ဆူးနဲ့ ဝေဝေက ဆိုင်ဖွင့်ပွဲ လုပ်တယ်၊ ကိုပေါက်က ဟက်စကီးနဲ့ ပွဲတက်တယ်၊ ဘလက်က ဖတ်ပြီးပြန်ပွားတယ်။
တစ်ပုဒ်ချင်းသေသေချာချာ ဖတ်ပါလျက်နှင့် ကျန်ခဲ့ပါသော ဆရာကိုပေါက်နှင့် ဆရာမ ဆူးတို့၏ ပို့စ်လေးနှစ်ခုကို အားနာစွာ လက်ကျန်ရှင်းတမ်း လုပ်ဖြစ်ပါသည်။ အကြွေးဆပ်တယ်လို့ပဲ သဘောထားပါဗျာ။
မန်းဂဇက် ၏ ဘက်ဆဲလား ဆရာမ ဆူး ၏ Easy Cook ကို rewind ပြန်လုပ်ဖြစ်ပါသည်။ ကွန်းမန့်ပေါင်း ၄၃ ခု ချီးမြှင့်ခံထားရသော ပို့စ် ဖြစ်ပါသည်။ ဒါပေမယ့် ဆိုင်သစ်ဖွင့်ပွဲ ဖိတ်ကြားလွှာ ဆိုသည့် ဖိတ်စာပုံလေးနှင့် ဆူရှီ ပုံလေးများသာ ဖေါ်ပြထားခြင်းဖြစ်ပါသည်။ ဖိတ်စာပါ စာမှာ ကျွန်မ၏ Easy Cook Sushi ဆိုင်သစ်ဖွင့်ပွဲသို့ လူကြီးမင်းများ လာရောက်သုံးဆောင်ကြပါရန် ဝေဝေ နှင့် ဆူးမှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အချိန် – နေ့လယ် ၁ နာရီ တိတိ၊ နေရာ – စိမ်းလန်းစိုပြေ အင်းယားကန်အနီး။ ဒါပါပဲ စာက။ နေ့ရက်ကျတော့ ပါမလာပါ။ ကျွန်တော်က တကယ်အောက်မေ့ပြီး အော် ဆူးနဲ့ ဝေဝေ သူဌေး ညီအစ်မ နှစ်ယောက် စိမ်းလန်စိုပြေလို နေရာမျိုးမှာ ဆိုင်ဖွင့်နိုင်တာ တော်တော် ချမ်းသာလို့ပဲပေါ့။ တွေးနေမိတာ။ သူ့ရွာနဲ့ သူ့အထာကတော့ ဟုတ်လို့ဗျို့။ ကွန်းမန့်တွေ တက်လာတော့မှ သူတို့က ငယ်ငယ်တုန်းကလို ဈေးရောင်းတိုင်း ကစားကြတာကိုး။ အောင်မယ် ဒီပွဲမှာ သူကြီးတောင် ဝင်ကစားလို့ အဲလေ သူကြီးတောင် ဝင်စားလို့ ။ ပျော်စရာကြီးကိုဖြစ်လို့။ ကောင်းပါတယ်။ လေထဲကကျွေးလည်းကောင်းပါတယ်။ ဒါပေမယ့် စုံထောက်ကြီးဦးလန်ဘား ကို အပ်ရမယ့် အမှုတွဲတစ်ခုကို ဒီဆိုင်ဖွင့်ပွဲက ရလိုက်တယ် ကိုပေရေ။ ဒီဖိတ်စာနဲ့ပဲ ကိုပေါက်က ပို့စ်တစ်ခုတင်လာ ပါတယ်။ ကော်နက်ရှင်ပဲ နောက်တာလား၊ ဆာဗာပဲဖေါက်တာလား၊ သူကြီးပဲ နှောက်တာလား မသိပါ။ ဆိုင်ဖွင့်ပွဲဖိတ်တဲ့ ဆူးပို့စ် တက်မလာခင် ကိုပေါက်ရဲ့ လွယ်လွယ်ချက် လွယ်လွယ်စား အစ်ကိုရေ လိုက်ခဲ့ပါလားကွယ် ပို့စ်က နည်းနည်းစောပြီး တက်လာတာပါပဲ။ မယုံရင် rewind လုပ်ပြီး နောက်ကိုသာ ပြန်ကြည့်တော်မူကြပါ ရွာသားအစ်ကိုအစ်မတို့ရေ။ ဒီဖိတ်စာက ကိုပေါက်လက်ထဲကို ဘယ်လိုလုပ်ကြိုရောက်သွားရတာလဲ။ ကိုပေ အဲဒီ အမှုကို ပေါ်အောင်လိုက်ဗျာ။ တရားခံတွေကို ဥပဒေနဲ့ အညီ အပြစ်ပေးရမယ်ဗျ။ ဒါမှ မြန်မာစာနယ်ဇင်းတွေကြားထဲမှာ ပြသနာ ဖြစ်သွားတဲ့ ဖိတ်စာကိစ္စလို မဖြစ်မှာ။ ဘာတဲ့ ကြားဘူးတာ။ ဖိတ်စာရလို့ ကြွခဲ့တယ်၊ လက်ဆောင်ရလို့ ရေးလိုက်တယ် ဆိုလား။ အင်း ကိုပေါက်ကတော့ ၁၀၈ ထပ်ခေါင်မိုးကနေ ဟက်စကီးနဲ့ကို ပွဲတက်ဖို့ လာတာဗျ။ လူမပြည့်ရင် မထွက်ဘူးဆိုလို့ နှစ်ယောက်စာ ပေးစီးလာရသတဲ့။ နှမြောစရာ ကိုပေါက်ရာ။ အီးတီကို ပြောလိုက်ရောပေါ့။ သူ့သင်္ဘောပေါ်က ဟက်စကီးတွေနဲ့ ကြိုခိုင်းလည်း ဖြစ်တာပဲဟာကို။ အေးလေ သူက တေဇတို့ နဲ့ လယ်ပင်းဖက် ပေါင်းနေတဲ့ သူဌေးကြီးကို။ ကြည့်ပါဦး ဆိုင် ဝန်ထမ်းမလေးတွေကို ဆိုင်ပိုင်ရှင်တွေက ဆင်ထားလိုက်တာ။
“အနီရောင်စကပ် တိုတိုလေး(ထူးအထက် နှစ်တောင်လောက်ထိဆိုတော့ ရွာက ကောက်စိုက်သမများကောက်စိုက်ခါနီးဝတ်ထားတဲ့အတိုင်းပါဘဲ)
ဝတ်ထားတဲ့ ဝန်ထမ်းမလေးတွေ(အားလုံးဖြူဖြူချောချောတွေပါ)ကလဲ ဗန်းကိုစီနဲ့ပျားပန်းခပ်သလိုသွားနေတာတွေရရပါတယ်။
တစ်ချိုကလဲ တူလေးတွေကိုယ်စီကိုင်ပြီးစားပွဲလေးတွေနားမှာ ဟန်ပါပါရပ်လို့နေကြပါတယ်။
အလင်းဆာမှန်ပြောင်းရဲ့ပြင်းအားကို မြှင့်ကြည့်လိုက်တော့ သူတို့ဆိုင်ဝန်ထမ်းတွေက ယူနီဖောင်းက အပြင်တင်မက အတွင်းပါညီအောင်လုပ်ပေးထားတာတွေ့လိုက်ရပါတယ်။
(အောက်ကဝတ်ထားတဲ့ ဘရာစီယာကလဲ အနီရဲရဲ အောက်ခံဘောင်းဘီကလဲ အနီရဲရဲ)
သူတို့ရဲ့ ဝန်ထမ်းတွေကို ညီညွတ်အောင် လုပ်ပေးထားပုံက စိတ်ကူးကောင်းလှတဲ့အတွက် စိတ်ထဲက ချီးကျူးလိုက်ပါတယ်။”
ဟက်စကီးပေါ်က ဆင်းလိုက်တဲ့ ကိုပေါက်ကို ဆိုင်ဝန်ထမ်းမလေးတွေက ဆီးကြိုကြပါတယ်တဲ့။ ဟေဟေ့ ကောင်းခန်းလေးတော့ရောက်လာပြီ။
အောင်မယ် ကိုပေါက်တို့များ သူဌေးဆိုတော့ လက်တောင်လှုပ်စရာမလိုဘူး။ ကြည့်ပါဦး။
“လေးလေး ပါးစပ်ဘဲ ဟပေးပါ သမီးတို့ ကခွန့်ကျွေးမှာပါ သမီးတို့ဆိုင်က အလွယ်ချက် အလွယ်စား ဆိုတဲ့ဝန်ဆောင်မူ့ကိုပေးတာပါ “ဆိုပြီးတူကိုင်ထားတဲ့ ကလေးမနှစ်ယောက်ကဘေးတစ်ဘက်ချက်မှာရပ်လို့ မုန့်တွေခွန့်ကြွေးပါတော့၊
အဲဒါနဲ နင်လာတာနဲ့ရေသောက်ချင်လု့ိအချက်ပြလိုက်တဲ့အချိန် နောက်ရပ်နေတဲ့တစ်ယောက်က ရေခွက်လေးနဲ့ရေတိုင်ပေးဘို့ပြင်ပါတယ်။
ဒါကတော့ သိတ်မနိတ်တော့ဘူးဗျို့။ ဘယ်နှယ့် ကိုပေါက်လို ဖြူဖြူနုနု ထွားထွား ကြီးကို မသကာ အစ်ကိုကြီး၊ အဲဒါမှ မခေါ်ချင်လည်း
“ ဦး “ ပေါ့။ ခုတော့ လေးလေးတဲ့။ အေးလေ သူကျေနပ်ရင်ပြီးတာပါပဲ။ ကောင်းခန်းရောက်လာပြီဆိုပြီး ဆက်ဖတ်ကြည့်တော့မှ အိမ်ကမွေးထားတဲ့ကြောင်မက လူပေါ်တက်သေးပေါက်တာ ဖြစ်နေပါတယ်တဲ့။ သွား လူဆိုး။ မြန်မာရုပ်ရှင်တွေထဲကလို နောက်ဆုံးတော့ အိပ်မက် တဲ့။ အိပ်မက်ကလည်း ကောင်းခန်းလေးတွေ ပြီးမှ နိုးပါလား။ ဒီကြောင်မတွေ ကမျင်းကြောကို ထလွန်းတယ်။ ရွာထဲက ကြောင်တွေနဲ့ လွှတ်ပေးလိုက်ရ မကောင်းပဲ ဖြစ်တော့မယ်။ အေးလေ ဆိုင်ဖွင့်တဲ့ လူကလည်း လေနဲ့ ဖွင့်တယ်။ အစားအသောက်မြင်တော့ စားချင်တာပေါ့နောနောနော။ ဖွင့်ပွဲတက်တဲ့လူကလည်း အိပ်မက်နဲ့တက်တယ် ကောင်းခန်းလေးရောက်တော့ နောနောနော….။
အပျော်ပါ ဆရာ ကိုပေါက်နှင့် ဆရာမ ဆူးဝေဝေ ခင်ဗျား။ အစပိုင်းအတည်ရေးနေရာကနေ လက်က ခေါ်လို့ အပျော်ပို့စ်လေးဖြစ် သွားရပါတယ်ဗျာ။
ကျွန်တော့်ရဲ့ ဂဇက်တံခါးစောင့်ကြီး ဖတ်ပွားအစီအစဉ်လေးကို ဆက်ရေးသင့် မရေးသင့်လေး အကြံပေးကြပါလို့ အများနဲ့ဆိုင်တဲ့ ကိစ္စ အများကိုပဲ မေးခွင့်ပြုပါဗျာ။
34 comments
weiwei
November 2, 2011 at 5:56 pm
ဖတ်ပွားအစီအစဉ်လေး ကောင်းပါတယ် .. ဆက်ရေးပါ … အခုဆို ကိုဘလက်ရဲ့ ဖတ်ပွားကို အရင်ဖတ်ပြီးမှ ပို့စ်ကို ရွေးဖတ်တဲ့အထိ ကိုဘလက်ပို့စ်က ထိရောက်ပါတယ် …
ဆူရှီဆိုင်လေးက တကယ်ဖွင့်လိုက်တာလေ … ဖိတ်စာကတော့ မလာနိုင်တာသေချာတဲ့သူတွေကိုပဲ ရွေးဖိတ်လိုက်တာ … 😛 ဖွင့်ပွဲနေ့က စတုဒီသာကျွေးလိုက်တာ တစ်နာရီထဲနဲ့ ကုန်သွားတယ် … 😛 ဖွင့်ပွဲနေ့တင် အရင်းပြုတ်သွားလို့ ဆက်လက်မဖွင့်နိုင်တော့ပေမယ့် အော်ဒါမှာမယ်ဆိုရင်တော့ ရနိုင်ပါသေးတယ် … 🙂
kocho
November 2, 2011 at 6:01 pm
အဲဒီနေ့ကသူကြီးက ဟတ်စကီးစီးပြီး ကပ်တီးသွားပါကြောင်း 😀
nozomi
November 2, 2011 at 6:03 pm
ကိုချောရေ ဒီမေးခွန်းက မေးစရာတောင် မလိုတဲ့ မေးခွန်းပါ
ဒီရွာလေးအတွက် မဖြစ်မနေလိုတဲ့ ပို့စ်လေးတွေပါ
မဒမ်ချော ခရီးသွားနေချိန် အဝေးက မဒမ်ချော ဆီ စာမရေးပဲ နေရင် နေပါ ၊ ဒီလို ပို့စ် မျိုးကိုတော့ မရေးပဲ မနေပါနဲ့ နော
ကိုပေါက်(မန္တလေး)
November 2, 2011 at 6:09 pm
ဘလောချက်ရေ
အိပ်မက် မက်တာတောင် အသားကုန်မက်လို့မရဘူးရယ်။
မဒမ်ပေါက်ရဲ့သတင်းပေးတွေက ရွာထဲမှာရှိတယ်။
ဆူး
November 2, 2011 at 6:33 pm
အဟမ်း……..ကိုပေါက် အိမ်မက် မက်နေသည် ဆိုပြီး ပရင့်ထုတ်ပြီး မဒမ်လက်ထဲ အရောက်ပို့ပေးလိုက်မယ်။
တကယ် အတည် လုပ်ခဲ့တဲ့ ပျော်ပွဲရွင်ပွဲလေးတခုပါပဲ။ နေ့ရက်ကတော့ စိတ်မှန်းနဲ့ မှန်အောင် လာနို်င်တဲ့လူမှန်သမျှ ကျွှေးမယ်ဆိုပြီး စီစဉ်ထားတာပါ။
နေ့မပါပေမဲ့ မှန်းတာ တော်တဲ့ ရွာသူ ရွာသားတွေ စားလိုက်ရပါကြောင်းးးးးးးး။
ဖိတ်စာကတော့ ပွဲမလုပ်ခင် ၁လ ကျော်ကတည်းက လုပ်ပြီး ဝေထားတာပါ။ ဖိတ်စာကိုကြည့်ပြီး အာရုံမှန်တဲ့ လူတွေ စားလိုက်ရခြင်း ဖြစ်ပါတယ်။
ပေါက်ဖော်
November 2, 2011 at 9:18 pm
တားတို ့က အာရုံမှန်ဝူးပေါ့နော်
🙄
Ko Ko Aung
November 2, 2011 at 10:04 pm
ကိုဘလက်ချောရဲ့ ဖတ်ညွှန်းလေးကို ဆက်ရေးဘို့ တောင်းဆိုပါရစေ။
ကျွန်တော့်လိုပဲ ပိုစ့်အကုန်မဖတ်နိုင်ပဲ အာရုံရရာလေးတွေပဲ ရွေးဖတ်ဖြစ်သူတွေ အများကြီးရှိနေမှာနော်။
ဆူး
November 3, 2011 at 10:17 am
ပြောဖို့ တခုမေ့နေလို့..
ဆရာမ လို့ မခံယူဝံ့ပါ။
ဆရာ အဆင့်မဟုတ်သေးတဲ့ အပျော်တမ်း လက်ဆော့တဲ့ အဆင့်လေးမိုလို့ပါ။
မှတ်မှတ်ရရ ပိုစ်လေး တင်ပေးလို့ ကျေးဇူးတင်ပါတယ်။
pan pan
November 3, 2011 at 10:32 am
ဆက်ရေးပါဦးချော
ဂေဇက်ရဲ့ ပိုစ့်တွေကို အကျဉ်းချုပ်စုစည်းပြီးသားလို ဖြစ်သွားတာပေ့ါ
တချို့ပိုစ့်တွေ မဖတ်လိုက်မိတာရှိရင် ဦးချောလမ်းညွှန်လို့ ဖတ်မိသွားတာတွေရှိတယ်
အားပေးတယ်ဦးချော
AKKO
November 3, 2011 at 11:23 am
အဟေးဟေး 😀 ဆူးနဲ့ဝေဝေ တကယ်ဆိုင်ဖွင့်တာမဟုတ်ပေမယ့် တကယ်ကျွေးတာ 😀
လာတဲ့လူတွေကတော့ 1 2 3 ++++ အားလုံးပေါင်း ဆယ့်ငါးယောက် (အမှန်းတော်ကြတယ် 😛 )
အပျော်တမ်းနာမည်လေး အစဖော်ပေးရလျှင်တော့ 😀 😀
၁) ဘွားတော်
၂) ပြည်တော်ပြန်
၃) သောက်သောက်လဲ
၄) အာလူး
၅) စွာစိ
၆) အက်ကို
၇) ဝတုတ်
၈) ထထက
၉) ပန်းမမ
၁၀) ဘဏ္ဍာရေးမှုး
၁၁) ဘဏ္ဍာရေးမှုး မီးမီးကျ
၁၂) အရစ်
၁၃) ငါကွ
၁၄) ပလုံပလုံ
၁၅) မှောင်လျှင်ပျော်
၁၆) စားချင်တာစား
😛 😛
AKKO
November 3, 2011 at 11:26 am
မှားသွားလို့ ဆယ့်ငါးယောက်မဟုတ်ဘူး ဆယ့်ခြောက်ယောက် 😀 😀
နွယ်ပင်
November 3, 2011 at 12:15 pm
အပေါ်မှာ AKKO တို့က အတိတ်စိမ်းတွေပေးနေတယ် ..ဟိ ..ဟိ .. 😀
အဲထဲမှာ ဘယ်သူတွေပါလဲတော့ မသိဘူး နာမယ်တွေကတော့ အလန်းတွေကြီးပဲ 🙂
etone
November 3, 2011 at 4:49 pm
အားလားလား … ပျက်ပါပြီနာမည်ဒွေ … ဟွန်း #@!%^ 😡
Foreign Resident
November 3, 2011 at 12:24 pm
ဆက်ရေးပါ ဦးချော ရယ် ။
စုံ စုံ
November 3, 2011 at 12:27 pm
ဟုတ်ပနွယ်ပင်ရေ.. အတိတ်စိမ်းပေးတဲ့သူကပေးတော့
အတိတ်ကောက်တာ ဆံပင်တောင်ဘယ်နှချောင်းဖြူသွားပြီလဲမသိဘူး
တော်တယ် တော်တယ် နာမည်ပေးတာ ဟီး 😀
စုံ စုံ
November 3, 2011 at 12:50 pm
အဓိကပြောချင်တာကျန်ခဲ့လို့ပြန်လာမန်းတာပါဦးဘလောက်ချောရေ
ဒီအစီစဉ်လေးကိုမရပ်လိုက်ပါနဲ့ ဆက်ရေးပါနော်
အားပေးပါတယ်
ဆူး
November 3, 2011 at 1:50 pm
ပလုံ ပလုံ ဆိုတာ ဟိုဟာလေး ရေထဲ ကျတဲ့ အသံလေးများလား သိဘူးနော်။
နာမည်ပေးတာလည်း တော်ပါ့.. သူဟာသူကျတော့ ငါကွတဲ့ တထုထု ပေးမှ ဖြစ်မယ် ရွာသူတို့ရေ နာမည် လှလှ ဝိုင်ပေးပေး လိုက်ကြပါဗျို့..
နွယ်ပင်
November 3, 2011 at 2:01 pm
ဆူးရေ ငါကွက သူ့ဟာသူပေးတာ မဖြစ်နိုင်ဘူးပဲ ငါကွက
တစ်ယောက်ယောက်ကို ပြောတာ ထင်ပါတယ် သူ့နာမယ်က …..ကို ဆိုလားပဲလေ
အပေါ်ဆုံးလောက်မှာလေ ………….. 🙂
ဆူး
November 3, 2011 at 2:37 pm
ဟိဟိ.. မွားသွားတယ်.. ဆိုင်ရာက အသံပေးတော့မှ သတိရတယ်။
ချောတီး ချောတီး.. 😀 😀
AKKO
November 3, 2011 at 2:48 pm
ဆူးရေ တွေ့လား ငါကွ မူပိုင်ဆက်ခံသူက စကားပြန်ပြောနေပြီ ဟဲဟဲ 😀
ငါကွထိလျှင် မခံဘူးကွ ဟီးဟီး 😀 😀
ကိုပေါက်(မန္တလေး)
November 3, 2011 at 4:34 pm
မှားတယ် အမှတ်တစ်မှတ်နုတ်မယ် ။
ငါကွ က အေကေကေအိုမဟုတ်ဘူး။
ငါကွဆိုတဲ့နာမယ်က ကိုပေါက်က ပေးထားတာ။
ဟုတ်သလား ရမစ်မစ်ရေ။
အမှန်အတိုင်းဖြေနော်။
AKKO
November 3, 2011 at 4:47 pm
အာ ကိုပေါက်ကြီးပြောမှပဲ ပိုတွေးနေရတော့တယ် 😆
ကိုပေါက်(မန္တလေး)
November 3, 2011 at 4:40 pm
နာမယ်တွေဖော်လိုက်ရတော့မလား။
စွာစိနဲ့အက်ကိုရေ။
ကျနော်ဟိုတစ်လောက တောင်မြို့က အဆောက်အဦးအပျက်ကြီးကလူလဲလာတယ်ဗျာ။
ဲ့ရွာတော်ရှင် ဖြေပေးလိုက်နော်
etone
November 3, 2011 at 4:56 pm
အဒူများပါယိမ့် … နာတော့ ပိန်းဒယ် ရွာတော်ရှင်ကိုပဲ ဆီးမီးကင်ပြီး မေးရတော့မယ် … 😛 😛
ဆူး
November 3, 2011 at 5:13 pm
လိုက်မမှီပါကြောင်း
blackchaw
November 3, 2011 at 9:53 pm
မည်သို့ပင် ဆိုစေကာမူ
ဘလက်ဆရာကဝိ ကလည်း
ဂဇက်အထာအသိပေမို့
ကွန်းမန့်များချီးမြှင့်သူများကို
ကျေးဇူးအထူးတင်ပါကြောင်း။
ကိုပေါက်(မန္တလေး)
November 3, 2011 at 11:13 pm
ခင်ဗျားတို့စာရင်းထဲမှာ ပဲခူးဆားလေး မပါဘူးလားဗျာ။
ကိုပေါက်(မန္တလေး)
November 3, 2011 at 11:16 pm
ကျနော်ကြားဘူးတာကတော့ ပေါက်ဖော်က သောက်ရင်ဘယ်တော့မှ မလဲဘူးတဲ့။
မောင်ပေပြောတယ်ထင်တာဘဲဗျာ။
ကိုပေါက်(မန္တလေး)
November 3, 2011 at 11:24 pm
နောက် ကလေးတွေဆိုတတ်တဲ့ သီချင်းတပုဒ်ရှိတယ်။
ဝထကလသ မမ ထထကဆိုဘဲ။
နောက်ဝတုတ်တုတ် ဖက်တီးလေးကလဲ ချစ်စရာလေးတဲ့
ကောင်မလေးတွေပြောနေတာကြားဘူးတာပါ။
နောက်သီချင်းဆိုလို့ မမြရင်သီချင်းရှိသေးတယ် ။
ရွှေပြည်စိုး ရွှေပြည်စိုး……………………..လွမ်းပိုဘွယ်ရာတဲ့။
ဗမာဗေဒင်တွက်တာ ပစောက်က ကြာသာပတေးတဲ့ စနေသားလေးဆိုရင်တော့ တဝမ်းပူတဲ့
ဆိုင်လားတော့ မသိဘူး။
အာလူးကတော့ ဘိုလိုဆို ပိုတေးတိုး တဲ့ အတိုကောက်ကတော့ ပိုပိုတဲ့။
အင်းသားတွေကတော့ခရမ်းချဉ်သီးကို အင်းသီးတဲ့ မင်းထင်ကိုကိုကြီး ရုပ်ရှင်ရိုက်ပြတာလေ.
ဘွားတော်ဆိုတာ ရွာတော်ရှင်ကိုခေါ်တာလားမသိ။
ပြည်တော်ပြန်ကတော့ အခုသီးလေးသီးကိုခေါ်တာဘဲ။
သီးလေးသိးဆိုတော့ ပန်းတွေနဲ့ဝေဆိုတဲ့သီချင်းကို သတိရမိပြန်ရော။
တော်ပြီ ပျင်းသွားပြီ သူများတွေဖော်ဘို့ချန်ထားခဲ့မယ်
MaMa
November 4, 2011 at 7:44 am
ဖတ်ပွား စာမြည်းလေးက ကိုဘလက်ရေးနိုင်ပေမယ့် ကိုယ့်လိုသူများရေးနိုင်တာ မဟုတ်တာပါ။ ကျမတို့လည်း စာမြည်းလေးဖတ်ပြီး တရွာလုံးအကြောင်း ငုံမိအောင် သိသွားရတာမို့ အကျိုးအများကြီးရှိပါတယ်။ ဆက်ကြိုးစားပါဦးနော်။
AKKO က ဖွက်ပြတယ်။ ကိုပေါက်က ဖွင့်ချတယ်။ (IQ ရော EQ ပါ နိမ့်သူမို့ ကိုယ်ကိုယ်တိုင်တော့ မဖော်နိုင်ပါ)။
ပဟေဠိဆိုတာ ဖွက်ပြီးရင် အဖြေမှန်တဲ့လူကို ဆုချရတယ်နော်.. :laugh:
etone
November 4, 2011 at 9:11 am
သိတော့သိတယ် ဒါပေမယ့်ရယ်ချင်တယ် ဟီးဟီး ။ 😛
ရေးထားတာတွေနဲ့ လူနာမည်ကိုက်အောင်စဉ်းစားတတ်လို့တော့မဟုတ်ဘူး … နဂိုကတည်းက သိနေလို့ 😀 😀
nature
November 4, 2011 at 9:16 am
ဘူခေုခ့တေ(blackchaw) ကျေးဇူးကြောင့်ဥပဓိရုပ်ခန့်ညားတဲ့ ညသါငာင၇၇(nigimi77) ကို တွေ့ဖူးတာဖြစ်လို့ 🙂 အကျိုးရှိတဲ့ ပိုစ့်လေး တခုဖြစ်တဲ့ အတွက် အားပေးနေပါတယ်။
ညအေကအမ(nature)
ဆူး
November 4, 2011 at 9:49 am
သူများ နာမည်တော့ သံထွက်မဖတ်တတ်ဘူး။ နေးချားကို တော့ ဖတ်တတ်တယ် ညအေကအမ ဆိုတော့ ဖတ်ရတာ တမျိုးကြီးပဲ ဟိဟိ..
ကိုပေါက်(မန္တလေး)
November 4, 2011 at 12:43 pm
ဂျပန်လိုတော့ မတတ်ဘူး ဖြိုးတို့ ဘာသာစကားတော့တတ်တယ်။
ဆော်ရကူးရေ