မြန်မာနိုင်ငံ မှာ ဘာကြောင့် စစ်အာဏာရှင်စနစ် ပေါ်ပေါက် လါရတာလဲ?

youngmanNovember 11, 20111min1897

အရင် မြန်မာ ပြည် သူ ပြည်သါး တွေကို ဖိနှိပ် အုပ် ချုပ် ခဲ့ တဲ့ စစ်အာဏာ ရှင် စနစ်ဆိုး( Military dictatorship) (သို ့) ဒီနေ ့စစ်တပ် အခြေ ပြု အစိုးရ  ဘယ်လို အကြောင်း တွေ ကြောင့် ဒီ နိုင် ငံ မှာ အမြစ် တွယ် စတင် ပေါ် ပေါက် လါ ရတာ ပါ လဲ?       ယေဘုယျ အားဖြင့် ပြော ရ ရင် နိုင်ငံ တစ်နိုင် ငံ အတွက် စစ်တပ် ရဲ  ့အခန်း ကဏ္ဍ ကို ပစ် ပယ် ထားလို ့မရ ပါ ဘူး။ စစ်တပ် မရှိ ရင် အချုပ် အခြာ အာဏာ ၊ လုံခြုံ ရေး အာမ ခံချက် မ ရှိ နိုင် ပါ ဘူး။ ဒီလို နိုင်ငံ ကာကွယ် ရေး အတွက် ပဲ တာ ဝန် ရှိ တဲ့ စစ်သား တွေ ရဲ  ့လက် ထဲ ကို နိုင် ငံ အုပ် ချုပ် ရေး ၊ တရား စီရင် ရေး အာဏာ တွေ က ဘယ် လို ရောက် သွား ရ တာ လဲ ?

လွတ် လပ် ရေး ရ ပြီး မြန်မာ့နိုင် ငံ ရေး သမိုင်း ကို ကြည့် မယ် ဆို ရင် စစ်တပ် ဟာ အာဏာ တည် ထောင် တဲ့ အပိုင်း မှာ ဘာမှ ဝါယမ စိုက် စရာ မလို ဘဲ ရ ရှိ ခဲ့ တာ ဖြစ် ပြီး၊ အာ ဏာ ထိန်းသိမ်း တဲ ့ အပိုင်း ကို တော့ နိုင် ငံမှာ ရှိ သမျှမြေ ပေါ် မြေအောက် သ ယံဇာ တ တွေ ကို သုံး ၊မြန် မာ သမိုင်း မှာ သါ မက ကမာ သ မိုင်း မှာ ပါ ပြော စ မှတ် တွင် အောင် ရက် စက် မှု၊ ယုတ်မာ မှု တွေ သုံး ပြီး တည် ထောင် ထား တယ် ဆို တာ အားလုံး အသိ ပဲ ဖြစ် ပါ တယ်။ ၁၉၆၂ မှာ စစ်တပ် က နိုင်ငံ အာဏာ ရယူ ပြီ း မြန် မာ့ နိုင် ငံ ရေး မှာ ပါ ဝင် ပတ် သတ် လါ တာ ဟာ ဒီ နေ ့အထိ ပဲ ဖြစ် ပါ တယ်။ ၁၉၆၂ မှ စစ်တပ် က အာဏာ သိမ်း ဖြစ် အောင် ဖန် တီး ပေး ခဲ့ တဲ့ အခြေ အနေ တွေ ကို ပြော မယ် ဆို ရင် ဗိုလ် ချုပ် အောင် ဆန်း ၊ ပင် လုံ ညီလါ ခံ ၊ ဖယ်ဒရယ် မူ ၊ ပါ လီမန် ဒီမို ကရေ စီ အုပ် ချုပ် ရေး နဲ ့ဦး နု တို ့ဟာ မပါ မပြီး ဖြစ် မယ် ထင် ပါ တယ်။

ကျွန်တော် တို ့ ၉ တန်း ၁ဝ တန်း မြန် မာ့ လွတ်လပ် ရေး ကြိုး ပမ်း မှု သမိုင်း မှာ သင် ခဲ့ ရ တဲ့ အတိုင်း အင်္ဂလိပ် တွေ ဆီ က တောင် ပေါ် ၊ မြေပြန် ့ မခွဲ ခြား ဘဲ တစ် ပေါင်း တည်း လွတ် လပ် ရေး ရ ယူ ဖို ့ဆို ပြီး ပင် လုံ ညီလါ ခံ ကျင်း ပ၊ ပင် လုံ စာ ချုပ် ချုပ် ပြီး လွတ် လပ် ရေး ရ ခဲ ့ တာ ဖြစ် ပါ တယ်။ ပင် လုံ စာ ချုပ် ပါ အဓိ က အချက် က တော့ “ တောင် တန် း ဒေသ ဟာ ပြည်မ နဲ ့ပေါင်း ပြီး လွတ် လပ် ရေး ယူ ပါ ။ ပြည်မ နဲ ့ပေါင်း ပြီး ၁ဝ နှစ် နေ ပြီး လို ့မှ မကြိုက် ရင် ခွဲ ထွက် ခွင့် ပေး မယ်” ဆို ပြီး ဖယ် ဒရယ် မူ နဲ ့ ဗိုလ်ချုပ် အောင် ဆန်း ဟာ ရှမ်း စော် ဘွား တွေ ကို စည်း ရုံး ပြီး စာ ချုပ် ချုပ် ခဲ့ တယ် ဆို တာမြန်မာ နိုင်င ံသား တိုင်း အသိ ပဲ ဖြစ် ပါ တယ်။

ဒီ တော့ ဆယ် နှစ် အကြာ ပါ လီမန်ဒီမို ကရေစီ ခေတ် ( ရွေးကောက် ပွဲ မှာ Buddha ဘာသာ ကို နိုင်ငံ တော် ဘာသာ အ ဖြစ် အသိ အမှတ် ပြု ပေး မယ် ဆို ပြီး မဲ ဆွယ် ခဲ့ လို ့ KNU၊ KIA အဖွဲ ့တွေ ရဲ  ့အမုန်း ပွား မှု၊ အမျက် ထွက် မှု ကို ရရှိ ခဲ ့တဲ့ ၊ ရခိုင်-ဘင်္ဂလါး နယ် စပ်၊ မြန်မာ-တရုတ် နယ် စပ် မှာ တ ရား မဝင် ခိုး ဝင် သူ တွေ ကို နိုင်ငံသါး မှတ်ပုံ တင် ကတ် ပြာ း တွေ ထုတ် ပေး ၊ မြေ နေရာ တွေ ပေး ခဲ့တဲ့) ဦး နု အတွက် နိုင် ငံ ရေး စိန် ခေါ် မှု တစ် ခု နဲ ့ရင် ဆိုင် လါ ခဲ ့ရ ပါ တယ်။  ( ရခိုင် နယ် စပ် က ဘင်္ဂလီ အနွယ် တွေ ရဲ  ့သမိုင်း ကို ပြောင်း ပြန် လုပ် ထား တဲ့ ရို ဟင် ဂျာ ပြသ နာ ဟာ ဦး နု စ ခဲ့ တဲ့ ဇာတ် လမ်းပါ။)

အဲ ဒါ ကတော့ မြန် မာ ပြည် လွတ် လပ် ရေး ရ တာ နဲ ့ အတူ သူ တို ့လွတ် လပ် ရေး ဆုံး ရှုံး ခဲ့ ရ တဲ ့ရှမ်း တွေ က ဦး ဆောင် ပြီး ဖယ် ဒရယ် မူ ကို တောင်း ဆို ခဲ့ တာ ပဲ ဖြစ် ပါ တယ်။ ဒီ တော့ ဗကပ အပါ အဝင် တိုင်းရင် း သါး တွေ က လက် နက် ကိုင် ဆူ ပူ သေါင်း ကျန်းခဲ့  ကြ လို ့ထိန်း မနိုင် သိမ်း မရ ဖြစ် နေ တဲ့ အခြေ အနေ မှာ ဗိုလ် ချုပ် နေ ဝင်း ကို အာ ဏာ လွှဲ ပေး ပြီး နိုင် ငံ ရေး ထွက် ပေါက် ရှာ ခဲ့ တဲ့ ဦး နု ဟာ နိုင် ငံ ကို စစ် အုပ် ချုပ် ရေး ( Military regime) အောက် ကို ရောက် အောင် တွန်း ချ ခဲ့ တဲ့ အဓိ က တရား ခံ လို ့ ပြော လို ့ရ မယ် ထင် ပါ တယ် ။

ဦး နု ဟာ အဲ ဒီ  အချိန် တုန်း က ဘာ လို ့ဒီ လမ်း ကို ရွေး ခဲ့ တာ ပါ လဲ  ?  လွန် ခဲ့ တဲ့ ဆယ် နှစ် က ဗိုလ်ချုပ် အောင် ဆန်း ပေး ခဲ့ တဲ့ ကတိ ( အောင်ဆန်း- အက်တလီ စာချုပ်၊ နု-အက်တလီ စာ ချုပ် ) ကို ဖောက် ဖျက် ချင် လို ့လါး  ? ( ဗိုလ်ချုပ် အောင် ဆန်း ရှိ ခဲ့ ရင် ကော အနှီ ကတိ ကို တည် နိုင် ပါ့ မလါး ? ဒါ မှ မဟုတ် မ တည် နိုင် တဲ့ က တိ ကို ပေး ခဲ့ တာ လါး ? ဦး နု က ပဲ နိုင် ငံ ရေး အကွက် ရွှေ  ့ မှား ခဲ့ တာ လါး ? သမိုင်း ရ ဲ ့တောင်း ဆို ချက် အရ ပဲ လါး ?ဒါ  မှ မဟုတ် NEOCOLONISM ကို အသက် သွင် း တည် ထောင် ချင် လို ့လါး ပဲ ဆို တာ ကာယ ကံ ရှင် တွေ ပဲ အသိ ဆုံး ဖြစ် မှာ ပါ ။

7 comments

  • maungmoenyo

    November 12, 2011 at 11:07 am

    မှန်လိုက်လေဗျာ…မြန်မာနိုင်ငံကို လက်ရှိဘဝရောက်အောင်တွန်းပေးလိုက်တဲ့ ပုဂ္ဂိုလ်ကြီးက ပထစခေါင်းဆောင် သခင်နုပါဘဲ။ သူရဲ့ နိုင်ငံရေး တယူသန်ကြိးမှု ကိုဒီကနေ့အထိလူထုတရပ်လုံးကခါးစီးခံနေရတာပါဆိုရင်ယုံနိုင်ကြမလား….။

  • ကြောင်ကြီး

    November 12, 2011 at 11:18 am

    ဦးနုသွားခဲ့တဲလမ်းက ဒီမိုကရေစီဗျ၊ ဒီတော့ နိုင်ငံရေး အရမ်းကစားရတယ်။ နိုင်ငံရေးသမားဆိုမှတော့ မဲနိုင်ဖို့ အကွက်တွေလိုက်ရွှေ့ရင်း အမှားအယွင်းများစွာ လုပ်မိပုံရတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်လိုက်တာ ကူမြူနစ်တွေကို တန်ပြန်ဖို့ ရည်ရွယ်တယ်လို့ ထင်ပါတယ်။ သူပုန်အဖွဲ့တွေထဲမှာ ကချင်တဖွဲ့သာ ဘာသာကွဲပါတယ်။ ကရင်ဆိုလည်း အများစုက ဗုဒ္ဓဘာသာဝင်တွေ။ သို့ပေမဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် တိုင်းရင်းသားသူပုန်များ နိုင်ငံရေး အမြတ်ထွက်သွားတာပေါ့။ ရခိုင်မှာ ဘင်္ဂါလီကုလားများကို သူမဲရဖို့ နိုင်ငံသားကတ် ထုတ်ပေးတယ် စွပ်စွဲကြတယ်။ ဒီမိုကရေစီ အစိုးရတရပ်အဖို့ ရှောင်လွှဲမရတဲ့ ပြသနာလို့ တစိတ်တပိုင်း မြင်တယ်။ အခြေအနေကို သုံးသွားတာတော့ တပိုင်းပေါ့နော်။ အင်္ဂလိပ်တွေ မွှေသွားတဲ့ ပြသနာဆိုတော့ မရှင်းလို့ မဖြစ်ဘူး။ ဥပမာအားဖြင့် စစ်ပြီးခေတ် မြန်မာနိုင်ငံအစိုးရအဆက်ဆက် (ဦးနေဝင်းခေတ်အထိ) မြန်မာနိုင်ငံမှာ အမှုထမ်းသွားတဲ့ အိန္ဒိယနိုင်ငံသား အမှုထမ်း၊ ရဲ၊ စစ်သားတို့ရဲ့ အငြိမ်းစားလစာငွေကို တာဝန်ယူ ဖြေရှင်းပေးရတယ်၊ ချုပ်ထားခဲ့တဲ့ စာချုပ်ပဋိညဉ်တွေအားလုံးကို ဆက်လက်ခံရတယ်။ အဲဒါကြောင့်ပဲ ဦးနေဝင်းက ဂျစ်တီးဂျစ်ကန် နိုင်ငံခြားသားပိုင် ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းလိုက်တာဖြစ်မယ်။ ဒီမိုကရေစီ အစိုးရလည်းဖြစ်၊ အနောက်တိုင်းနဲ့လည်း အဆင်ပြေအောင်ပေါင်းနေရချိန်၊ ကမာ္ဘ့အလယ်မှာလည်း အလားအလာရှိ နာမည်ကောင်းထွက်နေတဲ့ ဦးနုအစိုးရအဖို့ကြတော့ ငါတကော ကောလို့မရတဲ့အတူတူ လသာတုန်း ဗိုင်းငင်လိုက်တာ ဖြစ်မှာပေါ့။။။
    ဗိုလ်ချုပ်အောင်ဆန်းရှိရင်တော့ အခြေအနေ မျှော်လင့်ချက် ရှိတယ်။ မျက်နှာလိုက်တာ မဟုတ်ဘူးနော်။ သူကို စစ်တပ်က ယုံကြည်တယ်၊ သူ့လူတွေ အများကြီးရှိတယ်။ ကူမြူနစ်တွေ တောခိုတော့ ဗိုလ်ချုပ်ကျော်ဇော လိုက်မသွားဘူး။ ဗိုလ်ချုပ်အောင်ဆန်းဖွဲ့ခဲ့တဲ့ စစ်တပ်ကို သံယောဇဉ်ရှိတဲ့ စစ်ဗိုလ်တွေ အများကြီးပဲ။ သူလည်းမရှိရော စစ်တပ် ဝါးအစည်းပြေသလို ပြေခဲ့တယ်။ ကံဆိုးတယ်ပြောမလား၊ ဗိုလ်ချုပ်နေဝင်း တပ်ကိုစီးမိသွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သူ့ကို မယုံလို့ စစ်ဦးစီးရာထူးရွေးတဲ့အခါ လုပ်ဖော်ကိုင်ဖက် ကိုဗဟိန်းကို ခန့်ခဲ့တယ်။ ဒါကို သခင်သန်းထွန်းတို့ ကူမြူနစ်ပါတီက လက်မခံလို့ အမိန့်ပြန်တမ်းကို ရုပ်သိမ်းခဲ့ရတယ်လို အင်တာနက်စာတပုဒ်မှာ ဖတ်ဖူးတယ်။ ဗိုလ်နေဝင်းကိုသာ စောစောစီးစီး ရှင်းနိုင်ခဲ့ရင်၊ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေခဲ့ရင် စစ်တပ်ကို ထိန်းနိုင်မယ်လို့ ယူဆတယ်။ နိုင်ငံရေး အပေးအယူ စေ့စပ်ညှိနှိုင်းမှုများ ဖြစ်နိုင်ချေ အများကြီးရှိတယ်။ စစ်တပ် စဖွဲ့ကထဲက ပါတီအရောင်အသွေးစုံခဲ့တာ ပြသနာဖြစ်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သူ့လူအစားသွင်းဖို့ ကြိုးစားပေမဲ့ ကံဖယ်ခဲ့တယ်။ နောက်တော့ သိတဲ့အတိုင်း ဦးနု ဖဆပလ လက်ထက် အနှိမ်ခံခဲ့ရတဲ့ ဆိုရှယ်လစ်များ၊ နိုင်ငံရေးသမားများက ဦးနေဝင်းကို မြောက်ပေးတယ်၊ သင်ပေးတယ်။ ဦးနေဝင်းကလည်း သူတို့ထက်လည်တယ်။ မြောက်ပေးတိုင်းမကဘူး။ စစ်တပ်တွင်း ဖြုတ်ထုတ်သတ်လုပ် စိတ်ကြိုက်ပုံသွင်းပြီး ဘဝရှင်မင်းတရားကြီးလုပ်တယ်။ အာဏာသည် သေနတ်ပြောင်းဝက လာသည်ဆိုတာကို လက်တွေ့အကောင်အထည် ဖော်ပြတယ်။ နောက်ပေါက် စစ်ဗိုလ်ချုပ်များကလည်း တညီတညာထဲ ခြေရာခံလိုက်တယ်။
    အပြစ်ပြောကြေးဆို မြန်မာတွေ မျိုးချစ်စိတ်သိပ် လွန်ကဲသွားတာကို ပြောနိုင်မယ်ထင်တယ်။ ကိုလိုနီခေတ်မှာ တိုင်းပြည်ကလည်း အဆင်ပြေနေတော့ နိုင်ငံရေး၊ နိုင်ငံတကာရေးများကို လျော့တွက်ခဲ့မိဟန်တူတယ်။ တည့်တည့်ပြောရရင် လွပ်လပ်ရေး ယူတာစောလွန်းတယ်။ သို့တည်းမဟုတ် အင်္ဂလိပ်တွေပေးတဲ့ ဓနဿဟာယအဖွဲ့အတွင်း ဆက်နေသင့်တယ်။ အကူအညီများ ဆက်ယူသင့်တယ်။ မြန်မာတွေ အတုယူခဲ့တဲ့ အိန္ဒိယတောင် အခုအချိန်အထိ မထွက်သေးဘူး။ တခုရှိတာ အဲဒီအချိန်မှာ ကူမြူနစ်များ အရမ်းအားကောင်းနေတော့ ဗိုလ်ချုပ်တို့အတွက် ဘေးကျပ်နံကြပ် ဖြစ်ကောင်းဖြစ်မယ်။

  • kai

    November 12, 2011 at 1:29 pm

    အဟမ်း..
    ဦးနုသား ၂ယောက်လုံး( ဦးသောင်းထိုက်၊ ဦးအောင်) နဲ့ အင်တာဗျုုးပြီး သမိုင်းတချို့ပြန်မေးထားတာတွေရှိပါတယ်..။
    ပြန်တင်ပေးပါ့မယ်..။

    ထူးခြားတာတခုက..
    ကျွန်တော်သာလျှင်ဝန်ကြီးချုပ်ဖြစ်ပါကြောင်း ၈၈တုံးကကြေငြာတော့.. အဲဒီတုံးက လူထုဦးဆောင်အုပ်စုဖြစ်တဲ့ အောင်စုတင်က လိုက်မလာတာသတိထားမိမှာပါ..။
    တချို့က ..နိုင်ငံရေးအကွက်မြင်တဲ့ဦးနုရဲ့ဒီရွေ့ကွက်.. အောင်စုတင်မလိုက်လို့ အခွင့်အရေးတခု..လက်လွှတ်လိုက်ကြရတယ်ပြောကြတယ်…
    တကယ်တော့.. ယူအက်စ်အပါအဝင် အနောက်နိုင်ငံတွေက.. ဦးနုအစိုးရကို အသိအမှတ်မပြုဘူးလို့.. ကြိုသိထားကြလို့ပါ..တဲ့..။ :mrgreen:

    တကယ်တော့.. ဒီခေတ်..ပြည်ပရောက်တွေ.. ဦးနုလုပ်ခဲ့ဖြစ်ခဲ့တာတွေ သေသေချာချာကြည့်ဖို..သင်ခန်းစာယူကြဖို့ကောင်းတယ်..ထင်မိတယ်..။

    • ကြောင်ကြီး

      November 12, 2011 at 1:42 pm

      ချပစ် ဆော်ပစ်ကွာ မထောက်ခံတဲ့သူရော၊ ကန့်ကွက်တဲ့သူရော။ ကြည့်ဖို့ပြောတဲ့သူရော၊ သင်ခန်းစာယူခိုင်းတဲ့သူရော အကုန်လုံးကို ဗဲရီးဂွတ်လုပ်ပစ်။။ မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့…….မီးဒုတ် မီးဒုတ် ရှို့ရှို့………..
      ူူူူူူ……………….
      …………………..
      ………………………မီးဒုတ် မီးဒုတ် ရှို့ရှို့…….။ 👿

  • Thanlwinoo

    November 13, 2011 at 11:23 am

    ကျွန်တော်တို့ခပ်ငယ်ငယ် ဆိုရှယ်လစ်ခေတ်က ကျောင်းပြဌာန်းစာအုပ် ပြန်ဖတ်နေရသလိုပါဘဲ..။
    ၁၉၄၈ ခုနှစ်၊ လွပ်လပ်ရေးရပြီး မြန်မာနိုင်ငံမှာ ကျင့်သုံးတဲ့ အခြေခံဥပဒေ၊ ပါလီမန်ဒီမိုကရေစီစနစ်၊ ရွေးကောက်ပွဲတွေဟာ အဲဒီခေတ်ထွန်းသစ်စနိုင်ငံတွေထဲမှာ ရှေ့တန်းမှာ ရှိပါတယ်..။ ထိုင်းနိုင်ငံမှာ စစ်တပ်က မကြာခဏအာဏာသိမ်းပြီး၊ တရုတ်ပြည်မ၊ ထိုင်ဝမ်၊ တောင်/မြောက်ကိုရီးယား၊ ဟောင်ကောင်၊ ဗီယက်နမ်၊ လာအို၊ ကမ္ဗောဒီးယား (စင်ကာပူမပေါ်သေး)…. အစရှိတဲ့ နိုင်ငံတွေမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ အစိုးရတွေကို လွတ်လပ်စွာမရွေးချယ်နိုင်သေးချိန်မှာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတွေကို အဆင့်အတန်းရှိရှိ ရွေးချယ်နိုင်လို့ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေနိုင်ပါတယ်…။ အဲဒီခေတ်က သတင်းစာလွတ်လပ်ခွင့်ဟာလည်း လက်ရှိအချိန်ထက် အဆပေါင်းများစွာ သာလွန်ပြီး အစိုးရနဲ့ ခေါင်းဆောင်တွေကို လွတ်လပ်စွာဝေဖန်နိုင်တယ်ဆိုတာ ပြန်ဖတ်ကြည့်ရင် သိနိုင်ပါတယ်..။
    စစ်တပ်ခေါင်းဆောင်ပိုင်းမှာ နိုင်ငံရေးထဲဝင်ကစားချင်တဲ့သူတွေရှိပြီး (ဖယ်ဒရယ်မူမပေါ်ခင်) ၁၉၅၈ ခုနှစ်ထဲက အာဏာသိမ်းဖို့ ကြံစည်ခဲ့ပါတယ်..။ ဦးနုက တရားဝင်လွှဲပေးခဲ့လို့ စစ်တပ်က အိမ်စောင့်အစိုးရအနေနဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးခဲ့ရာမှာလည်း ဘက်လိုက်မှုတွေ ရှိခဲ့လို့ သိက္ခာကျခဲ့ရပါတယ်..။ ၁၉၆၂ခုနှစ်မှာ ဖယ်ဒရယ်မူ အတွက် တိုင်းရင်းသားနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဆွေးနွေးမှုတွေပြုလုပ်တာကို အကြောင်းပြပြီး ဦးနေဝင်းခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်..။
    (ကမ္ဘာမှာ လူနေမှုအဆင့်အတန်းအမြင့်မားဆုံးနိုင်ငံတွေဖြစ်တဲ့ ဆွစ်ဇာလန်၊ ဂျာမနီနိုင်ငံများဟာ ဖယ်ဒရယ်စနစ်ကျင့်သုံးပါတယ်)
    ဒီမိုကရေစီစနစ်ကျင့်သုံးစမှာ ချို့ယွင်းအားနည်းချက်အချို့ရှိခဲ့တာကို အခွင့်ကောင်းယူပြီး ဖယ်ဒရယ်စနစ်ကိုလက်ညှိုးထိုး အာဏာသိမ်းပိုက်ပြီး ပြည်သူတွေပါဝင်နိုင်တဲ့ နိုင်ငံရေးစနစ်တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ပါတယ်..။
    နိုင်ငံရဲ့ကာကွယ်ရေးအတွက်ဘဲ တာဝန်ရှိတဲ့ စစ်တပ်ရဲ့လက်ထဲကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာတွေ ရောက်ရှိသွားတာ အဓိကအကြောင်းအရင်းက ဦးနေဝင်းအာဏာမက်လို့ပါဘဲ..။
    (ရိုဟင်ဂျာပြသနာ ဦးနုကြောင့်ဆိုတာ အခြေအမြစ်မရှိ စွတ်စွဲချက်ပါ..။)

  • Don Juan Ronald

    November 13, 2011 at 9:13 pm

    ဦးသန့် ကို သတိရအသိမှတ်ပြုရင် ဦးနု ကိုမမေ့သင့်။
    ဦးနု အစိုးရကိုကမာ္ဘကမရိုသေလေးစား ရင် ဦးသန့်ကိုရွေးမှာလား? ဒူးခေါင်းနဲ့တာစဉ်းစားလိုက်။
    ဦးနု ကအကောင်းဆုံးတော့မဟုတ်ခဲ့ဘူး၊ ဒါပေမယ့်တခြားဘယ်ကောင်ထက်မဆိုကောင်းခဲ့တယ်။
    ဦးနု က Burma ကိုကမာ္ဘကသိအောင်လုပ်ခဲ့တယ်(ယခုလည်း ကုလားဖြူတွေကBurma ဟုအသုံးများသည်)
    ဦးနု ခေတ်မှာ ဘထွေး တရုတ်တွေက ဗမာ တွေကိုခေါင်းပေါ်တင်ထားတာ ။
    ခုခေတ် ဘထွေးတရုတ်တွေက ဗမာတွေကို ဘယ်နေရာမှာထားတာလဲ ?

  • Reign

    November 17, 2011 at 5:03 pm

    If Gen.Aung San is still alive and in power in 1962, there would be no (never)such problems of discontent ethnic people who would like to apply federal policy adopted by Pang Lon agreement.Though U Nu is very clean and able politician ( have read that once Gen. Aung San followed U Nu to Wakhema to apologize him and asking him to continue with his political career as Gen.Aung San much respect in him and foresee his ability in fighting the independence of Myanmar), he failed to prevent the greedy Ne Win’s coup and he declared Buddhism as state religion which is an unnecessary act , he and other politicians of Phasapala, Pamanyata etc are also partly responsible for the political disaster we ‘re facing today.U Nu problem might be that he’s too much religious and he is not such a strong leader that he unknowingly or knowingly create opportunities for the SOB Ne Win. Not being a strategist & soldier like Gen. Aung San, he cannot effectively involved in military affairs where Ne Win started to create a personalty cult and lead all commanders successfully to manage the coup that happened in 1962 taking advantages of federal issue.The second line leaders then in the military like Aung Gyi and others are more closer and heavily influenced by Ne Win, they don’t seem to have any democratic loyalty to the then existing government. If most of the commanders refused Ne Win’s idea , then he might be end up in an court martial. Myanmar military leadership at the time is also responsible for the consequences we are facing today.

Leave a Reply