ဒီနေ့ အတော်လေး ပျင်းနေတယ်။ ကွန်ပျူတာ ရှေ့ချထားပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ ကျွန်တော်က ဂိမ်းဆော့ရတာ သိပ်ပြီး ဝါသနာ မပါလှတော့ စက်ထဲမှာ ဂိမ်း ကောင်းကောင်း မထည့်ဖြစ်ပါဘူး။ ဒါနဲ့ လုပ်စရာ မရှိ ဟိုကြည့် ဒီကြည့်နဲ့ အင်တာနက်ကနေ ဒေါင်းလုပ် လုပ်ထားတဲ့ စာအုပ်တွေကို လျှောက်ကြည့် နေလိုက်တယ်။ ပထမတော့ အပျင်းပြေပုံစံမျိုးနဲ့ ကြည့်ခဲ့တာပါ။ မဆိုးဘူးဗျ။ ဒီနေ့ မျက်လုံး ညောင်းရတာ တန်ပါတယ်။ ခု ကျွန်တော် ကြည့်နေတဲ့ စာအုပ်ကတော့ Webuser IT Magazine ပါ။ ဘယ်နှစ်လ ထုတ်လဲတော့ မသိဘူး။ စက်ထဲမှာတော့ ရှိနေတာ ကြည်ပြီး။ သေသေချာချာ သိပ်မဖတ်ဖြစ်ခဲ့ဘူး။ ကောင်းမယ်ထင်လို့ ဒီပို့စ်ကို […]


ဝင်းဒိုးစ် ဆဲဗင်း သုံးနေတဲ့ သူများအတွက် နည်းကောင်းလေး တစ်ခုပေးချင်ပါတယ်။ ဘာကြောင့် ဝင်းဒိုးစ် ဆဲဗင်းအတွက်လို့ ပြောရသလဲဆိုရင် ခုကျွန်တော် သုံးနေတဲ့ ကွန်ပျူတာက ဝင်းဒိုးစ်ဆဲဗင်းမို့လို့ကြောင့်ပါ။ ဒီနည်းလမ်းလေးကို Windows XP မှာ မစမ်းဖူးသေးပါဘူး။ ဒါကြောင့် ရလား မရလား ဆိုတာ မသိတဲ့ အတွက်ကြောင့် ဝင်းဒိုးစ် ဆဲဗင်းလို့ နာမည် တပ်ရေးလိုက်တာပါ။ တကယ်လို့ ဒီပို့စ်ကို ဖတ်တဲ့ သူငယ်ချင်းများအနေနဲ့ Windows XP နဲ့ လက်လှမ်းမီတယ်ဆိုရင် စမ်းပြီး ဝေဖန်ပေးကြပါလို့ ပြောလိုက်ပါတယ်။ ကဲ …စမယ်ဗျာ။ ကျွန်တော်တို့ ကွန်ပျူတာတွေမှာ အမြဲတမ်းလိုလို Driver ပြုတ်သွားတာလို့၊ Update လုပ်ခိုင်းတာလို့ စတဲ့ တိုလီမုတ်စတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒါတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ […]