ဆီးချို သက်တန်းရင့် ဝေဒနာရှင်များ စိတ်ရောဂါအတိုင်ပင်ခံဆရာဝန်နှင့်ပြသင့်
ဆီးချိုရောဂါဆိုတာ လူငယ် လူလတ်လူကြီး မရွေး
အချိန်မရွေးဖြစ်တတ်တဲ့ရောဂါမို့လို့ အင်မတန်
ကြောက်ဖို့ကောင်းပါတယ်။ ဖြစ်ပြီဆိုရင်
တသက်လုံးလဲ မပျောက်နိုင်တော့တဲ့ရောဂါ
တသက်လုံး ဝေဒနာခံစားနေရမဲ့ရောဂါ
တသက်လုံးဆေးသောက်နေရမဲ့ရောဂါ
တသက်လုံး ကိုယ်စားချင်တာမစားရတဲ့ရောဂါ ..။
ဖြစ်ပြီဆိုမှတော့ ဆေးတွေတဖြည်းဖြည်းတိုးသောက်ရပါတော့မယ်။
ဒီရောဂါဟာ အခုကျနော်ပြောပြနေတာတွေတင်မကပါဘူး
အတော်ဂွကျတဲ့ရောဂါပါ ..။
ဆီးချိုမတက်အောင်ထိန်းတဲ့ဆေးက ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။
ဒါကြောင့်ဆရာဝန်တွေက ဆေးကိုလျှော့ပေးချင်ကြပါတယ်။
အစာလျှေားစားပြီးလေ့ကျင့်ခန်းလုပ်ရင်အကောင်းဆုံးပါ။
အစာလျှော့တော့အားနဲလာပြန်ပါတယ် ..။
အားနဲလာတော့အိပ်လို့မပျော်။
အိပ်မပျော်တော့ အိပ်ဆေးပေး ..။
အိပ်ဆေးတွေ နှစ်ရှည်သောက်တော့
အာရုံကြောတွေ ထိုင်းပြီး ဘာကိုမှစိတ်ဝင်စားမှုမရှိတော့ဘဲ
ဒီပရက်ရှင်းဝင်လာပါတော့တယ် .။
စိတ်ပိုင်းဆိုင်ရာဆရာဝန်နဲ့ဆွေးနွေးကြည့်ဘူးပါတယ် ။
အဲဒီကိစ္စဘယ်လိုမြင်ပါသလဲခင်ဗျာ ..။
ကျနော်တို့ကတော့မထောက်ခံပါဘူး ..။
ဆီးချိုဝေဒနာရှင်တယောက်ကို stress များလို့ အိပ်ဆေးပေးမဲ့အစား
အခြားနည်းနဲ့ အခြားဆေးနဲ့ဖြေရှင်းတာကောင်းပါတယ်။
အိပ်ဆေးဟာ ကြာလာရင်စွဲသွားပါလိမ့်မယ် …။
အိပ်ဆေးစွဲရင် ဒီပရက်ရှင်ဝင်လာမှာဘဲ
ပျော်ရွှင်မှုရှိတော့မှာမဟုတ်ပါဘူး
စိတ်ကျရောဂါဖြစ်လာရင်မဖြစ်သင့်တာတွေတောင်ဖြစ်သွားနိုင်ပါတယ်။
အိမ်မှာဆီးချိုရောဂါ နှစ်ရှည်ခံစားနေရသူများရှိရင်သတိပြုမိကြဖို့ပါ …။
8 comments
windtalker
November 4, 2011 at 10:03 pm
ဖတ်ရှု မှတ်သားသွားပါတယ် ဦးဖက်ရေ
nature
November 4, 2011 at 10:45 pm
ဆီးချိုဆိုရင်တော့ လွယ်ပါတယ်။ အချိုလျှော့စားပြီး ထမင်းစားတိုင်း ဇီးဖြူသီး ၂လုံး (သို့) ဖန်ခါးသီး ၂လုံး ကို စွဲစားပေးပါ။ လွယ်ကူပြီး ဘာမှ side effect မရှိတဲ့ တိုင်းရင်း ဆေးမြီးတိုဓါက်စာလေးပါပဲ။
ကြောင်ကြီး
November 5, 2011 at 11:49 am
ဦဖက်ဆီကို ကျနော့် ရာဟူးမေးလ်၊ ဂျီမေးလ်း နှစ်ခုစလုံးန့ ဆက်သွယ်ထားတယ်။ စာရလား ပြန်ပြောပါဗျို့..။
ဆူး
November 5, 2011 at 1:29 pm
ဦးဖတ်တီး သားတွေကို မိန်းမ အမြန်ပေးစားပြီး မြေးရအောင်လုပ်.. ပြီးတော့ မြေးထိန်းပြီး မြေးတွေ ပတ်ပြေးနေတာ လိုက်ဆွဲရင်းနဲ့ ချွှေးတွေ ထို့နောက်တွင် စိတ်ရောကိုယ်ပါ ကျန်းမာ ပျော်ရွင်ပြီး ကျန်းမာရေး ကောင်းလာပါလိမ့်မယ်။
maythakhin
November 5, 2011 at 11:47 pm
ဆီးချိုသက်တမ်းရင့်ဝေဒနာရှင်တွေကို စိတ်ရောဂါအတိုင်ပင်ခံဆရာဝန်တွေနဲ့ ပြရမယ်ဆိုတာကိုတော့ သိပ်လက်မခံချင်ဘူး။ အလိုလိုမှ ဆီးချိုဖြစ်နေလို့ စားချင်တာမစားရ နေချင်သလိုမနေရဖြစ်ပြီး စိတ်ဆင်းရဲနေရတာ။ စိတ်ရောဂါအတိုင်ပင်ခံဆရာဝန်တွေနဲ့သာထပ်ပြရရင်တော့…………………. အစားလျော့စားဆိုပေမဲ့လည်း နည်းနည်းလေးနဲ့ အကြိမ်ကြိမ်စားလို့ရပါတယ်။ စားတဲ့အစားအစာတွေမှာ ကဆီဓါတ်အများကြီးမပါရင်ရတာပဲ။ တထိုင်တည်းတော့ အားရပါးရစားလို့တော့ မရဘူးပေါ့။ အိပ်ပျော်အောင်တော့ လှုပ်ရှားပေးရမှာပဲလေ။ ဒီလိုပဲ ကိုယ့်ဟာကိုယ် ထိန်းချုပ်နေရမှာပါဘဲ။ ဆီးချိုသက်တမ်းရင့်လာရင်တော့ ဒဏ်ရာမရအောင် ဂရုစိုက်ရမှာ။ဒဏ်ရာရသွားရင် အနာက မကျက်နိုင်တော့ဘူး။ ကျက်ဖို့ ခဲယဉ်းသွားပြီ နောက်ဆက်တွဲတွေဖြစ်လာနိုင်လို့ ဂရုစိုက်ဖို့တော့လိုတာပေါ့။
စိတ်ရောဂါအတိုင်ပင်ခံဆရာဝန်တွေနဲ့ ပြဖို့ကတော့ မလိုဘူးထင်တာပါဘဲ………………
ဒါကတော့ ကျွန်မရဲ့ အမြင်လေးကို ဝင်ဆွေးနွေးတာပါ။
koyinmaung
November 6, 2011 at 1:25 am
ဦးဂိုအင်ဂါတရားစခန်းဝင်ပြီးတရားအားထုတ်ကြည့်ဘို့အားပေးပါတယ်
fatty
November 6, 2011 at 9:56 am
ဆီးချိုသက်တမ်းရင့်ပြီး အိပ်ဆေးစွဲနေသလိုဖြစ်နေသူများကိုညွှန်းဆိုတာပါခင်ဗျာ …။ ကျနော်လှည့်ပါတ်ရေးတော့ .. ခေါင်းစဉ်နဲ့ ကီးမကိုက်ဘူးဖြစ်သွားတယ်ထင်ပါရဲ့ …။
သူများတော့မပြောတတ်ပါ .. ကျနော်ကတော့ပြနေရပါတယ် ..။
အဓိက အခက်အခဲက လှုပ်ရှားမှုပါဘဲ အများကပြောကြပါတယ် လှုပ်ရှားပေး … လမ်းလျှောက်ပေးပေါ့လေ .။
ဒါပေမဲ့ ကျနော်တို့ တကယ်ခံစားနေရတာက လမ်းလျှောက်ဖို့ နုံးနေတာပါ အဲဒါအဟာရပြည့်အောင်
မစားရလို့ပါ။ စားလိုက်ရင်လဲ တက်လာပြန်ရော …။ ခဏခဏ စားဖို့အခြေအနေ ဆိုတာက လူနာရဲ့
အခြေအနေပေါ်မူတည်ပါတယ်။ တချို့အခြေအနေမပေးဘူးဖြစ်နေပါတယ် ..။ ကြိုးစားပြီးတော့ဖြေရှင်းရ
မှာပေါ့လေ ..။ မိသားစုက စားချင်ရာစားနေကြတာကနေ ကိုယ်နဲ့တဲ့တဲ့အစာသီးသန့်လုပ်ပေးဖို့
ရေရှည်စိတ်မရှည်ကြတာကို ကျနော်ခံစားရပါတယ် …။ အဲ တရားစခန်းဝင်ရင်တော့ ညနေစာ
တနပ်လွတ်ပြီး စားချိန် အိပ်ချိန်မှန်လို့သက်သာပါတယ် …။ ဒါကြောင့် ကျနော် တရားစခန်းမှာဘဲ
နေတော့မယ်ဆိုတော့ အိမ်မှာ မားမားမတ်မတ် မရှိဘူးတဲ့ …
ဆွေးနွေးပေးကြသူများကိုအထူးကျေးဇူးတင်လျှက် ………
ကြောင်ကြီး
November 6, 2011 at 11:20 am
အိမ်မှာ မရှိမဖြစ်ဆိုတာတော့ ဟုတ်ပါပြီ။ မားမားမတ်မတ် ရှိလို့ပါဆိုတာက ဘာသဘောလဲ..။ ေဩာ် လူသားအများ… ပြောစကား…. တရား တရား… ကိလေသာပွား…ရအုံးမယ် တရား..။ 😮