးချ
ပေးသည် ဟုဆိုသည်၊( ဟ— ဟ အဲလောက်တောင်ပေးရအောင် သူတို့နိုင်ငံသားလည်းမဟုတ်၊ ရွှေမျိုးလည်းမဟုတ် လိမ်သွားရင်မခက်လား) ဟုကျုပ်ကမေးတော့ —
မင်းကလည်းသူတို့ပူစရာမလိုဘူးလေကွာ — အဲသည်မုန့်တွေထဲမှာ အကောင်းနဲ့ရောပြီး(ဒိတ်အောက်လို့လွှင့်ပြစ် ရမယ့် မုန့်က တစ်ဝက်လောက်ပါတာ)၊ အရင်းဘာမှမရှိပဲ ဟု
ပြောပါသတည်း။ ကိုင်း မိမိဝမ်းစာအတွက်နီးစပ်ရာရှာဖွေစားသောက်နေရသူများကို မည်သူ့ကိုမျှ ထိခိုက်စေလိုသောရည်ရွယ်ချက်မရှိပါ၊ သို့သော် မိမိကြောင့်လည်းသူများထိခိုက်
အောင်မဖြစ်သင့်ပါ၊ မည်သူ့တွင်အဓိကတာဝန်ရှိပါသနည်း၊ မြန်မာနိုင်ငံ အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးအဖွဲ့ကြီးမှလည်း စစ်ဆေးရေးကိရိယာများနှင့်ချက်ချင်း စစ်ဆေး နိုင် သောမော်တော်ယာဉ်ဖြင့်စစ်ဆေးနေသည်ဟုဆိုသည်၊ ကျွန်ုပ်တို့ ရပ်ကွက်ဘက်တော့မလာသေး၊ အစားအသောက် များနှင့်ပါတ်သက်ပြီး မှတ်ပုံတင်ထားခြင်းမရှိပါ ဟုကြေ ငြာ ပေးရုံ နှင့်တော့ ——–၊ အစာအိမ် ကင်ဆာရောဂါဆိုးဖြင့် ငယ်ငယ်ရွယ်ရွယ် ဆုံးပါးခဲ့ရှာသော ကျွန်တော့် အစ်ကိုကို လွမ်းဆွတ်မိလျှက်။
8 comments
Diamond Key
October 21, 2011 at 3:49 pm
ထောက်ခံတယ် ဘကြီးရေ၊
ကိုယ်တွေ့ တစ်ခု ရှိဖူးတယ် ဘကြီးလိုပဲ မူဆယ်၊ ရွှေလီ ရောက်တုန်ကပါ။
အတူသွားတဲ့ ခရီးဖေါ်ရဲ့ အကိုဝမ်းကွဲ တစ်ယောက်ကို ရွှေလီထဲမှာ တွေ့ပြီး သူခေါ်လို့ ဂိုတောင်တစ်ခုကို ရောက်သွားတယ်။
အဲဒီ ဂိုတောင်မှာ ဒိတ်အောက်မုန့်နဲ့ ချိုချည်မျိုးစုံ ရှိပြီး မြန်မာပြည်ကနေ လာဝယ်နေတာ တွေ့ရတယ်။
ံမြန်မာပြည်မရောက်ခင် ဒိတ်ပြင်ရိုက်တာလားမေးကြည့်တော့ မရိုက်ဘူးတဲ့။
ံမြန်မာပြည်မှာ အကြွေ အမ်းသူတွေနဲ့ ကားတွေ၊ရထားတွေပေါ်မှာ ရောင်းသူတွေက ဝယ်တယ်ဆိုပဲ။
ကားကြီးတွေနဲ့ကိုတင်နေတာဗျ။
we R one
October 21, 2011 at 6:07 pm
ုဘာဆို ဘာမှ မစားတော့ တာ ကောင်းမယ်ထင်တယ်နော်… ။ အဲလို လူတွေ က ကိုယ့်အဆင်ပြေရင် ပြီးရော ဘယ်သူဘာဖြစ်ဖြစ်ပေါ့..။ စားသုံး သူကို စော်ကားနေကြတာ..။
siamonone
October 22, 2011 at 11:34 am
စိတ် မပူပါနဲ့ .. နောင် ဆိုမြန်မာနိုင်ငံက .. adaptation အများဆုံး ရမယ့် နိုင်ငံထဲမှာ ပါလာမှာ ပါ .. ဟီး ..
မှိုတက်စာစားလို့ .. cancer မဖြစ်တဲ့ genes တို့ ၊ chemical စားမှ .. နေလို့ထိုင်လို့ ကောင်းတဲ့ gene တို့ လေ ..
ဆူး
October 22, 2011 at 3:09 pm
အသိ တယောက်ကတော့ ထိုင်းဘက်က သူတို့ သွင်းလာတဲ့ ခေါက်ဆွဲခြောက်တွေ ဒိတ်ကုန်ဖို့ နီးနေလို့ ၆လ လောက်တော့ လိုသေးတယ်။ ဘယ်သူမှ မဝယ်တော့လို့ လက်ထဲမှာ ထားလည်း မထူးဘူး ဆိုပြီး ပရဟိတ လုပ်ငန်း တခုမှာ သွားလှူတယ်ဆိုပြီး ပြောသံ ကြားဖူးတယ်။
အဲဒီလို တိုးတိုး တိတ်တိတ်ဈေးကွက်တော့ တခါမှ မကြားဖူးသေးဘူး ရှိတော့ ရှိမှာပါ.. မသိအောင် လုပ်လို့ မသိသေးတာပဲ ဖြစ်မယ် ထင်တယ်။
naywoonni
October 22, 2011 at 4:25 pm
အဲဒိတော့ မသိတဲ့လူ ခံစားလိုက်ရတာပဲ မဟုတ်လား….။ ဈေးချိုတာရယ်…။ အသင့်စားလို့ရတာရယ်….။ ကိုယ်ကိုယ်တိုင်မလုပ်တတ်တာရယ်….။ မသိတာရယ်ပေါင်းလိုက်တော့ သူတစ်ကာ လူလည်လုပ်တာခံနေရတာပဲ…။ တားခွင့်ရှိတဲ့သူတွေက စားထားဝါးထားရတော့ မတားဘူး….။ ဒါကိုမှ မပြင်နိုင်ရင် ရှေ့အလားအလာ သိပ်မကောင်းဘူးနော့…..။
three colors
October 22, 2011 at 4:29 pm
ကျွန်တော်တို့နိုင်ငံကိုစောင့်ရှောက်နေတဲ့တပ်မတော်(၂)ခု ရှိတယ်။
တခုက အစားအစာ နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ပဲ။
သူက ကိုယ်ပျောက်ရန်သူ ကို စောင့်ကြည့်ပြီး နှိမ်နင်းနေတာ။
ဒိအတွက် ကျေးဇူးတင် ပါတယ် ခင်ဗျာ။
thit min
October 31, 2011 at 8:19 pm
တော်တော်ကိုအကျင့်တွေ ပျက်နေကြပါရောလားဗျာ
ခုလိုသိသင့်တာလေးတွေရေးပါအုန်းဗျာ
GreeNSheeP
October 31, 2011 at 8:25 pm
သည်အချိန်လောက်ဆို အစားအစာ နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့အကြီးအကဲ လည်း ဟိုဘက်နိုင်ငံတွေမှာ အိမ်တွေ ဘာတွေ ဝယ်ပြီးနေလောက်ပြီ ထင်ပါရဲ ့