God Mode သို့မဟုတ် အရိပ်နည်းပညာ

ဒီနေ့ အတော်လေး ပျင်းနေတယ်။ ကွန်ပျူတာ ရှေ့ချထားပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ ကျွန်တော်က ဂိမ်းဆော့ရတာ သိပ်ပြီး ဝါသနာ မပါလှတော့ စက်ထဲမှာ ဂိမ်း ကောင်းကောင်း မထည့်ဖြစ်ပါဘူး။ ဒါနဲ့ လုပ်စရာ မရှိ ဟိုကြည့် ဒီကြည့်နဲ့ အင်တာနက်ကနေ ဒေါင်းလုပ် လုပ်ထားတဲ့ စာအုပ်တွေကို လျှောက်ကြည့် နေလိုက်တယ်။ ပထမတော့ အပျင်းပြေပုံစံမျိုးနဲ့ ကြည့်ခဲ့တာပါ။ မဆိုးဘူးဗျ။ ဒီနေ့ မျက်လုံး ညောင်းရတာ တန်ပါတယ်။

ခု ကျွန်တော် ကြည့်နေတဲ့ စာအုပ်ကတော့ Webuser IT Magazine ပါ။ ဘယ်နှစ်လ ထုတ်လဲတော့ မသိဘူး။ စက်ထဲမှာတော့ ရှိနေတာ ကြည်ပြီး။ သေသေချာချာ သိပ်မဖတ်ဖြစ်ခဲ့ဘူး။ ကောင်းမယ်ထင်လို့ ဒီပို့စ်ကို ရေးလိုက်ရတာပါ။ ဒါက Windows 7 မှာ ပါလာတဲ့ နည်းပညာ တစ်ခုပေါ့။ သူ့ နာမည်ကတော့ “God Mode” တဲ့။

God Mode ဆိုတာက ကွန်ပျူတာမှာ Windows 7 တင်လိုက်တဲ့ အခါ တစ်ပါတည်း အတူ ပါမလာတဲ့ အရိပ် နည်းပညာ တစ်မျိုးပါပဲ။ သူ့ရဲ့ လုပ်ဆောင် ပုံက ဖိုဒါလိုမျိုးပါပဲ။ သူ့ဖိုင်ထဲမှာ Windows ထဲက ပြုပြင်လို့ရတဲ့ ကိရိယာတွေကို တစ်စုတစ်စည်းတည်း ဖော်ပြပေးထားတာပါ။ အဲဒီ God Mode လိုမျိုး ဖိုဒါနဲ့ ခပ်ဆင်ဆင်တူတဲ့ ဖိုဒါကိုတော့ တွေ့ဖူးတယ်။ အဲဒါကတော့ “All Settings” ဖိုဒါပါ။ အဲဒီ ဖိုဒါနဲ့ ပက်သက်ပြီး ပို့စ် တစ်ခါ ရေးဖူးသေးတယ်။ ကဲ..အောက်မှာ တစ်ချက်လောက် ကြည့် ကြည့်ရအောင်။

အထက်မှာ ပြထားတာက God Mode ဖိုဒါထဲက Windows 7 ပြုပြင်ရေး ကိရိယာများ ဖြစ်ပါတယ်။ အမျိုးအစားပေါင်း (၂၇၂) မျိုး ပါဝင်ပါတယ်။ ကိုယ်က ကွန်ပျူတာ ကလိ ချင်တဲ့ သူဆို အဆင်ပြေပါတယ်။ ကိုယ် စိတ်ကြိုက် လုပ်ချင်တာ လုပ်လို့ ရပါတယ်။ ပြီးတော့ ပြင်တော့ ပြင်ချင်ပေမယ့် ဘယ်နေရာ သွားပြီး လုပ်ရမယ် ဆိုတာကို မသိတဲ့ သူတွေအတွက် လည်း ရေကန် အသင့် ကြာ အသင့်ပါပဲ။

            ဒီလို God Mode ဖိုဒါကို တည်ဆောက်ဖို့အတွက် သိပ်ပြီး မခက်ပါဘူး။ ကွန်ပျူတာ သုံးတတ်တဲ့ လူတိုင်း လုပ်နိုင်ပါတယ်။ ပထမဆုံး အဲဒီ God Mode ဖိုဒါကို ထားမယ့် နေရာအတွက် အရင် စဉ်းစားထားပါ။ ပြီးရင် ဖိုဒါ တည် ဆောက်ဖို့အတွက် New Folder ကို ခေါ်လိုက်ပါ။ အဲဒီလိုမှ မလုပ်ချင်ရင် ထားမယ့် နေရာကို ဆုံးဖြတ်ပြီး သွားရင် Ctrl+Shift+N ဆိုတဲ့ Shortcut ကို သုံးပြီး New Folder တည်ဆောက်နိုင်ပါတယ်။ အခုဆို New Folder ကိုု လုပ်ပြီးသွားရင်တော့ အဲဒီ လုပ်ထားတဲ့ ဖိုဒါ အသစ်ကို Rename ပေးရပါလိမ့်မယ်။ ဖိုဒါပေါ်ကို Select တစ်ချက်ပေးပြီး Rename ကို ကလစ်ပေးလိုက်ပါ။ (တစ်နည်း။    ။ ဖိုဒါကို ရွေးပြီး F2 နှိပ်ပေးရင်လည်း Rename လုပ်လို့ ရပါတယ်။) ခု ကျွန်တော်တို့က God Mode ဖိုဒါကို တည်ဆောက်မှာ ဆိုတော့ အဲဒီ ဖိုဒါကို Windows ရဲ့ အရိပ် နည်းပညာ ထည့်ပေးလိုက်ရအောင်။

            ဒီနေရာမှာ တစ်ခု ပြောချင်ပါတယ်။ ခု ကျွန်တော့် ပြောမယ့် ဖိုဒါ နာမည်ကို သေသေချာချာ ထည့်ပေးပါ။ ဘာကြောင့်လည်း ဆိုတော့ နာမည်မှာ God Mode ဖိုဒါကို Windows မှာ Activate လုပ်ဖို့အတွက် ကုဒ်တွေ ပါနေလို့ပါ။ နာမည် မှားသွားရင် God Mode ဖိုဒါ မဖြစ်တော့ပါဘူး။ အဲဒီ ဖိုဒါနာမည်က GodMode.{ED7BA470-8E54-465E-825C-99712043E01C} ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် Copy&Paste လုပ်စေချင်ပါတယ်။ မမှားစေချင်လို့ပါ။ ဖိုဒါ အသစ်ကို အပေါ်မှာ ပြထားတဲ့ God Mode နာမည်ကို ပြောင်းပေးလိုက်ရင်တော့ သေချာသွားပါပြီ။ (မမှားခဲ့ရင်ပေါ့နော်..)

အပေါ်မှာ ပြထားတာက ကျွန်တော် လက်တွေ့ လုပ်ထားတဲ့ God Mode ဖိုဒါ ပဲ ဖြစ်ပါတယ်။ ဒီလို နည်းပညာကို စိတ်ဝင်စားတဲ့ သူတွေအတွက် အဆင်သင့် ဖြစ်အောင် တစ်ဆင့်ချင်း လုပ်ပေးထားတာပါ။ နားလည်လောက်တဲ့သူဆို ဒီလောက် ပြောပြစရာ မလိုဘူးလို့ ထင်ပါတယ်။ ကျွန်တော် ရေးပေးတာက ကွန်ပျူတာကို စတင် စိတ်ဝင်စားတဲ့ သူတွေအတွက် ဦးတည်ထားတာဖို့ ပညာရှင်များ အနေနဲ့ ကိုယ်လိုချင်သလောက်သာ ဖတ်သွားပါ။ သိခဲ့ပြီးရင်လည်း ကျော်သွားပါလို့။

ည (၁၁:၅၂)၊ သောကြာနေ့၊

(၄) ရက်၊ နိုဝင်ဘာလ။

4 comments

  • ပေါက်ဖော်

    November 11, 2011 at 6:53 pm

    လုပြောတဲ့..ဂေါ့မုထ် ဆိုတာ..ခုမှသိတာပါ…
    ကျေးဇူးတင်ပါတယ်..

    ဝတို ့..တီလ တီပုဒ် မီနဲတင်နေတာ..
    လုက တီထိုင်ထဲနဲ ့..လေးပုဒ်လောက် တင်ထလိုက်တာ..၀.တာင် အားကျလယ်..
    ရေလည်..ဘဲ..ချလန်ဝါလေးဂွမ်း.ဘာ..ချလန်..ချလန်..
    နောက်ထပ် ဘီနပုဒ် ထပ်တင်ဦးမှာရဲဟင်.. 🙄

    စည်းကမ်းလေးဘာလေး..ရှုပါဦးနော်..

  • တစ်ခါမှ မသိသေးတဲ့ နည်းပညာတစ်ခုကိုခုလို ပြန်ဝေမျှတဲ့ ကိုလင်းငယ်ရေ…

    ဒီဆိုက်လေးက အရင်တုန်းကတော့ အတ္တုပ္ပတိတွေ၊ ကိုယ်တွေ့လေးတွေကို အတော်ရေးသားသမှု ပြုခဲ့ကြတယ်.. နောက်ပိုင်းမှာ ဘာသာရေးအကြောင်း အတော်များများရေးလာကြတယ်..(တိုက်ပွဲတွေလဲ တစ်ဂျိမ်းဂျိမ်းနဲ့ပေါ့)။ အဲ… နောက်ပိုင်းမှာတော့ နိုင်ငံရေးအကြောင်းတွေ တော်တော်ဆွေးနွေးလာကြတယ်.. ခုနောက်ဆုံးမှာတော့ ပညာရပ်ဆိုင်ရာတွေ အတော်များများ ရေးသားလာကြတာပေါ့..

    ခုလို အချိန်ကိုက် ရေးတင်ပေးတဲ့ ကိုလင်းငယ်ကိုလဲ ကျေးဇူးတင်သဗျာ… ခုနောက်ပိုင်း ဝင်ဖတ်ရတာ အတော်လေးဗဟုသုတရစရာတွေ များလာတယ်.. နောင်ကိုလဲ ကိုလင်းငယ်သိထားတာလေးတွေ ပြန်ဝေမျှချင်တာတွေရှိရင်လဲ များများရေးတင်ပေးပါဦးလို့ ဆန္ဒပြုလိုက်ရပါကြောင်း…

  • Mobile

    January 30, 2013 at 11:26 pm

    လေ့လာသွားပါတယ်ခင်ဗျ။

  • kai

    January 31, 2013 at 4:25 am

    C Drive မှာ.. ဖိုဒါလေးအသစ်လုပ်.. အဲဒီ GodMode.{ED7BA470-8E54-465E-825C-99712043E01C}
    လေးနဲ့နာမယ်ပြင်လိုက်တာ.. အလုပ်ဖြစ်မယ့်ဖိုင်တွေထွက်လာသဗျ..။

    ဆိုတော့..
    ကိုယ်ပိုင် Google Drive ကို.. တခြားသူဖတ်လို့.. မြင်လို့မရအောင်.. ဖွက်နည်းလေးသိချင်သဗျ…
    ရှယ်ပေးမယ်ဆို.. ကျေးကျေးကြိုတင်မယ်.. :harr:

Leave a Reply