Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်္ဂလာလေးရယ်တဲ့ဆောင်သောအခါ

မောင် ပေOctober 28, 20111min70725

ရှေးတုန်းကတော့ ….ဝါလေကင်းလွတ် သီတင်းကျွတ် ဆိုကလား ။

ယနေ ့လက်ရှိမတော့ … သီတင်းကျွတ်ပြီးလို ့တန်ဆောင်မုန်း ဝင်တာတောင် မိုးက မစဲသေး ။

မစဲသော မိုးကြောင့် စိတ်ဒုက္ခရောက်နေသူတွေ ထဲ မှာ ချစ်ကိုကို နှင့် ချိုမမ လည်း ပါသည် ။

ဝါတွင်း သုံးလ ပတ်လုံး အောင့်အီးသည်းခံ ၊ အလုပ်ကြိုးစား ၊ ငွေစုခဲ့ပြီးသကာလ ၊ ဝါကျွတ်ကို မင်္ဂလာဖိတ်စာ ပါးဖို ့ ရည်စူးထားသူများ ဖြစ်သည် ။

ချစ်ကိုကို သည် ဦးမျိုးနှင့် ဒေါ်မြင့် တို ့၏ တစ်ဦးတည်းသော သားဖြစ်သည် ။

ဒေါ်မြင့် သည် ချစ်ကိုတို ့မြို  ့ရှိ ဈေးကြီးမှာ ဝက်သားဆိုင် ဖွင့်ရောင်းသူ ဖြစ်ပြီး ၊ ဦးမျိုးကတော့ ယောင်ခြောက်ဆယ် ။

ချစ်ကိုကို သည် စားသောက်ဆိုင်များ ၊ အော်ဒါမှာသော အိမ်များ သို ့ဝက်သားလိုက်ရောင်းသူ ဖြစ်ပြီး ၊ သူတို ့မိသားစု မှာ စားနိုင်သောက်နိုင်သော လူတန်းစားထဲတွင်ပါသည် ။

ချိုမမ သည် ဆယ်တန်း သုံးခါကျပြီးသည့်နောက် ကျောင်းဆက်မတက်တော့ဘဲ ၊ မိခင် မုဆိုးမကြီး ဒေါ်ထွေးနှင့်အတူ စံပါယ်ပန်း လိုက်ရောင်းနေသူ ဖြစ်သည် ။

မြို  ့စွန်ဘက် ပန်းခြံများမှ သီပြီးသား စံပါယ်၊ရွှေ၊ငွေ၊မြတ်လေး ပန်းကုံးများကို ဝယ်ပြီး ဈေးထဲ နှင့် ဈေးနားတစ်ဝိုက်တွင် လိုက်လံ ရောင်းချခြင်းဖြင့် နှစ်လက်ခန် ့အမြတ်ကျန်ကာ သားအမိ နှစ်ယောက် စားဝတ်နေရေး ပြေလည်ကြသည် ။

( နှစ်လက် = တစ်ရာရင်း၍ ရောင်းပြီး သုံးရာ ရလျှင် နှစ်လက်ကျန် သည် ဟု ဆိုကြသည် ။ )

ချစ်ကိုကို နှင့် ချိုမမ တို ့မှာ သမီးရည်းစား သက်တမ်း တစ်နှစ်ကျော်ခဲ့ပြီ ။

ချိုမမ ဆီမှ ပန်းဝယ်နေကြ အိမ်သို ့ဝက်သားသွားပို ့ရင်း စဆုံဖြစ်ခဲ့သည် ။

ရိုးရိုးယဉ်ယဉ်လေး မပြင်မဆင်ဘဲ လှနေသော ချိုမမ ကို မြင်မြင်ချင်း ချစ်မိသွားသော ချစ်ကိုကို တစ်ယောက် ချိုမမ အချစ်ကို ရအောင် ကြိုးစားနိုင်ခဲ့သည် ။

ချိုမမ အမေ ဒေါ်ထွေး ခဗျာလည်း သမီးဖြစ်သူ ကောင်းမှုနဲ ့ဝက်သားကို မုန်းနေအောင် အမျိုးမျိုးချက်ပြုတ်စားရပြီးတဲ့နောက် ၊ ချစ်ကိုကို အား အမြန်ဆုံးပြန်လက်ခံ ရန် တိုက်တွန်းသည် အထိပင် ။

မိခင် မုဆိုးမကြီးစကားကို မပယ်ရှားလိုသည် က တစ်ကြောင်း ၊ ချစ်ကိုကို ၏ ရိုးသားကြိုးစားသော အဖြစ်ကို သဘောကျမိသည်က တစ်ကြောင်း ၊ ချစ်ကိုကို နှင့် ချိုမမ တို ့တရားဝင် ရည်းစား ဖြစ်ခဲ့ကြသည် ။

စီးပွားကိုယ်စီနှင့် ချစ်သူနှစ်ယောက် ခဗျာ ၊ ဦးပုသ်နေ ့လေး တစ်ရက်သာ ကောင်းကောင်းတွေ ့ ခွင့် ရှိကြသည် ။

ဘုရားအတူဖူး ၊ ပန်းခြံထဲ သွားထိုင် ၊ ရုပ်ရှင်ရုံထဲ နေကြာစေ့ စား ၊ ကြာတော့ ချစ်ရှိန်တက်လာသော ချစ်ကိုကို တစ်ယောက် ချိုမမ အား အတူနေဖို ့၊ လက်ထပ်ဖို ့အတင်းပူဆာတော့သည် ။

ဝါကျွတ်လျှင် မင်္ဂလာဆောင်ကြဖို ့စီစဉ်ခဲ့ကြပြီး ၊ ယခု ဝါကျွတ်သောအခါ မိုးက ရွာကောင်းနေတုန်း..

တန်ဆောင်မုန်းဝင်တော့ မိုးလေးတိတ်တုန်း မင်္ဂလာဧည့်ခံပွဲလေး ကျင်းပဖို ့အပူတပြင်း စီစဉ်ကြတော့ ဦးမျိုး က တစ်စခန်းထသည် ။

“ ငါ့သား မင်းတို ့မင်္ဂလာဆောင်တာတော့ ဟုတ်ပါပြီ ၊ ဒါပေမယ့် ပေါ့သေးသေးတော့ လုပ်လို ့မရဘူးနော..မင်းတို ့ရဲ  ့မင်္ဂလာဆောင်ဟာ ဂုဏ်သရေရှိ လူကြီးမင်းတွေ တက်ရောက်ချီးမြှင့်ပေးတဲ့ မင်္ဂလာဆောင် ဖြစ်ရမယ် ကွ ”

“ အဖေကလည်းဗျာ ၊ သားတို ့ဘက် ကရယ် ၊ ချိုမ တို ့ဘက်ကရယ် ဆွေမျိုးတွေ ၊ အသိမိတ်တွေ ၊ စီးပွားလုပ်ဖက်တွေ အားလုံးဖိတ်မှာလေဗျာ ၊ သူတို ့လာရင် ပြီးရောပေါ့ ”

“ ဟုတ်သားဘဲ ၊ သားလေးပြောတာမှန်တယ် ၊ ဒီမယ် ၊ ကိုမျိုး..ရှင်ဟာလေ တစ်နေကုန် လက်ယားလက်ယားနဲ ့ရပ်ကွက်ထဲ အရည်မရ အဖတ်မရ ကြွေအတူပစ် ၊ ကျားအတူထိုး တဲ ့ရှင့် မိတ်ကောင်း ဂုဏ်သရေရှိကြီးတွေ ကို ဖိတ်ချင်သေးတာလား ၊ ရပ ၊ ရပ ၊ အေး..ရှင့်မိတ်ကောင်းကြီးတွေ လက်ဗလာ နဲ ့လာလို ့ကတော့…ဒီမယ် ကြည့် ”

“ မိန်းမ ဘာလုပ်တာလဲ ကွာ ၊ စကားအေးအေးလူလူပြောနေတာကို ၊ မင်း ဝက်သားခုတ် ဓါးမကြီး ဘာလို ့ထုတ်လာတာလဲ ”

“ အေး..ရှင့်ကို အနှစ် နှစ်ဆယ်လုံး ဝက်သားရောင်းကျွေးလာတဲ့ ဒီဓါးမ ကို သာ ကြည့်ထား ၊ ဟွင်းဟွင်း… ”

“ အေးပါဟာ…မမြင့်ကလဲ ၊ မင်္ဂလာဆောင် ကို ဘယ်သူက လက်ဗလာ နဲ ့လာမှာလဲလို ့၊ နောက်ပြီး ငါ ဖြစ်စေချင်တာ က ဒီလိုပါဟာ …. ”

ဟုတ်တော့လည်း ဟုတ်သည် ။

သတင်းစာ ၊ ဂျာနယ် များ ၌ ပါသော ကျေးဇူးတင်ကြောင်း ကြေငြာ များ ကို ဖတ်ခဲ့သော ဦးမျိုး တစ်ယောက် စိတ်ကူးယဉ်နေခဲ့တာ ကြာပြီ ။

ဘယ်သူ ဘယ်ဝါ ရဲ  ့သားနဲ ့ဘယ်သူ ဘယ်ဝါ ရဲ  ့သမီး မင်္ဂလာပွဲတွင် ဂုဏ်သရေရှိ လူကြီးမင်း ဦးဘယ်သူ က မင်္ဂလာလက်စွပ် ကို ကြွရောက် ဆင်မြန်းပေးပါသဖြင့် ၊ နှစ်ဘက်သော ဇနီးမောင်နှံနှင့် မိသားစုများက ဘယ်သို ့ဘယ်ပုံ ကျေးဇူး အထူးတင်ရှိပါကြောင်း ။ မင်္ဂလာပန်းကုံး ကို တက်ရောက်ချီးမြှင့်ပေးပါသော လူကြီးမင်း ဦးဘာညာ အား ဘယ်လို ကျေးဇူးတင်ပါကြောင်း …. အစရှိသဖြင့် ။

အဆိုပါ သတင်းကြေငြာများကို ဖတ်ပြီး ၊ သား မင်္ဂလာဆောင်ကြလျှင်လည်း သည်လို လုပ်ရမည် ဟု ဦးမျိုးရည်ရွယ်ခဲ့ကြောင်း ပြောပြလိုက်သည် ။

“ မင်္ဂလာပန်းကုံးကတော့ ထားပါတော့ ၊ မင်္ဂလာလက်စွပ် က အဖေ ပေးမှာလား ပြော ”

“ မင်းအမေ ဘောစိ တစ်ယောက်လုံး ရှိတယ်လေကွာ…နော..မမြင့် ”

“ အလိုတော်…မင်္ဂလာပွဲအတွက် ကုန်ရဦးမှာက တစ်မျိုး ၊ ရှင့် ပေါကြောင်ကြောင် စိတ်ကူးတွေအတွက် အပိုထပ်အကုန်မခံနိုင်ဘူးတော်ရေ ၊ လုပ်ချင်လွန်းသပ ဆိုရင် ရှင့်သား ပြောသလို ရှင့်ဟာရှင် ရှာကြံပေတော့ ၊ အဲ..မဟုတ်က အတုတွေ နဲ ့တော့ တက်မလာနဲ ့နော် ၊ သိတယ်မလား..မမြင့်အကြောင်း..ဟွင်းဟွင်း ”

ပြောပြောဆိုဆိုဖြင့် စောနက ထုတ်ပြထားသော ဝက်သားခုတ် ဓါးမ ကို တရုတ်ကားထဲကလို ရမ်းပြလိုက်သဖြင့် ဦးမျိုး တစ်ယောက် ဇက်လေးပုသွားရှာသည် ။

မိသားစု သုံးယောက် တိုင်ပင်ပြီးသည့်အဆုံး မင်္ဂလာပန်းကုံး စွပ်မည့် အစီအစဉ်ဖြင့်သာ ဦးမျိုးတစ်ယောက် ကျေနပ်လိုက်ရသည် ။ ဒါတောင် ချွေးမလောင်းလေး က ပန်းရောင်းသူမို ့။

သည်အတွက် မင်္ဂလာပန်းကုံး စွပ်ပေးမည့် သူကို စိတ်ကူးဖြင့် အရင် ရွေးခြယ်ကြည့်သည် ။

သူနှင့် ကြွေပစ်နေကြ ဦးထွန်းလင်း ၊ မဖြစ်သေး ၊ သည်လူက စမောလေး တစ်ပွေ နှင့် ကြိတ်ပုန်းခုတ်နေသည် ဟု သတင်းသံ ထွက်ထားသည် ။

သူ နှင့် ကျားထိုးဖော်များဖြစ်သော ဦးမြတ်ဝင်း နှင့် ဦးနေလင်း ၊ သူတို ့ကြပြန်တော့လည်း ခွက်ပုန်းသမားတွေ ဆိုတော့ မဖြစ်ပြန်ချေ ။ တော်ကြာ ပန်းကုံးစွပ်သည့် အချိန်မှ အရက်နံ တထောင်းထောင်းနှင့် ဒယိမ်းဒယိုင် ဖြစ်နေလျှင် ခက်ချေမည် ။

နောက်ဆုံး ၊ သူနှင့် ဘောပွဲအကြောင်း အမြဲတိုင်ပင်နေကြဖြစ်သော ဦးတင့် ၊ ဒီလူကတော့ မဆိုး ၊ စီးပွားရေး ဘာလုပ်မှန်း မသိရသော်လည်း ၊ ပိုက်ဆံ အတော်ရှိပုံရသည် ။

သူ  ့ကိုပဲ မင်္ဂလာပန်းကုံး တက်စွပ်ခိုင်းမည် ဟု ရွေးခြယ်လိုက်သည် ။ သည်လူက ဘောစိ ဆိုတော့ ဘာညာသာရကာ လည်း ပေးစရာမလို ။

ဒေါ်ထွေးနှင့် ချိုမမ တို ့ဆီကြတော့ တစ်မျိုး ၊ ဒေါ်ထွေးက ဘိသိက် ကောင်းကောင်း ငှားစေချင်သည် ။ သူ ့တုန်းက ဖြစ်သလို မင်္ဂလာဆောင်ခဲ့ရ၍ သမီးမင်္ဂလာဆောင် ကို ဘိသိက် နှင့် ကျကျနန ဖြစ်စေချင်သည် ။

ချိုမမ က ဘိသိက်ငှားလျှင် ဘိသိက်ဆရာ က ပေရှည်မည် ။ နားပူမည် ဖြစ်၍ မလုပ်စေချင် ။ ချစ်ကိုကို ကလဲ နားပူတာ မကြိုက် ။

ဒေါ်ထွေးက အတင်း ဆန္ဒပြင်းနေသဖြင့် ၊ တိုတိုတုတ်တုတ် နှင့် ပေမရှည်မည့် ဘိသိက်ဆရာ ကို သာ ရွေး ဟု ပြောလိုက်သည် ။

တိုတိုတုတ်တုတ် နှင့် ဘိသိက်မြှောက်ပေးမည့် ဘိသိက်ဆရာ ရှာရသည်မှာလည်း မလွယ် ။ ဘိသိက်ဆရာ အားလုံးနီးပါးသည် ပေတော်တော်ရှည်ကြသည် ။ ကြာကြာလေး ပေရှည်မှ သတို ့သား သတို ့သမီး နှင့် မိဘများ က သဘောကျ ကျေနပ်ကြမည် ဟု ထင်နေကြသူများ ။

ညကြမှ ဆက်လက် တိုက်ပင်း ရိုက်တင်ပါမည် ။ နားပါဦးမည် ။ ကိုပေါက်(မန်းတလေး)၏ လက်ဖွဲ ့ခုံ ကိုဖတ်အပြီး သည်စာကို ရေးပါသည် ။

——————– အားလုံးကို ကျေးဇူးတင်ပါသည် ——————–

 

25 comments

  • pan pan

    October 28, 2011 at 1:13 pm

    ကိုပေရေ….မင်္ဂလာဆောင် ဘာကျွေးမှာလဲပြော
    ဒါကပိုအရေးကြီးတာနော်
    သေချာလေးကျွေးပါ
    အဲဒီအပိုင်းလေး ချန်မထားနဲ့ဦးဗျို့

  • မိုးပွင့်ဖြူ

    October 28, 2011 at 1:15 pm

    စောင့်ဖတ်နေပါသည်
    ဇာတ်သိမ်းခန်းကပွဲကြမ်းမဲပုံမြင်နေရတယ် …

  • Moe Z

    October 28, 2011 at 1:20 pm

    တော်ပြီ အဲဒီလိုမင်္ဂလာဆောင်မျိုးတော့မတက်ဘူး
    တော်ကြာလက်ဖွဲ့တာနည်းသွားလို့ ဝက်သားခုတ်တဲ့ဓားနဲ့တွေ့နေဦးမယ် 🙁

    • windtalker

      October 28, 2011 at 1:29 pm

      မတက်လို ့မရတော့ဘူးတဲ့
      ရွာထဲက ရွာသူတွေ ကို
      သင့်လျော်သလို အပျိုရံ ၊ ပန်းကြဲ ၊ ဧည့်ခံ
      အသက်ကြီးပိုင်းဆိုရင် အခါတော်ပေး ဆိုခိုင်းဖို ့
      အားလုံးစီစဉ်ပြီးဘီ တဲ ့ဗျို ့
      😆

      • Moe Z

        October 28, 2011 at 2:22 pm

        မတက်မနေရဆိုတော့လည်း တက်ရတော့မှာပေါ့
        အပျိုရံတော့မလုပ်ဘူးနော်
        လက်ဖွဲ့ဖို့တော့ …… မမရေကူညီပါဦး ဘယ်လောက်ဆိုရင်အဆင်ပြေမလဲ 🙂

        • MaMa

          October 28, 2011 at 6:07 pm

          တွက်နည်းရှိတယ်လေ။ ဖော်မြူလာထဲထည့်တွက်ရရင်ဖြင့် အစားအသောက်အတွက်က သတို့သားက ဝက်သားသည်ဆိုတော့ အလကားရတယ်လို့ ယူဆလို့ လက်ဖွဲ့စရာမလိုဘူး။ အခမ်းအနားအပြင်အဆင်အတွက်က သတိုးသမီဘက်က ပန်းရမယ်လေ။ ဆိုတော့ ဝါးတီးသက်သက်သာ သွားနိုင်တဲ့ပွဲမို့ ပါးစပ်စိုက်ရင်ရပြီ Moe Z ရေ။ (တွက်ခြေကိုက်မယ့်ပွဲမို့ ရွာလုံးကျွတ်အားပေးကြလိမ့်မယ်ထင်တယ်။) 😆

      • “ဘီလူးကြီး”ogre

        October 28, 2011 at 7:28 pm

        မမြင့် က
        ဝက်သားခုတ်ဒါးမကြီး
        မင်္ဂလာဆောင်ကိုယူလားမှာလားဗျ..ကျုပ်က သွေးသံရဲရဲမကြည့်ရဲဘူးနော်..။။

  • hmee

    October 28, 2011 at 1:30 pm

    ဟာ…ဆရာပေ အရေးအသားတွေ ညက်လာပြီနော်။ ဝက်သားခုတ်တဲ့ ဓါးမကြီးတောင် မြင်ယောင်မိနေပြီ။ စောင့်မျှော် အားပေးနေပါတယ်။

  • inz@ghi

    October 28, 2011 at 1:30 pm

    ဇာတ်ကတော့ ထမ်ဖို ..မြင့်လာပီ
    မကြာခင် ခလိုင်းမက်ခ်စ် ရောက်တော့မယ်
    ဇာတ်သိမ်းကျရင် ဒရမ်မာ နဲ့ပီးမလား ဖန်ဆီ နဲ့ ပီးမလား
    သိဂျင်ဇမ်းဘာဘိ

  • nozomi

    October 28, 2011 at 1:33 pm

    အဲဒီပွဲမှာ ဘိသိတ်ဆရာက ဆရာပေ လေ

  • နွယ်ပင်

    October 28, 2011 at 1:34 pm

    မင်္ဂလာဆောင်တစ်ခုဆိုတာက ချဲ့ရင်ချဲ့သလောက်ကို ရတာပါပဲ
    ဇာတ်သိမ်းမှာ ဘာတွေဆက်ဖြစ်ကြမလဲ စိတ်ဝင်စားပါရဲ့ …..

  • ဆူး

    October 28, 2011 at 1:36 pm

    ပန်းကုံး အတွက် ရွာထဲက ရွာသားများက ပန်းတွေ လက်ဖွဲ့ ပေးကြမှာ ဖြစ်ပါတယ်။
    အခုတလော ပန်းမော်ဒယ်တွေကြီးပဲ.. အဲဒီ ပန်းတွေ အမျိုးမတူပေမဲ့ စုပြုံပြီး သီလိုက်ရင်တော့ တစ်မျိုး လှ မလားပဲ ဟဲဟဲ..

  • မှော်ဆရာ

    October 28, 2011 at 1:38 pm

    ဇာတ်လမ်းကောင်းတုန်း အဲဒီလို မရပ်ရဘူးလေ …
    ဝဋ်လည်တတ်တယ် …

    • windtalker

      October 28, 2011 at 1:42 pm

      အားပေးမှုကို ကျေးဇူးတင်ပါတယ် ကိုမှော်ဆရာရေ
      လောလောဆယ် တော့ သမုဒ္ဒရာ ဝမ်းတစ်ထွာလေးအတွက် ပြေးရဦးမှာမို ့
      ယနေ ့ညတွင်မှ အပြီးဆက်လက် တိုက်ပင်းပါမယ့်ခင်ဗျ

  • စုံ စုံ

    October 28, 2011 at 1:52 pm

    မင်္ဂလာဆောင်ဆိုအဝဆွဲရမယ့်ပွဲမျိုးကိုဘဲစိတ်ဝင်စားတယ်
    သို့ကြောင့် ကိုမောင်ပေရေ ဒီပွဲကိုလဲရှယ်ကျွေးနိုင်အောင်စီစဉ်ပေးဦးနော်
    မဟုတ်ရင် ဖတ်ရတာမဝမှာဆိုးလို့

  • chitlay

    October 28, 2011 at 2:37 pm

    မင်္ဂလာဆောင်မှာ ဘာကျွေးမှာလဲ ?? အန်တီမမရဲ့ လက်ဖွဲ့တွက်နည်းပို့စ်ထဲကလို လက်ဖွဲ့တွက်ပေးမလို့ … 😆

  • koyinmaung

    October 28, 2011 at 2:37 pm

    ရွာထဲကသတိုးသမီးအရန်သတိုးသားအရန်ကဘယ်သူတွေလုပ်မှာတုန်းဗျ
    အမယ်…မမြင့်ပြောသေးတယ် ဒီမှာကိုမျိုးမင်္ဂလာဆောင်တဲ့နေ့ကျယင်
    ကျုပ်ဓါးမကြီးကိုမင်္ဂလာလက်ဖွဲ့လက်ခံတဲ့နေရာမှာချိတ်ထားမှာနော်…တဲ့
    အဲ့ဒီနေ့ကျုပ်ကတော့လာမအားဘူးဗျာ..
    ခရီးသွားစရာလေးရှိလို့ပါ..လက်ဖွဲ့ကို ပြေတီဦးနဲ့ဘဲလူကြုံပေးလိုက်ပါ့မယ်….
    ဟေဟေ့…….

    • water-melon

      October 28, 2011 at 8:22 pm

      ကျွန်တော်လုပ်မယ်ဗျ။ ကျွန်တော်နဲ့တွဲမဲ့ သတို့သမီးက အသက်ငယ်ပြီး ရုပ်ချောရမယ်နော်။
      ရွာထဲက ပျိုပျိုများ မောင်ဖရဲသီးကို ဆက်သွယ်ပါရန်။

      • ကြောင်ကြီး

        October 29, 2011 at 10:40 am

        ရွာထဲမှာ ဘဲဥမဆိုတာရှိတယ်။ မောင်ဖရဲသီးနဲ့ ဘဲဥမ လိုက်မှလိုက်…။ မင်္ဂလာပွဲ ဘိသိက်စကားဆိုဖို့ ပေရှည်တဲ့ ဘိသက်ဆရာ မောင်ပေဆီအပ်လိုက်.. 🙂
        ဇေယျတုသဗ္ဗမင်္ဂလာ ဒီနေ့ကျောက်စိမ်းဈေးဟာ….. 😆

  • alinsett

    October 28, 2011 at 3:14 pm

    တန်းလန်းကြီးပါလား..ဗျို ့။

  • ပေါက်ဖော်

    October 28, 2011 at 3:43 pm

    မောင်ပေ့ဇာတ်သိမ်းက သိပ်လှလိမ့်မည်မဟုတ်..
    လုကြ..ယက်ကြ..ထိုးကြ.ကြိတ်ကြ.ဆဲကြ ဆိုကြ နဲ့…မြင်ယောင်သေးဒယ်..

    တော်ဘီ..တော်ဘီ
    ဘုန်းကြီးဝတ်တာပဲ ကောင်းတယ် (အများဆုံး တစ်ပတ်)
    😆

  • etone

    October 28, 2011 at 4:25 pm

    ရှုပ်ပါတယ်ကိုပေရေ … ဘုန်းကြီးကျောင်းမှာ ရေခဲမုန့်နဲ့ ကိန့်မုန့် ဝေဖာကျွေးလိုက် … အကုန်ကျလည်းသက်သာ … တွက်ချေလည်းကိုက် ဟီးဟီး … 😀

  • comegyi

    October 28, 2011 at 4:48 pm

    ဝက်သားရောင်းတဲ့ မိဘနှစ်ပါးကမွေးတဲ့ အမျိုးကောင်းသားဆိုတော့ သူ့ရဲ့ မင်္ဂလာဆောင်မှာလည်း ရှေးရှေးက ပြောကြသလို ဝက်သားတုံးကြီးဒူးလောက် ပေါင်လောက်နဲ့ ရွာလုံးတိတ် မီးခိုးတိတ် ထမင်းရေ ချောင်းစီး မောင်းတီးကြတော့မပေါ့ ရဲဘော်ရ……..

    • windtalker

      October 28, 2011 at 7:02 pm

      အေးလဗျာ ၊ ဝက်သည်း ၊ ဝက်အူ လေးတွေ ကို ဆြာသော်တာဆွေ ရေးသလို မကျက်တကျက် ဟပ်ဖ်ဘွိုင် ပြီး ရှောက်ရည် နိုင်းချင်းလေးနဲ ့ အဝေရာလေး နဲ ့တွဲနှိပ်လိုက်ရရင် ဖြင့် ဆွေမျိုးမမေ့တောင် ဂေဇက်မှာရေးဖို ့ဇါတ်လမ်းတစ်ပုဒ် ထွက်နိုင်ကောင်းပါရဲ ့

  • အီးတီ

    October 29, 2011 at 6:58 am

    ကျွန်တော်ကတော့ ဝက်ကို ပန်းကုံးများအလှဆင်ပြီး DHL နှင့် မင်္ဂလာပွဲအမှီပို ့ပေးလိုက်ပါ့မယ်။
    မမြင့်ရဲ ့ဓါးမကြီးကိုကြောက်လို ့ မင်္ဂလာပွဲကိုတော့ မလာတော့ပါဘူးဗျာ။

Leave a Reply