ဆည်တော်လေး (သို့) မန္တလေးကချောင်းသာ

Diamond KeyNovember 2, 20112min32818

ကျွန်တော်တို့ ရန်ကုန်ရုံးက မိတ်ဆွေ၊ သူငယ်ချင်းတွေက မန္တလေးရောက်လာရင် ပြင်ဦးလွင်ကို ရောက်အောင် သွားချင်တယ်လို့ အမြဲဆိုကြတယ်။ မန္တလေးက မိတ်ဆွေ၊ သူငယ်ချင်းတွေကတော့ အားလပ်ရက်လေးများရရင် ချောင်းသာကို သွားကြတယ်။ ကိုယ့်ဒေသမှာ အမြဲမတွေ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေဆိုတော့ နှစ်သက် သဘောကျ သွားချင်ကြတယ်လေ။
ချောင်းသာရောက်တော့တွေရတဲ့ ရေပြင်ကျယ်ကြီးတွေ၊ ရေထဲမှာ ပျော်ပျော်ပါးပါး ရေကစားရတာတွေကို သိပ်နှစ်သက် သဘောကျတယ်။ ဒီလို ရေပြင်ကျယ်မှာ ပျော်ပျော်ပါးပါး ရေကစားရတာတွေကို သိပ်နှစ်သက်တဲ့ သူတွေအတွက် ချောင်းသာ၊ ငွေဆောင်၊ ကမ်းသာယာ၊ ငပလီ တစ်မဟုတ်မှာ အလှမ်းမမှီတော့ အာသီသ ဖြေစရာ သိပ်ပူတဲ့ မန္တလေး ဒေသက အိုအေစစ်လေးတစ်ခုဖြစ်တဲ့ နေရာလေးတစ်ခုဆီ သွားပျော်နေကြလေရဲ့။ အဲဒီနေရာလေးကတော့ မန္တလေး – ပြင်ဦးလွင် ကားလမ်း ၁၆ မိုင်လောက် အရောက်က ဆည်တော်လေးရေလွဲဆည် ရှိတဲ့နေရာလေးဆီပါ။

ဆည်တော်လေးက ပူတဲ့အချိန်ရောက်လေ စည်လေပါပဲ။ ကားတွေဓ ဆိုက်ကယ်တွေ ဆိုတာက များမှများပါ။ နှစ်ယောက်တွဲလေးတွေ၊ အုပ်စုလိုက်တွေ၊ မိသားစုတွေ အများကြီး တစ်ပျော်တစ်ပါး လောရောက် အပန်းဖြေကြလို့ ရွာအဝင်ကတောင် ရံပုံငွေ ၅၀ဝ ကောက်တယ်။ (ဆိုင်ကယ်၊ ကား ဝင်ခ၊ ရပ်ခတဲ့လေ။)
ဆည်တော်လေးရဲ့ကမ်းနှစ်ဖက်မှာတော့ နားစရာ စားသောက်ဆိုင်လေးတွေ၊ ရေထဲမှာဆော့စရာ ဘောကွင်းငှားတဲ့ နေရာတွေက အပြည့်ပါပဲ။


အမှတ်တရ ဓါတ်ပုံရိုက်လိုသူတွေ အတွက်လည်း ခုရိုက်ခုယူ ဓါတ်ပုံဆိုတွေကလည်း များမှများပါ။

အားလုံးက ရေထဲမှာ ပျော်နေကြပါတယ်။


ကလေးတွေ အတွက်ကတော့ အပျော်ဆုံး အချိန်တွေပေါ့လေ။


ပူပြင်းတဲ့မန္တလေးနွေ၊ အဝေးကို သွားစရာမလိုတဲ့ အခြေအနေ၊ ကိုပေပြောဖူးသလို ရေဆော့လို့ သိပ်ချမ်းနေကြတဲ့ ကောင်လေး၊ ကောင်မလေးတွေ ရှိနေသရွှေ့တော့ ဆည်တော်လေးက စည်နေအုံးမှာပါ။

18 comments

  • koyinmaung

    November 2, 2011 at 10:35 am

    ဟုတ်ပ…ကြုံလို့ကတော့ခလေးတွေလိုက်ပို့ပေးရမယ်….

  • windtalker

    November 2, 2011 at 11:42 am

    အင်း ကိုစိန်သော့ ရေ ခပ်လန် ့လန် ့နဲ ့မန် ့ဦးမယ်ဗျို ့
    အဲဒီ ဆည်တော်လေး ဆိုတာကို ကြားဖူးနေခဲ့တာ ကြာပြီ ဖြစ်သော်လည်း
    တစ်ကယ်တမ်း ရောက်ဖြစ်ခဲ့တာ 2009 ဝါဆိုလပြည့်နေ ့
    လပြည့်နေ ့ဆိုတဲ့အခါကြတော့ ၊ လူစည်ကားတာမှ သီတင်းကျွတ် လပြည့်ကျောက်တော်ကြီးပွဲ အတိုင်းဘဲဗျ
    ဆည်တော်လေး မရောက်ခင် တစ်ပြလောက် အကွာအဝေးမှာ ဆိုင်ကယ်အပ်ခဲ့ရတယ်
    အဲဒီ ဆိုင်ကယ် စတန်း ရောက်ကတဲက လေထု က နှုတ်ဆက်တဲ့ ရနံ ့က အရက်နံ ့ ။
    မရောက်ခင်တုန်းက ထင်ထားခဲ့တာက သာသာယာယာ ပျော်စရာပေါ့ ။
    ရောက်မှတော့ မထူးပါဘူး လေ ၊ ဆိုပြီး လမ်းလျှောက်သွားတာပေါ့ဗျာ ။
    ပုံထဲကအတိုင်း ဆိုင်ခန်းလေးတွေ မှ အများကြီးဘဲ ။
    ဘာရသလဲ ဆိုရင် အရက်သောက်မှာလား တဲ့ ။ ထမင်းဆီဆမ်း ၊ လဘက်သုပ် ၊ ပဲကြော်သုပ် ရမယ်တဲ့
    ရေသန် ့ဘူး တစ်ဘူး ပေးပါ မှာလိုက်တော့ ၊ ဂျီးအလိမ်းလိမ်း ဖုံအလိမ်းလိမ်း နဲ ့တစ်ဘူး လာပေးတယ် ။
    ကျုပ်ရောက်ခဲ့တုန်းက လူအရမ်းစည်တော့ ရေတွေကလဲ အရမ်းညစ်ပတ်တာနဲ ့၊ ရေထဲမဆင်းခဲ့ဘူးဗျ
    နောက်ပြီး အရမ်းထူးခြားတဲ့ မြင်ကွင်းက ၊ လူတွေကြည့်လိုက်ရင် ၁ဝယောက်မှာ ၅ ယောက်လောက်က
    မူတူး နေကြပြီး ၊ ပါလာတဲ့ ကောင်မလေးတွေကလဲ ၊ တစ်ယောက်မှ ပုံမမှန်ဘူး ဗျ ။
    ပုံမမှန်ဘူးဆိုတာ က ဒီလိုပါ ။ ဟိုက ဒီက ဟာလေးတွေ ပေါ့ဗျာ
    ဝတ်ပုံစားပုံ ကြည့်ရတာနဲ ့တန်းသိရတာကလား
    ဒါကတော့ ငါ့ကိုတို ့ငါ့ညီ တို ့ငါ့ဦးလေး တို ့အလိုလို တတ်ပြီးသား ပညာရပ်ပါနော ဟဲဟဲ
    ပြောရရင်တော့ဗျာ…
    ဆည်တော်လေး သည် ကြားရက်များတွင် ၊ သွားလည်လျှင် ကောင်းသည် ။ လူရှင်းမည် ။
    သာသာယာယာ ရှိမည် ။ ကံကောင်းလျှင် ဆင်းရဲသားစုံတွဲများ ကို တွေ ့နိုင်မည် ။ ဟီဟိ
    လပြည့်ရက် များတွင် မသွားသင့်ဟု ဆိုချင်သည် ။
    အထူးသဖြင့် အမျိုးသမီးများ ပါခဲ့လျှင် ပိုပြီး မသွားသင့် ဟု ဆိုချင်ပါတယ် ခင်ဗျား ။
    ကိုစိန်သော့ ရေ ၊ အမှားရှိခဲ့ရင် ခွင့်လွှတ်ပါနော်

    • inz@ghi

      November 2, 2011 at 1:15 pm

      သည်နွေ သည်ရေ နဲ့ သည်အရည်တွေ မျိုကြတယ်ဆို …
      ဦးနှောက်သွေးကြောပြတ်မှာ လေဖြတ်မှာ မကြောက်ကြဘူးလားဟရို့ …

      ကစိန်သော့ရေ …တား ကို လိုက်ပို့ဦးနော်….
      ဆင်းရဲသား စုံတွဲတွေ အတွက် ပြောင်း အရှည် သထားမယ် ..ခစ်ခစ်..

    • pan pan

      November 2, 2011 at 1:28 pm

      အပန်းဖြေဖို့နေရာဖြစ်ဖြစ်၊ ပျော်စရာနေရာဖြစ်ဖြစ် ဒါတွေနဲ့ကိုမလွတ်ဘူးနော်
      သွားလို့ကောင်းတဲ့နေရာတွေက သွားလို့မကောင်းတော့အောင်ဖြစ်ကုန်သွားတာပဲ
      ချိတ်ညစ်ဒလယ် 🙁

    • Diamond Key

      November 2, 2011 at 4:13 pm

      နော်က လပြည့်နေ့လိုနေ့တွေကျရင် ဘုရားတွေသွားပြီး တရားထိုင်၊ ပုတီးစိတ်နေတော့ ဒါမျိုးတွေ မြင်ဖူးဘူးလေ၊ ကိုပေ ပြောမှသိရတာ။ ဩော….ဒီလိုရက်တွေက အဲလိုကြီးလား။
      ဒါဆိုရင်တော့ ……. ကြားရက်သာ အေးအေးဆေးဆေး သွားကြနော် ကိုရင်မောင်တို့ ကိုဇာတို့ရေ။ ပန်ပန်၊ အိတုန်၊ နွယ်ပင်၊ နီလေးတို့ လပြည့်နေ့ရှောင်ဟေ့။
      ကိုပေနဲ့ တည့်တည့်တိုးရင် Yes or No နဲ့ စွတ် ခရော့တွေ မှားခြစ်နေရင်….။း)
      ကိုချို တို့သွားရင်တော့ zombie လဲ အမှားကြည့်တတ်တယ်။ အကူအညီလိုရင်တောင်း…း)
      မနောတို့၊ လာရင်တော့ လိုက်ပို့ပေးမယ်။

  • etone

    November 2, 2011 at 11:55 am

    ဟီးဟီးပျော်စရာကြီး … ဒါနဲ့ ဆည်ထဲကရေဆိုတော့ … ပင်လယ်ရေလိုတော့ အသားရေ ပျက်ဆီးမှာ မဟုတ်လောက်ဘူးနော ်… ဒါပေမယ့် .. ရေစီးက နှေးတော့… ရေ ညစ်ညမ်းတာတော့ရှိမယ်ထင်တယ် … ။ 🙂

  • နွယ်ပင်

    November 2, 2011 at 12:08 pm

    ပုံတွေထဲကြည့်ရတာ ပျော်တော့ ပျော်စရာကြီးပဲ
    ဒါပေမယ့် ရေတွေကြည့်ရတာ ညစ်ပတ်နေသလားလို့ .
    မန်းလေးရောက်ရင် သွားရမယ့် တစ်နေရာတိုးတာပေါ့လေ … 😀

  • နီလေး

    November 2, 2011 at 1:07 pm

    ကျောင်းတက်တုန်းကတော့ ရောက်ဖြစ်တယ် ခုတော့မရောက်နိုင်တော့ပါဘူး ခုလို ပုံလေးတွေနဲ့တကွ တင်ပေးလို့ ကျေးဇူးနော် ခုထိလဲ စည်ကားတာပဲနော်

  • kocho

    November 2, 2011 at 1:11 pm

    ကြည့်ရတာလန်းတယ်ဗျိုး 😀

  • zombie

    November 2, 2011 at 2:32 pm

    ပျော်စရာတော့ အတော်ကောင်းတဲ့နေရာလေးပါ..ဒါပေမဲ့ ကိုပေပြောသလို..ပုံမမှန်တာတွေရှိတယ်ဗျို့…..ပြီးတော့ ရပုံမြောက်မှာမြင်နေရတဲ့ ဆည်တော်လေး ရေလွှဲဆည်ဆိုတဲ့ Dam အစောင်းကနေ..အဲဒီမှာနေထိုင်တဲ့ ဈေးသည်တွေဟာ..ပြေးတက်လိုက် ပြေးဆင်းလိုက်နဲ့ ..ဟန်ချက်မပျက်ပဲ..အပီအပြင်လှုပ်ရှားနိုင်ကြတာပါပဲ….ဟိဟိ ..သူတို့တစ်တွေကို အားကျစွာနဲ့ပဲ..ဆင်းကြည့်ကျတဲ့..ကျွန်တော်တို့..သူငယ်ချင်းတွေမှာ…ရောက်လုနီးမှပဲ..စတိုင်အမျိုးမျိုးနဲ့..လဲသူလဲ..ကွဲသူကွဲတွေ..ဖြစ်ကုန်ကျပါလေရောဗျာ…မှတ်မှတ်ရရ.အဲဒီတုန်းက ကွဲပြဲသွားတဲ့ ဒူး၊တံတောင်တွေအစား…အသစ်စက်စက် NowHow ဗူးလေးကို..နှမြောလိုက်တာ…အဟင့်..ရွတ်..

  • manawphyulay

    November 2, 2011 at 3:07 pm

    ပုံလေးတွေက ချက်ချင်းကို ကြည်လိုက်တာနဲ့ လာချင်စိတ်ပေါက်သွားတယ်။ လာလည်ရင် လိုက်ပို့ပေးမှာလား..

  • စုံ စုံ

    November 2, 2011 at 4:31 pm

    ပုံတွေကိုကြည့်ရတာပျော်စရာကြီး
    ဒါပေမယ့် ငမူးတွေနဲ့ဟိုဟာဒီဟာတွေများနေရင်တော့မသွားချင်ဘူး
    အာရုံနောက်တယ်
    အောက်ဆုံးကရေရင် ၂ပုံမြောက်ကိုကြိုက်တယ်
    ရိုက်ထားတာလေးမိုက်တယ်နော်
    သူတို့ပြေးနေတာကြည့်ပြီး ကိုယ်ပါလိုက်ပြေးချင်တယ် 🙂

  • blackchaw

    November 2, 2011 at 5:52 pm

    ဆရာ ဒိုင်းမွန်းရေ။
    ပုံတွေ ကြည့်ဘို့ အကြာကြီး စောင့်နေရလို့ စိတ်ပျက်ပြီး မကြည့်တာပါ.။
    အခုတော့ ပြန်ကာနီးလို့ ကြာချင်ကြာပေ့စေဆိုပြီး ကြည့်လိုက်မိပြီဗျာ။
    မိုက်တယ်ဗျာ။ ချောင်းသာကျနေတာပဲ။

  • Shanma TUmdy

    November 2, 2011 at 8:34 pm

    ဆည်တော်လေး .. ပထမနှစ်တုန်းက တော်တော်ကိုသွားကဲခဲ့တာ.. ခုတောင်ပြန်သွားချင်သေးတယ်.

  • MaMa

    November 2, 2011 at 9:06 pm

    ကြည့်ရတာ ရွာထဲကလူတွေ မြစ်ချောင်းနဲ့ နီးနီးမနေဖူးကြဘူးထင်တယ်။ မြစ်ကမ်းဘေးက သစ်ပင်တွေ တဲပုတ်လေးတွေကိုကြည့်ရတာ မြစ်ဝကျွန်းပေါ်မြို့လေးက မြစ်ထဲမှာ ရေကူးခဲ့ရတာတောင် သတိရမိတယ်။

  • မေလာရင် လိုက်ပို့မလားလို့
    မေးလာတဲ့မေလေးရေ။
    သွားလိုရင်ခင်သေချာပြောပါကွဲ့။
    တင်ကာခေါ်ပါမယ်ဆိုင်ကယ်နဲ့
    မိုင်တွေရယ်သိပ်မဝေးပါဘူး။
    ဖုံထူတာခင်စိတ်မဆိုးရင်ဖြင့်
    လိုက်ပို့ချင် ဆယ်တော်လေးကိုတဲ့
    သွားစို့တူတူ။
    နေပူပူ မြေနီလမ်းမှာလ
    ခင်လမ်းမှာပြုတ်မကျရအောင်
    ဆိုင်ကယ်မှာအသာခွပါလို့
    မောင့်ခါးကိုတော့ဖက်ကာထိုင်။

    အပိုမပြောပါဘု
    ရန်ကုန်သူပျိုဖြူချောကို
    စိန်သော့ရယ်လှမ်းကာဖိတ်ပါမယ့်
    အလှမ်းမဝေးတဲ့ မန်းလေးကိုအရင်လာ။

  • Diamond Key

    November 3, 2011 at 12:51 pm

    မေကညာကို တင်ကာခေါ်ပါမယ်ဆိုင်ကယ်နဲ့ ဆိုတဲ့ ဆြာပေါက်ရေ၊
    ဘရိတ်ကိုတော့ တအား တအားတော့ မနင်းနဲ့နော၊
    ရန်ကုန်သူပျိုဖြူချောတွေက၊
    ဆိုင်ကယ်ကို စီးနေမကျတာကြောင့်၊
    ခင်လမ်းမှာပြုတ်မကျရလေအောင်၊
    ဆြာပေါက်ရေ၊ ……………….ဆိုင်ကယ်မှာ “ ကြိုးနဲ့သာတုတ်” (အဲဟုတ်ပေါင်.. ကာရန်ယူတာများသွားလို့) ….. “ လုပ်ချင်ရာလုပ် “ (အဲ ဒါလဲ မှားပြန်ပြီ။) …..?????:)
    မေကညာရေ ဆြာပေါက်ကို သေချာခွကာချုပ်။
    🙂
    🙂

  • ဆရာပေါက်က လိုက်မပို့ဘူးဗျာ။.
    ကိုစိန်သော့ကိုလိုက်ပို့ခိုင်းတာ။
    ကိုစိန်သော့ပို့လိုက်နော်။

Leave a Reply