ဘတ်စ် ပေါ်တွင်ဖြစ်သည် ....သို့သော် အထူး အမြန်ယာဉ်လို့တော့ တပ်မထား ...
အတိအကျ ဆိုရသော် ..အရှေ့ကျွန်းလေကြောင်းလိုင်းပိုင် အဲဘတ်စ် ပေါ်တွင်ဖြစ်သည်..
ဇာတ်လိုက်ကျော် ကပေ ကပေါက်ဖော်နှင့် ကစိန်သော့တို့ ၃ဦး မိန့်မိန့်ကြီးပါလာသည်။
အဲ ..ကပေါက်ဖော်ကတော့ ဆန့်ဆန့်ကြီးဖြစ်သည် ....ခနခန တောင်းသောက်နေသောကြောင့်
စိတ်မရှည်သော လေယာဉ်မယ်ကလေးက တပုလင်းလုံး ချပေးလိုက်သည်နှင့်
နင်းကန်တွယ်လိုက်တာ ...ခုလို ဖြစ်သွားပုံရသည်...
(dialog ခန်း တယောက် သက်သာလည်း နဲလာ း...ခနသိပ်ထားမယ် စိတ်မဆိုးနဲ့ နော် ကပေါက်ဖော်)
ပေ။ အိုင်ဆေး ကသော့ ရေ.... သတင်းအချက်အလက်ကလေး တွေ ဖလှယ်ရအောင်ဗျာ....
information flow ပေါ့ဗျာ..
သော့။ ထွီ ...ဟိုကောင် အင်ဇာဂီ တော်ကီတွေ လာလာ မသုံးစမ်းပါနဲ့ဗျာ နားခါးတယ်..
သည်မှာ ခင်ဗျားတို့ ဘာတွေလုပ်တယ် ဘယ်သူတွေရှာတယ်ဆိုတာ သဂျီးနဲ့ ဘဖော တို့က
ကျုပ်ကို အသိပေးပီးသား ဟိုသင်္ဘောသီး၂လုံး ရရင် ခင်ဗျားတို့ အလုပ်ပီးပီ...
ကျုပ်ရှာထား တဲ့လူ လည်း ၁ပါတ်အတွင်း ရန်ကုန်ရောက်မယ်...
တယောက်က ရွာ ကတက်လာမယ်
အတန်ငယ် မခံချင်ဖြစ်သွားသော ဇာတ်လိုက်ကြီးပေ မှ...
ပေ။ ဩ ..ဘယ်သူတဲ့တုန်းဗျ.....နိုင်ဂျံဂါး ကြီးကတောင် ရှာထားရတာ ...
သော့။ အရှေ့အလယ်ပိုင်းရောက်နေတဲ့ ဖောက်ခွဲ ဝိဇ္ဇာ ကိုမှောင်ချော ....
ပေ။ ဘာ ဖောက်ခွဲဝိဇ္ဇာ ဟုတ်လား ....
သော့။ အေးလေ သူ့ ခညား မမှတ်မိဘူးလား ...ညိုပြာညက် ရယ်လေ....
ကပေ့ အတွေးရေယာဉ်သည် အတိတ်ဆီသို့ .......
(လွန်တာရှိ ဝန်ဒါမိ ကိုဘလက်ရေ ...ဇာတ်အရ ရွယ်တူလောက် ထား ရေးပီနော့်...
ဇာတ်ပြင်ပမှာတော့ ရိုသေပါ့မယ် ခည)
ဟုတ်တယ်သူ့နာမည် ညိုပြာညက် ...
သူငယ်ချင်းတွေကြား မွေးကတည်းက အသားလေး မည်းသမို့ အချစ်ပိုခဲ့ရသော
သူငယ်ချင်းလေး.. သည်ကောင်က သဘောတော့ ကောင်းသည်
နှံ့နှံ့စပ်စပ်လည်းရှိသည် ...သို့သော် မကောင်းတာ၁ခုရှိသည်
တခုမှာ အရာရာ လိုက်စမ်းသပ်ခြင်းဖြစ်သည် ...ငယ်ငယ်ကဆို
ဟိုရုပ်ရှင်ထဲကအတိုင်း ဆပ်ပြာနှင့် ဗုံးလုပ်လို့ရသည် ဆိုပီး ချောင်းထဲသွားစမ်းလို့
ပုဇွန်ငုတ်နေသူ စုံစုံ တို့ နေချာ တို့ ကိုကင်း တို့ နားခန လေးသွားရဖူးသည်...
ညိုပြာညက်သည်လည်း ရေနှင့်ပါတ်သတ်ပြီး ခေသူမဟုတ်ပါချေ....
နောက်ပိုင်း သူတီထွင်သော ရေမြှုပ်ဗုံးသည် ငါးများသာ နားအူသေပီး
လူမထိခိုက်သော အဆင့်သို့ရောက်ရှိလာသည် ...သို့ရာတွင် တနေကုန်
နေပူထဲ လုပ်ရသဖြင့် အသားအရေမှာ ညိုရာမှ မဲလာ မှောင်လာလေသည်..
သူ့ကို ရွာကာလသမီးတသိုက်မှ မှောင် ဟု နောက်ပြောင်ခေါ်ဆိုသည်ကို
ဟထိုးဖြုတ်ပီး ပြုံးပြုံးကြီး နားအရသာခံတတ်သူဖြစ်၏ ...
ပျော်တတ်သူ ဖြစ်သောကြောင့် မဲချော မှောင်လှ အစရှိသဖြင့် သူငယ်ချင်းများထံမှ..
နာမည်မျိုးစုံအောင် ရသော သူလည်း ဖြစ်သည်
သူ့ဘွ တဆစ် ချိုးသည်ကား တက္ကသိုလ်တက်ရာမှ စတော့လေသည်....
ဖိုင်နယ်လ်စာမေးပွဲကြီးဖြေဆိုခန်းအတွင်းဖြစ်သည်...
ကိုမှောင်လှ ၏ ညာဘက်ပေါင်တွင် ရေးမှတ်လာသော ပုဒ်စာသည်ကား
သည်နှစ်အအောင် အရှုံးကို အဖြေပေးနိုင်သည့် turning point
ကလေး ဖြစ်လို့နေတော့သ ကိုး ....
အိမ်သာ ခနခန ပြေးကြည့်ရသော ဒုက္ခကလည်း လွယ်မှတ်လို့..
မှောင်မည်းနေတော့ ဖယောင်းတိုင်း နှင်း မီးထွန်းပီးကြည့်ရခြင်းဖြစ်သည်
ခြေဖမိုးပေါ် ဖရောင်းစက် ကျသည့် ဒဏ်က မသက်သာလှ
သို့သော် ဉာဏ်ကောင်းသော ကမှောင်လှ က လှလှပပ ဖြတ်ကျော်နိုင်ခဲ့သည်
ခဲတံချွန်တဲ့ ဒါးလေးနဲ့ သူ့ ကချင်လုံချည်အသစ် ကို ဝိုက်လှီးလိုက်သည်လေ...
ပီးတော့ ပုဆိုး အပေါ်စနဲ့ ပြန်ဖုံးထားလိုက်သပေါ့...
ဆရာမ လစ် ..လှပ်ကြည့် ပြန်လှည့်လာ ပြန်အုပ် ..သူ့ဟာနှင့်သူ အဟုတ်...
ကံက ဆိုးချင်တော့ အားလုံး ကူးပီးချိန်မှ ဆြာမက သူ့ကို လုံချည် ဖြန့်ဝတ်ခိုင်းပါတော့သည်...
ရှက်သလို ကြောက်သလိုနှင့် ငြင်းဆန်ရင်း ကမှောင်လှတယောက် ချွေးဒီးဒီးကျတော့သည်..
ချွေးဒီးဒီးကျခြင်းကပင် သူ့အတွက် ကံကောင်း သလိုဖြစ်ခဲ့လေသည် ...အဘယ့်ကြောင့်ဆိုသော်
ရေးထားသောစာများက ချွေးနှင့်ပင် ဖျက်ပီးသားလိုဖြစ်ပီး နဂို အသားမည်းသူမို့
ဆြာမ မမြင်သွားပါချေ...
သို့သော် ....ပုဆိုးမှာ ပေါင်လယ်ခန့်တွင် အကွက်လိုက် အပေါက်ဖောက်ထားကြောင်း
တွေ့လိုက်ရသောအခါ....
ဆြာမ ။...နင် နင်... ဒါဘာလုပ်တာတုန်းဟင် ...
မှောင်။ ဟိုလေ ဆြာမ သားက အိုက်တတ်လို့ အေးအောင် အပေါက်ဖောက်ထားတာပါ ....
သည်လိုနဲ့ စာမေးပွဲနောက်ပိုင်းရက်တွေ ဆြာမက ခုံအမှတ်အတိုင်း မဖြေစေဘဲ
သူ့ စားပွဲ နားရှိ အခန်းထိပ်တွင် ဖြေစေခဲ့တော့သည်....
အကြီးအကျယ် စိတ်နာသွားသော ကိုမှောင်လှ သည် လက်စားချေ အစီအစဉ်ကို
စနစ်တကျ ရေးဆွဲတော့လေသည် ....
စာမေးပွဲနောက်ဆုံးနေ့ဖြစ်၏ ကမှောင်လှ ၏ မနေ့ညက ဒင်နာသည် ပဲကြီးလှော် ၅ဝသား
ဖြစ်သည်ဟု ဆိုသော် အံဩမည်လား မိတ်ဆွေ ....
သူအပိုင်ဆုံး မိုင်နာ ဘာသာ ကို ပိုင်ပိုင်နိုင်နိုင်ဖြေဆိုရင်း ဖောက်ခွဲရေး လုပ်ငန်းစဉ်
စတင်တော့သည် ...
ဆြာမလေးခမျာ ထပြီး round လိုက် ညောင်း ... ပြန်လာထိုင် ရှူ လိုက် ...သည်းမခံနိုင်
ပြန်ထ round လိုက်နှင့် ...ဖောက်ခွဲရေးသမား ပီသကြောင်း သက်သေတွေပြတော့သည်..
စာမေးပွဲခန်းအတွင်း လေမလည်ရ ဥပဒေ မရှိသဖြင့် သက်သာရာရသည်သာ ဖြစ်တော့သည်
သို့သော် စာမေးပွဲခန်း report တွင် ကျောင်းသားတစ်ဦး အလွန်အမင်း လေလည်သဖြင့်
အနှောက်အယှက်ဖြစ်ရပါသည် ဟုဆြာမလေးက ရေးသားလိုက်သောကြောင့် ...
ကမှောင်လှ ဝန်ကြီး အဆင့်ထိ တိုင်ပတ်တော့လေသည်....
တိုက်ဆိုင်စွာပင် ...တချိန်တည်းတွင် ဆေးတက္ကသိုလ်မှ ဆြာဝန်လောင်းမလေး eTone
သည်လည်း စာမေးပွဲတွင် တွဲဖက် မပေးသင့်သည့် ဆေးများ ပုဒ်စာ ကို ဖြေဆိုရာတွင်
ဆေး အတွဲအစပ် တခုမေ့သွားသဖြင့် ဝမ်းနှုတ်ဆေးနှင့် အိပ်ဆေး ဟု ခပ်တည်တည်ဖြေဆိုလိုက်မိရာ
ဆရာများကို ရွဲ့ပါသည် ဆိုသည့် အမှုဖြင့် ..ပါချုပ်မှတဆင့် ဝန်ကြီးထံပင် ရောက်ရှိသွားလေတော့သည်...
ရွာ၏ အနာဂါတ်ကြယ်ပွင့်ကလေးများ၏ အမှတ်မထင် ခနတာ ဆုံမှတ်တည်း...
နောက်ပိုင်းတော့ ဖောက်ခွဲ ဝိဇ္ဇာ ကိုမှောင်သည် အမိမြေကို စွန့်ခွာကာ
အရှေ့အလယ်ပိုင်း တခွင် ပြဲပြဲစင်အောင် ဖောက်ခွဲ ဝိဇ္ဇာ အဖြစ် အသက်မွေးခဲ့လေသည်။
ကိုမှောင်သည် အသေခံဖောက်ခွဲရေးသမား မဟုတ်ပေ... သူ specialize လုပ်သည်က
လူနှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိဘဲ အဆောက်အဦ အဟောင်းတွေကို ဖြိုချဖျက်ပစ်ရသော
ဖောက်ခွဲရေး လုပ်ငန်းများပင်ဖြစ်သည် ။ စစ်ဘေးစစ်ဒဏ်နှင့် ထောင်းလမောင်းကျေနေသော
အရှေ့အလယ်ပိုင်းသည် သူ့ အလုပ် အတွက် အလွန်ပင် ပဏာရနေပေတော့သတည်း..။
--------------------------------------------------------------------------------------
ကပေ ကပေါက်ဖော်နှင့် ကမှောင် တို့စီးလာသော လေယာဉ်ကြီးသည် ရုန်ကန် အပြည်ပြည်ဆိုင်ရာ
လေဇိပ် ကြီးသို့ချဉ်းနှင်း ဝင်ရောက်လာသည် ...ဘန်ခေါက် လေယာဉ်ပြောင်းစီးစဉ်ကပင်
အမူးလွန်နေသဖြင့် ဝှီးချဲနှင့်တွန်းထုတ်လာခဲ့ရသော ကပေါက်ဖော် သည်မျက်စိပွတ်ရင်း.....
ဖော်။ ကပေ့ အဲ့သည့် မဏ္ကပ်ကြီးက ဘာတုန်း..
ပေ။ အာ ...ကပေါက်ဖော် .. နောက်ဆြာလား ဒါ ရုန်ကန် အင်ထှာနှက်ရှင်နှယ်လ် အဲ့ဖော့ထ်...
ပေ။ ဒါနဲ့ ကိုမှောင် ...နောက်ဆုံးကျန်တဲ့ တယောက်က ဘယ်သူတုန်းဗျ...
မှောင်။ .အင်း အဲ့ဒါ ...........လေဗျာ ...
ဒုံး ....ဂျလုံး .............................
အကောင်းစား လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ဘီးများ စတင် မိတ်ဆက် သည့်အသံကြောင့်
ကပေ မကြားလိုက်ရပါချေ....ထို့နောက်တွင်မူ ...လေယာဉ်သည်ရွာတွင် လှည်းယဉ်စီးရသည့်နှယ်
နိမ့်တုံမြင့်တုံ ဟထိုးဟထိုး ဖြစ်နေသောကြောင့် စကားမဆက်ဖြစ်ကြတော့...................
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ထိုအချိန်ဝယ် .... မှော်ဆြာ နှင့် အင်ဇာဂီ တို့မှာ ကား ...ငွေဆောင်ကမ်းခြေ တနေရာတွင် ...
ရွာမှ အလှပဂေးလေးများ ဖြစ်ကြသော .....အိတုန် ပန်ပန် မိုးဇက် ဇိုး စုံ စုံ ရွှေအိ .......
တို့နှင့်အတူ ပျော်ပျော်ကြီး ဒါ့ပုံရိုက်နှက်နေကြသတည်း...
ရွာက စကီလေးတွေကို အင်ဇာဂီ ဘယ်လိုချုပ်လိုက်သည်မသိ လူစုံတက်စုံနှင့်
တပျော်တပါးကြီး သွားရသောကြောင့် မှော်ဆြာ ပျော်နေတာတော့ အမှန်
အော် ...သူ့မလဲ မော်ဒလယ် အရှင် လတ်လတ် ကြီးတွေ ရိုက်ခွင့်ရတော့ မပေါ့
ဆိုတဲ့ အတွေး နဲ့ လေ ... သိတယ် မလား ....
အံမယ် မှန်ထိုး မီးထိုး ဖို့ ရွာထဲက ရာဇဝင်လူဇိုး နဲ့ နိဂိမိ တို့တောင်
ဘလူးလေဘယ်လ် ဝမ်းတေဘယ်လ် နဲ့ လက်ဝါးရိုက်ထားသေးသဗျ...
မိတ်ကပ် ပြင်ဖို့ကတော့ ရွာ့ အလှထိပ်ခေါင် ပါလေပု ပေါ့လေ...
အဲ့သလို လူစုံတာ...
တကယ်က သူတို့ အသည်းအသန် ရှာဟန်ဆောင်နေသော သင်္ဘောသီး၂လုံးမှာ
ရိုက်ကွင်း နှင့် မနီးမဝေး ရှိ စပိဘုတ် တစင်းပေါ်တွင် ခန္ဒာကိုယ် အနှံ့အပြား
တက်တူး ဗလပွ ဖြစ်နေသော မော်ဒလယ် မလေးများနှင့် အနူယားနေသည်သာ...
မှော်ဆြာတို့က လည်း မသိမဟုတ် သိသည် ကိုယ် ကသွား ရှာ နှုတ်ဆက်လိုက်ရင်
ဆြာသမား၂ဦးက မော်ဒလယ်လေးတွေ ရှေ့မှာ ကိုယ်တွေကို ဒါ့ပုံဆြာ ငချွတ်တွေ
ဆိုပီး နှိမ်ပြီး မိတ်ဆက်ပေးရင်း ရင့်လိုက်ရင် ..မော ပီလေ...
သည်တော့ သည်ကောင်တွေ ရှိတဲ့နေရာကို ကိုယ့် ရွာတွင်းဖစ် အချောအလှတွေနဲ့
တူးမန်းရှိုး ဆင်းပီး ...အုပ်လိုက် ချီတက်လာတာ ...
(သင်္ဘောသီး မကောင်းကြောင်း မောင်းခတ်စရာ မလိုအောင်လည်း ဒင်းတို့
ဘာလုပ်နေတယ်ဆိုတာကို ဖွ မယ့်လူတွေချည်း ရွေးခေါ်လာတာကြည့်)
လောကကြီးမှာလေ လူရယ်လို့ ဖြစ်လာရင် စား ပါ သောက် ပေါက် မျှရတယ်ဗျ မှော်ဆြာရဲ့ ...
အနှီ မှတ်သားလောက်ဖွယ် လော့ဂျစ်ကြီးကို ပြောထွက်လာသူကား အင်ဇာဂီ။
မှော်။ ဆိုစမ်းပါဦးဗျ...
ဇာ။ ဂလိုလေဗျာ ဟို ငတိတွေ စပိဘုတ်ပေါ်က မကြာခင် ပြန်ဆင်းလာမှာ ကိုပြောတာဗျ...
မှော်။ တိန်. ..ငါ ဉာဏ်မမှီတော့ဝူး ...နင့် တော်ကီကြီးနဲ့ ဘာဆိုင်လို့တုန်း...
ဇာ။ ဆိုင်ပါသော်ကောလား ဆြာရယ် ...သည်ဘဲတွေ ချီးယားစ် လုပ်ကြတာ ၁၅မိနစ်တခါလောက်
အဲ့ ..ပစ်ချလိုက်တဲ့ ဗူးခွံတွေကလည်း သံရေကျိုဆိုင်ကို ပို့ မယ်ဆိုရင် အဲ့လှေဆိုက်လောက်
အသာလေးပြန်ဆောက်လို့ရတယ် ....
ဆိုတော့ကာ ...သည်လောက် ဗူးတွေ ဆို့ဖို့ ဘယ်လောက် ဝါးတီးတွေ ဆွဲရမလဲ ဆိုတာ
စဉ်းစားသာကြည့်တော့ ....ဟုတ်ပါပြီ စားတာနဲ့သောက်တာ ...
ပေါက်တာကတော့ လှေစပ်လေးသွား ဘောင်းဘောင်းက ဇိလေး လျော့ ပင်လယ်ဘက်ကို ကော့...
လုပ်လို့ရပေမယ့် ပါ တာကတော့ ရဝူးလေ...ဟုတ်တယ်ဟုတ်..
သည်တော့ကာ ကျုပ် အထင် မလွဲဘူးဆို ၁၅မိနစ်ကနေ နာရီဝက်အတွင်း သည်ဘဲတွေ ဟော်တယ်
ပြန်ပြေးရတော့မှာ ကလား.....ဟဲဟဲ ...
မှော်။ ဩ ...ဂလိုလား ...ဒါဖြင့် ....
ဇာ။ သည်တခါ ကျုပ်တို့ ဂိုက်ပေး ပြန်ကြမ်းပြရမယ့် အလှည့်လေဗျာ ....သည်ဘဲတွေ မေးရိုး သောင်ပြင်
ရိုက်သွားလောက်အောင် အံ့ဩသွားစေရမယ် ...ခစ်ခစ်...
မှော်။ လုပ်လိုက်လေ ကြာ သလားလို့..။
ထို့နောက်တွင်ကား သူတို့ လူသိုက် အလုပ်ရှုပ်တော့သည် ....
ထုံးစံအတိုင်း အင်ဇာဂီကား ..အဆီအငေါ်ကမတည့်
ရာဇဝင်လူဇိုး နှင့် နိဂိမိ တို့က သင်္ဘောသီးတွေနှင့်အပြိုင် ဂွတ်နေကြလေသည်...
ရီဖလက်တာထိုးနေသော်လည်း ဘယ်နေရာရောက်နေမှန်းမသိ...
မျက်နှာတပိုင်းကွက် မည်းချင်မည်းနေသေးသည် ...
နောက်ဆုံးမော်ဒလယ် နှင့် နားလည်မှုယူရတော့သည်....
ရာ။ ဟဲ့ကောင်မလေး နင် ကျိမ်းပလား...(မျက်စိ)
(ရီဖလက်တာ မျက်နှာပေါ် ကွက်တိကျမကျကို ဆိုလိုသည်)
အိ။ ကျိမ်းပီ။
ဇာ။ ရိုက်ပီ။
ချပ်....
အကွက်ကျထှာ.
ပြသနာက ရွာမှ စွာတေးမလေး ပန်ပန် နှင့်မှ တည့်တည့်တိုးလေသည်
နဂို ကတည်းက ပါလေပု လက်ရာ အိုင်းလိုင်နာ က အနက်နု နည်းနည်း လွန်နေသည့်ကြားထဲ...
ဆင်ယင်ထားသည်က အနီတောက်တောက် ဂလောင်း ....
ရိုက်တာက ရေစပ်မှာ ကောင်းကင်က ပြာပြာ ပင်လယ်က ပြာပြာ..
ရီဖလက်တာက ရွှေရောင် ထိုးသည့်လူက ကိုရင် နိဂိမိ...
သူကျပြန်တော့လည်း ထိုးချက်က ဖိုးကပ်စ်ကို ကျော်လွန်ပီး
မော်ဒလယ်ကို မျက်စိပြာဝေစေသည်အထိ...
ပန်ပန့် ခမြာ ..အုန်းသီးခြောက် မမြင်လို့ ဟထိုးလဲတာက ၂ခါ...
သည်ရေ သည်နေ သည်ရီဖလက်တာနှင့်တော့ အိုင်းလိုင်နာတွေက
မျက်ရည်မြစ် မည်းမည်းကြီးတွေ ဖြစ်ကုန်လေတော့သတည်း....
မှော်ဆြာ အုံး စားရပီ....
(မှန်မပါလာလို့ ကိုယ့်ကိုကိုယ် မမြင်ရသော ပန်ပန့် ဒေါက်ဖိနပ်စာ မထိတာ...)
အို ဘာပဲဖြစ်ဖြစ်ပေါ့ ...ဖိုတိုရှော့ပစ်မယ်...
မှော်ဆြာ ကိုယ့်ကိုကိုယ် အားတင်းလိုက်သည်..
မှော်။ ကောင်းတယ် ညလေး အဲ့သည့်ပိုစ့် ရိုက်မယ်နော်...
ချပ်...
ပန်။ ကိုရင်မှော် ..မီး ...မီး လှ ရား ဟင်...
မှော်။ လှတယ် ညလေး ရှယ်ပဲ ဂေါ့သစ်ခ် ဗြူတီပေါ့...
ပန်။ အဲ့ရာ ဘာကျောရာ လဲဟင် ...
မှော်။ အော် ...ဟိုလေ ...မျက်နှာဖုံးတပ်ပီး ဂါဝန်ကားကားကြီးတွေ ဝတ်ဆိုတဲ့
ဟိုအဆိုတော်လေ ...သူ့ ဖက်ရှင် ..အဟီး...သူက အသားမည်းလို့ မလိုက်တာ တိရား..
ညလေးက အသားလေးက ဝင်း ဟင်းဟင်းနေတော့ .........
ဟား..........ဟား.......ဟား.........ဟား..........ဟား........
ဟွင်း..........ဟွင်း..........ဟွင်း..........ဟွင်း..........
--------------------------------------------------------------------
Post Views: 274
16 comments
blackchaw
November 8, 2011 at 4:49 pm
ဂိုင်းရေ။
ဖတ်ပြီး ပထမ ပြုံးမိပါတယ်။
ပြီးတော့ ရယ်မိပါတယ်။
သတိတရ နေရာပေး ရေးသားပါသော
ဆရာ ဂိုင်း အင်ဇာဂီ ကို ကျေးဇူးတင်ပါတယ်ဗျာ။
Koyin Sithu
November 8, 2011 at 5:20 pm
ရေလည်ရီရတယ်.. ကိုရင်ဂီ့ရယ်…
ကိုရင့်ခမျာ အမှန်အကန် အူတက်ရီရပါကြောင်း..
ဇဝနဉာဏ်ရွှင်ပုံကတော့ ချီးကျူးမိပါရဲ့..
ဂျီပွန်က ပြန်လာရင် ဟာသစာရေးဆရာလုပ်စားပါလား
အကြည်တော်တို့၊ အချော့တော်တို့
ထမင်းငတ်သွားမယ်..
ကိုရင်ပရိုဂျူဆာလုပ်ပေးမယ်…
Diamond Key
November 8, 2011 at 5:20 pm
ကိုမှောင်လှ၊
အဲဘစ်ကြီးပေါ်မှာတော့ ငယ်တုန်းကလို လုပ်နဲ့နော်။ အဲကွန်းဖွင့်ထားလို့။
လုပ်မယ်ဆို ဇာလေး တစ်ဦးတည်းရှိမှ ဖွင့်ချလိုက် အပေါက်ထဲက။
ဒါမှ ရပ်သွားမှာ (၈)တွေ (၉)တွေ မလာခင်။
ပေါက်ဖော်
November 8, 2011 at 5:53 pm
အင်း..
တော်သေး..တယ်..ခုထိ လေမဖြတ်သေးဘူး..
ကျေးဇူးဂဇာဂီရေ..
အန်ကယ်ချောအကြောင်း သရုပ်ဖော်ထားတာ..ရေလည်ရီရတယ်..ဗျား..
😆
windtalker
November 8, 2011 at 7:04 pm
ဒီပို ့စ်မှာ အရယ်ရဆုံးနေရာကတော့ ကိုဘလက် အကြောင်းပဲ
စာမေးပွဲခန်းနေရာ ကို ရေးထားတာ ပိုရယ်ရတယ် ဗျို ့ဟားဟား
ကြောင်လတ်
November 8, 2011 at 7:14 pm
ရွာထဲမှာ စွာတေးကျတာက အိတုန်မဟုတ်ဘူးလားဗျ၊ ပန်ပန်စွာတေးကျတာကိုမတွေ့ဖူးသေးလို့ပါ။
အီးတီ
November 8, 2011 at 7:18 pm
ရွာတွင်းဖစ် အချောအလှတွေ ရန်တွေ ့တာ မမြင်သေးပါလား။ ကိုးနတ်ရှင်မကောင်း
လို ့ထင်တယ်။ ဆြာဂီရဲ ့ဟာသဉာဏ်ကို လေးစားပါတယ်ဗျာ။
မှော်ဆရာ
November 8, 2011 at 9:32 pm
နယ်မှာ အင်တာနက်လိုင်းတွေမကောင်းလို့ သိပ်မတက်ဖြစ်ပေမယ့် အင်ဇာဂီရဲ့ လူစွမ်းကောင်းပုံပြင် သံယောဇဉ်နဲ့ မရောက်ရောက်အောင် လာပါတယ်နော် …..
inz@ghi
November 8, 2011 at 9:43 pm
ကျေးကျေး မှော်ဆြာရေ့ …
ကျနော်လည်း ဇာတ်ကို သွက်အောင် ၂ပို့စ် ၁ပိုစ့် ပေါင်း ပီး
ကြိုးစားရေးနေ တင်နေတယ်ဗျာ…
Shwe Ei
November 9, 2011 at 2:47 pm
အောင်မလေး ရီရတာ အူနှိပ်နေဘီ။ မှော်ဆရာရိုက်နေတဲ့ မော်ဒလယ်တွေ ဒါ့ပုံ ရှယ်မထွက်လာရင်တော့ ပါလေပု နဲ့တိုင်ရမှာဘဲ။
မှော်ဆရာ
November 9, 2011 at 3:34 pm
ဒါ့ပုံရိုက်ရတာ အဆင်မပြေပါဘူးဗျာ …
မော်ဒယ်တွေက ခဏခဏ မျက်လုံးမှိတ်တယ် ..
မျက်လုံးမမှိတ်အောင် ဘယ်လိုလုပ်ရသလဲ အင်ဇာဂီ ..
ပေါက်ဖော်
November 9, 2011 at 5:51 pm
တစ်ခုခုကြည့်ခိုင်းထားလိုက်..
ကင်မလာတို ့…ဘာတို ့ကိုပေါတာ..
🙄
nature
November 9, 2011 at 7:29 pm
၁၁.၁၁.၁၁ မှစ၍ လူစွမ်းကောင်း၁၁ယောက် ၁၁မီးငြိမ်းစေသတည်း။
မောင် စား
June 20, 2012 at 5:05 pm
ရေးထားတာ သဘောကျတယ်ဗျာ
ဖတ်ပြီး တော်တော်သဘောကျမိတယ်
သားဦး၊မြေးဦး
June 20, 2012 at 6:03 pm
အူးဗိုက်တို ့များ ဝှီးချဲနဲ ့တွန်းထုတ်ရလေသတဲ့ဗျား။
စိန်ဗိုက်ဗိုက်
June 20, 2012 at 6:21 pm
အင်းဗျာ..
ခုမှ စူပါမန်းကို သတိရတော့တယ်..
အုဂီတော့ မေ့နေတာ..မေ့နေတာ..