ဂေဇတ်ကျီးပေါင်း…..

amatminNovember 4, 20111min24116

စတင်ဂေဇတ်  အလွန်ခက်၍

ခင်မင်စိတ်ထဲ  ရွာကိုစွဲကာ

ဖတ်၍မှတ်စရာ  ထိုထိုစာကို

လောဘဇောတက်  အသေဖတ်….၊

တွေ့နေမြင်ကြား  ထိုသူများတို့

ရွာထဲဝင်ရေး  စာစုံထွေးသော်

ဖတ်ရှုမဝ  မွှေးကြူလှ….၊

ဖတ်ပြီးခဏ  စိတ်တက်ကြွလာ

မှတ်ကာပြန်တွေး  ကွန်မန့်ပေးရင်း

ထိုထို ရက်များ လွန်များမကြာ

ငါစိတ်ပါ၍ လိုက်ကာတုတွေး  ကိုယ်တိုင်ရေး….၊

ငါရေးသည့်စာ  ကွန်းမန့်လာသော်

စိတ်မှာပီတိ ဝမ်းသာမိ….၊

မကြာရက်များ  နှစ်ပတ်ခြားက

ဆက်သွယ်ရေးနှောက်  လိုင်းများအောက်ကာ

ဝင်ထွက်ပို့စ်ရေး  အလွန်နှေးသော်

ငါ့စိတ်မာန်တင်း  publish သွင်းရင်း….၊

ထိုရက်များစွာ  ပေါင်းဆက်လာ၍

ယနေ့မနက်  ရုံးသို့တက်သော်

နာကျင်လွန်မင်း  ငါ့ဇတ်အတွင်း….၊

ဘေးညာဘယ်လူ  ဝိုင်းကာကူပြီး

ဆေးခန်းသို့ပြေး  ကျိုးကြောင်းမေးရာ

စကားပြန်ရ  ငါ့အတွက်မလှ….၊

အဖြေစစ်ဆေး အမြစ်တွေးသော်

ဂေဖတ်မှတ်ဖတ် အမြတ်ထွက်

ကျီးပေါင်းအလွန်တက်….၊

သို့ငြားငါမူ  စိတ်တူကိုယ်တူ

ဂေဇတ်မဟာ  ရွာဆာယာ၌

ကလောင်တံသွေး  စာအံနွေးရင်း

ဆက်ခြယ်မှုန်းမည်  စာပန်းချီ……၊

16 comments

  • Diamond Key

    November 4, 2011 at 1:10 pm

    ဂေဖတ်မှတ်ဖတ် အမြတ်ထွက်ကာ၊

    ကျီးပေါင်းလွန်စွာ တက်လာပါမူ၊

    ဂေဇတ်မဟာ ရွာသာယာက၊

    ကလောင်တံသွေး စာတွေ ရေးသည့်၊

    ဗဟုအကျော် AKKO ၏၊

    ကျီးပေါင်းတက်ကြောင်း တစေ့စောင်းများကို၊

    ွRelated posts မှာ ထပ်၍ရှာကာ ဖတ်မှတ်ပါ။

    း)
    း)

    • amatmin

      November 4, 2011 at 1:42 pm

      ကျီးပေါင်းစကား (ဦး)စိန်သော့ကြား
      ဖတ်ကာမနှေး အကြံပေးလည်း..
      အရှင်းတချက် အမတ်မင်းအတွက်..
      ကျီးပေါင်းထွက်ပြေး ရတက်အေးမှာ..
      ဂေဇတ်ကိုသာ ဖြတ်ရန်ဗျာ….

      ဒါပေမဲ့ ..ဘယ်လိုမှဖြတ်လို့မရတော့ဘူး…:)

  • ဆူး

    November 4, 2011 at 1:21 pm

    ဆူးလည်း ရွာထဲမှာ စာဖတ်ရင်းနဲ့ ၁နှစ်ကျော်တဲ့ အခါ မျက်စိလေးတောင် နည်းနည်း မွဲချင်လာလို့ မျက်မှန်လေး တပ်ပြီး စာဖတ်နေရတယ်။ ဆရာဝန်က မတပ်လည်းရတယ် မျက်စိညောင်းရင်တပ်ဆိုလို့ မျက်မှန်လည်း လုပ်ထားတယ်။ အားဆေး သောက်ပါဆိုလို့ အားဆေးလေး သောက်ရတယ် မသောက်တာ နည်းနည်း ကြာရင် မျက်စိညောင်းညောင်းလာတတ်တယ်။
    ဟူး.. မျက်မှန်လေး တလက်တော့ အဖတ်တင်နေပြီ။
    ရွာကို အဆက်ဖြတ်ပြီး တရားစခန်း ဝင်သွားတဲ့ လူတောင် ဝင်ကုန်ကြပြီ အားကျလိုက်တာ..

  • MaMa

    November 4, 2011 at 1:27 pm

    အမတ်မင်းအတွက် ရွာက ပေးတဲ့ ဝေဒနာပေါ့ နော်… 😛
    (ကိုယ်ကိုယ်တိုင်လည်း ဘယ်တော့ ရွှေသမင်ကျီးပေါင်းဆေးနဲ့ တွေ့လိမ့်မယ် မသိ။)

  • စုံ စုံ

    November 4, 2011 at 1:38 pm

    ဟုတ်တယ် အမတ်မင်းရေ
    ဇတ်ကြောတက်တာ မျက်စိညောင်းတာတော့နေ့တိုင်းဘဲ
    ဒါပေမယ့်လည်း ညောင်းညောင်းနဲ့ဝင်ဝင်ဖတ်နေဖြစ်တာဘဲ
    မဖတ်ရမှမနေနိုင်တာကိုး 😛

  • amatmin

    November 4, 2011 at 1:56 pm

    အမဆူး ပြောတာမှန်တယ်ဗျ…
    ကျွန်တော် က နဂိုတည်း က ပါဝါ ၄၀ဝကျော်နဲ့မျက်မှန်သမားလေဗျာ…
    ခုတော့ ပိုဆိုးပေါ့…

    အန်တီမမ ရေ
    ရွာကို ချစ်ကြည့် ကျီးပေါင်းမိပေါ့…
    ခုတော့ မကြိုက်ပါဘူးဆိုတဲ့ တိုင်းရင်းဆေးလည်းကူရတာပဲဗျ..

    မှန်ပါ့ စုံစုံရေ..
    ပို့စ်ကောင်းတွေ့လို့ကတော့ ဘာတွေများမန့်ကြမလဲ ပြန်ကြည့်ရင်းနဲ့ကို
    ကျေကျေနပ်နပ်ကြီးအညောင်းခံတော့တာပဲ…ခုတော့ထိပြီပေါ့လေ…

  • pooch

    November 4, 2011 at 2:46 pm

    ကျီးပေါင်းကတော့ ကိုယ်တိုင် လည်း ဖြစ်ဖူးတယ်…
    ဖြစ်ချင်တော့ အာရုံကြောပါ ညပ်သွားတာ … ညက်သွားတဲ့ အာရုံကြောကြောင့် ဘယ်လက်ပါ ကျင်လာဖူးတယ်…

    အတော်လေး ကုလိုက်ရတယ် ဆေးခန်းကို တလကျော်လောက် မှန်မှန် သွားပြီး နေ့စဉ် ၄၅ မိနစ်လောက် လည်ပင်း ဆွဲတာရော ဓာတ်ကင်တာရော လျှော့တိုက်တာရော၊ အယ်လ်ထရာဆောင်း ရိုက်တာရော ၄ မျိုးလောက်ကို နေ့တိုင်းလုပ်ရတာ …

    လချီ ဆေးမှန်မှန်သောက်ရတာ.. ကိုယ်ချင်းစာတယ်… ဖြစ်စဆိုတော့ ဆေးလည်း သေချာ ကုတယ်…… အနေအထိုင်လည်း ပြောင်းလိုက်တာ ပျောက်သွားတယ်
    ပိုက်ဆံလည်း တော်တော်ကုန်သွားတယ်…

    ကျမ စ ဖြစ်တာ ၂၆ နှစ်ဆိုတော့ …. အရင်က ကျီးပေါင်းဆိုရင် ၆ဝ လောက်တွေမှ စတယ်ထင်နေတာ

    ဟိုသွားတော့မှ ကိုယ့်ထက်ငယ်တဲ့ ဆေးကျောင်းသူများ ကိုယ်လို လာကုနေတာ တွေ့မှ ငယ်တယ် ကြီးတယ် မရွေးပါလား သိရတယ် …

    စဖြစ်ပြီဆိုရင်တော့ အသေအချာသာ ကုပေတော့နော် မပေါ့ပါနဲ့ …..

    ကျမ အခု လက်တော့ပ်ကို စားပွဲနိမ့်ပေါ် တင်ပြီး လူက အောက်ကနေ အခင်း တခုနဲ့ ထိုင်တယ်…
    စာဖတ်ရင်လည်း အဲ့ဒီလိုပဲ ခေါင်းမငုံရအောင် ဖတ်တယ် .. … ကိုယ်မှ ဒီအလုပ်တွေကို ကင်းလို့ မှမရတာ…. နည်းနည်းကြာလာရင် ခေါင်းလေ့ကျင့်ခန်းလုပ်လိုက်တယ်.. ဖြေးဖြေးချင်း..

    .ဘာပဲလုပ်လုပ် ခေါင်းငုံရတဲ့ အမူအကျင့်ကို တတ်နို်င်သမျှှ ရှောင်တယ်

  • AKKO

    November 4, 2011 at 4:05 pm

    ဆေးခန်းသို့ပြေး ကျိုးကြောင်းမေးရာ
    စကားပြန်ရ ငါ့အတွက်မလှ….၊
    အဖြေစစ်ဆေး အမြစ်တွေးသော် <<< လို့ရေးထားတာ ဓါတ်မှန်ရိုက်မကြည့်ပဲ လက်တန်းပြောတာမျိုးလား ။

  • Shwe Tike Soe

    November 4, 2011 at 4:54 pm

    ကောင်းလိုက်တဲ့ ကဗျာ …
    ရွှေသမင် ကြပ်ထုပ်ဆေးဆောင်ထားလိုက် အဲဒီ ဆေးကောင်းတယ်

  • ပေါက်ဖော်

    November 4, 2011 at 5:17 pm

    အမတ်မင်းရယ်..
    ကျီးပေါင်းတတ်တာများ..
    လမ်းထိပ်က ဘော်တယ် ကလားဆီသွားရောင်းလိုက်ပါရော့လားလို ့..
    😆

    ကြေးပေါင်းတက်သော်..နှစ်ပတ်ဆော်..
    ရွှေပေါင်းထပ် တက်မနော်..
    ဂဇက် ကြေးပေါင်း အရည်ကျိုရောင်း..
    အမတ်သထေးလောင်း..
    ငှဲ..လျောင်း.ငှဲလျောင်း..
    🙄

  • windtalker

    November 4, 2011 at 8:20 pm

    ကိုအမတ် ရေ
    ခင်ဗျား ခဗျာ ကျီးပေါင်းတက်
    ကျုပ်မှာတော့
    ကွန်ပျူတာရှေ ့ထိုင်ပြီး
    ဂေဇက်ဖတ်ရင်း ဖတ်ရင်း
    အထိုင်များလို ့
    ဗူကလေးပိုက်လာပြီ ဗျ

    • etone

      November 5, 2011 at 10:42 am

      အတူတူပဲ … etone လည်း ဗိုက်ကလေး နည်းနည်းပူလာလို့ …(သမရိုးကျပူတာပါနော့ 😀 )
      လေ့ကျင့်ခန်းလုပ်တာ … လုပ်နေရင်း ကြွက်တတ်လို့ … ကျွက်ကျွက်ညံအောင် အော်ရသေးတယ် .. အဟီး .. အခုတော့နားထားပြီး …….. equipment နဲ့ပဲ လုပ်မလားလို့တွေးနေတုန်း ……. 🙄

  • mandalarthu

    November 4, 2011 at 9:40 pm

    ဂေဇက် ကျီးပေါင်းတော ့မတက်ဘူး။
    ကျွန်မလဲ အမှန်ဘဲ
    ့ကိုပေ လို ဖြစ်နေပြီ။
    ဒါပေမယ် ့ ရွာထဲ …..ပျော်ဆဲ …..ပျော်မြဲ ဘဲ…..ခုထိ။

  • amatmin

    November 5, 2011 at 7:22 am

    Pooch ..အကြံပေးတာကျေးဇူးပါ.

    ကို AKKO ရေ
    အမှန်တော့ ဓါတ်မှန်မဆွဲ ကြည့်ရသေးဘူဗျ…

    ရွှေတိုက်စိုးကြီးရေ..အမတ်မင်းကို အကြံပေးတာကျေးဇူးပါ…

    ကိုပေ နဲ့ ကိုပေါက်ဖော် တို့ကတော့ ဆီစွတ် မားဆတ်မှာ
    ဝီစကီနဲ့ ဂွတ်နေကြတာဆိုတော့..ကျီးပေါင်းဖြစ်စရာ ရှိလောက်ဘူးဗျ..
    အားကျတယ်ဗျာ…

    ကိုပေါက် နဲ့ mandalarthu ရေ..
    မကြာမီ.. လာမည် မျှော်ကြပါဗျာ..ကျီးပေါင်းနော်..

  • htoosan

    November 5, 2011 at 9:49 am

    အမတ်ကြီးရေ. တရုတ်ဆေး စိတ်ဝင်စားရင် ကျွန်တော့် အသိ ကျီးပေါင်း နဲ့ မူးမူးနေတာ တရုတ်ဆေး ဆရာနဲ့ ဆေးသွားစည်းပြီး ပျောက်သွားပါတယ် ဆိုပြီး မကြာခဏ ကျီးပေါင်း သမားများကို ထောက်ခံချက်ပေး ပေးနေပါတယ်။ တစ်ခါစည်း ၃၀၀၀၊ ၃၅၀ဝ ပေးရပါတယ်။ နှစ်ပါတ်လောက် စည်းခိုင်းပေမဲ့ သူ တစ်ပါတ်လောက်မှာတင်ပျောက် သွါးလို့ဆိုပြီး ထပ်မသွားတော့ပါဘူး ။ မင်္ဂလာတောင်ညွှန့် ၉၂ လား ၉၃ လမ်းလားမသိဘူး ။ မြန်မာ့ဂုဏ်ရည်လမ်း ကို သိမ်ဖြူလမ်းဘက်ကနေဝင်ရင် ဘယ်ဘက်ခြမ်းမှာ ဆရာကြီးဦးတင်အောင်၏ သား ဆိုပြီး ဆိုင်းဘုတ်ကြီးရေးထားပါတယ်။ နိုင်ငံခြား ယူသွားချင်တယ် ဆိုရင်လည်း ဆေးမှုန့် အထုပ်ရှိပြီး ဟိုရောက်မှ ပြန်ကြိုစည်းနှိုင်ပါတယ်။စိတ်ဝင်စားရင် လိပ်စာ အတိအကျ ပြန်ရှာပေးပါမယ်။

Leave a Reply